ျမန္မာ COVID-19 ကူးစက္သူေတြထဲ ႏွစ္ႀကိမ္စစ္ၿပီး ေရာဂါကင္းသူ ၅၀ ရွိၿပီ


(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ဓာတ္ခဲြအတည္ျပဳ လူနာသစ္ မေတြ႔ရေၾကာင္းနဲ႔ လူနာေဟာင္းေတြထဲမွာလည္း ၂ ႀကိမ္ဆက္တုိက္ ေရာဂါပုိးကင္းစင္ေၾကာင္း ဓာတ္ခဲြအတည္ျပဳႏုိင္သူ ၅၀ အထိ ရွိသြားၿပီျဖစ္ေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက သတင္းထုတ္ျပန္လုိက္ပါတယ္။ ဗုဒၶဟူးေန႔ည ၈ နာရီ သတင္းထုတ္ျပန္တဲ့ အခ်ိန္အထိ ေသဆုံးသူ ၆ ဦး အပါအ၀င္ ကူးစက္မႈေပါင္း ၁၆၁ ခု ရွိခဲ့ေၾကာင္းလည္း ေဖာ္ျပထားတာပါ။

ေရာဂါပိုးကူးစက္တယ္လို႔ ဓာတ္ခြဲအတည္ျပဳထားသူ ၁၆၁ ဦးထဲမွာ ေဆး႐ံုတက္ ကုသမႈခံယူေနရသူ အေရအတြက္က ၁၂၇ ဦး ရွိပါတယ္။

ဖ်ားတာနဲ႔ လတ္တေလာ အသက္႐ႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါရွိသူ ဒါမွမဟုတ္ လတ္တေလာ အသက္႐ႈလမ္းေၾကာင္းဆိုင္ရာ ျပင္းထန္လကၡဏာရွိသူေတြအျဖစ္ ေဆး႐ံုတင္ထားၿပီး ေစာင့္ၾကည့္ေနသူအေရအတြက္ တစ္ႏုိင္ငံလံုးမွာ ၄၀၀ ေက်ာ္ရွိပါတယ္။

တိုင္းနဲ႔ ျပည္နယ္အသီးသီးက သတ္မွတ္ေနရာေတြမွာ အသြားအလာကန္႔သတ္ၿပီး ေစာင့္ၾကပ္ၾကည့္႐ႈေနသူ အေရအတြက္ဟာ ေမလ ၅ ရက္၊ ညေန ၇ နာရီအထိ ၄၉,၃၂၃ ဦးရွိၿပီး ေဆး႐ံုေတြမွာ အသြားအလာ ကန္႔သတ္ၿပီး ေစာင့္ၾကည့္ၾကည့္႐ႈေနသူ အေရအတြက္ကေတာ့ ေမလ ၆ ရက္ေန႔၊ မနက္ ၇ နာရီအထိ ၁၁၃ ဦးရွိတယ္လို႔ က်န္းမာေရးဌာနရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္တခုမွာ ေဖာ္ျပထားပါတယ္။

က်န္းမာေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူအျဖစ္ ဓာတ္ခဲြအတည္ျပဳ လူနာသစ္မေတြ႔တာ ဒီေန႔နဲ႔ဆုိရင္ ၂ ရက္ ရွိသြားပါၿပီ။

ဗုဒၶဟူးေန႔ အေစာပုိင္းအထိ ျမန္မာႏုိင္ငံမွာ ဓာတ္ခဲြစမ္းသပ္စစ္ေဆးမႈေပါင္း ၉,၆၀၀ ေက်ာ္ ရွိခဲ့ၿပီး ေရာဂါပုိးကူးစက္မႈ အတည္ျပဳသူေတြထဲမွာေတာ့ ဓာတ္ခဲြအတည္ျပဳ လူနာေတြနဲ႔ ထိေတြ႔မႈေၾကာင့္ ကူးစက္သူ ၄.၃ ရာခိုင္ႏႈန္း ေစာင့္ၾကည့္လူနာေတြထဲမွာ ၁.၇ ရာခိုင္ႏႈန္းနဲ႔ ေရာဂါလကၡဏာ မေတြ႔ရေပမဲ့ ျပည္တြင္းျပည္ပ ခရီးသြားဖူးတဲ့ ရာဇ၀င္ေၾကာင့္ အသြားအလာကန္႔သတ္ထားသူေတြထဲက ကူးစက္မႈ ၀.၂ ရာခိုင္ႏႈန္း ရွိခဲ့ေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ကူးစက္သူအျဖစ္ အတည္ျပဳလူနာ ေလ်ာ့နည္းလာေပမဲ့ ေရာဂါလကၡဏာမျပဘဲ ကူးစက္သူေတြ ရွိႏုိင္တဲ့အတြက္ သတိထားဖုိ႔လုိအပ္ေၾကာင္းလည္း တုိက္တြန္းထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------------
[Unicode Version]

