COVID-19 ေၾကာင့္ အခက္ၾကံဳရတဲ့လုပ္ငန္းေတြထဲ လယ္ယာက႑ အကူအညီ ပိုရသင့္

ေနျပည္ေတာ္ရွိ စပါးစိုက္ခင္းထဲတြင္ အလုပ္လုပ္ေနၾကတဲ့ လယ္သူမ တခ်ိဳ႕ (ေမ ၀၁၊ ၂၀၁၈)
(Zawgyi/Unicode)

COVID-19 တံု႔ျပန္မႈ ရန္ပုံေငြကေန ထုတ္ေခ်းတဲ့ ေခ်းေငြေတြကို တျခား ျပည္တြင္းလုပ္ငန္းေတြထက္ စိုက္ပ်ိဳးေရး က႑မွာ ပိုမို သုံးစြဲေထာက္ပံ့သင့္တယ္လို႔ ေတာင္သူလယ္သမားအေရးလႈပ္ရွားသူေတြက တိုက္တြန္းတဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။

COVID 19 ေရာဂါေၾကာင့္ ျဖစ္ေပၚလာတဲ့ စီးပြားေရးသက္ေရာက္မႈေတြအေပၚ ျပန္လည္ကုစားႏိုင္ဖို႔ စီးပြားေရးလုပ္ငန္းေတြအတြက္ COVID-19 ရန္ပုံေငြက အတိုးႏႈန္း သက္သက္သာသာနဲ႔ ေခ်းေငြထုတ္ေပးတဲ့ အစီအစဥ္ကို ျမန္မာအစိုးရက ေဆာင္႐ြက္ေပးေနပါတယ္။ ဒီအစီအစဥ္ရဲ႕ ဦးတည္ခ်က္ ၇ ရပ္ထဲမွာ စိုက္ပ်ိဳးေရးနဲ႔ ပတ္သက္လို႔ တိတိက်က် မထည့္ထားေပမယ့္၊ လုပ္ငန္းစဥ္တရပ္အျဖစ္နဲ႔ လယ္သမားေတြ စိုက္ပ်ိဳးေရး လုပ္ငန္းငယ္ေတြနဲ႔ မ်ိဳးေစ့ေရာင္းခ်သူေတြကို ေထာက္ပံ့မယ္ဆိုတဲ့ အစီအစဥ္ပါဝင္ပါတယ္။

စိုက္ပ်ိဳးေရး လုပ္ငန္းေတြက ႏိုင္ငံရဲ႕ အဓိက စီးပြားေရး ျဖစ္သလို ျမန္မာႏိုင္ငံမွာ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းကို လုပ္ကိုင္ေနသူ အေရအတြက္က ၁၂.၅ သန္းရွိေနၿပီး တစ္ႏိုင္ငံလုံးမွာ ရွိတဲ့ လုပ္သား အင္အားရဲ႕ ၅၁ ရာခိုင္ႏႈန္း ျဖစ္တယ္လို႔ ကမာ႔ၻဘဏ္ရဲ႕ ၂၀၁၉ စီးပြားေရး အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္လည္း ေခ်းေငြထုတ္ေပးတဲ့ စီးပြားေရးလုပ္ငန္းေတြထဲမွာ စိုက္ပ်ိဳးေရး က႑ကို အဓိကထားၿပီး ပံ့ပိုးေပးသင့္တယ္လို႔ ဆိုပါတယ္။

