COVID-19 ဆိုင္ရာ ေထာက္ပံ့ပစၥည္းသြားယူခ်ိန္ အဖမ္းခံခဲ့ရသူ ၅ ဦး ျပန္လြတ္လာ

ရခိုင္ျပည္နယ္တြင္း ျဖစ္ပြားခဲ့ေသာ တိုုက္ပြဲမ်ားေၾကာင့္ တိမ္းေရွာင္ထြက္ေျပးလာခဲ့ၾကေသာ ရခိုင္စစ္ေရွာင္မ်ား။ (ဓာတ္ပံု -Rakhine Ethnics Congress)
[Zawgyi/ Unicode]

AA အဖဲြ႔လို႔ယူဆရတဲ့ လက္နက္ကိုင္အဖြဲ႕တခုကေန ဖမ္းဆီးေခၚေဆာင္သြားတဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ခေဘာ္ေက်း႐ြာနဲ႔ မာလာေက်း႐ြာက ရာအိမ္မွဴးအပါအဝင္ လူ ငါးဦး ျပန္လည္လြတ္ေျမာက္လာတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးပါမယ္။

COVID -19 ေရာဂါကာကြယ္ ထိန္းခ်ဳပ္နိုင္ေရး နိုင္ငံေတာ္က ေထာက္ပံ့ေပးတဲ့ေထာက္ပံ့ ပစၥည္းေတြ ယူေဆာင္ဖို႔နဲ႔ လိုအပ္တဲ့ ေဈးပစၥည္းေတြ ဝယ္ယူဖို႔အတြက္ ေက်ာက္ေတာ္ၿမိဳ႕မွာ ေစ်း၀ယ္ေနစဥ္ ခေဘာ္ေက်း႐ြာနဲ႔ မာလာေက်း႐ြာက ရာအိမ္မွဴးအပါအဝင္ လူ ငါး ဦး လက္နက္ကိုင္အဖြဲ႕အစည္းတခုကေန ဖမ္းဆီးေခၚေဆာင္တာခံရျပီး ၁၉ ရက္ေန႔ ကျပန္လည္လြတ္ေျမာက္လာခဲ့တာပါ။

ျပန္လည္လြတ္ေျမာက္လာတဲ့ ခေဘာ္ေက်း႐ြာမွ ရာအိမ္မွဴး ဦးပန္းသာက သူတို႔အဖမ္းဆီးခံရတဲ့ အေျခအေနအေၾကာင္း အခုလိုေျပာပါတယ္။

“ဟုတ္ကဲ့။ ငါး ေယာက္ကို ေခၚျပီးမွ က်ေနာ္တို႔ေန႔လည္ ၁၁ နာရီမွာျပန္လြတ္လာတာ။ ထိန္းထားတာက က်ေနာ္တို႔ကိုျမိဳ႕ထဲကေခၚတာ။ တနလၤာေန႔က တနာရီေလာက္ထဲမွာ။ အဖမ္းခံရတာက က်ေနာ္တို႔ဆီက ေလး ေယာက္။ မာလာေက်းရြာကေယာက်ၤား ေလး ဦးရယ္၊ မိန္းမ သံုး ဦးရယ္၊ ခုနစ္ေယာက္စီ။ အစုခံတဲ့ပါတဲ့ဆီ က်ေနာ္တို႔ ၅ ဦးပဲပါတယ္။ မိန္းမေတြနဲ႔ ေယာက်္ား ႏွစ္ ေယာက္က်ေတာ့ သူတို႔ တနာရီေက်ာ္ေလာက္လည္း ေမးတယ္။ ျပန္လႊတ္ေပးတယ္သူတို႔ကို။"

ခေဘာ္ေက်း႐ြာနဲ႔ မာလာေက်း႐ြာက အမ်ိဳးသား ရွစ္ ဦး၊ အမ်ိဳးသမီး ေလး ဦးတို႔ကို ေက်ာက္ေတာ္ျမိဳ႕အတြင္း ျပီးခဲ့တဲ့ တနလၤာေန႔က လက္နက္ကိုင္အဖြဲ႕ေတြက ဖမ္းဆီးစစ္ေဆးျပီး အမ်ိဳးသမီးနဲ႔ ရြာသားတခ်ိဳ႕ကို ျပန္လႊတ္ေပးျပီး အမ်ိဳးသား ငါး ဦးကိုေတာ့ ေတာအတြင္းကိုဖမ္းဆီးေခၚေဆာင္သြားခဲ့တာပါ။

