မႏၲေလး၊ မေကြးနဲ႔ မြန္က COVID-19 ေစာင့္ၾကည့္လူနာေတြထဲ ေသဆံုးမႈမ်ားေန


[Zawgyi/Unicode]

COVID-19 ေရာဂါပိုးရွိတယ္လို႔ သံသယနဲ႔ ကန႔္သတ္ေစာင့္ၾကည့္ခံေနရတဲ့ လူနာတခ်ိဳ႕ေသဆုံးတဲ့အေပၚ စိုးရိမ္မႈေတြတိုးေနတာေၾကာင့္ သူတို႔ဘယ္လိုအသက္ဆုံးရႈံးရတာလဲဆိုတာ ေမးျမန္းတင္ဆက္ေပးပါမယ္။ ဒီအေၾကာင္း ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေမခက တင္ျပထားပါတယ္။

လတ္တေလာမွာ COVID-19 ကူးစက္မႈ ထပ္မံတိုးလာခ်ိန္မွာ သံသယနဲ႔ ကန႔္သတ္ေစာင့္ၾကည့္ခံေနရသည့္ လူနာ အခ်ိဳ႕ ေသဆုံးေနရတာေတြ ရွိလာတဲ့အေပၚမွာ ျပည္သူေတြၾကား စိုးရိမ္မႈေတြ ျမင့္တက္လာတာပါ။ ပရဟိတအဖြဲ႕ေတြ ေျပာဆိုခ်က္အရ မႏၱေလးတိုင္းမွာ ၄၄ ဦး၊ မေကြးမွာ ၁၉ ဦးနဲ႔ မြန္ျပည္နယ္မွာ ၃၈ ဦးထိ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီ ၂၄ မွာလည္း မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံမွာ တရက္တည္းနဲ႔ ေစာင့္ၾကည့္သံသရလူနာ ၇ ဦး တေန႔ထဲေသဆုံးခဲ့တာ ရွိခဲ့တာမို႔ ပိုၿပီးစိုးရိမ္တာေတြ ျဖစ္ခဲ့ၾကတာပါ။

ေမာ္လၿမိဳင္ ျပည္နယ္က်န္းမာေရးဦးစီးမွဴး ေဒါက္တာ ထြန္းေအာင္ၾကည္ကေတာ့ ေဆး႐ုံကို ေရာဂါတခုခုေၾကာင့္ တက္ေရာက္လာတဲ့ လူမမာေတြထဲမွာ အသက္ရႈဆိုင္ရာ ျပႆနာတခုခု ရွိလာတာေတြ႕ရရင္ သူတို႔ေတြကို ကိုဗစ္ ေစာင့္ၾကည့္သံသယလူနာအေနနဲ႔ သတ္မွတ္လိုက္ၿပီး ကိုဗစ္ရွိ၊ မရွိ စစ္ေဆးတာေတြ လုပ္ေဆာင္ေပးတယ္လို႔ ရွင္းျပပါတယ္။ ဒီေသဆုံးလူနာေတြဟာ ျပင္းထန္တဲ့ တျခားေရာဂါအခံေတြ ရွိၿပီသားျဖစ္တာမို႔ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးတာမဟုတ္ဘူးလို႔ ေျပာပါတယ္။

"ေဆး႐ုံလာလို႔ အသက္ရႈ ေဝဒနာရွိတာ၊ ဖ်ားတာ ရွိလာတဲ့ သူေတြကို သံသယ လူနာလို႔ သတ္မွတ္တယ္။ သတ္မွတ္ၿပီး ကိုဗစ္စစ္ေဆးတာေတြ လုပ္တယ္။ မလုပ္ရင္ က်န္းမာေရးဝန္ထမ္းေတြကူးႏိုင္တာေပါ့။ ဒီေတာ့ သူတို႔ကို သံသရသတ္မွတ္တယ္။ အခုေသတယ္ဆိုတဲ့သူေတြအကုန္က ဒီပိုးစစ္တာ negative ထြက္ပါတယ္။"

