COVID-19 လူနာေတြနဲ႔ ထိေတြ႔မႈကို လက္ကိုင္ဖုန္းကတဆင့္ အိႏၵိယ ေထာက္လွမ္းမယ္

အိႏၵိယႏုိင္ငံ နယူးေဒလီရွိ COVID-19 စမ္းသပ္္စစ္ေဆးသည့္စင္တာမွ က်န္းမာေရးဝန္ထမ္းမ်ား။ (ဧၿပီ ၂၇၊ ၂၀၂၀)
(Zawgyi / Unicode)

အိႏၵိယႏုိင္ငံက အစိုးရနဲ႔ ပုဂၢလိကဝန္ထမ္းအားလုံး COVID-19 ေရာဂါပိုးရွိသူေတြနဲ႔ ထိေတြ႔ဆက္ဆံမႈ ရွိမရွိ ေဖာ္ထုတ္ႏုိင္တဲ့ မိုဘိုင္းဖုန္း အပလီေကးရွင္းတခုကို အသုံးျပဳဖို႔နဲ႔ လူခ်င္း ခပ္ခြာခြာေနၾကဖို႔ အိႏၵိယအစိုးရက အမိန္႔ထုတ္ျပန္လိုက္ပါတယ္။

အိႏၵိယမွာ အိမ္ျပင္မထြက္ရအမိန္႔ကို လာမယ့္ တနလၤာေန႔ကစလို႔ ေနာက္ထပ္ သီတင္း ၂ ပတ္ တုိးျမႇင့္လိုက္ေၾကာင္း ဝန္ႀကီးခ်ဳပ္ Narendra Modi အစိုးရက ေသာၾကာေန႔က ေၾကညာခဲ့ေပမယ့္ ေရာဂါကူးစက္မႈ နည္းပါးတဲ့ ျပည္နယ္ေတြမွာေတာ့ တားျမစ္ခ်က္ေတြကို လိုအပ္သလို ေျဖေလွ်ာ့ေပးမယ္လို႔ ေျပာပါတယ္။

အိႏၵိယအစိုးရက စီစဥ္ေပးတဲ့ Aarogya Setu က်န္းမာေရးေပါင္းကူးတံတားလို႔ အမည္ေပးထားတဲ့ မိုဘိုင္းဖုန္း အပလီေကးရွင္းကို ၿပီးခဲ့တဲ့လက စၿပီး မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။

ဒီဖုန္းအပလီေကးရွင္းက Bluetooth ႀကိဳးမဲ့ဆက္သြယ္ေရးစနစ္နဲ႔ GPS စနစ္ေတြကို အေျခခံထားၿပီး COVID-19 ေရာဂါပိုး ရွိသူေတြနဲ႔ ထိေတြ႔ဆက္ဆံႏုိင္ေခ် ရွိခဲ့သလား ဆိုတာကို ေဖာ္ထုတ္ေပးမွာျဖစ္ၿပီး ဒီလူေတြကို ေနာက္ပိုင္းမွာ ေရာဂါပိုးရွိမရွိ စစ္ေဆးေပးသြားမွာ ျဖစ္ပါတယ္။

အစိုးရနဲ႔ ပုဂၢလိက က႑အသီးသီးက ဝန္ထမ္းေတြအားလုံး ဒီ ဖုန္းအပလီေကးရွင္းကို မျဖစ္မေန အသုံးျပဳရမယ္လို႔ အိႏၵိယ ျပည္ထဲေရးဝန္ႀကီးဌာနက ေသာၾကာေန႔က ေျပာပါတယ္။

ပုဂၢလိက ကုမၸဏီေတြအေနနဲ႔ ဝန္ထမ္းေတြအားလုံး ဒီအပလီေကးရွင္းကို အသုံးျပဳနိုင္ဖို႔ ကုမၸဏီ တာဝန္ရွိသူ အႀကီးအကဲေတြက တာဝန္ယူရမွာ ျဖစ္ပါတယ္။

လူဦးေရ ၁.၃ ဘီလီယံရွိတဲ့ အိႏၵိယမွာ ဒီဖုန္းအပလီေကးရွင္းကို ထိထိေရာက္ေရာက္ အသုံးျပဳႏုိင္ဖို႔ အနည္းဆုံး ဖုန္းအလုံးေပါင္း သန္း ၂၀၀ ေလာက္မွာ ထည့္သြင္းအသုံးျပဳဖို႔ လိုအပ္တယ္လို႔ တာဝန္ရွိသူေတြနဲ႔ ဖုန္းအပလီေကးရွင္း ပုဂၢိဳလ္ေရး အခ်က္အလက္ဆိုင္ရာ မူဝါဒကို ေရးဆြဲသူ ေရွ႕ေနတဦးက ႐ုိက္တာသတင္းဌာနကို ေျပာပါတယ္။

ႏုိင္ငံတြင္း စမတ္ဖုန္းအသုံးျပဳသူ သန္း ၅၀၀ ေလာက္မွာ ၈၃ သန္းေလာက္ ဒီအပလီေကးရွင္းကို ထည့္သြင္းထားၿပီးျဖစ္ေၾကာင္း နည္းပညာဝန္ႀကီးဌာနရဲ႕ စာရင္းေတြအရ သိရပါတယ္။

