ေက်ာက္မဲၿမိဳ႕နယ္ရွိ လက္ဖက္ၿခံထဲတြင္ အမ်ိဳးသမီး၂ ဦး သတ္ခံရ

Photo by ေဒသခံတဦး၊ အသတ္ခံရသည့္ အမ်ိဳးသမီး ၂ဦးပုံ
(Zawgyi)⤵⤵⤵
သွ်မ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ေဟာင္ဟိုင္( ေခ်ာင္းေခ်ာက္ ) ေက်း႐ြာ အုပ္စု ဖာလိန္႐ြာ တြင္ အမ်ိဳးသမီး ၂ ဦး အသတ္ခံရေၾကာင္း စုံစမ္းသိရသည္။

ေမလ ၁၈ ရက္ ယမန္ေန႔ မနက္ ၈နာရီ အခ်ိန္တြင္ ေက်ာက္မဲၿမိဳ႕နယ္အေရွ႕ဘက္ရွိ ေဟာင္ဟိုင္ေက်း႐ြာအုပ္စု ( ) ဖာလိန္႐ြာ မွ ၃ ဖာလုံ ေဝးသည့္ လက္ဖက္ၿခံ ေတာင္ယာတဲထဲတြင္ အမ်ိဳးသမီး ၂ ဦး အသတ္ခံရေၾကာင္း သိရသည္။

အသတ္ခံရသည့္ အမ်ိဳးသမီး ၂ ဦးသည္ အသက္ (၆၀) အ႐ြယ္ ေဒၚေအးယိင္း ႏွင့္ အသက္ (၅၈)ႏွစ္ အ႐ြယ္ ေဒၚေအးေထြးတို႔ျဖစ္ေၾကာင္း၊ ၎တို႔သည္ လက္ဖက္ၿခံ ပိုင္ရွင္မ်ားျဖစ္ကာ ေတာင္ယာတဲထဲတြင္ ေနထိုင္ကာ လက္ဖက္လုပ္ငန္း လုပ္ကိုင္ေနၾကသူမ်ားျဖစ္သည္။

“ အမ်ိဳးသမီး ၂ ဦး က အိမ္မွာ ဓားခုတ္ခံရတာမဟုတ္ဘူး။ လက္ဖက္ၿခံ ေတာင္ယာထဲမွာ သတ္ခံရတာ။ အိမ္ထဲမွာ မဟုတ္ဘူး။ ပေလာင္(ခ) တအာင္း အမ်ိဳးသမီးေတြပါ” ဟု ေက်ာက္မဲၿမိဳ႕ ဇီဝိတ လူမႈ ကူညီေရး အသင္း မွ ဦးတင္ေမာင္သိန္း က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

ေဒၚေအးယိင္းသည္ ယာဘက္ နားထင္ထိုးသြင္း ဒဏ္ရာ တခ်က္၊ ယာမ်က္ခုံေပါက္ၿပဲ ဒဏ္ရာ တခ်က္၊ ဦးေခါင္း ေနာက္ေစ့ေပါက္ၿပဲဒဏ္ရာ တခ်က္၊ ဦးေခါင္းထိပ္ေပါက္ၿပဲ ဒဏ္ရာ ႏွစ္ခ်က္တို႔ ျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕ရဲမွတ္တမ္း အရ သိရသည္။

ထို႔ျပင္ ေဒၚေအးေထြး တြင္ ဝဲပါးျပင္ ညိဳမဲ ဒဏ္ရာ တခ်က္၊ ဝဲဖက္ ဦးေခါင္း ေနာက္ေစ့ေပါက္ၿပဲ ဒဏ္ရာ ႏွစ္ခ်က္ ရရွိၿပီး ေသဆုံးေနေၾကာင္း လည္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။ သို႔ေသာ္ ေသမႈေသခင္းႏွင့္ပတ္သက္ၿပီး ျဖစ္စဥ္အတိအက် မသိရေသးေပ။

ထို အမ်ိဳးသမီး ၂ဦး ေသဆုံးမႈ ႏွင့္ ပတ္သက္ၿပီး ေက်ာက္မဲ ရဲစခန္း တြင္ (ပ) ၅၂။ ၂၀၂၀ ျပစ္မႈ ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ စုံစမ္း အေရးယူထားေၾကာင္းလည္းသိရသည္။