မြန္ ျပည္နယ္တြင္း ေသဆုံးခဲ့တဲ့ ေစာင့္ၾကည့္လူနာေတြထဲမွာ ေဆး႐ုံတက္ေရာက္စဥ္ ေစာင့္ၾကည့္လူနာ အေနနဲု႔ သတ္မွတ္ခံရသူေတြပါသလို၊ Hospital Quarantine ဝင္၊ ေစာင့္ၾကည့္လူနာအခ်ိဳ႕လည္း ပါဝင္ေနပါတယ္။

ေသဆုံးသူအမ်ားစုမွာ ေဆး႐ုံတက္ရႏိုင္တဲ့ ဆီးခ်ိဳ၊ ေသြးတိုး၊ ကင္ဆာ၊ အသည္းႂကြပ္ေရာဂါ၊ ဦးေႏွာက္အေျမႇးေရာင္၊ အဆုတ္၊ တီဘီေရာဂါလကၡဏာ၊ ေသြးေလးဘက္နာစတဲ့ ျပင္းထန္ေဝဒနာတခ်ိဳ႕ ေရာဂါမ်ား နဂိုကတည္းကရွိကာ ဒီေရာဂါေတြ ေၾကာင့္ေဆး႐ုံတက္ရတာမ်ားၿပီး ဒီလူေတြဟာ အသက္ရႈလမ္းေၾကာင္းျပႆနာလည္း ပူးတြဲခံစားရတာမို႔ အခုလို ေစာင့္ၾကည့္တာေတြ လုပ္ရတာျဖစ္တယ္လို႔ သူကေျပာပါတယ္။

ဘယ္ေရာဂါ ေဝဒနာေတြနဲ႔ ေဆး႐ုံေရာက္လာသူေတြထဲ အဆုတ္ပိုင္းေရာဂါခံစားေနရသူမ်ား၊ ကိုယ္ခံအားနည္းသူမ်ားကို ကိုဗစ္ႏိုင္တင္း သံသယလူနာစာရင္းတြင္ ထည့္သြင္းကာ စစ္ေဆးေပးေနတယ္လို႔ မနေလးတိုင္း တိုင္းက်န္းမာေရးဦးစီးမွဴး ေဒါက္တာသန္းသန္းျမင့္ကေျပာပါတယ္။

အခုလိုေသဆုံးရတဲ့ အေပၚ ျပည္သူေတြ အေနနဲု႔ အစိုးရိမ္မလြန္ဖို႔ သူကသတိေပးပါတယ္။

"အသက္ရႈလမ္းေၾကာင္းနဲ႔ေဆး႐ုံလာခဲ့ရင္ ဘာျဖစ္ျဖစ္ က်မတို႔က အဲဒါကိုသံသယလို႔သတ္မွတ္တာရွင့္။ ဒီအခ်ိန္မွာ အဲလိုသတ္မွတ္ၿပီးေဆး႐ုံေတြမွာ fever clinic ေတြ ထားၿပီးလမ္းေၾကာင္းကိုက အဲလိုဆြဲယူသြားတာ။ အဲဒါေၾကာင့္သံသယလို႔ သတ္မွတ္ရတယ္။ အဲဒါေၾကာင့္ စစ္ေဆးဖို႔ယူတယ္။ စစ္လို႔ နက္ကတစ္ဆိုေတာ့ စိတ္ရွင္းတာေပါ့ေလ။ အဲဒါက တျပည္လုံးဂိုက္လိုင္းေပါ့ေနာ္။ အဲလိုေၾကာင္းသတ္မွတ္တာ။ သတ္မွတ္ေတာ့ တဘက္က စစ္ေဆးတာလုပ္တယ္။ လုပ္တဲ့အခ်ိန္ သူတို႔ေရာဂါအခံေတြေပါ့။ ဥပမာ ဆီးခ်ိဳေၾကာင့္ဆုံးတယ္။ ႏွလုံးေၾကာင့္ဆုံးတယ္။ အဲလိုေတြနဲ႔ ဆုံးၾကတာရွင္။"