ေက်ာက္ေတာ္ျမိဳ႕နယ္မွာ AA တပ္ေရာ၊ ျမန္မာစစ္တပ္ေရာ လႈပ္ရွားမႈရိွၿပီးေတာ့ တင္းမ မီး၀ စတဲ့ေက်းရြာဘက္မွာ အစဥ္လိုလို တိုက္ပြဲျဖစ္ပြားေနပါတယ္။

သူတို႔ကို ဖမ္းဆီးတဲ့အဖြဲ႕ဟာ AA ရခိုင္လက္နက္ကိုင္အဖြဲ႕လို႔ ယူဆျပီး ဖမ္းဆီးစစ္ေဆးခံရခ်ိန္အတြင္း ရိုက္ႏွက္မႈေတြခံရတယ္လို႔ ဦးပန္းသာက ဆက္ေျပာပါတယ္။

“ေမးျမန္းတာက ဟိုတပ္နဲ႔ သက္ဆိုင္တဲ့ပစၥည္းေတြ အဲတာကို ေမးတာပါ။ တပ္အတြက္အေထာက္အကူ ပစၥည္း၀ယ္တဲ့ဟာကိုေမးတာ အဓိကအားျဖင့္ အဲတာပဲ။ ရိုက္ပါတယ္။ ေမးျမန္းတာ ရိုက္ျပီးမွ ဘယ္လိုဆိုမလည္းေျပာတယ္။ ရိုက္တယ္။ ဒီလိုေတာ့ ရွိပါတယ္။ လက္နက္ကိုင္အဖြဲ႕အစည္းပဲ က်ေနာ္ေတာ့ AA အဖြဲ႕အစည္းလို႔ေတာ့ ယူဆလို႔ရပါတယ္။”

အခင္းျဖစ္တဲ့ေန႔က စစ္ေဆးေမးျမန္းခံရတဲ့ အမ်ိဳးသမီးတဦးကလည္း AA အဖြဲ႕က ဖမ္းတာျဖစ္ေၾကာင္းေျပာပါတယ္။

“အကုန္လုံးလြတ္ေျမာက္ပါျပီ။ ခေဘာ္ေက်းရြာကလည္း လြတ္ေျမာက္ပါျပီ။ AA လို႔ေျပာတာပဲ။”

ခေဘာ္ေက်း႐ြာနဲ႔ မာလာေက်း႐ြာက ရာအိမ္မွဴးအပါအဝင္ ငါး ဦးကို AA က ေမလ ၁၈ ရက္ေန႔က ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးကေန ေမလ ၁၉ ရက္ေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့

“COVID-19 က နိုင္ငံေတာ္က ေထာက္ပံ့တဲ့ပစၥည္းေတြ ယူေဆာင္ဖို႔နဲ႔ ပစၥည္း၀ယ္ဖို႔အတြက္ ေက်ာက္ေတာ္ၿမိဳ႕ကို ေမလ ၁၈ ရက္ေန႔ မနက္ပိုင္းက ထြက္လာတယ္။ ဦးပန္းသာနဲ႔ဦးေမာင္သာဝင္း ႏွစ္ ဦးကို ကစၧပသီရိလမ္းေနရာမွာ အရပ္၀တ္ ၀တ္ဆင္ထားတဲ့ AA အၾကမ္းဖက္ေသာင္းက်န္းသူ ၁၀ ဦးက ဖမ္းသြားတယ္။ ဦးေမာင္ဟန္သိန္း၊ ဦးေဝသာေအာင္၊ ဦးေအာင္ေစာ သံုး ဦးကို ေစ်းေျမာက္ဘက္ ေဆးဆိုင္အနီးမွာ ထပ္ျပီးေတာ့မွ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း က်ေနာ္တို႔ သိရပါတယ္။”

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရခိုင္သုခကေတာ့ သူတို႔အဖြဲ႕ဖမ္းဆီးတာ မဟုတ္ေၾကာင္း အခုလိုျငင္းဆိုပါတယ္။
SEE ALSO:
တပ္မေတာ္ရဲ႕ အပစ္ရပ္ေရးေၾကညာခ်က္မွာ ရခုိင္နဲ႔ ခ်င္းျပည္နယ္ေတြပါ ထည့္သြင္းဖုိ႔ ၿဗိတိန္တုိက္တြန္း

“က်ေနာ္တို႔ဘက္ကေတာ့ အဲဒီလိုမ်ိဳး ဒီ ရာအိမ္မွဴးေတြ ဖမ္းဆီးတာ မရွိဘူးဗ်။”

ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႔ စစ္ေရးတင္းမာမႈျဖစ္စဥ္ေတြမွာ အရပ္သားေတြ ထိခိုက္ေသဆုံးမႈ ဒဏ္ရာရရွိမႈ မသကၤာလို႔ အဖမ္းဆီးခံရမႈေတြအစဥ္လို ျဖစ္ပြားေနတာပါ။ ႏွစ္ဘက္စလံုးက အရပ္သားေတြကို ဖမ္းဆီး စစ္ေဆးတာေတြ ရိွသလိုပဲ အခ်ိဳ႕အေျခအေနေတြမွာ ခုလိုဖမ္းတာေတြကို ႏွစ္ဘက္စလံုးက ျငင္းဆန္တတ္ၾကပါတယ္။

လက္ရွိျမန္မာစစ္တပ္နဲ႔ တိုက္ပြဲျပင္းထန္ေနဆဲ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ကိုေတာ့ ျမန္မာအစိုးရကေန တရားမ၀င္အဖြဲ႕နဲ႔ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ေၾကညာထားပါတယ္။ ရခိုင္ျပည္နယ္နည္းတူ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္အတြင္းမွာလည္း ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားေနဆဲျဖစ္ပါတယ္။

ကိုႏိုင္ကြန္းအိန္ / ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------
[Unicode Version]

COVID-19 ဆိုင်ရာ ထောက်ပံ့ပစ္စည်းသွားယူချိန် အဖမ်းခံခဲ့ရသူ ၅ ဦး ပြန်လွတ်လာ

AA အဖွဲ့လို့ယူဆရတဲ့ လက်နက်ကိုင်အဖွဲ့တခုကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာနဲ့ မာလာကျေးရွာက ရာအိမ်မှူးအပါအဝင် လူ ငါးဦး ပြန်လည်လွတ်မြောက်လာတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

COVID -19 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ထောက်ပံ့ ပစ္စည်းတွေ ယူဆောင်ဖို့နဲ့ လိုအပ်တဲ့ ဈေးပစ္စည်းတွေ ဝယ်ယူဖို့အတွက် ကျောက်တော်မြို့မှာ ဈေးဝယ်နေစဉ် ခဘော်ကျေးရွာနဲ့ မာလာကျေးရွာက ရာအိမ်မှူးအပါအဝင် လူ ငါး ဦး လက်နက်ကိုင်အဖွဲ့အစည်းတခုကနေ ဖမ်းဆီးခေါ်ဆောင်တာခံရပြီး ၁၉ ရက်နေ့ ကပြန်လည်လွတ်မြောက်လာခဲ့တာပါ။

ပြန်လည်လွတ်မြောက်လာတဲ့ ခဘော်ကျေးရွာမှ ရာအိမ်မှူး ဦးပန်းသာက သူတို့အဖမ်းဆီးခံရတဲ့ အခြေအနေအကြောင်း အခုလိုပြောပါတယ်။

“ဟုတ်ကဲ့။ ငါး ယောက်ကို ခေါ်ပြီးမှ ကျနော်တို့နေ့လည် ၁၁ နာရီမှာပြန်လွတ်လာတာ။ ထိန်းထားတာက ကျနော်တို့ကိုမြို့ထဲကခေါ်တာ။ တနင်္လာနေ့က တနာရီလောက်ထဲမှာ။ အဖမ်းခံရတာက ကျနော်တို့ဆီက လေး ယောက်။ မာလာကျေးရွာကယောင်္ကျား လေး ဦးရယ်၊ မိန်းမ သုံး ဦးရယ်၊ ခုနစ်ယောက်စီ။ အစုခံတဲ့ပါတဲ့ဆီ ကျနော်တို့ ၅ ဦးပဲပါတယ်။ မိန်းမတွေနဲ့ ယောကျ်ား နှစ် ယောက်ကျတော့ သူတို့ တနာရီကျော်လောက်လည်း မေးတယ်။ ပြန်လွှတ်ပေးတယ်သူတို့ကို။"

ခဘော်ကျေးရွာနဲ့ မာလာကျေးရွာက အမျိုးသား ရှစ် ဦး၊ အမျိုးသမီး လေး ဦးတို့ကို ကျောက်တော်မြို့အတွင်း ပြီးခဲ့တဲ့ တနင်္လာနေ့က လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးစစ်ဆေးပြီး အမျိုးသမီးနဲ့ ရွာသားတချို့ကို ပြန်လွှတ်ပေးပြီး အမျိုးသား ငါး ဦးကိုတော့ တောအတွင်းကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ကျောက်တော်မြို့နယ်မှာ AA တပ်ရော၊ မြန်မာစစ်တပ်ရော လှုပ်ရှားမှုရှိပြီးတော့ တင်းမ မီး၀ စတဲ့ကျေးရွာဘက်မှာ အစဉ်လိုလို တိုက်ပွဲဖြစ်ပွားနေပါတယ်။

