ျမန္မာႏုိင္ငံမွာ COVID-19 လူနာသစ္ ၂ ဦးအတည္ျပဳ၊ စုစုေပါင္း ၁၉၃ ေယာက္ရွိ


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳ လူနာသစ္ ၂ ဦး ထပ္မံ ေတြ႕ရွိခဲ့တာေၾကာင့္ ေရာဂါ ကူးစက္သူ စုစုေပါင္း ၁၉၃ ဦး ရွိၿပီလို႔ က်န္းမာေရး နဲ႔ အားကစားဝန္ႀကီးဌာနက ေမလ ၁၉ ရက္ ည ၈ နာရီအခ်ိန္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ေမလ ၁၉ ရက္ ေန႔က ဓါတ္ခြဲနမူနာ စုစုေပါင္း ၃၄၃ ကို စစ္ေဆးခဲ့ရာက အခုလို ၂ ဦးမွာ ေရာဂါရွိေၾကာင္း အတည္ျပဳခဲ့တာပါ။

ေရာဂါပိုး ကူးစက္ခံရသူအတည္ျပဳလူနာ ၂ ဦးက ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕က အသက္ ၃၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီး ၁ ဦးနဲ႔ ရန္ကုန္၊ ေတာင္ဥကၠလာက အသက္ ၆၀ ရွိ အမ်ိဳးသမီး ၁ ဉီးတို႔ျဖစ္ၿပီး ယူေအအီးႏိုင္ငံကို သြားေရာက္ခဲ့တဲ့ ခရီးသြားရာဇဝင္ ရွိသူေတြျဖစ္ပါတယ္။ သူတို႔ ၂ ဦးစလုံးက အသြားအလာ ကန္႔သတ္ခံထားရသူေတြ ျဖစ္ၿပီး သူတို႔ကို ေဝဘာဂီအထူးကု ေဆး႐ုံမွာ ေဆးကုသမႈခံယူေစမွာ ျဖစ္ပါတယ္။

ေမလ ၁၉ ရက္ေန႔အထိ ေရာဂါ ကူးစက္ခံရသူေတြထဲက ၁၀၄ ဦးက ေရာဂါပိုးကင္းစင္သြားၿပီးလို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ သူတို႔ထဲက ၉၁ ဦးကိုေဆး႐ုံဆင္းခြင့္ေပးခဲ့ၿပီး အသြားအလာ ဆက္လက္ကန္႔သတ္ေစာင့္ၾကည့္ေနပါတယ္။

မတ္လေႏွာင္းပိုင္းကစလို႔ ဓါတ္ခြဲ နမူနာ စုစုေပါင္း ၁၅,၀၀၀ ေက်ာ္ကို စစ္ေဆးခဲ့တာျဖစ္ၿပီး ေစာင့္ၾကည့္လူနာေပါင္းက ၄,၃၀၀ ေက်ာ္ ရွိခဲ့တယ္လို႔ က်န္းမာေရး ဝန္ႀကီးဌာနက ေၾကညာထားပါတယ္။ ဓါတ္ခြဲ အတည္ျပဳလူနာေတြထဲက ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးတယ္လို႔ အတည္ျပဳ ေၾကညာထားသူက ၆ ဦး ရွိပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------
[Unicode Version]

မြန်မာနိုင်ငံမှာ COVID-19 လူနာသစ် ၂ ဦးအတည်ပြု၊ စုစုပေါင်း ၁၉၃ ယောက်ရှိ

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြု လူနာသစ် ၂ ဦး ထပ်မံ တွေ့ရှိခဲ့တာကြောင့် ရောဂါ ကူးစက်သူ စုစုပေါင်း ၁၉၃ ဦး ရှိပြီလို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက မေလ ၁၉ ရက် ည ၈ နာရီအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မေလ ၁၉ ရက် နေ့က ဓါတ်ခွဲနမူနာ စုစုပေါင်း ၃၄၃ ကို စစ်ဆေးခဲ့ရာက အခုလို ၂ ဦးမှာ ရောဂါရှိကြောင်း အတည်ပြုခဲ့တာပါ။

ရောဂါပိုး ကူးစက်ခံရသူအတည်ပြုလူနာ ၂ ဦးက ရှမ်းပြည်နယ် တောင်ကြီးမြို့က အသက် ၃၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ ရန်ကုန်၊ တောင်ဥက္ကလာက အသက် ၆၀ ရှိ အမျိုးသမီး ၁ ဉီးတို့ဖြစ်ပြီး ယူအေအီးနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင် ရှိသူတွေဖြစ်ပါတယ်။ သူတို့ ၂ ဦးစလုံးက အသွားအလာ ကန့်သတ်ခံထားရသူတွေ ဖြစ်ပြီး သူတို့ကို ဝေဘာဂီအထူးကု ဆေးရုံမှာ ဆေးကုသမှုခံယူစေမှာ ဖြစ်ပါတယ်။

မေလ ၁၉ ရက်နေ့အထိ ရောဂါ ကူးစက်ခံရသူတွေထဲက ၁၀၄ ဦးက ရောဂါပိုးကင်းစင်သွားပြီးလို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သူတို့ထဲက ၉၁ ဦးကိုဆေးရုံဆင်းခွင့်ပေးခဲ့ပြီး အသွားအလာ ဆက်လက်ကန့်သတ်စောင့်ကြည့်နေပါတယ်။

မတ်လနှောင်းပိုင်းကစလို့ ဓါတ်ခွဲ နမူနာ စုစုပေါင်း ၁၅,၀၀၀ ကျော်ကို စစ်ဆေးခဲ့တာဖြစ်ပြီး စောင့်ကြည့်လူနာပေါင်းက ၄,၃၀၀ ကျော် ရှိခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။ ဓါတ်ခွဲ အတည်ပြုလူနာတွေထဲက ဗိုင်းရပ်စ်ကြောင့် သေဆုံးတယ်လို့ အတည်ပြု ကြေညာထားသူက ၆ ဦး ရှိပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-covid/5426181.html
ျမန္မာႏုိင္ငံမွာ COVID-19 လူနာသစ္ ၂ ဦးအတည္ျပဳ၊ စုစုေပါင္း ၁၉၃ ေယာက္ရွိ ျမန္မာႏုိင္ငံမွာ COVID-19 လူနာသစ္ ၂ ဦးအတည္ျပဳ၊ စုစုေပါင္း ၁၉၃ ေယာက္ရွိ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.