လက္ရွိ ႏိုင္ငံတဝန္းမွာေတာ့ ဒီေန႔မနက္ပိုင္းအထိ COVID-19 အတည္ျပဳလူနာ စုစုေပါင္း ၁၉၉ ဦး၊ ေသဆုံးသူ ၆ ဦးနဲ႔ ျပန္လည္သက္သာလာသူ ၁၀၈ ဦးရွိေနပါတယ္ရွင္။

ေမခ  / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------
[Unicode Version]

မန္တလေး၊ မကွေးနဲ့ မွန်က COVID-19 စောင့်ကြည့်လူနာတွေထဲ သေဆုံးမှုများနေ

COVID-19 ရောဂါပိုးရှိတယ်လို့ သံသယနဲ့ ကန့်သတ်စောင့်ကြည့်ခံနေရတဲ့ လူနာတချို့သေဆုံးတဲ့အပေါ် စိုးရိမ်မှုတွေတိုးနေတာကြောင့် သူတို့ဘယ်လိုအသက်ဆုံးရှုံးရတာလဲဆိုတာ မေးမြန်းတင်ဆက်ပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက တင်ပြထားပါတယ်။

လတ်တလောမှာ COVID-19 ကူးစက်မှု ထပ်မံတိုးလာချိန်မှာ သံသယနဲ့ ကန့်သတ်စောင့်ကြည့်ခံနေရသည့် လူနာ အချို့ သေဆုံးနေရတာတွေ ရှိလာတဲ့အပေါ်မှာ ပြည်သူတွေကြား စိုးရိမ်မှုတွေ မြင့်တက်လာတာပါ။ ပရဟိတအဖွဲ့တွေ ပြောဆိုချက်အရ မန္တလေးတိုင်းမှာ ၄၄ ဦး၊ မကွေးမှာ ၁၉ ဦးနဲ့ မွန်ပြည်နယ်မှာ ၃၈ ဦးထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၄ မှာလည်း မန္တလေးအထွေထွေရောဂါကုဆေးရုံမှာ တရက်တည်းနဲ့ စောင့်ကြည့်သံသရလူနာ ၇ ဦး တနေ့ထဲသေဆုံးခဲ့တာ ရှိခဲ့တာမို့ ပိုပြီးစိုးရိမ်တာတွေ ဖြစ်ခဲ့ကြတာပါ။

မော်လမြိုင် ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်ကတော့ ဆေးရုံကို ရောဂါတခုခုကြောင့် တက်ရောက်လာတဲ့ လူမမာတွေထဲမှာ အသက်ရှုဆိုင်ရာ ပြဿနာတခုခု ရှိလာတာတွေ့ရရင် သူတို့တွေကို ကိုဗစ် စောင့်ကြည့်သံသယလူနာအနေနဲ့ သတ်မှတ်လိုက်ပြီး ကိုဗစ်ရှိ၊ မရှိ စစ်ဆေးတာတွေ လုပ်ဆောင်ပေးတယ်လို့ ရှင်းပြပါတယ်။ ဒီသေဆုံးလူနာတွေဟာ ပြင်းထန်တဲ့ တခြားရောဂါအခံတွေ ရှိပြီသားဖြစ်တာမို့ ကိုဗစ်ရောဂါကြောင့် သေဆုံးတာမဟုတ်ဘူးလို့ ပြောပါတယ်။

"ဆေးရုံလာလို့ အသက်ရှု ဝေဒနာရှိတာ၊ ဖျားတာ ရှိလာတဲ့ သူတွေကို သံသယ လူနာလို့ သတ်မှတ်တယ်။ သတ်မှတ်ပြီး ကိုဗစ်စစ်ဆေးတာတွေ လုပ်တယ်။ မလုပ်ရင် ကျန်းမာရေးဝန်ထမ်းတွေကူးနိုင်တာပေါ့။ ဒီတော့ သူတို့ကို သံသရသတ်မှတ်တယ်။ အခုသေတယ်ဆိုတဲ့သူတွေအကုန်က ဒီပိုးစစ်တာ negative ထွက်ပါတယ်။"