Nang Seng Nom - သွ်မ္းသံေတာ္ဆင့္
---------------------------------------------
(Unicode)⤵⤵⤵
ကျောက်မဲမြို့နယ်ရှိ လက်ဖက်ခြံထဲတွင် အမျိုးသမီး၂ ဦး သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟောင်ဟိုင်( ချောင်းချောက် ) ကျေးရွာ အုပ်စု ဖာလိန်ရွာ တွင် အမျိုးသမီး ၂ ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။

မေလ ၁၈ ရက် ယမန်နေ့ မနက် ၈နာရီ အချိန်တွင် ကျောက်မဲမြို့နယ်အရှေ့ဘက်ရှိ ဟောင်ဟိုင်ကျေးရွာအုပ်စု ( ) ဖာလိန်ရွာ မှ ၃ ဖာလုံ ဝေးသည့် လက်ဖက်ခြံ တောင်ယာတဲထဲတွင် အမျိုးသမီး ၂ ဦး အသတ်ခံရကြောင်း သိရသည်။

အသတ်ခံရသည့် အမျိုးသမီး ၂ ဦးသည် အသက် (၆၀) အရွယ် ဒေါ်အေးယိင်း နှင့် အသက် (၅၈)နှစ် အရွယ် ဒေါ်အေးထွေးတို့ဖြစ်ကြောင်း၊ ၎င်းတို့သည် လက်ဖက်ခြံ ပိုင်ရှင်များဖြစ်ကာ တောင်ယာတဲထဲတွင် နေထိုင်ကာ လက်ဖက်လုပ်ငန်း လုပ်ကိုင်နေကြသူများဖြစ်သည်။

“ အမျိုးသမီး ၂ ဦး က အိမ်မှာ ဓားခုတ်ခံရတာမဟုတ်ဘူး။ လက်ဖက်ခြံ တောင်ယာထဲမှာ သတ်ခံရတာ။ အိမ်ထဲမှာ မဟုတ်ဘူး။ ပလောင်(ခ) တအာင်း အမျိုးသမီးတွေပါ” ဟု ကျောက်မဲမြို့ ဇီဝိတ လူမှု ကူညီရေး အသင်း မှ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဒေါ်အေးယိင်းသည် ယာဘက် နားထင်ထိုးသွင်း ဒဏ်ရာ တချက်၊ ယာမျက်ခုံပေါက်ပြဲ ဒဏ်ရာ တချက်၊ ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာ တချက်၊ ဦးခေါင်းထိပ်ပေါက်ပြဲ ဒဏ်ရာ နှစ်ချက်တို့ ဖြစ်ကြောင်း ကျောက်မဲမြို့ရဲမှတ်တမ်း အရ သိရသည်။

ထို့ပြင် ဒေါ်အေးထွေး တွင် ဝဲပါးပြင် ညိုမဲ ဒဏ်ရာ တချက်၊ ဝဲဖက် ဦးခေါင်း နောက်စေ့ပေါက်ပြဲ ဒဏ်ရာ နှစ်ချက် ရရှိပြီး သေဆုံးနေကြောင်း လည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ သို့သော် သေမှုသေခင်းနှင့်ပတ်သက်ပြီး ဖြစ်စဉ်အတိအကျ မသိရသေးပေ။

ထို အမျိုးသမီး ၂ဦး သေဆုံးမှု နှင့် ပတ်သက်ပြီး ကျောက်မဲ ရဲစခန်း တွင် (ပ) ၅၂။ ၂၀၂၀ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်း အရေးယူထားကြောင်းလည်းသိရသည်။

Nang Seng Nom - သျှမ်းသံတော်ဆင့်
https://burmese.shannews.org/archives/16686
ေက်ာက္မဲၿမိဳ႕နယ္ရွိ လက္ဖက္ၿခံထဲတြင္ အမ်ိဳးသမီး၂ ဦး သတ္ခံရ ေက်ာက္မဲၿမိဳ႕နယ္ရွိ လက္ဖက္ၿခံထဲတြင္ အမ်ိဳးသမီး၂ ဦး သတ္ခံရ Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.