အခုလက္ရွိမွာ ေတာင္သူလယ္သမားေတြအေနနဲ႔ ထုတ္ေခ်းေပးေနတဲ့ ေခ်းေငြက လုံေလာက္မႈမရွိတာေၾကာင့္ အျပင္ကေန ေခ်းေငြထပ္ေခ်းၿပီး လုပ္ေနၾကရတဲ့အတြက္ အစိုးရအေနနဲ႔ ေခ်းေငြကို လုံလုံေလာက္ေလာက္ ထုတ္ေခ်းေပးဖို႔ လိုအပ္တယ္လို႔ လႊတ္ေတာ္ထဲမွာ ေတာင္သူလယ္သမားအေရးေျပာဆို ေဆာင္႐ြက္ေနတဲ့ ဧရာဝတီတိုင္း မအူပင္ ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိန္ဝင္းက VOA ကို ေျပာပါတယ္။
စပါးခင္းထဲတြင္ အလုပ္လုပ္ေနတဲ့ လယ္သမား တဦး (ေမ ၂၇၊ ၂၀၁၈)
“စိုက္ပ်ိဳးစရိတ္အေနနဲ႔ တစ္ဧက ၁၅၀,၀၀၀ ေခ်းေပးတယ္ေလ။ ဒါကုန္တာက ၂၅၀,၀၀၀ ေလ။ ၁၅၀,၀၀၀ ေပးေတာ့ က်န္တဲ့ ၁၀၀,၀၀၀ ကို အျပင္ကေန ရွာရတယ္ဆိုေတာ့ အဲ့ဒီမွာတင္ ဒုကၡက ေရာက္ၿပီ။ ဒါက နံပါတ္ ၁၊ သူတို႔ လုပ္ေပတဲ့ဟာက မလုပ္ေပးဘူးမဟုတ္ဘူး လုပ္ေပးတယ္။ ဒါေပမဲ့ နည္းတယ္။ ဦးစားမေပးလို႔ အန္ကယ္တို႔ေျပာေနတာ၊ တစ္နည္းအားျဖင့္ ဘတ္ဂ်က္တစ္ခုလုံးရဲ႕ ျမန္မာႏိုင္ငံရဲ႕ ဘတ္ဂ်က္တစ္ခုလုံးကို ေငြ ၁၀၀ မွ ၄ က်ပ္ေလာက္ပဲ သုံးတယ္ဆိုတဲ့ အေျဖက ေတြ႕ေနတယ္ေလ။ အဲ့ေတာ့ ဘာကို လုပ္ေပးတုန္း၊ ဘာမွ လုပ္မေပးဘူးလို႔ပဲ ေျပာခ်င္တယ္။ ဆင့္ပါးစပ္ ႏွမ္းပက္တာကို အဲ့ဒါကို ပက္ပါတယ္ ပက္ပါတယ္ ေျပာမေနနဲ႔ေလ။ ဒီျမင္ရတဲ့ စိုက္ပ်ိဳးေရးေတာင္မွ အေကာင္အထည္ေကာင္းေအာင္မေဖာ္ႏိုင္ဘူးဆိုရင္ ဘယ္လိုလုပ္ျဖစ္မလဲ ၿပီးရင္ ဒီ ကိုဗစ္ျဖစ္တဲ့ ျပႆနာက ရည္ရွည္အထိ သြားႏိုင္တဲ့ အလားအလာရွိတဲ့အတြက္ စားနပ္ရိကၡာကို ဦးစားေပးဖို႔ အထူးလိုေနတယ္။”

စိုက္ပ်ိဳးေရးကိုသာ အစိုးရက ေကာင္းေကာင္းေထာက္ပံ့ေပးႏိုင္မယ္ဆိုရင္ ေတာင္သူလယ္သမားေတြအတြက္ စီပြားေရး အခြင့္အလမ္းေကာင္းေတြ ရလာႏိုင္သလို ကိုဗစ္ကာလကိုလည္း ေကာင္းေကာင္းျဖတ္ေက်ာ္ႏိုင္တယ္လို႔ ဦးစိန္ဝင္းက ေျပာပါတယ္။

စိုက္ပ်ိဳးေရးကို ဦးစားေပးေဆာင္႐ြက္တာက ဒီလို ကိုဗစ္ကာလ စီးပြားေရး အထိနာေနတဲ့အခ်ိန္မွာ ျပန္လည္ ဦးေမာ့လာႏိုင္ဖို႔ အခြင့္အေရးတစ္ခုျဖစ္တယ္လို႔လဲ စီးပြားေရး ပညာရွင္ ဦးမင္းခင္က သုံးသပ္ပါတယ္။

