COVID-19 ဆိုင္ရာ ထိုင္းအစိုးရကန္႔သတ္ခ်က္ခ်ဳိးေဖာက္တဲ့ ျမန္မာႏုိင္ငံသား ၂၀ ေက်ာ္အဖမ္းခံရ

ဘန္ေကာက္တြင္ ကို႐ိုနာဗုိင္းရပ္စ္ ကာကြယ္ႏိုင္ေရး ပုိးသတ္ေဆးဖ်န္းေနသည့္ ထုိင္းစစ္သားမ်ား။ (မတ္ ၂၆၊ ၂၀၂၀)
(Zawgyi/Unicode)

ထိုင္းႏို္င္ငံမွာ COVID-19 အေရးေပၚကာလအတြင္း ကန္႔သတ္တားျမစ္ခ်က္ေတြကို ခ်ိဳးေဖာက္တဲ့ ျမန္မာႏိုင္ငံသား၂၀ ေက်ာ္ ထိုင္းမွာ ဖမ္းဆီးအေရးယူခံရတဲ့ သတင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ထိုင္းျမန္မာနယ္စပ္ ခ်င္းရိုင္ခရိုင္ မဲဆိုင္ျမိဳ႕နယ္အတြင္း ကမင္ဒန္ေစ်းမွာ အုပ္စုဖြဲ ့ အရက္ေသာက္ျပီး ေလာင္းကစားလုပ္ေနၾကတဲ့ ျမန္မာနိုင္ငံသား ၂၀ ေက်ာ္ကို ထိုင္းအာဏာပိုင္ေတြက ေမလ ၆ ရက္ေန႔က ဖမ္းဆီးလိုက္တာပါ။ အမွတ္ (၃) နယ္ျခားေစာင့္တပ္နဲ ့ နယ္ေျမအာဏာပိုင္ေတြဟာ မင္ဒန္ေစ်းရံုထဲမွာ ျမန္မာအလုပ္သမားေတြ ၀ိုင္းဖဲြ႔အရက္ေသာက္ျပီး ဆူညံေနၾကတယ္ဆိုျပီး ထိုင္းရြာသားေတြ တိုင္ၾကားခ်က္အရ နယ္ေျမခံ ရဲတပ္ဖြဲ႔က သြားေရာက္ ဖမ္းဆီးခဲ့ၾကပါတယ္။ ရဲနဲ ့စစ္တပ္ကို ျမင္တာနဲ ့ျမန္မာတခ်ိဳ႕ဟာ ထြက္ေျပးခဲ့ၾကတာေၾကာင့္ ဆက္တိုက္လိုက္လံဖမ္းဆီးေနပါတယ္။

COVID -19 ကာလအေရးေပၚ အမိန္႔နဲ႔ ကန္႔သတ္ခ်က္ေတြကုိ ထိုင္းနိုင္ငံတြင္း ျမန္မာေတြအေနနဲ႔ လုိက္နာဖို႔ လိုအပ္တယ္။ ထုိင္း - ျမန္မာနယ္စပ္က ေရာင္ျခည္ဦး အလုပ္သမားအဖဲြ႔ရဲ ့ေျပာေရးဆိုခြင့္ရွိသူ ဦးမုိးေက်ာ္က ေျပာပါတယ္။

"COVID-19 အေရးေပၚ ကာလမွာ က်န္းမာေရးအရ ထုတ္ျပန္ထားတဲ့ ထုတ္ျပန္ခ်က္ေတြကိုလည္း လိုက္နာဖို႔ကို ျမန္မာသံရံုးကေန ေရႊ႕ေျပာင္းအလုပ္သမားေတြကို အသိေပး ထုတ္ျပန္ထားတာ ရွိတယ္။ အဲဒီထုတ္ျပန္ထားတဲ့အခ်က္ထဲမွာ အလုပ္သမားေတြအေနနဲ႔ ေနရပ္ရင္းကုိ မျပန္ႏိုင္ေသးခင္ကာလအတြင္းမွာ ထိုင္းဥပေဒအတိုင္းပဲ ထုတ္ျပန္ေၾကျငာခ်က္ေတြအတိုင္းပဲ ေနထိုင္ဖို႔ လမ္းညႊန္ခ်က္ေတြထဲမွာ လူစုလူေ၀း ငါးေယာက္ထက္ပိုတဲ့ လူစုလူေ၀းမလုပ္ရဘူး၊ လူစုလူေ၀းနဲ႔ အရက္ေသစာ ေသာက္စားတာ၊ ပါတီမ်ိဳးေတြ က်င္းပတာ၊ ပဲြလမ္းသဘင္လုပ္တာမ်ိဳးေတြ မက်င္းပရဘူးလို႔ ထုတ္ျပန္ထားတယ္။ အဲဒါက်ေတာ့ ေရႊ႕ေျပာင္းအလုပ္သမားေတြအေနနဲ႔ ဒီေဒသအတြင္းကေနၿပီး ထိုင္းအစိုးရေတြ ေၾကျငာထားတဲ့ ေဒသတြင္း ေဒသႏၱရအမိန္႔ေတြ၊ ထိုင္းအစိုးရ ေၾကျငာထားတဲ့ အမိန္႔ေတြကိုလည္း လိုက္နာဖို႔ လိုတယ္လို႔ ေျပာလိုပါတယ္။ ၿပီးလို႔ရွိရင္ အရက္၀ုိင္းဖဲြ႔ၿပီး ေသာက္လို႔ ေရႊ႕ေျပာင္းအလုပ္သမားေတြ ဖမ္းဆီးခံရတာ တည္ဆဲဥပေဒအရ ဖမ္းဆီးခံရတာေတြရွိတယ္။"

