အိန္ဒိယမှာ COVID-19 ကူးစက် သေဆုံးသူ တရက်အတွင်း စံချိန်တင်မြင့်တက်

နယူးဒေလီ ဆေးရုံတခုမှာ COVID-19 လူနာတဦးကို ပြုစုကုသနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၂၈၊ ၂၀၂၀)
(Unicode)⤵⤵⤵အိန္ဒိယနိုင်ငံမှာ ဒီနေ့ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် ကူးစက်ခံရသူ ၇,၉၆၄ ယောက်နဲ့ သေဆုံးသူ ၂၆၅ ယောက် ရှိခဲ့တာကြောင့် နေ့စဉ် ရောဂါကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းဟာ စံချိန်တင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ လက လူတွေကို အိမ်ထဲကနေ အပြင်မထွက်ကြဖို့ အမိန့်သက်တမ်း ကုန်ဆုံးဖို့ ၁ ရက်အလိုမှာပဲ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုနှုန်း ထပ်ပြီး စံချိန်တင်ခဲ့တာပါ။ ဒါကြောင့် အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁၇၃,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄,၉၇၁ ယောက်ထက်မနည်း ရှိသွားပြီလို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ရောဂါဖြစ်ပွားသူ ၇၀ ရာခိုင်နှုန်းကျော်က လူဦးရေထူထပ်တဲ့ Maharashtra, Gujarat, Tamil Nadu, New Delhi, Madhya Pradesh နဲ့ Rajasthan ပြည်နယ်တွေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ်မိုဒီကတော့ အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကို အနိုင်ရဖို့အတွက် လမ်းကြောင်းမှန်ပေါ်မှာ သွားနေသလို စီးပွားရေး ပြန်လည်ရှင်သန်အောင် လုပ်တဲ့နေရာမှာ စံပြအဖြစ် လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စိတ်ဓာတ်ခိုင်ခိုင်မာမာရှိဖို့ ပြောလိုက်ပါတယ်။

ဗဟိုအစိုးရအနေနဲ့ နောက်ထပ် လမ်းညွှန်ချက်အသစ်တွေကို ဒီသီတင်းပတ်ကုန်မှာ ထုတ်ပြန်သွားမယ်လို့ ခန့်မှန်းရပြီး ဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံး ဖြစ်တဲ့နေရာတွေမှာ အိမ်ထဲကနေ အပြင်မထွက်ဖို့ အမိန့်တွေကို ထပ်တိုးသွားနိုင်ချေ ရှိနေပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၃၉ ယောက်ရှိပြီး အဲဒီထဲက အများစုဟာ ဆိုးလ်မြို့တဝိုက်က ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် တောင်ကိုရီးယားမှာ ရောဂါကူးစက်ခံရသူ ၁၁,၄၄၁ ယောက်နဲ့ သေဆုံးသူ ၂၆၉ ယောက်ထက်မနည်း ရှိသွားပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ဒီကနေ့မှာ နောက်ထပ် ရောဂါကူးစက်ခံရသူ ၄ ယောက်ရှိပြီး အားလုံးဟာ ပြည်ပကနေ လာကြတဲ့သူတွေဖြစ်ပြီး ဗိုင်းရပ်စ်ပိုးကြောင့် ဆေးကုသမှု ခံယူနေသူ ၆၃ ယောက်ရှိတယ်လို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------
(Zawgyi)⤵⤵⤵
အိႏၵိယမွာ COVID-19 ကူးစက္ ေသဆုံးသူ တရက္အတြင္း စံခ်ိန္တင္ျမင့္တက္

