COVID-19 ကာလ အွန်လိုင်းရာဇဝတ်မှု ပိုများလာကြောင်း ကုလသမဂ္ဂပြော


(Unicode)⤵⤵⤵
COVID-19 ကပ်ရောဂါ ကျရောက်နေတဲ့ ကာလအတွင်း အင်တာနက် အွန်လိုင်းကနေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပိုများလာပြီး အန္တရာယ်ပေးနိုင်တဲ့ အီးမေးလ် ၆၀၀ ရာခိုင်နှုန်းလောက် တိုးလာတယ်လို့ ကုလသမဂ္ဂရဲ့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အကြီးအကဲ Izumi Nakamitsu က မနေ့က သတိပေးလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြဿနာက ကမ္ဘာကြီးကို နည်းပညာ တီထွင်ဆန်းသစ်မှုတွေနဲ့ အင်တာနက် အွန်လိုင်းကနေ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုဖြစ်လာအောင် ပို့ဆောင်ပေးလိုက်ပေမယ့် တဖက်မှာလည်း ကမ္ဘာတဝန်းက ကျန်းမာရေးအဖွဲ့တွေနဲ့ ဆေးသုတေသန အဖွဲ့တွေကို အင်တာနက်ကနေ တိုက်ခိုက်တာတွေလည်း ရှိလာနေတယ်လို့ Ms. Nakamitsu က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပုံမှန်ကျင်းပနေကျ မဟုတ်တဲ့ အစည်းအဝေးအတွင်း ပြောလိုက်တာပါ။

အင်တာနက် အွန်လိုင်းကနေ ဒစ်ဂျစ်တယ်နည်းပညာတွေကို ပိုပြီးတော့ အသုံးပြုလာနေတဲ့အတွက် ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်တွေ ပိုများလာနေပြီး ၃၉ စက္ကန့်ကို တခါဖြစ်နေတယ်လို့ သူမက ပြောပါတယ်။ ဒါ့အပြင် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာကို လွဲမှားစွာ အသုံးပြုနေတဲ့ အန္တရာယ်ကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ သူမက ပြောပါတယ်။

အင်တာနက် အွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ ပုံမှန်ကျင်းပနေကြမဟုတ်တဲ့ အစည်းအဝေးကို ရုရှားနိုင်ငံကလွဲပြီး ကျန်တဲ့ အဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံနဲ့ တခြားနိုင်ငံ ၅၀ တက်ရောက်ခဲ့ကြပါတယ်။

ရုရှားနိုင်ငံကတော့ ဒီအစည်းအဝေးကို သူတို့ မတက်ရတာဟာ အမေရိကန်၊ ဗြိတိန်နဲ့ အက်စ်တိုးနီးယားနိုင်ငံတို့က ကြာသပတေးနေ့က သူတို့ ဦးဆောင်ကျင်းပတဲ့ Crimea အရေး အစည်းအဝေးကို မတက်ရောက်ဘဲ ရှိပြီးသား အစဉ်အလာတွေကို ချိုးဖောက်တာကြောင့်ဖြစ်တယ်လို့ ပြောထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------------
(Zawgyi)⤵⤵⤵
COVID-19 ကာလ အြန္လိုင္းရာဇဝတ္မႈ ပိုမ်ားလာေၾကာင္း ကုလသမဂၢေျပာ

COVID-19 ကပ္ေရာဂါ က်ေရာက္ေနတဲ့ ကာလအတြင္း အင္တာနက္ အြန္လိုင္းကေန က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ ပိုမ်ားလာၿပီး အႏၲရာယ္ေပးႏိုင္တဲ့ အီးေမးလ္ ၆၀၀ ရာခိုင္ႏႈန္းေလာက္ တိုးလာတယ္လို႔ ကုလသမဂၢရဲ႕ လက္နက္ဖ်က္သိမ္းေရးဆိုင္ရာ အႀကီးအကဲ Izumi Nakamitsu က မေန႔က သတိေပးလိုက္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျပႆနာက ကမာၻႀကီးကို နည္းပညာ တီထြင္ဆန္းသစ္မႈေတြနဲ႔ အင္တာနက္ အြန္လိုင္းကေန ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုျဖစ္လာေအာင္ ပို႔ေဆာင္ေပးလိုက္ေပမယ့္ တဖက္မွာလည္း ကမာၻတဝန္းက က်န္းမာေရးအဖြဲ႕ေတြနဲ႔ ေဆးသုေတသန အဖြဲ႕ေတြကို အင္တာနက္ကေန တိုက္ခိုက္တာေတြလည္း ရွိလာေနတယ္လို႔ Ms. Nakamitsu က ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ ပုံမွန္က်င္းပေနက် မဟုတ္တဲ့ အစည္းအေဝးအတြင္း ေျပာလိုက္တာပါ။

အင္တာနက္ အြန္လိုင္းကေန ဒစ္ဂ်စ္တယ္နည္းပညာေတြကို ပိုၿပီးေတာ့ အသုံးျပဳလာေနတဲ့အတြက္ ဆိုက္ဘာတိုက္ခိုက္မႈ အႏၲရာယ္ေတြ ပိုမ်ားလာေနၿပီး ၃၉ စကၠန႔္ကို တခါျဖစ္ေနတယ္လို႔ သူမက ေျပာပါတယ္။ ဒါ့အျပင္ သတင္းအခ်က္အလက္နဲ႔ ဆက္သြယ္ေရးနည္းပညာကို လြဲမွားစြာ အသုံးျပဳေနတဲ့ အႏၲရာယ္ကို ခ်က္ခ်င္း ကိုင္တြယ္ေျဖရွင္းဖို႔ လိုတယ္လို႔ သူမက ေျပာပါတယ္။

အင္တာနက္ အြန္လိုင္းကေန ျပဳလုပ္ခဲ့တဲ့ လုံၿခဳံေရးေကာင္စီရဲ႕ ပုံမွန္က်င္းပေနၾကမဟုတ္တဲ့ အစည္းအေဝးကို ႐ုရွားႏိုင္ငံကလြဲၿပီး က်န္တဲ့ အဖြဲ႕ဝင္ႏိုင္ငံ ၁၄ ႏိုင္ငံနဲ႔ တျခားႏိုင္ငံ ၅၀ တက္ေရာက္ခဲ့ၾကပါတယ္။

႐ုရွားႏိုင္ငံကေတာ့ ဒီအစည္းအေဝးကို သူတို႔ မတက္ရတာဟာ အေမရိကန္၊ ၿဗိတိန္နဲ႔ အက္စ္တိုးနီးယားႏိုင္ငံတို႔က ၾကာသပေတးေန႔က သူတို႔ ဦးေဆာင္က်င္းပတဲ့ Crimea အေရး အစည္းအေဝးကို မတက္ေရာက္ဘဲ ရွိၿပီးသား အစဥ္အလာေတြကို ခ်ိဳးေဖာက္တာေၾကာင့္ျဖစ္တယ္လို႔ ေျပာထားပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/covid19-cyber-crime-un/5432869.html
COVID-19 ကာလ အွန်လိုင်းရာဇဝတ်မှု ပိုများလာကြောင်း ကုလသမဂ္ဂပြော COVID-19 ကာလ အွန်လိုင်းရာဇဝတ်မှု ပိုများလာကြောင်း ကုလသမဂ္ဂပြော Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.