အေမရိကန္ရဲ႕ COVID -19 ကုသေဆး Remdesivir ရဲ႕ ထိေရာက္မႈ အတိုင္းအတာ

COVID-19 ေရာဂါ ကုသႏိုင္ရန္ Remdesivir ေဆး စမ္းသပ္ေနသည့္ ပညာရွင္တဦး။ (မတ္ ၁၁၊ ၂၀၂၀)
(Zawgyi / Unicode)

COVID-19 လူနာေတြကို Remdesivir လို႔ေခၚတဲ့ ေဆးနဲ႔ အေရးေပၚ ကုသေပးဖို႔ အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးစီမံခန္႔ခြဲေရးဌာန (FDA) က ခြင့္ျပဳလိုက္ၿပီလို႔ အေမရိကန္သမၼတ Donald Trump က ေျပာပါတယ္။ အိမ္ျဖဴေတာ္ သတင္းေထာက္ Patsy Widakuswara ေပးပို႔ထားတဲ့သတင္းကို ကိုရဲမင္းထြန္းက တင္ျပေပးထားပါတယ္။

အေမရိကန္ ေဆးကုမၸဏီ Gilead Sciences ကထုတ္လုပ္တဲ့ Remdesivir ေဆးက စမ္းသပ္ဆဲ ဗိုင္းရပ္စ္တိုက္ဖ်က္ေဆးျဖစ္ၿပီး အီဘိုလာေရာဂါအတြက္ တီထြင္ ေဖာ္စပ္ထားတာပါ။ အခုေတာ့ COVID လူနာေတြအတြက္ အေရးေပၚကုဖို႔ ဒီေဆးကို FDA က ခြင့္ျပဳလိုက္ၿပီလို႔ သမၼတ Trump က ေျပာပါတယ္။

"တကယ့္ကို အလားအလာ ေကာင္းပါတယ္။ ဒီေဆးကို ျမန္ျမန္ဆန္ဆန္ သုံးနိုင္ေအာင္ FDA ရယ္ အမ်ိဳးသားက်န္းမာေရးဌာန NIH ရယ္ Gilead ကုမၸဏီရယ္ က်ေနာ္တို႔အားလုံး အစိုးရနဲ႔ ပုဂၢလိက အတူလက္တြဲၿပီး အလုပ္လုပ္ခဲ့ၾကပါတယ္။"

ကနဦး ရလဒ္ေတြအရ Remdesivir ေဆးသုံးတဲ့ လူနာေတြ အမ်ားအားျဖင့္ ၄ ရက္ေစာၿပီး သက္သာတာ ေတြ႕ရပါတယ္။ အရင္က FDA က ဝန္ထမ္းျဖစ္တဲ့ Peter Pitts က အခုလိုေျပာပါတယ္။

"ဥဳံဖြဆိုၿပီး ေရာဂါ ခ်က္ခ်င္းႀကီး ေပ်ာက္ကင္းသြားေစမယ့္ေဆးေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ပထမအခ်က္က စိုးရိမ္ရတဲ့ လူနာေတြရဲ့ ေရာဂါအေျခအေန လမ္းေၾကာင္းေျပာင္းေအာင္ လုပ္ေပးနိုင္တာ ေတြ႕ရတယ္။ ဒုတိယအခ်က္က ဒီေဆးေၾကာင့္ ေဆး႐ုံေတြ၊ ဆရာဝန္ေတြနဲ႔ သူနာျပဳေတြမွာ ရွိေနတဲ့ ဝန္ထုပ္ဝန္ပိုးေတြ က်သြားမွာျဖစ္သလို အကာအကြယ္ပစၥည္း လိုအပ္ခ်က္ေတြလည္း ေလ်ာ့က်သြားလိမ့္မယ္။"

Gilead Sciences ကုမၸဏီက CEO Daniel O’day က Remdesivir ထိုးေဆးပုလင္းေပါင္း ၁ သန္းခြဲကို လွဴဒါန္းမွာျဖစ္ၿပီး ဒီေဆးကို လိုအပ္ေနတဲ့ လူနာေတြဆီ ေရာက္ေစဖို႔ အစိုးရနဲ႔အတူ ဆက္လုပ္သြားမယ္လို႔ ေျပာပါတယ္။ Peter Pitts ကပဲ Remdesivir ေဆးအေၾကာင္း ဆက္ေျပာပါတယ္။

"Remdesivir ေဆးကို အေရးေပၚခြင့္ျပဳတာက ကိုယ့္အိမ္မွာ ကိုယ့္ဘာသာ အနားယူ၊ အရည္မ်ားမ်ားေသာက္ၿပီး ျပန္ နာလန္ထူလာနိုင္တဲ့ ၈၅ရာခိုင္ႏႈန္းေသာ COVID လူနာေတြအတြက္ မဟုတ္ပါဘူး။ ဒီေဆးက အသည္းအသန္ ျဖစ္ေနတဲ့ လူနာေတြအတြက္ပါ။ ဒါေၾကာင့္ EUA လို႔ေခၚတဲ့ အေရးေပၚကုသေရး ခြင့္ျပဳခ်က္ကို ထုတ္ျပန္ထားတာပါ။ ဒီေဆးကို အခုခ်က္ခ်င္းပဲ လိုအပ္ေနတဲ့ လူနာေတြအတြက္ သုံးမွာပါ။"

