ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါအတြက္ ဘယ္လိုေရြးခ်ယ္ၿပီး စစ္ေဆးေနသလဲ

ပိုးသတ္ေဆးျဖန္းေနသည့္ မီသတ္တပ္ဖြဲ႔ဝင္မ်ားကို ထြက္ၾကည့္ေနၾကသည့္ လူအုပ္။ (ရန္ကုန္၊ ဧၿပီ ၂၄၊ ၂၀၂၀)
(Zawgyi/Unicode)

COVID-19 ေရာဂါပိုးရိွ၊ မရိွ ဓါတ္ခဲြစမ္းသပ္မႈေပါင္း ၁၀,၀၀၀ ေက်ာ္စစ္ေဆးေပးခဲ့ၿပီး သီးျခားေစာင့္ၾကည့္ခံရသူေတြရဲ႕ ၁၀ ရာခိုင္ႏႈန္းကိုပဲ ေရာဂါရိွ၊ မရိွ ဓါတ္ခဲြစမ္းသပ္ေပးႏိုင္ေသးတယ္ဆိုတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးပါမယ္။

ျမန္မာႏိုင္ငံတြင္း ကိုဗစ္ေရာဂါရွိ၊ မရွိ ဓာတ္ခြဲစစ္ေဆးခံရသူေတြကေတာ့ ဒီေရာဂါပိုးရွိထားသူေတြနဲ႔ ထိေတြ႕မႈရွိခဲ့သူေတြနဲ႔ သတ္မွတ္ေနရာေတြမွာ အသြားအလာကန႔္သတ္ ေစာင့္ၾကည့္ခံရသူေတြ ျဖစ္ၾကပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ မနက္ထုတ္ျပန္ထားတဲ့ စာရင္းအရ ဓာတ္ခြဲအတည္ျပဳလူနာေပါင္း ၁၆၂ ဦး ရွိခဲ့ၿပီး အဲဒီထဲက ေသဆုံးသူ ၆ ဦးနဲ႔ ေရာဂါပိုးကင္းစင္လာသူ ၅၀ အထိ ရွိထားၿပီျဖစ္ပါတယ္။ ဒါဟာ ဓာတ္ခြဲနမူနာေပါင္း ၁၀,၀၀၀ ေက်ာ္ကို စစ္ေဆးၿပီးခဲ့တဲ့ အေျခအေနပါ။

အခုစစ္ေဆးၿပီးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁၀,၀၀၀ ေက်ာ္ရဲ႕ ရာခိုင္ႏႈန္း ၄၀ ေက်ာ္ေလာက္က အသြားအလာ ကန႔္သတ္ခံထားရသူေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ တႏိုင္ငံလံုးက သီးျခားခဲြေစာင့္ၾကည့္ခံရသူ စုစုေပါင္း ၁၀ ရာခိုင္ႏႈန္းေလာက္ကိုပဲ ဓါတ္ခဲြနမူနာယူနိုင္ခဲ့တာပါ။ တႏိုင္ငံလံုး သီးျခားခဲြေစာင့္ၾကည့္ခံရသူ အေရအတြက္က က်န္းမာေရး၀န္ႀကီးဌာန စာရင္းအရ ၅၀,၀၀၀ ၀န္းက်င္မွာ ရိွေနပါတယ္။

အခုလို အသြားအလာ ကန႔္သတ္ခံထားရသူေတြကို ရာႏႈန္းျပည့္မစစ္ေဆးေပးႏိုင္ေပမဲ့ ထပ္တိုးေဆာင္႐ြက္ႏိုင္ဖို႔ကို စီစဥ္ေနၿပီး လက္ရွိအခ်ိန္မွာ ဘယ္လိုသတ္မွတ္ခ်က္ေတြနဲ႔ ေ႐ြးခ်ယ္စစ္ေဆးေနသလဲဆိုတာကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုးကVOA ကို ေျပာပါတယ္။

