COVID-19 ကုႏုိင္မယ့္ Remdesivir ေဆး ပါကစၥတန္ မၾကာခင္ထုတ္ႏုိင္မည္

Remdesivir ေဆး
(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ထိခိုက္ေစတဲ့ COVID-19 ေရာဂါ ကုသတဲ့ Remdesivir ေဆးကို လာမယ့္ သီတင္းပတ္ေတြအတြင္း စတင္ထုတ္လုပ္ေတာ့မယ္လို႔ ပါကစၥတန္က ေသာၾကာေန႔မွာ ေၾကညာပါတယ္။

မႏွစ္က ဒီဇင္ဘာလမွာ တရုတ္ႏိုင္ငံက စတင္ခဲ့တဲ့ ဒီေရာဂါက အခုဆို ကမာၻတလႊား လူေပါင္း ၄ သန္းခြဲေက်ာ္ကို ကူးစက္ၿပီး ၃ သိန္းေက်ာ္ကို ေသဆံုးေစခဲ့တာပါ။

Remdesivir ေဆးထုတ္လုပ္တဲ့ အေမရိကန္ႏုိင္ငံက Gilead ေဆးကုမၸဏီနဲ႔ ပါကစၥတန္ႏုိင္ငံက Ferozsons Laboratories Ltd ေဆးကုမၸဏီတို႔ အတူတြဲၿပီး ဒီေဆးကိုထုတ္ေတာ့မွာ ျဖစ္ေၾကာင္း ပါကစၥတန္ က်န္းမာေရးဝန္ႀကီး Zafar Mirza က Islamabad ၿမိဳ႕မွာ သတင္းေထာက္ ေတြကို ေျပာပါတယ္။ ပါကစၥတန္ဟာ ဒီေဆးထုတ္မယ့္ ႏိုင္ငံ ၃ ႏိုင္ငံထဲက တႏိုင္ငံျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဒီေဆးကို သီတင္းပတ္ ၆ ပတ္ကေန ၈ ပတ္အတြင္း ထုတ္မွာ ျဖစ္ေၾကာင္းနဲ႔ ဒီေဆးဟာ ပါကစၥတန္ႏိုင္ငံထဲက COVID-19 ေရာဂါရွင္ေတြကို ကုေပးႏိုင္မယ့္အျပင္ ႏိုင္ငံေပါင္း ၁၂၇ ႏိုင္ငံကိုလည္း တင္ပို႔ေပးမွာ ျဖစ္ေၾကာင္း ဝန္ႀကီးက ေျပာပါတယ္။

ေဆးစထုတ္ႏိုင္ၿပီဆိုရင္ ဒီေဆးကို ဖြံၿဖိဳးၿပီးႏိုင္ငံေတြကိုေရာ ဝင္ေငြနည္းတဲ့ ႏုိင္ငံေတြ အတြက္ပါ တင္ပို႔ေပးမွာ ျဖစ္ေၾကာင္းလည္း ဝန္ႀကီးနဲ႔အတူ သတင္းစာရွင္းလင္းပြဲကို တက္ေရာက္ခဲ့တဲ့ ပါကစၥတန္ ေဆးကုမၸဏီ အႀကီးအကဲက ေျပာပါတယ္။ လူဦးေရ သန္း ၂၂၀ ရွိတဲ့ ပါကစၥတန္ႏုိင္ငံမွာ ဒီေရာဂါ အကူးစက္ခံရသူေပါင္း ၃၇၀၀၀ ေက်ာ္ရွိၿပီး ေရာဂါစတင္အကူးစက္ ခံခဲ့ရတဲ့ လြန္ခဲ့တဲ့ ၃ လကစၿပီး အခုထိ ေသဆံုးရသူက ၈၀၀ ေလာက္ရွိေနတာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------

COVID-19 ကုနိုင်မယ့် Remdesivir ဆေး ပါကစ္စတန် မကြာခင်ထုတ်နိုင်မည်

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ထိခိုက်စေတဲ့ COVID-19 ရောဂါ ကုသတဲ့ Remdesivir ဆေးကို လာမယ့် သီတင်းပတ်တွေအတွင်း စတင်ထုတ်လုပ်တော့မယ်လို့ ပါကစ္စတန်က သောကြာနေ့မှာ ကြေညာပါတယ်။

မနှစ်က ဒီဇင်ဘာလမှာ တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ဒီရောဂါက အခုဆို ကမ္ဘာတလွှား လူပေါင်း ၄ သန်းခွဲကျော်ကို ကူးစက်ပြီး ၃ သိန်းကျော်ကို သေဆုံးစေခဲ့တာပါ။

Remdesivir ဆေးထုတ်လုပ်တဲ့ အမေရိကန်နိုင်ငံက Gilead ဆေးကုမ္ပဏီနဲ့ ပါကစ္စတန်နိုင်ငံက Ferozsons Laboratories Ltd ဆေးကုမ္ပဏီတို့ အတူတွဲပြီး ဒီဆေးကိုထုတ်တော့မှာ ဖြစ်ကြောင်း ပါကစ္စတန် ကျန်းမာရေးဝန်ကြီး Zafar Mirza က Islamabad မြို့မှာ သတင်းထောက် တွေကို ပြောပါတယ်။ ပါကစ္စတန်ဟာ ဒီဆေးထုတ်မယ့် နိုင်ငံ ၃ နိုင်ငံထဲက တနိုင်ငံဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီဆေးကို သီတင်းပတ် ၆ ပတ်ကနေ ၈ ပတ်အတွင်း ထုတ်မှာ ဖြစ်ကြောင်းနဲ့ ဒီဆေးဟာ ပါကစ္စတန်နိုင်ငံထဲက COVID-19 ရောဂါရှင်တွေကို ကုပေးနိုင်မယ့်အပြင် နိုင်ငံပေါင်း ၁၂၇ နိုင်ငံကိုလည်း တင်ပို့ပေးမှာ ဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။

ဆေးစထုတ်နိုင်ပြီဆိုရင် ဒီဆေးကို ဖွံဖြိုးပြီးနိုင်ငံတွေကိုရော ဝင်ငွေနည်းတဲ့ နိုင်ငံတွေ အတွက်ပါ တင်ပို့ပေးမှာ ဖြစ်ကြောင်းလည်း ဝန်ကြီးနဲ့အတူ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ပါကစ္စတန် ဆေးကုမ္ပဏီ အကြီးအကဲက ပြောပါတယ်။ လူဦးရေ သန်း ၂၂၀ ရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ ဒီရောဂါ အကူးစက်ခံရသူပေါင်း ၃၇၀၀၀ ကျော်ရှိပြီး ရောဂါစတင်အကူးစက် ခံခဲ့ရတဲ့ လွန်ခဲ့တဲ့ ၃ လကစပြီး အခုထိ သေဆုံးရသူက ၈၀၀ လောက်ရှိနေတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/pakistan-will-produce-remdesivir-/5422070.html
COVID-19 ကုႏုိင္မယ့္ Remdesivir ေဆး ပါကစၥတန္ မၾကာခင္ထုတ္ႏုိင္မည္ COVID-19 ကုႏုိင္မယ့္ Remdesivir ေဆး ပါကစၥတန္ မၾကာခင္ထုတ္ႏုိင္မည္ Reviewed by THITHTOOLWIN on 19:08 Rating: 5
Powered by Blogger.