ျမန္မာ COVID-19 ကူးစက္သူ ေနာက္ ၃ ဦးထပ္တိုးၿပီး ၁၈၇ ဦးျဖစ္လာ



Share/Bookmark

COVID-19 ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း
(၁၈-၅-၂၀၂၀)  ရက္ေန႔၊  နံနက္ (၇:၃၀)နာရီ

၁။ (၁၇-၅-၂၀၂၀) ရက္ေန႔အတြက္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ ဒုတိယအသုတ္အျဖစ္ ဓာတ္ခြဲနမူနာ (၁၉၀) ခုအား (၁၇-၅-၂၀၂၀) ရက္ေန႔ ညပိုင္းတြင္ စစ္ေဆးၿပီးစီးခဲ့ရာ -
• COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ (၃) ဦးေတြ႕ရွိရပါသည္။

၂။ သို႔ျဖစ္ပါ၍ (၁၈-၅-၂၀၂၀) ရက္ေန႔၊  နံနက္ (၇:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲ အတည္ျပဳလူနာ (၁၈၇) ဦးရွိၿပီျဖစ္ပါသည္။

၃။ (၁၈-၅-၂၀၂၀) ရက္ေန႔အထိ  ေရာဂါပိုးကင္းစင္လာသူ စုစုေပါင္း (၉၇) ဦးရွိပါသည္။

၄။ ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။

၅။ (၁၇-၅-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ဓာတ္ခြဲစစ္ေဆးမႈကို အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ ဓာတ္ခြဲနမူနာ (၃၇၆) ခုႏွင့္ ေဆးသုေတသနဦးစီးဌာန (DMR) မွ ဓာတ္ခြဲနမူနာ (၂၀၀) ခုတို႔အား စစ္ေဆးခဲ့ပါသည္။

Ministry of Health and Sports, Myanmar
------------------------------------------
မြန်မာ COVID-19 ကူးစက်သူ နောက် ၃ ဦးထပ်တိုးပြီး ၁၈၇ ဦးဖြစ်လာ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၈-၅-၂၀၂၀)  ရက်နေ့၊  နံနက် (၇:၃၀)နာရီ

၁။ (၁၇-၅-၂၀၂၀) ရက်နေ့အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၉၀) ခုအား (၁၇-၅-၂၀၂၀) ရက်နေ့ ညပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃) ဦးတွေ့ရှိရပါသည်။

၂။ သို့ဖြစ်ပါ၍ (၁၈-၅-၂၀၂၀) ရက်နေ့၊  နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၈၇) ဦးရှိပြီဖြစ်ပါသည်။

၃။ (၁၈-၅-၂၀၂၀) ရက်နေ့အထိ  ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၉၇) ဦးရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၁၇-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၃၇၆) ခုနှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၀၀) ခုတို့အား စစ်ဆေးခဲ့ပါသည်။

Ministry of Health and Sports, Myanmar

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