မြန်မာ COVID-19 ကူးစက်သူတွေထဲ နှစ်ကြိမ်စစ်ပြီး ရောဂါကင်းသူ ၅၀ ရှိပြီ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရကြောင်းနဲ့ လူနာဟောင်းတွေထဲမှာလည်း ၂ ကြိမ်ဆက်တိုက် ရောဂါပိုးကင်းစင်ကြောင်း ဓာတ်ခွဲအတည်ပြုနိုင်သူ ၅၀ အထိ ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့ည ၈ နာရီ သတင်းထုတ်ပြန်တဲ့ အချိန်အထိ သေဆုံးသူ ၆ ဦး အပါအဝင် ကူးစက်မှုပေါင်း ၁၆၁ ခု ရှိခဲ့ကြောင်းလည်း ဖော်ပြထားတာပါ။

ရောဂါပိုးကူးစက်တယ်လို့ ဓာတ်ခွဲအတည်ပြုထားသူ ၁၆၁ ဦးထဲမှာ ဆေးရုံတက် ကုသမှုခံယူနေရသူ အရေအတွက်က ၁၂၇ ဦး ရှိပါတယ်။

ဖျားတာနဲ့ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူ ဒါမှမဟုတ် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြင်းထန်လက္ခဏာရှိသူတွေအဖြစ် ဆေးရုံတင်ထားပြီး စောင့်ကြည့်နေသူအရေအတွက် တစ်နိုင်ငံလုံးမှာ ၄၀၀ ကျော်ရှိပါတယ်။

တိုင်းနဲ့ ပြည်နယ်အသီးသီးက သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုနေသူ အရေအတွက်ဟာ မေလ ၅ ရက်၊ ညနေ ၇ နာရီအထိ ၄၉,၃၂၃ ဦးရှိပြီး ဆေးရုံတွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြည့်ကြည့်ရှုနေသူ အရေအတွက်ကတော့ မေလ ၆ ရက်နေ့၊ မနက် ၇ နာရီအထိ ၁၁၃ ဦးရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအဖြစ် ဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့တာ ဒီနေ့နဲ့ဆိုရင် ၂ ရက် ရှိသွားပါပြီ။

ဗုဒ္ဓဟူးနေ့ အစောပိုင်းအထိ မြန်မာနိုင်ငံမှာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုပေါင်း ၉,၆၀၀ ကျော် ရှိခဲ့ပြီး ရောဂါပိုးကူးစက်မှု အတည်ပြုသူတွေထဲမှာတော့ ဓာတ်ခွဲအတည်ပြု လူနာတွေနဲ့ ထိတွေ့မှုကြောင့် ကူးစက်သူ ၄.၃ ရာခိုင်နှုန်း စောင့်ကြည့်လူနာတွေထဲမှာ ၁.၇ ရာခိုင်နှုန်းနဲ့ ရောဂါလက္ခဏာ မတွေ့ရပေမဲ့ ပြည်တွင်းပြည်ပ ခရီးသွားဖူးတဲ့ ရာဇဝင်ကြောင့် အသွားအလာကန့်သတ်ထားသူတွေထဲက ကူးစက်မှု ဝ.၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကူးစက်သူအဖြစ် အတည်ပြုလူနာ လျော့နည်းလာပေမဲ့ ရောဂါလက္ခဏာမပြဘဲ ကူးစက်သူတွေ ရှိနိုင်တဲ့အတွက် သတိထားဖို့လိုအပ်ကြောင်းလည်း တိုက်တွန်းထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmr-covid/5408318.html
ျမန္မာ COVID-19 ကူးစက္သူေတြထဲ ႏွစ္ႀကိမ္စစ္ၿပီး ေရာဂါကင္းသူ ၅၀ ရွိၿပီ  ျမန္မာ COVID-19 ကူးစက္သူေတြထဲ ႏွစ္ႀကိမ္စစ္ၿပီး ေရာဂါကင္းသူ ၅၀ ရွိၿပီ Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.