သူတို့ကို ဖမ်းဆီးတဲ့အဖွဲ့ဟာ AA ရခိုင်လက်နက်ကိုင်အဖွဲ့လို့ ယူဆပြီး ဖမ်းဆီးစစ်ဆေးခံရချိန်အတွင်း ရိုက်နှက်မှုတွေခံရတယ်လို့ ဦးပန်းသာက ဆက်ပြောပါတယ်။

“မေးမြန်းတာက ဟိုတပ်နဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေ အဲတာကို မေးတာပါ။ တပ်အတွက်အထောက်အကူ ပစ္စည်းဝယ်တဲ့ဟာကိုမေးတာ အဓိကအားဖြင့် အဲတာပဲ။ ရိုက်ပါတယ်။ မေးမြန်းတာ ရိုက်ပြီးမှ ဘယ်လိုဆိုမလည်းပြောတယ်။ ရိုက်တယ်။ ဒီလိုတော့ ရှိပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းပဲ ကျနော်တော့ AA အဖွဲ့အစည်းလို့တော့ ယူဆလို့ရပါတယ်။”

အခင်းဖြစ်တဲ့နေ့က စစ်ဆေးမေးမြန်းခံရတဲ့ အမျိုးသမီးတဦးကလည်း AA အဖွဲ့က ဖမ်းတာဖြစ်ကြောင်းပြောပါတယ်။

“အကုန်လုံးလွတ်မြောက်ပါပြီ။ ခဘော်ကျေးရွာကလည်း လွတ်မြောက်ပါပြီ။ AA လို့ပြောတာပဲ။”

ခဘော်ကျေးရွာနဲ့ မာလာကျေးရွာက ရာအိမ်မှူးအပါအဝင် ငါး ဦးကို AA က မေလ ၁၈ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ မေလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့

“COVID-19 က နိုင်ငံတော်က ထောက်ပံ့တဲ့ပစ္စည်းတွေ ယူဆောင်ဖို့နဲ့ ပစ္စည်းဝယ်ဖို့အတွက် ကျောက်တော်မြို့ကို မေလ ၁၈ ရက်နေ့ မနက်ပိုင်းက ထွက်လာတယ်။ ဦးပန်းသာနဲ့ဦးမောင်သာဝင်း နှစ် ဦးကို ကစ္ဆပသီရိလမ်းနေရာမှာ အရပ်ဝတ် ဝတ်ဆင်ထားတဲ့ AA အကြမ်းဖက်သောင်းကျန်းသူ ၁၀ ဦးက ဖမ်းသွားတယ်။ ဦးမောင်ဟန်သိန်း၊ ဦးဝေသာအောင်၊ ဦးအောင်စော သုံး ဦးကို ဈေးမြောက်ဘက် ဆေးဆိုင်အနီးမှာ ထပ်ပြီးတော့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျနော်တို့ သိရပါတယ်။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရခိုင်သုခကတော့ သူတို့အဖွဲ့ဖမ်းဆီးတာ မဟုတ်ကြောင်း အခုလိုငြင်းဆိုပါတယ်။

“ကျနော်တို့ဘက်ကတော့ အဲဒီလိုမျိုး ဒီ ရာအိမ်မှူးတွေ ဖမ်းဆီးတာ မရှိဘူးဗျ။”

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ စစ်ရေးတင်းမာမှုဖြစ်စဉ်တွေမှာ အရပ်သားတွေ ထိခိုက်သေဆုံးမှု ဒဏ်ရာရရှိမှု မသင်္ကာလို့ အဖမ်းဆီးခံရမှုတွေအစဉ်လို ဖြစ်ပွားနေတာပါ။ နှစ်ဘက်စလုံးက အရပ်သားတွေကို ဖမ်းဆီး စစ်ဆေးတာတွေ ရှိသလိုပဲ အချို့အခြေအနေတွေမှာ ခုလိုဖမ်းတာတွေကို နှစ်ဘက်စလုံးက ငြင်းဆန်တတ်ကြပါတယ်။

လက်ရှိမြန်မာစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေဆဲ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကိုတော့ မြန်မာအစိုးရကနေ တရားမဝင်အဖွဲ့နဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပါတယ်။ ရခိုင်ပြည်နယ်နည်းတူ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာလည်း မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ကိုနိုင်ကွန်းအိန် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-rakhine-conflict/5429821.html
COVID-19 ဆိုင္ရာ ေထာက္ပံ့ပစၥည္းသြားယူခ်ိန္ အဖမ္းခံခဲ့ရသူ ၅ ဦး ျပန္လြတ္လာ COVID-19 ဆိုင္ရာ ေထာက္ပံ့ပစၥည္းသြားယူခ်ိန္ အဖမ္းခံခဲ့ရသူ ၅ ဦး ျပန္လြတ္လာ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.