ဖမ္းမိသူေတြကို COVID-19 အေရးေပၚ ကာလမွာ ထုတ္ျပန္ထားတဲ့ အုပ္စုဖြဲ ့အရက္ေသာက္ျခင္း မလုပ္ရ၊ ေလာင္းကစား မလုပ္ရ၊ တားျမစ္ခ်က္ဥပေဒအရ အေရးယူမွာ ျဖစ္တယ္လို႔ ထုိင္းအာဏာပိုင္ေတြက ဆုိပါတယ္။ အလားတူ ခရိုင္ေက်ာ္ျပီးနယ္စပ္ကုိ ဆင္းလာတဲ့ ျမန္မာႏိုင္ငံသားေတြလည္း တာ့ခရိုင္ထဲမွာ ဒီရက္ပိုင္းအတြင္းမွာ အဖမ္းဆီးခံေနရတာေတြလည္း ရွိေနတယ္လို႔ ဆိုပါတယ္။

"အဓိက က ျပႆနာက အလုပ္လက္မဲ့ျဖစ္ေနတဲ့ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြအေနနဲ႔ အလုပ္လက္မ့ဲျဖစ္ျပီး ရက္ရွည္လာတဲ့အေပၚမွာ သူတို႔ လမ္းစရိတ္ေတြ မရွိေတာ့မွာ စားစရိတ္ေတြ၊ အေဆာင္ခေတြ မေပးႏိုင္ေတာ့မွာကို စိုးရိမ္တဲ့အတြက္ေၾကာင့္မို႔ အရဲစြန္႔ၿပီး ဆင္းလာၾကတဲ့ ပံုစံေတြလည္းရွိတယ္။"

သူတို႔ဟာ လိုင္းကားေတြ မရွိတာေၾကာင့္ အိမ္စီးကားေတြကို ဌားရမ္းျပီးလာခဲ့ၾကတာပါ။ ဒါေပမဲ့ သူတို႔ကုိ ေခၚေဆာင္လာတဲ့ ထုိင္းႏိုင္ငံေတြကုိပါ ဖမ္းဆီးမႈေတြ လုပ္ခဲ့ပါတယ္။

ထိုင္းနိုင္ငံမွာ COVID-19 အေရးေပၚ ကာလမွာ ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြ မလိုက္နာတဲ့ ျပစ္မွႈက်ဴးလြန္သူ မည္သူကုိမဆို ေထာင္ဒဏ္နွစ္ႏွစ္အထိ ျပစ္ဒဏ္ခ်မွတ္ႏိုင္တယ္လို႔ ထုတ္ျပန္ထားတာပါ။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------------
[Unicode Version]

COVID-19 ဆိုင်ရာ ထိုင်းအစိုးရကန့်သတ်ချက်ချိုးဖောက်တဲ့ မြန်မာနိုင်ငံသား ၂၀ ကျော်အဖမ်းခံရ

ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ်ကာလအတွင်း ကန့်သတ်တားမြစ်ချက်တွေကို ချိုးဖောက်တဲ့ မြန်မာနိုင်ငံသား၂၀ ကျော် ထိုင်းမှာ ဖမ်းဆီးအရေးယူခံရတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင် မဲဆိုင်မြို့နယ်အတွင်း ကမင်ဒန်ဈေးမှာ အုပ်စုဖွဲ့ အရက်သောက်ပြီး လောင်းကစားလုပ်နေကြတဲ့ မြန်မာနိုင်ငံသား ၂၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက မေလ ၆ ရက်နေ့က ဖမ်းဆီးလိုက်တာပါ။ အမှတ် (၃) နယ်ခြားစောင့်တပ်နဲ့ နယ်မြေအာဏာပိုင်တွေဟာ မင်ဒန်ဈေးရုံထဲမှာ မြန်မာအလုပ်သမားတွေ ဝိုင်းဖွဲ့အရက်သောက်ပြီး ဆူညံနေကြတယ်ဆိုပြီး ထိုင်းရွာသားတွေ တိုင်ကြားချက်အရ နယ်မြေခံ ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးခဲ့ကြပါတယ်။ ရဲနဲ့စစ်တပ်ကို မြင်တာနဲ့မြန်မာတချို့ဟာ ထွက်ပြေးခဲ့ကြတာကြောင့် ဆက်တိုက်လိုက်လံဖမ်းဆီးနေပါတယ်။

