တကမာၻလံုးမွာ COVID-19 ေရာဂါကူးစက္သူ ၅ သန္းေက်ာ္သြားၿပီ

Brazil ႏိုင္ငံ Manaus ၿမိဳ႕ရွိ COVID-19 ေရာဂါ ကူးစက္ခံရသူ တခ်ိဳ႕ (ေမ ၁၈၊ ၂၀၂၀)
(Zawgyi/Unicode)

ကမာၻတဝန္း COVID-19 ျဖစ္ပြားတယ္လို႔ အတည္ျပဳႏိုင္သူ ၅,၀၀၀,၀၀၀ ေက်ာ္သြားပါၿပီ။ အေမရိကန္ John Hopkins တကၠသိုလ္က ျပဳစုထားတဲ့ စာရင္းအရ စုစုေပါင္းေသဆံုးသူက ၃၃၀,၀၀၀ နီးပါး႐ွိပါတယ္။

အဲဒီမွာ အေမရိကန္ျပည္ေထာင္စုက အတည္ျပဳလူနာ ၁,၅၀၀,၀၀၀ ေက်ာ္၊ ေသဆံုးသူ ၉၃,၀၀၀ ေက်ာ္နဲ႔ အမ်ားဆံုးျဖစ္ပါတယ္။ မေန႔ ဗုဒၼဟူးေန႔ကေတာ့ တကမာၻလံုးမွာ အတည္ျပဳလူနာ တေန႔ထဲ ၁၀၆,၀၀၀ နဲ႔ စံခ်ိန္တင္ အမ်ားဆံုးျဖစ္ခဲ့တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO က ေျပာပါတယ္။

ဒါဟာ ကပ္ေရာဂါ စတင္ျဖစ္ပြားကတည္းကဆိုရင္ တေန႔ထဲ အမ်ားဆံုး ကူးစက္မႈျဖစ္တယ္လို႔ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus ကေျပာပါတယ္။
WHO အႀကီးအကဲ Tedros Adhanom Ghebreyesus
ဒီကူးစက္တဲ့ ၃ ပံု ၂ ပံုနီးပါးက ႏိုင္ငံ ၄ ခုမွာတင္ ကူးစက္တာျဖစ္ပါတယ္။ ဘယ္ႏိုင္ငံေတြလည္းလို႔ သူကမေျပာေပမဲ့ အေမရိကန္၊ ႐ု႐ွား၊ Brazil နဲ႔ India ႏိုင္ငံတို႔ ျဖစ္တယ္လို႔ သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

ဝင္ေငြနည္းတဲ့ႏုိင္ငံေတြမွာ ေရာဂါကူးစက္မႈႏႈန္း မ်ားလာတာဟာ အင္မတန္စိုးရိမ္စရာျဖစ္တယ္လို႔လည္း WHO ကေျပာပါတယ္။

ကပ္ေရာဂါကူးစက္မႈအဆိုးဆံုးျဖစ္ခဲ့ၾကတဲ့ အီတလီနဲ႔ စပိန္ႏုိင္ငံေတြမွာေတာ့ ေနာက္ထပ္ေရာဂါျဖစ္ပြားသူ က်ဆင္းသြားသလို စပိန္မွာဆိုရင္ ေသဆံုးသူ ၁၀၀ ေအာက္ေရာက္တာ ၄ ရက္ ဆက္တိုက္႐ွိသြားပါၿပီ။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------
[Unicode Version]

တကမ္ဘာလုံးမှာ COVID-19 ရောဂါကူးစက်သူ ၅ သန်းကျော်သွားပြီ

ကမ္ဘာတဝန်း COVID-19 ဖြစ်ပွားတယ်လို့ အတည်ပြုနိုင်သူ ၅,၀၀၀,၀၀၀ ကျော်သွားပါပြီ။ အမေရိကန် John Hopkins တက္ကသိုလ်က ပြုစုထားတဲ့ စာရင်းအရ စုစုပေါင်းသေဆုံးသူက ၃၃၀,၀၀၀ နီးပါးရှိပါတယ်။

အဲဒီမှာ အမေရိကန်ပြည်ထောင်စုက အတည်ပြုလူနာ ၁,၅၀၀,၀၀၀ ကျော်၊ သေဆုံးသူ ၉၃,၀၀၀ ကျော်နဲ့ အများဆုံးဖြစ်ပါတယ်။ မနေ့ ဗုဒ္မဟူးနေ့ကတော့ တကမ္ဘာလုံးမှာ အတည်ပြုလူနာ တနေ့ထဲ ၁၀၆,၀၀၀ နဲ့ စံချိန်တင် အများဆုံးဖြစ်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။

ဒါဟာ ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းကဆိုရင် တနေ့ထဲ အများဆုံး ကူးစက်မှုဖြစ်တယ်လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကပြောပါတယ်။

ဒီကူးစက်တဲ့ ၃ ပုံ ၂ ပုံနီးပါးက နိုင်ငံ ၄ ခုမှာတင် ကူးစက်တာဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေလည်းလို့ သူကမပြောပေမဲ့ အမေရိကန်၊ ရုရှား၊ Brazil နဲ့ India နိုင်ငံတို့ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဝင်ငွေနည်းတဲ့နိုင်ငံတွေမှာ ရောဂါကူးစက်မှုနှုန်း များလာတာဟာ အင်မတန်စိုးရိမ်စရာဖြစ်တယ်လို့လည်း WHO ကပြောပါတယ်။

ကပ်ရောဂါကူးစက်မှုအဆိုးဆုံးဖြစ်ခဲ့ကြတဲ့ အီတလီနဲ့ စပိန်နိုင်ငံတွေမှာတော့ နောက်ထပ်ရောဂါဖြစ်ပွားသူ ကျဆင်းသွားသလို စပိန်မှာဆိုရင် သေဆုံးသူ ၁၀၀ အောက်ရောက်တာ ၄ ရက် ဆက်တိုက်ရှိသွားပါပြီ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-main/5429774.html
တကမာၻလံုးမွာ COVID-19 ေရာဂါကူးစက္သူ ၅ သန္းေက်ာ္သြားၿပီ တကမာၻလံုးမွာ COVID-19 ေရာဂါကူးစက္သူ ၅ သန္းေက်ာ္သြားၿပီ Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.