COVID-19 ကို ကုသနိုင္တဲ့ တျခားေဆးဝါးေတြ မရွိေသးလို႔ က်န္းမာေရးဝန္ထမ္းေတြ အေနနဲ႔ အသည္းအသန္ ျဖစ္ေနတဲ့ လူနာေတြအတြက္ ခုေလာေလာဆယ္ Remdesivir ေဆးကိုပဲ သုံးဖို႔ စဥ္းစားၾကမွာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------
(Unicode)

အမေရိကန်ရဲ့ COVID -19 ကုသဆေး Remdesivir ရဲ့ ထိရောက်မှု အတိုင်းအတာ

COVID-19 လူနာတွေကို Remdesivir လို့ခေါ်တဲ့ ဆေးနဲ့ အရေးပေါ် ကုသပေးဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA) က ခွင့်ပြုလိုက်ပြီလို့ အမေရိကန်သမ္မတ Donald Trump က ပြောပါတယ်။ အိမ်ဖြူတော် သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့သတင်းကို ကိုရဲမင်းထွန်းက တင်ပြပေးထားပါတယ်။

အမေရိကန် ဆေးကုမ္ပဏီ Gilead Sciences ကထုတ်လုပ်တဲ့ Remdesivir ဆေးက စမ်းသပ်ဆဲ ဗိုင်းရပ်စ်တိုက်ဖျက်ဆေးဖြစ်ပြီး အီဘိုလာရောဂါအတွက် တီထွင် ဖော်စပ်ထားတာပါ။ အခုတော့ COVID လူနာတွေအတွက် အရေးပေါ်ကုဖို့ ဒီဆေးကို FDA က ခွင့်ပြုလိုက်ပြီလို့ သမ္မတ Trump က ပြောပါတယ်။

"တကယ့်ကို အလားအလာ ကောင်းပါတယ်။ ဒီဆေးကို မြန်မြန်ဆန်ဆန် သုံးနိုင်အောင် FDA ရယ် အမျိုးသားကျန်းမာရေးဌာန NIH ရယ် Gilead ကုမ္ပဏီရယ် ကျနော်တို့အားလုံး အစိုးရနဲ့ ပုဂ္ဂလိက အတူလက်တွဲပြီး အလုပ်လုပ်ခဲ့ကြပါတယ်။"

ကနဦး ရလဒ်တွေအရ Remdesivir ဆေးသုံးတဲ့ လူနာတွေ အများအားဖြင့် ၄ ရက်စောပြီး သက်သာတာ တွေ့ရပါတယ်။ အရင်က FDA က ဝန်ထမ်းဖြစ်တဲ့ Peter Pitts က အခုလိုပြောပါတယ်။

"ဥုံဖွဆိုပြီး ရောဂါ ချက်ချင်းကြီး ပျောက်ကင်းသွားစေမယ့်ဆေးတော့ မဟုတ်ဘူး။ ဒါပေမယ့်ပထမအချက်က စိုးရိမ်ရတဲ့ လူနာတွေရဲ့ ရောဂါအခြေအနေ လမ်းကြောင်းပြောင်းအောင် လုပ်ပေးနိုင်တာ တွေ့ရတယ်။ ဒုတိယအချက်က ဒီဆေးကြောင့် ဆေးရုံတွေ၊ ဆရာဝန်တွေနဲ့ သူနာပြုတွေမှာ ရှိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ကျသွားမှာဖြစ်သလို အကာအကွယ်ပစ္စည်း လိုအပ်ချက်တွေလည်း လျော့ကျသွားလိမ့်မယ်။"

Gilead Sciences ကုမ္ပဏီက CEO Daniel O’day က Remdesivir ထိုးဆေးပုလင်းပေါင်း ၁ သန်းခွဲကို လှူဒါန်းမှာဖြစ်ပြီး ဒီဆေးကို လိုအပ်နေတဲ့ လူနာတွေဆီ ရောက်စေဖို့ အစိုးရနဲ့အတူ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ Peter Pitts ကပဲ Remdesivir ဆေးအကြောင်း ဆက်ပြောပါတယ်။

"Remdesivir ဆေးကို အရေးပေါ်ခွင့်ပြုတာက ကိုယ့်အိမ်မှာ ကိုယ့်ဘာသာ အနားယူ၊ အရည်များများသောက်ပြီး ပြန် နာလန်ထူလာနိုင်တဲ့ ၈၅ရာခိုင်နှုန်းသော COVID လူနာတွေအတွက် မဟုတ်ပါဘူး။ ဒီဆေးက အသည်းအသန် ဖြစ်နေတဲ့ လူနာတွေအတွက်ပါ။ ဒါကြောင့် EUA လို့ခေါ်တဲ့ အရေးပေါ်ကုသရေး ခွင့်ပြုချက်ကို ထုတ်ပြန်ထားတာပါ။ ဒီဆေးကို အခုချက်ချင်းပဲ လိုအပ်နေတဲ့ လူနာတွေအတွက် သုံးမှာပါ။"

COVID-19 ကို ကုသနိုင်တဲ့ တခြားဆေးဝါးတွေ မရှိသေးလို့ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ အသည်းအသန် ဖြစ်နေတဲ့ လူနာတွေအတွက် ခုလောလောဆယ် Remdesivir ဆေးကိုပဲ သုံးဖို့ စဉ်းစားကြမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-remdesivir-vaccine/5403852.html
အေမရိကန္ရဲ႕ COVID -19 ကုသေဆး Remdesivir ရဲ႕ ထိေရာက္မႈ အတိုင္းအတာ အေမရိကန္ရဲ႕ COVID -19 ကုသေဆး Remdesivir ရဲ႕ ထိေရာက္မႈ အတိုင္းအတာ Reviewed by THITHTOOLWIN on 12:12 Rating: 5
Powered by Blogger.