COVID -19 ကာလအရေးပေါ် အမိန့်နဲ့ ကန့်သတ်ချက်တွေကို ထိုင်းနိုင်ငံတွင်း မြန်မာတွေအနေနဲ့ လိုက်နာဖို့ လိုအပ်တယ်။ ထိုင်း - မြန်မာနယ်စပ်က ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးမိုးကျော်က ပြောပါတယ်။

"COVID-19 အရေးပေါ် ကာလမှာ ကျန်းမာရေးအရ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကိုလည်း လိုက်နာဖို့ကို မြန်မာသံရုံးကနေ ရွှေ့ပြောင်းအလုပ်သမားတွေကို အသိပေး ထုတ်ပြန်ထားတာ ရှိတယ်။ အဲဒီထုတ်ပြန်ထားတဲ့အချက်ထဲမှာ အလုပ်သမားတွေအနေနဲ့ နေရပ်ရင်းကို မပြန်နိုင်သေးခင်ကာလအတွင်းမှာ ထိုင်းဥပဒေအတိုင်းပဲ ထုတ်ပြန်ကြေငြာချက်တွေအတိုင်းပဲ နေထိုင်ဖို့ လမ်းညွှန်ချက်တွေထဲမှာ လူစုလူဝေး ငါးယောက်ထက်ပိုတဲ့ လူစုလူဝေးမလုပ်ရဘူး၊ လူစုလူဝေးနဲ့ အရက်သေစာ သောက်စားတာ၊ ပါတီမျိုးတွေ ကျင်းပတာ၊ ပွဲလမ်းသဘင်လုပ်တာမျိုးတွေ မကျင်းပရဘူးလို့ ထုတ်ပြန်ထားတယ်။ အဲဒါကျတော့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဒီဒေသအတွင်းကနေပြီး ထိုင်းအစိုးရတွေ ကြေငြာထားတဲ့ ဒေသတွင်း ဒေသန္တရအမိန့်တွေ၊ ထိုင်းအစိုးရ ကြေငြာထားတဲ့ အမိန့်တွေကိုလည်း လိုက်နာဖို့ လိုတယ်လို့ ပြောလိုပါတယ်။ ပြီးလို့ရှိရင် အရက်ဝိုင်းဖွဲ့ပြီး သောက်လို့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖမ်းဆီးခံရတာ တည်ဆဲဥပဒေအရ ဖမ်းဆီးခံရတာတွေရှိတယ်။"

ဖမ်းမိသူတွေကို COVID-19 အရေးပေါ် ကာလမှာ ထုတ်ပြန်ထားတဲ့ အုပ်စုဖွဲ့အရက်သောက်ခြင်း မလုပ်ရ၊ လောင်းကစား မလုပ်ရ၊ တားမြစ်ချက်ဥပဒေအရ အရေးယူမှာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ အလားတူ ခရိုင်ကျော်ပြီးနယ်စပ်ကို ဆင်းလာတဲ့ မြန်မာနိုင်ငံသားတွေလည်း တာ့ခရိုင်ထဲမှာ ဒီရက်ပိုင်းအတွင်းမှာ အဖမ်းဆီးခံနေရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

"အဓိက က ပြဿနာက အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ အလုပ်လက်မဲ့ဖြစ်ပြီး ရက်ရှည်လာတဲ့အပေါ်မှာ သူတို့ လမ်းစရိတ်တွေ မရှိတော့မှာ စားစရိတ်တွေ၊ အဆောင်ခတွေ မပေးနိုင်တော့မှာကို စိုးရိမ်တဲ့အတွက်ကြောင့်မို့ အရဲစွန့်ပြီး ဆင်းလာကြတဲ့ ပုံစံတွေလည်းရှိတယ်။"

သူတို့ဟာ လိုင်းကားတွေ မရှိတာကြောင့် အိမ်စီးကားတွေကို ဌားရမ်းပြီးလာခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ကို ခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံတွေကိုပါ ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ် ကာလမှာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ မလိုက်နာတဲ့ ပြစ်မှှုကျူးလွန်သူ မည်သူကိုမဆို ထောင်ဒဏ်နှစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/thai-myanmar-migrant/5409669.html
COVID-19 ဆိုင္ရာ ထိုင္းအစိုးရကန္႔သတ္ခ်က္ခ်ဳိးေဖာက္တဲ့ ျမန္မာႏုိင္ငံသား ၂၀ ေက်ာ္အဖမ္းခံရ COVID-19 ဆိုင္ရာ ထိုင္းအစိုးရကန္႔သတ္ခ်က္ခ်ဳိးေဖာက္တဲ့ ျမန္မာႏုိင္ငံသား ၂၀ ေက်ာ္အဖမ္းခံရ Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.