အိႏၵိယႏိုင္ငံမွာ ဒီေန႔ ကို႐ိုနာဗိုင္းရပ္စ္ ေနာက္ထပ္ ကူးစက္ခံရသူ ၇,၉၆၄ ေယာက္နဲ႔ ေသဆုံးသူ ၂၆၅ ေယာက္ ရွိခဲ့တာေၾကာင့္ ေန႔စဥ္ ေရာဂါကူးစက္မႈႏႈန္းနဲ႔ ေသဆုံးမႈႏႈန္းဟာ စံခ်ိန္တင္ခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၂ လက လူေတြကို အိမ္ထဲကေန အျပင္မထြက္ၾကဖို႔ အမိန႔္သက္တမ္း ကုန္ဆုံးဖို႔ ၁ ရက္အလိုမွာပဲ ေရာဂါကူးစက္မႈနဲ႔ ေသဆုံးမႈႏႈန္း ထပ္ၿပီး စံခ်ိန္တင္ခဲ့တာပါ။ ဒါေၾကာင့္ အခုဆိုရင္ ဗိုင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၁၇၃,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၄,၉၇၁ ေယာက္ထက္မနည္း ရွိသြားၿပီလို႔ အိႏၵိယ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ေရာဂါျဖစ္ပြားသူ ၇၀ ရာခိုင္ႏႈန္းေက်ာ္က လူဦးေရထူထပ္တဲ့ Maharashtra, Gujarat, Tamil Nadu, New Delhi, Madhya Pradesh နဲ႔ Rajasthan ျပည္နယ္ေတြမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

၀န္ႀကီးခ်ဳပ္မိုဒီကေတာ့ အိႏၵိယႏိုင္ငံဟာ ကို႐ိုနာဗိုင္းရပ္စ္ကို အႏိုင္ရဖို႔အတြက္ လမ္းေၾကာင္းမွန္ေပၚမွာ သြားေနသလို စီးပြားေရး ျပန္လည္ရွင္သန္ေအာင္ လုပ္တဲ့ေနရာမွာ စံျပအျဖစ္ လုပ္ေဆာင္သြားမွာျဖစ္ၿပီး ျပည္သူေတြအေနနဲ႔ စိတ္ဓာတ္ခိုင္ခိုင္မာမာရွိဖို႔ ေျပာလိုက္ပါတယ္။

ဗဟိုအစိုးရအေနနဲ႔ ေနာက္ထပ္ လမ္းၫႊန္ခ်က္အသစ္ေတြကို ဒီသီတင္းပတ္ကုန္မွာ ထုတ္ျပန္သြားမယ္လို႔ ခန႔္မွန္းရၿပီး ဗိုင္းရပ္စ္ကူးစက္မႈ အဆိုး႐ြားဆုံး ျဖစ္တဲ့ေနရာေတြမွာ အိမ္ထဲကေန အျပင္မထြက္ဖို႔ အမိန႔္ေတြကို ထပ္တိုးသြားႏိုင္ေခ် ရွိေနပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံမွာေတာ့ ဒီေန႔မွာ ဗိုင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၃၉ ေယာက္ရွိၿပီး အဲဒီထဲက အမ်ားစုဟာ ဆိုးလ္ၿမိဳ႕တဝိုက္က ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုဆိုရင္ ေတာင္ကိုရီးယားမွာ ေရာဂါကူးစက္ခံရသူ ၁၁,၄၄၁ ေယာက္နဲ႔ ေသဆုံးသူ ၂၆၉ ေယာက္ထက္မနည္း ရွိသြားၿပီျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ဒီကေန႔မွာ ေနာက္ထပ္ ေရာဂါကူးစက္ခံရသူ ၄ ေယာက္ရွိၿပီး အားလုံးဟာ ျပည္ပကေန လာၾကတဲ့သူေတြျဖစ္ၿပီး ဗိုင္းရပ္စ္ပိုးေၾကာင့္ ေဆးကုသမႈ ခံယူေနသူ ၆၃ ေယာက္ရွိတယ္လို႔ ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/covid19-india/5442227.html
အိန္ဒိယမှာ COVID-19 ကူးစက် သေဆုံးသူ တရက်အတွင်း စံချိန်တင်မြင့်တက် အိန္ဒိယမှာ COVID-19 ကူးစက် သေဆုံးသူ တရက်အတွင်း စံချိန်တင်မြင့်တက် Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.