“Quarantine ကိုစစ္တဲ့အခါ က်ေနာ္တို႔က သုေတသန ပုံစံမ်ိဳးနဲ႔ သြားတာေပါ့။ သုေတသနပုံစံမ်ိဳးနဲ႔ သြားတဲ့အခါက်ေတာ့ အထူးသျဖင့္ ဒီျပန္လာတဲ့အထဲကေနၿပီးေတာ့ ဒီ risk ရွိတဲ့သူေတြေပါ့ေနာ္။ အဲလူေတြကို ပိုၿပီးေတာ့ဦးစားေပးတယ္။ ေနာက္တခုက random ယူတာလည္းရွိတာေပါ့ေနာ္။ လူ ၁,၀၀၀ ရွိတဲ့ Quarantine Center ဆိုရင္ ၁၀၀ ေပါ့ေနာ္၊ ၅၀ ရွိတဲ့ အထဲကဆိုရင္ ၅ ေယာက္ေပါ့ေနာ္။ တခ်ိဳ႕က်ေတာ့လည္း Quarantine မွာကိုက risk ပါတဲ့အခါက်ေတာ့ အဲလူေတြကို ဦးစားေပးစစ္တာေပါ့ေနာ္။ ေနာက္တခုက တခ်ိဳ႕လူနာေတြက်ေတာ့ လကၡဏာျပတာလည္း ရွိတယ္။ Quarantine ထဲကေန။ အဲလူေတြဆိုရင္ေတာ့ ေသခ်ာေပါက္ေပါ့။ အဲဒီလိုပုံစံမ်ိဳးနဲ႔စစ္တာပါ။”

ဓာတ္ခြဲနမူနာေတြကို ရန္ကုန္ၿမိဳ႕က အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာနနဲ႔ ေဆးသုေတသနဦးစီးဌာနတို႔အျပင္၊ ေနျပည္ေတာ္မွာရွိတဲ့ အမွတ္ ၂ တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ ၁,၀၀၀ မွာ စစ္ေဆးၿပီး ေရာဂါပိုးရွိ၊ မရွိဆိုတာကို အတည္ျပဳေပးေနတာပါ။ အခုစစ္ေဆးေပးေနတဲ့ ေနရာသုံးခုအျပင္ မႏၲေလးနဲ႔ ေမာ္လၿမိဳင္၊ ေတာင္ႀကီးၿမိဳ႕မွာပါ ထပ္တိုးစစ္ေဆးသြားႏိုင္ဖို႔အတြက္ ျပင္ဆင္ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

ဓာတ္ခြဲနမူနာေတြကို ေနျပည္ေတာ္နဲ႔ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ တပ္မေတာ္စစ္ေဆး႐ုံေတြမွာ ဗဟိုေကာ္မတီရဲ႕ ၫႊန္ၾကားခ်က္နဲ႔အညီ ေဆာင္႐ြက္ေနတဲ့အေၾကာင္းကို ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။

“ေနျပည္ေတာ္ပတ္ဝန္းက်င္မွာရွိတဲ့ သံသယရွိတဲ့သူေတြ၊ Quarantine ဝင္တဲ့သူေတြကို စစ္ေဆးဖို႔၊ ၿပီးရင္ ရန္ကုန္မွာရွိတဲ့ တပ္မေတာ္ရဲ႕ COVID-19 စမ္းသပ္မယ့္ စက္က ျမဝတီတို႔ မဲေဆာက္တို႔ အဲ့ကေန ဝင္လာတဲ့သူေတြကို စစ္ေဆးဖို႔ ဗဟိုေကာ္မတီက ၫႊန္ၾကားၿပီးျဖစ္ပါတယ္။”

အခုခ်ိန္မွာ ဓာတ္ခြဲနမူနာေတြကို စစ္ေဆးေပးေနတဲ့ ေနရာ သုံးေနရာေပါင္းလိုက္ရင္ တေန႔တာ စစ္ေဆးေပးႏိုင္တဲ့ ပမာဏဟာ ေထာင္ဂဏန္းနီးပါး ရွိေနၿပီလို႔ ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။

“လက္ရွိအေနအထားအရ ေျပာမယ္ဆိုရင္ေတာ့ ေထာင္ဂဏန္းနားေတာ့ ကပ္လာၿပီလို႔ အၾကမ္းဖ်ဥ္းေျပာလို႔ရတယ္။”