“က်ေနာ္တို႔ တစ္ခ်က္ခုတ္ သုံးေလးခ်က္ျပတ္ႏိုင္တဲ့ လုပ္ငန္းမ်ိဳးေတြကို က်ေနာ္တို႔ ကိုင္တြယ္ရလိမ့္မယ္။ အဓိကကေတာ့ စိုက္ပ်ိဳးေရးပါ။ စိုက္ပ်ိဳးေရးႏွင့္ စားနပ္ရိကၡာ ထုတ္လုပ္တဲ့ အပိုင္းပါ။ ကူးစက္ေရာဂါ အႏၲရာယ္လည္း နည္းတာေပါ့ေနာ္။ စိုက္ပ်ိဳးေရးဆိုရင္ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ခြာၿပီးလုပ္လို႔ ရတာကိုး။ ေနာက္ က်ေနာ္တို႔က စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္တဲ့အတိုင္း က်ေနာ္တို႔ရဲ႕ လယ္ေျမေတြက ကိုယ့္ ႏိုင္ငံအတြက္သာမက တျခားႏိုင္ငံအတြက္ပါ အေရးႀကီးတဲ့ စားနပ္ရိကၡာ ကုန္ၾကမ္း ကုန္ေခ်ာ ေပါ့ေနာ္။ အဲ့လိုမ်ိဳးဟာေတြကို ဦးစားေပးရပါမယ္။”

စိုက္ပ်ိဳးေရးဆိုင္ရာ ကုန္စည္ေတြကို ပို႔ေဆာင္ႏိုင္ဖို႔အတြက္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြကိုပါ ဦးစားေပး စီစဥ္ေဆာင္႐ြက္သင့္တယ္လို႔ စီးပြားေရးပညာရွင္ ဦးမင္းခင္က ေျပာပါတယ္။

ဒီမိုးရာသီ စိုက္ပ်ိဳးၾကရေတာ့မယ့္ လယ္ယာေျမေတြကို ေခ်းေငြထုတ္ေပးတဲ့ ပမာဏ အေပၚမွာ မူတည္ၿပီး စိုက္ပ်ိဳးၾကရမွာပါ။ ေခ်းေငြမလုံေလာက္တာေတြေၾကာင့္ တခ်ိဳ႕ ေတာင္သူေတြက လယ္ယာေျမဧကကို သတ္မွတ္ခ်က္အတိုင္း မစိုက္ပ်ိဳးႏိုင္ၾကဘူးလို႔ သိရပါတယ္။

ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ကေတာ့ ႏွစ္စဥ္ ရာသီအလိုက္ ထုတ္ေခ်းေပးေနတဲ့ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရး က႑ေတြအတြက္ ေခ်းေငြေတြကို ဧၿပီလ ၁ ရက္ေန႔ကစၿပီး အတိုးႏႈန္း ေလွ်ာ့ခ် ေကာက္ခံသြားမယ္လို႔ ထုတ္ျပန္ထားပါတယ္ရွင္။

အိမ့္သႏၲာထြန္း  / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------------
[Unicode Version]

COVID-19 ကြောင့် အခက်ကြုံရတဲ့လုပ်ငန်းတွေထဲ လယ်ယာကဏ္ဍ အကူအညီ ပိုရသင့်

COVID-19 တုံ့ပြန်မှု ရန်ပုံငွေကနေ ထုတ်ချေးတဲ့ ချေးငွေတွေကို တခြား ပြည်တွင်းလုပ်ငန်းတွေထက် စိုက်ပျိုးရေး ကဏ္ဍမှာ ပိုမို သုံးစွဲထောက်ပံ့သင့်တယ်လို့ တောင်သူလယ်သမားအရေး လှုပ်ရှားသူတွေက တိုက်တွန်းတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