မွန် ပြည်နယ်တွင်း သေဆုံးခဲ့တဲ့ စောင့်ကြည့်လူနာတွေထဲမှာ ဆေးရုံတက်ရောက်စဉ် စောင့်ကြည့်လူနာ အနေနဲု့ သတ်မှတ်ခံရသူတွေပါသလို၊ Hospital Quarantine ဝင်၊ စောင့်ကြည့်လူနာအချို့လည်း ပါဝင်နေပါတယ်။

သေဆုံးသူအများစုမှာ ဆေးရုံတက်ရနိုင်တဲ့ ဆီးချို၊ သွေးတိုး၊ ကင်ဆာ၊ အသည်းကြွပ်ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်၊ တီဘီရောဂါလက္ခဏာ၊ သွေးလေးဘက်နာစတဲ့ ပြင်းထန်ဝေဒနာတချို့ ရောဂါများ နဂိုကတည်းကရှိကာ ဒီရောဂါတွေ ကြောင့်ဆေးရုံတက်ရတာများပြီး ဒီလူတွေဟာ အသက်ရှုလမ်းကြောင်းပြဿနာလည်း ပူးတွဲခံစားရတာမို့ အခုလို စောင့်ကြည့်တာတွေ လုပ်ရတာဖြစ်တယ်လို့ သူကပြောပါတယ်။

ဘယ်ရောဂါ ဝေဒနာတွေနဲ့ ဆေးရုံရောက်လာသူတွေထဲ အဆုတ်ပိုင်းရောဂါခံစားနေရသူများ၊ ကိုယ်ခံအားနည်းသူများကို ကိုဗစ်နိုင်တင်း သံသယလူနာစာရင်းတွင် ထည့်သွင်းကာ စစ်ဆေးပေးနေတယ်လို့ မနလေးတိုင်း တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်ကပြောပါတယ်။

အခုလိုသေဆုံးရတဲ့ အပေါ် ပြည်သူတွေ အနေနဲု့ အစိုးရိမ်မလွန်ဖို့ သူကသတိပေးပါတယ်။

"အသက်ရှုလမ်းကြောင်းနဲ့ဆေးရုံလာခဲ့ရင် ဘာဖြစ်ဖြစ် ကျမတို့က အဲဒါကိုသံသယလို့သတ်မှတ်တာရှင့်။ ဒီအချိန်မှာ အဲလိုသတ်မှတ်ပြီးဆေးရုံတွေမှာ fever clinic တွေ ထားပြီးလမ်းကြောင်းကိုက အဲလိုဆွဲယူသွားတာ။ အဲဒါကြောင့်သံသယလို့ သတ်မှတ်ရတယ်။ အဲဒါကြောင့် စစ်ဆေးဖို့ယူတယ်။ စစ်လို့ နက်ကတစ်ဆိုတော့ စိတ်ရှင်းတာပေါ့လေ။ အဲဒါက တပြည်လုံးဂိုက်လိုင်းပေါ့နော်။ အဲလိုကြောင်းသတ်မှတ်တာ။ သတ်မှတ်တော့ တဘက်က စစ်ဆေးတာလုပ်တယ်။ လုပ်တဲ့အချိန် သူတို့ရောဂါအခံတွေပေါ့။ ဥပမာ ဆီးချိုကြောင့်ဆုံးတယ်။ နှလုံးကြောင့်ဆုံးတယ်။ အဲလိုတွေနဲ့ ဆုံးကြတာရှင်။"

လက်ရှိ နိုင်ငံတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁၉၉ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ပြန်လည်သက်သာလာသူ ၁၀၈ ဦးရှိနေပါတယ်ရှင်။

မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid/5430146.html
မႏၲေလး၊ မေကြးနဲ႔ မြန္က COVID-19 ေစာင့္ၾကည့္လူနာေတြထဲ ေသဆံုးမႈမ်ားေန မႏၲေလး၊ မေကြးနဲ႔ မြန္က COVID-19 ေစာင့္ၾကည့္လူနာေတြထဲ ေသဆံုးမႈမ်ားေန Reviewed by THITHTOOLWIN on 07:10 Rating: 5
Powered by Blogger.