ဒီရက္ပိုင္းထဲမွာ ေလေၾကာင္းကေနတဆင့္ ျပန္လာသူေတြရွိသလို၊ နယ္စပ္ဂိတ္ကေနတဆင့္ ျပန္ဝင္လာသူေတြလည္း ရွိေနၿပီး သူတို႔ကို သတ္မွတ္ထားတဲ့ေနရာေတြမွာ ၂၁ ရက္တာ အသြားအလာကန႔္သတ္ၿပီး ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

အတည္ျပဳလူနာသစ္ေတြ႕ရွိမႈ ေလ်ာ့နည္းလာေပမဲ့လည္း ဒီေရာဂါကင္းစင္သြားတဲ့အေျခအေန မဟုတ္ေသးတာေၾကာင့္ ကိုဗစ္ေရာဂါကာကြယ္ေရးဆိုင္ရာ လမ္းၫႊန္ခ်က္ေတြကို ဆက္ၿပီးေတာ့လိုက္နာေပးဖို႔ က်န္းမာေရးဌာနက တိုက္တြန္းႏႈိးေဆာ္ထားပါတယ္။

 စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------
[Unicode Version]

မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတွက် ဘယ်လိုရွေးချယ်ပြီး စစ်ဆေးနေသလဲ

COVID-19 ရောဂါပိုးရှိ၊ မရှိ ဓါတ်ခွဲစမ်းသပ်မှုပေါင်း ၁၀,၀၀၀ ကျော်စစ်ဆေးပေးခဲ့ပြီး သီးခြားစောင့်ကြည့်ခံရသူတွေရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ ရောဂါရှိ၊ မရှိ ဓါတ်ခွဲစမ်းသပ်ပေးနိုင်သေးတယ်ဆိုတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခံရသူတွေကတော့ ဒီရောဂါပိုးရှိထားသူတွေနဲ့ ထိတွေ့မှုရှိခဲ့သူတွေနဲ့ သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ် စောင့်ကြည့်ခံရသူတွေ ဖြစ်ကြပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်ထုတ်ပြန်ထားတဲ့ စာရင်းအရ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၆၂ ဦး ရှိခဲ့ပြီး အဲဒီထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၅၀ အထိ ရှိထားပြီဖြစ်ပါတယ်။ ဒါဟာ ဓာတ်ခွဲနမူနာပေါင်း ၁၀,၀၀၀ ကျော်ကို စစ်ဆေးပြီးခဲ့တဲ့ အခြေအနေပါ။

အခုစစ်ဆေးပြီးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁၀,၀၀၀ ကျော်ရဲ့ ရာခိုင်နှုန်း ၄၀ ကျော်လောက်က အသွားအလာ ကန့်သတ်ခံထားရသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံးက သီးခြားခွဲစောင့်ကြည့်ခံရသူ စုစုပေါင်း ၁၀ ရာခိုင်နှုန်းလောက်ကိုပဲ ဓါတ်ခွဲနမူနာယူနိုင်ခဲ့တာပါ။ တနိုင်ငံလုံး သီးခြားခွဲစောင့်ကြည့်ခံရသူ အရေအတွက်က ကျန်းမာရေးဝန်ကြီးဌာန စာရင်းအရ ၅၀,၀၀၀ ဝန်းကျင်မှာ ရှိနေပါတယ်။

အခုလို အသွားအလာ ကန့်သတ်ခံထားရသူတွေကို ရာနှုန်းပြည့်မစစ်ဆေးပေးနိုင်ပေမဲ့ ထပ်တိုးဆောင်ရွက်နိုင်ဖို့ကို စီစဉ်နေပြီး လက်ရှိအချိန်မှာ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ရွေးချယ်စစ်ဆေးနေသလဲဆိုတာကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကVOA ကို ပြောပါတယ်။