COVID 19 ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ပြန်လည်ကုစားနိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေအတွက် COVID-19 ရန်ပုံငွေက အတိုးနှုန်း သက်သက်သာသာနဲ့ ချေးငွေထုတ်ပေးတဲ့ အစီအစဉ်ကို မြန်မာအစိုးရက ဆောင်ရွက်ပေးနေပါတယ်။ ဒီအစီအစဉ်ရဲ့ ဦးတည်ချက် ၇ ရပ်ထဲမှာ စိုက်ပျိုးရေးနဲ့ပတ်သက်လို့ တိတိကျကျ မထည့်ထားပေမယ့်၊ လုပ်ငန်းစဉ်တရပ်အဖြစ်နဲ့ လယ်သမားတွေ စိုက်ပျိုးရေး လုပ်ငန်းငယ်တွေနဲ့ မျိုးစေ့ရောင်းချသူတွေကို ထောက်ပံ့မယ်ဆိုတဲ့ အစီအစဉ်ပါဝင်ပါတယ်။

စိုက်ပျိုးရေး လုပ်ငန်းတွေက နိုင်ငံရဲ့ အဓိက စီးပွားရေး ဖြစ်သလို မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေသူ အရေအတွက်က ၁၂.၅ သန်းရှိနေပြီး တစ်နိုင်ငံလုံးမှာ ရှိတဲ့ လုပ်သား အင်အားရဲ့ ၅၁ ရာခိုင်နှုန်း ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၉ စီးပွားရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ချေးငွေထုတ်ပေးတဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ စိုက်ပျိုးရေး ကဏ္ဍကို အဓိကထားပြီး ပံ့ပိုးပေးသင့်တယ်လို့ ဆိုပါတယ်။

အခုလက်ရှိမှာ တောင်သူလယ်သမားတွေအနေနဲ့ ထုတ်ချေးပေးနေတဲ့ ချေးငွေက လုံလောက်မှုမရှိတာကြောင့် အပြင်ကနေ ချေးငွေထပ်ချေးပြီး လုပ်နေကြရတဲ့အတွက် အစိုးရအနေနဲ့ ချေးငွေကို လုံလုံလောက်လောက် ထုတ်ချေးပေးဖို့ လိုအပ်တယ်လို့ လွှတ်တော်ထဲမှာ တောင်သူလယ်သမားအရေးပြောဆို ဆောင်ရွက်နေတဲ့ ဧရာဝတီတိုင်း မအူပင် မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက VOA ကို ပြောပါတယ်။

“စိုက်ပျိုးစရိတ်အနေနဲ့ တစ်ဧက ၁၅၀,၀၀၀ ချေးပေးတယ်လေ။ ဒါကုန်တာက ၂၅၀,၀၀၀ လေ။ ၁၅၀,၀၀၀ ပေးတော့ ကျန်တဲ့ ၁၀၀,၀၀၀ ကို အပြင်ကနေ ရှာရတယ်ဆိုတော့ အဲ့ဒီမှာတင် ဒုက္ခက ရောက်ပြီ။ ဒါက နံပါတ် ၁၊ သူတို့ လုပ်ပေတဲ့ဟာက မလုပ်ပေးဘူးမဟုတ်ဘူး လုပ်ပေးတယ်။ ဒါပေမဲ့ နည်းတယ်။ ဦးစားမပေးလို့ အန်ကယ်တို့ပြောနေတာ၊ တစ်နည်းအားဖြင့် ဘတ်ဂျက်တစ်ခုလုံးရဲ့ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်တစ်ခုလုံးကို ငွေ ၁၀၀ မှ ၄ ကျပ်လောက်ပဲ သုံးတယ်ဆိုတဲ့ အဖြေက တွေ့နေတယ်လေ။ အဲ့တော့ ဘာကို လုပ်ပေးတုန်း၊ ဘာမှ လုပ်မပေးဘူးလို့ပဲ ပြောချင်တယ်။ ဆင့်ပါးစပ် နှမ်းပက်တာကို အဲ့ဒါကို ပက်ပါတယ် ပက်ပါတယ် ပြောမနေနဲ့လေ။ ဒီမြင်ရတဲ့ စိုက်ပျိုးရေးတောင်မှ အကောင်အထည်ကောင်းအောင်မဖော်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်ဖြစ်မလဲ ပြီးရင် ဒီ ကိုဗစ်ဖြစ်တဲ့ ပြဿနာက ရည်ရှည်အထိ သွားနိုင်တဲ့ အလားအလာရှိတဲ့အတွက် စားနပ်ရိက္ခာကို ဦးစားပေးဖို့ အထူးလိုနေတယ်။”