ဒီအပလီေကးရွင္းကို အသုံးျပဳသူေတြရဲ႕ ပုဂၢိဳလ္ေရး အခ်က္အလက္ေတြကို ဘယ္လိုသုံးမွာလဲ ဆိုတာကို ရွင္းရွင္းလင္းလင္း မသိရတဲ့အခ်က္နဲ႔ အိႏၵိယမွာ ပုဂၢိဳလ္ေရး အခ်က္အလက္ေတြကို အကာအကြယ္ေပးတဲ့ ဥပေဒ မရွိတာေၾကာင့္ ဒီ မိုဘိုင္းဖုန္း အပလီေကးရွင္းကို မျဖစ္မေန အသုံးျပဳရမယ္ဆိုတဲ့ ကိစၥအေပၚ စိုးရိမ္ေနသူေတြလည္း ရွိပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------

(Unicode)

COVID-19 လူနာတွေနဲ့ ထိတွေ့မှုကို လက်ကိုင်ဖုန်းကတဆင့် အိန္ဒိယ ထောက်လှမ်းမယ်

အိန္ဒိယနိုင်ငံက အစိုးရနဲ့ ပုဂ္ဂလိကဝန်ထမ်းအားလုံး COVID-19 ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ဆက်ဆံမှု ရှိမရှိ ဖော်ထုတ်နိုင်တဲ့ မိုဘိုင်းဖုန်း အပလီကေးရှင်းတခုကို အသုံးပြုဖို့နဲ့ လူချင်း ခပ်ခွာခွာနေကြဖို့ အိန္ဒိယအစိုးရက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

COVID-19 ကပ်ရောဂါကြောင့် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ထားတာကို တဖြည်းဖြည်း လျှော့ချပေးနေချိန်မှာ ဒီအမိန့်ကို ထုတ်ပြန်ခဲ့တာပါ။

အိန္ဒိယမှာ အိမ်ပြင်မထွက်ရအမိန့်ကို လာမယ့် တနင်္လာနေ့ကစလို့ နောက်ထပ် သီတင်း ၂ ပတ် တိုးမြှင့်လိုက်ကြောင်း ဝန်ကြီးချုပ် Narendra Modi အစိုးရက သောကြာနေ့က ကြေညာခဲ့ပေမယ့် ရောဂါကူးစက်မှု နည်းပါးတဲ့ ပြည်နယ်တွေမှာတော့ တားမြစ်ချက်တွေကို လိုအပ်သလို ဖြေလျှော့ပေးမယ်လို့ ပြောပါတယ်။

အိန္ဒိယအစိုးရက စီစဉ်ပေးတဲ့ Aarogya Setu ကျန်းမာရေးပေါင်းကူးတံတားလို့ အမည်ပေးထားတဲ့ မိုဘိုင်းဖုန်း အပလီကေးရှင်းကို ပြီးခဲ့တဲ့လက စပြီး မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖုန်းအပလီကေးရှင်းက Bluetooth ကြိုးမဲ့ဆက်သွယ်ရေးစနစ်နဲ့ GPS စနစ်တွေကို အခြေခံထားပြီး COVID-19 ရောဂါပိုး ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံနိုင်ချေ ရှိခဲ့သလား ဆိုတာကို ဖော်ထုတ်ပေးမှာဖြစ်ပြီး ဒီလူတွေကို နောက်ပိုင်းမှာ ရောဂါပိုးရှိမရှိ စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။

အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍအသီးသီးက ဝန်ထမ်းတွေအားလုံး ဒီ ဖုန်းအပလီကေးရှင်းကို မဖြစ်မနေ အသုံးပြုရမယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက သောကြာနေ့က ပြောပါတယ်။

ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေအားလုံး ဒီအပလီကေးရှင်းကို အသုံးပြုနိုင်ဖို့ ကုမ္ပဏီ တာဝန်ရှိသူ အကြီးအကဲတွေက တာဝန်ယူရမှာ ဖြစ်ပါတယ်။

လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယမှာ ဒီဖုန်းအပလီကေးရှင်းကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ အနည်းဆုံး ဖုန်းအလုံးပေါင်း သန်း ၂၀၀ လောက်မှာ ထည့်သွင်းအသုံးပြုဖို့ လိုအပ်တယ်လို့ တာဝန်ရှိသူတွေနဲ့ ဖုန်းအပလီကေးရှင်း ပုဂ္ဂိုလ်ရေး အချက်အလက်ဆိုင်ရာ မူဝါဒကို ရေးဆွဲသူ ရှေ့နေတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

နိုင်ငံတွင်း စမတ်ဖုန်းအသုံးပြုသူ သန်း ၅၀၀ လောက်မှာ ၈၃ သန်းလောက် ဒီအပလီကေးရှင်းကို ထည့်သွင်းထားပြီးဖြစ်ကြောင်း နည်းပညာဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီအပလီကေးရှင်းကို အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ဘယ်လိုသုံးမှာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရတဲ့အချက်နဲ့ အိန္ဒိယမှာ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို အကာအကွယ်ပေးတဲ့ ဥပဒေ မရှိတာကြောင့် ဒီ မိုဘိုင်းဖုန်း အပလီကေးရှင်းကို မဖြစ်မနေ အသုံးပြုရမယ်ဆိုတဲ့ ကိစ္စအပေါ် စိုးရိမ်နေသူတွေလည်း ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/india-covid19-application/5402822.html
COVID-19 လူနာေတြနဲ႔ ထိေတြ႔မႈကို လက္ကိုင္ဖုန္းကတဆင့္ အိႏၵိယ ေထာက္လွမ္းမယ္ COVID-19 လူနာေတြနဲ႔ ထိေတြ႔မႈကို လက္ကိုင္ဖုန္းကတဆင့္ အိႏၵိယ ေထာက္လွမ္းမယ္ Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.