“Quarantine ကိုစစ်တဲ့အခါ ကျနော်တို့က သုတေသန ပုံစံမျိုးနဲ့ သွားတာပေါ့။ သုတေသနပုံစံမျိုးနဲ့ သွားတဲ့အခါကျတော့ အထူးသဖြင့် ဒီပြန်လာတဲ့အထဲကနေပြီးတော့ ဒီ risk ရှိတဲ့သူတွေပေါ့နော်။ အဲလူတွေကို ပိုပြီးတော့ဦးစားပေးတယ်။ နောက်တခုက random ယူတာလည်းရှိတာပေါ့နော်။ လူ ၁,၀၀၀ ရှိတဲ့ Quarantine Center ဆိုရင် ၁၀၀ ပေါ့နော်၊ ၅၀ ရှိတဲ့ အထဲကဆိုရင် ၅ ယောက်ပေါ့နော်။ တချို့ကျတော့လည်း Quarantine မှာကိုက risk ပါတဲ့အခါကျတော့ အဲလူတွေကို ဦးစားပေးစစ်တာပေါ့နော်။ နောက်တခုက တချို့လူနာတွေကျတော့ လက္ခဏာပြတာလည်း ရှိတယ်။ Quarantine ထဲကနေ။ အဲလူတွေဆိုရင်တော့ သေချာပေါက်ပေါ့။ အဲဒီလိုပုံစံမျိုးနဲ့စစ်တာပါ။”

ဓာတ်ခွဲနမူနာတွေကို ရန်ကုန်မြို့က အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတို့အပြင်၊ နေပြည်တော်မှာရှိတဲ့ အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင် ၁,၀၀၀ မှာ စစ်ဆေးပြီး ရောဂါပိုးရှိ၊ မရှိဆိုတာကို အတည်ပြုပေးနေတာပါ။ အခုစစ်ဆေးပေးနေတဲ့ နေရာသုံးခုအပြင် မန္တလေးနဲ့ မော်လမြိုင်၊ တောင်ကြီးမြို့မှာပါ ထပ်တိုးစစ်ဆေးသွားနိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဓာတ်ခွဲနမူနာတွေကို နေပြည်တော်နဲ့ ရန်ကုန်မြို့မှာရှိတဲ့ တပ်မတော်စစ်ဆေးရုံတွေမှာ ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်နေတဲ့အကြောင်းကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“နေပြည်တော်ပတ်ဝန်းကျင်မှာရှိတဲ့ သံသယရှိတဲ့သူတွေ၊ Quarantine ဝင်တဲ့သူတွေကို စစ်ဆေးဖို့၊ ပြီးရင် ရန်ကုန်မှာရှိတဲ့ တပ်မတော်ရဲ့ COVID-19 စမ်းသပ်မယ့် စက်က မြဝတီတို့ မဲဆောက်တို့ အဲ့ကနေ ဝင်လာတဲ့သူတွေကို စစ်ဆေးဖို့ ဗဟိုကော်မတီက ညွှန်ကြားပြီးဖြစ်ပါတယ်။”

အခုချိန်မှာ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးပေးနေတဲ့ နေရာ သုံးနေရာပေါင်းလိုက်ရင် တနေ့တာ စစ်ဆေးပေးနိုင်တဲ့ ပမာဏဟာ ထောင်ဂဏန်းနီးပါး ရှိနေပြီလို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

“လက်ရှိအနေအထားအရ ပြောမယ်ဆိုရင်တော့ ထောင်ဂဏန်းနားတော့ ကပ်လာပြီလို့ အကြမ်းဖျဉ်းပြောလို့ရတယ်။”

ဒီရက်ပိုင်းထဲမှာ လေကြောင်းကနေတဆင့် ပြန်လာသူတွေရှိသလို၊ နယ်စပ်ဂိတ်ကနေတဆင့် ပြန်ဝင်လာသူတွေလည်း ရှိနေပြီး သူတို့ကို သတ်မှတ်ထားတဲ့နေရာတွေမှာ ၂၁ ရက်တာ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အတည်ပြုလူနာသစ်တွေ့ရှိမှု လျော့နည်းလာပေမဲ့လည်း ဒီရောဂါကင်းစင်သွားတဲ့အခြေအနေ မဟုတ်သေးတာကြောင့် ကိုဗစ်ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို ဆက်ပြီးတော့လိုက်နာပေးဖို့ ကျန်းမာရေးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

 စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid/5409742.html
ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါအတြက္ ဘယ္လိုေရြးခ်ယ္ၿပီး စစ္ေဆးေနသလဲ ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါအတြက္ ဘယ္လိုေရြးခ်ယ္ၿပီး စစ္ေဆးေနသလဲ Reviewed by THITHTOOLWIN on 21:54 Rating: 5
Powered by Blogger.