စိုက်ပျိုးရေးကိုသာ အစိုးရက ကောင်းကောင်းထောက်ပံ့ပေးနိုင်မယ်ဆိုရင် တောင်သူလယ်သမားတွေအတွက် စီပွားရေး အခွင့်အလမ်းကောင်းတွေ ရလာနိုင်သလို ကိုဗစ်ကာလကိုလည်း ကောင်းကောင်းဖြတ်ကျော်နိုင်တယ်လို့ ဦးစိန်ဝင်းက ပြောပါတယ်။

စိုက်ပျိုးရေးကို ဦးစားပေးဆောင်ရွက်တာက ဒီလို ကိုဗစ်ကာလ စီးပွားရေး အထိနာနေတဲ့အချိန်မှာ ပြန်လည် ဦးမော့လာနိုင်ဖို့ အခွင့်အရေးတစ်ခုဖြစ်တယ်လို့လဲ စီးပွားရေး ပညာရှင် ဦးမင်းခင်က သုံးသပ်ပါတယ်။

“ကျနော်တို့ တစ်ချက်ခုတ် သုံးလေးချက်ပြတ်နိုင်တဲ့ လုပ်ငန်းမျိုးတွေကို ကျနော်တို့ ကိုင်တွယ်ရလိမ့်မယ်။ အဓိကကတော့ စိုက်ပျိုးရေးပါ။ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ထုတ်လုပ်တဲ့ အပိုင်းပါ။ ကူးစက်ရောဂါ အန္တရာယ်လည်း နည်းတာပေါ့နော်။ စိုက်ပျိုးရေးဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက် ခွာပြီးလုပ်လို့ ရတာကိုး။ နောက် ကျနော်တို့က စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတိုင်း ကျနော်တို့ရဲ့ လယ်မြေတွေက ကိုယ့် နိုင်ငံအတွက်သာမက တခြားနိုင်ငံအတွက်ပါ အရေးကြီးတဲ့ စားနပ်ရိက္ခာ ကုန်ကြမ်း ကုန်ချော ပေါ့နော်။ အဲ့လိုမျိုးဟာတွေကို ဦးစားပေးရပါမယ်။”

စိုက်ပျိုးရေးဆိုင်ရာ ကုန်စည်တွေကို ပို့ဆောင်နိုင်ဖို့အတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုပါ ဦးစားပေး စီစဉ်ဆောင်ရွက်သင့်တယ်လို့ စီးပွားရေးပညာရှင် ဦးမင်းခင်က ပြောပါတယ်။

ဒီမိုးရာသီ စိုက်ပျိုးကြရတော့မယ့် လယ်ယာမြေတွေကို ချေးငွေထုတ်ပေးတဲ့ ပမာဏ အပေါ်မှာ မူတည်ပြီး စိုက်ပျိုးကြရမှာပါ။ ချေးငွေမလုံလောက်တာတွေကြောင့် တချို့ တောင်သူတွေက လယ်ယာမြေဧကကို သတ်မှတ်ချက်အတိုင်း မစိုက်ပျိုးနိုင်ကြဘူးလို့ သိရပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကတော့ နှစ်စဉ် ရာသီအလိုက် ထုတ်ချေးပေးနေတဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍတွေအတွက် ချေးငွေတွေကို ဧပြီလ ၁ ရက်နေ့ကစပြီး အတိုးနှုန်း လျှော့ချ ကောက်ခံသွားမယ်လို့ ထုတ်ပြန်ထားပါတယ်ရှင်။

အိမ့်သန္တာထွန်း  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-gov-plan-to-help-farmer/5409780.html
COVID-19 ေၾကာင့္ အခက္ၾကံဳရတဲ့လုပ္ငန္းေတြထဲ လယ္ယာက႑ အကူအညီ ပိုရသင့္ COVID-19 ေၾကာင့္ အခက္ၾကံဳရတဲ့လုပ္ငန္းေတြထဲ လယ္ယာက႑ အကူအညီ ပိုရသင့္ Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.