စစ္ေတြ မြတ္စလင္ ရပ္ကြက္က်ဴးေက်ာ္ေတြ သုံးလအတြင္း ဖယ္ေပးဖို႔ အာဏာပိုင္ေတြ အမိန႔္ထုတ္

စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္က ေနအိမ္အခ်ိဳ႕ကိုေတြ႕ရစဥ္ / Photo: RFA
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ မြတ္စလင္ ႐ိုဟင္ဂ်ာေတြ ေနထိုင္ခဲ့တဲ့ စက္႐ုံစုရပ္ကြက္က မီးေလာင္ျပင္ေနရာမွာ က်ဴးေက်ာ္ေနထိုင္သူ ေထာင့္ႏွစ္ရာေက်ာ္ကို အခ်ိန္ သုံးလအတြင္းဖယ္ရွားဖို႔ စစ္ေတြၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက အမိန႔္ထုတ္လိုက္ပါတယ္။

စစ္ေတြၿမိဳ႕မွာ မြတ္စလင္ ႐ိုဟင္ဂ်ာေတြ ေနထိုင္ခဲ့တဲ့ စက္႐ုံစုရပ္ကြက္က မီးေလာင္ျပင္ေနရာမွာ ေဆာက္လုပ္ထားၾကတဲ့ က်ဴးေက်ာ္အိမ္ေပါင္း ၁၂၅၅ လုံးကို အခ်ိန္ သုံးလအတြင္း ဖယ္ရွားဖို႔ စစ္ေတြ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက အမိန႔္ထုတ္လိုက္တာပါ။

ဒီအမိန႔္ကို ၿပီးခဲ့တဲ့ ေမလ ၁၄ ရက္ကပင္ ေၾကျငာထားတယ္လို႔ စက္႐ုံစု ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းလႈိင္က ေျပာပါတယ္။

“စာကို ေၾကာ္ျငာဘုတ္မွာ ကပ္ထားဆိုလို႔ ကြၽန္ေတာ္တို႔ ကပ္ထားပါတယ္။ ဒီကိစၥကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကိုပဲ ေမးေပးပါ။ ဒီစာက သူတို႔ဆီက ထုတ္တာပါ။ ကြၽန္ေတာ္တို႔ ထုတ္တာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ကေတာ့ သူတို႔ကဘိုးမွာကပ္ဆိုလို႔ အဲဒီစာကို ေမလ ၁၄ ရက္ေန႔ကပင္ ေၾကာ္ျငာဘုတ္မွာ ကပ္ထားပါတယ္”

စစ္ေတြၿမိဳ႕က စက္႐ုံစုရပ္ကြက္ဆိုတာ လြန္ခဲ့တဲ့ ၂၀၁၂ ခုႏွစ္ အၾကမ္းဖက္ ပဋိပကၡေတြ မျဖစ္ခင္က မြတ္စလင္ ႐ိုဟင္ဂ်ာေတြ ေနထိုင္ခဲ့တဲ့ ရပ္ကြက္တစ္ခုပါ။ ၂၀၁၂ ခုႏွစ္ ဇြန္လမွာ ရခိုင္နဲ႔ မြတ္စလင္ ႐ိုဟင္ဂ်ာေတြအၾကား လူမ်ိဳးေရး ပဋိပကၡေတြျဖစ္လို႔ ေနအိမ္ေတြ မီးရႈိ႕ခံခဲ့ရၿပီး မြတ္စလင္ တစ္သိန္းေက်ာ္ဟာ စစ္ေတြၿမိဳ႕ အေနာက္ဘက္က ဒုကၡသည္စခန္းအသီးသီးမွာ မွီခိုေနထိုင္ေနၾကရပါတယ္။

မြတ္စလင္ေတြ ေနထိုင္ခဲ့တဲ့ စက္႐ုံစုရပ္ကြက္က မီးေလာင္ျပင္ေနရာေတြမွာ ေက်းလက္ေဒသေတြက ရခိုင္တိုင္းရင္းသားေတြ တျဖည္းျဖည္း ဝင္ေရာက္အေျခခ် ေနထိုင္ၿပီး အခုဆိုရင္ အဲဒီလို ေဆာက္လုပ္ထားတဲ့ တဲအိမ္ ေပါင္း ၄၀၀၀ ဝန္းက်င္ေလာက္ေတာင္ ရွိတယ္လို႔ ရပ္ကြက္ေနသူေတြက ခန႔္မွန္းၾကပါတယ္။

၂၀၁၂ ပဋိပကၡေၾကာင့္ သကၠယ္ျပင္ေက်း႐ြာမွာ ထြက္ေျပးခိုလႈံေနရတဲ့ ႐ိုဟင္ဂ်ာ ေခါင္းေဆာင္တစ္ဦး ျဖစ္တဲ့ ဦးေက်ာ္လွေအာင္ကေတာ့ က်ဴးေက်ာ္ေတြကို ဖယ္ရွားမယ့္ ေဆာင္႐ြက္ခ်က္ကို ေထာက္ခံေၾကာင္း ေျပာပါတယ္။

“အဲဒါကို အစိုးရက မလုပ္လို႔ အစိုးရက ႏိုင္ငံတကာမွာ အမ်ိဳးမ်ိဳး စြပ္စြဲခံေနရတယ္။ အခု ဒီလိုလုပ္တဲ့ဟာက ႏိုင္ငံတကာမွာ စြပ္စြဲခံရတဲ့ဟာက နည္းနည္းေပါ့သြားႏိုင္တယ္ အစိုးရအေပၚမွာ။ အဲဒီေၾကာင့္ အစိုးရက ဒီထက္ အရင္လုပ္ဖို႔ေကာင္းတယ္။ ေရွ႕မွာလူေတြ စဝင္ေရာက္လာကတည္းက လုပ္ခဲ့ဖို႔ေကာင္းတယ္။ အခုလုပ္တာကို ကြၽန္ေတာ့အေနနဲ႔ ေထာက္ခံပါတယ္။ ဆက္လက္ၿပီးေတာ့ ဒီလိုလုပ္သြားမွ ႏိုင္ငံေတာ္အတြက္လည္း ေကာင္းမယ္လို႔ ကြၽန္ေတာ့အေနနဲ႔ ယူဆပါတယ္”

ရခိုင္ေက်းလက္ေဒသေတြမွာ အလုပ္အကိုင္ေတြ ရွားပါးလြန္းတာေၾကာင့္ တစ္ခ်ိန္က စစ္ေတြၿမိဳ႕မွာ မြတ္စလင္ေတြ လုပ္ကိုင္ခဲ့တဲ့ အေျခခံအလုပ္သမားေတြ ေနရာမွာ ေက်းလက္ေဒသက ရခိုင္တိုင္းရင္းသားေတြ ဝင္ေရာက္လုပ္ကိုင္ခဲ့ၾကတာပါ။

စစ္ေတြၿမိဳ႕မွာ အိမ္ၿခံေျမေဈး၊ အိမ္ငွားခေဈးေတြ မ်ားျပားတာေၾကာင့္ ေဒသခံေတြဟာ မြတ္စလင္ေတြ ေနထိုင္ခဲ့ မီးေလာင္ျပင္ေနရာေတြမွာ ဝင္ေရာက္ ေနထိုင္လာခဲ့ၾကရာကေန က်ဴးေက်ာ္ တဲအိမ္ေတြမ်ားျပား လာခဲ့တာလည္း ျဖစ္ပါတယ္။

လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ က်ဴးေက်ာ္ေနထိုင္သူတစ္ဦးက အစိုးရအေနနဲ႔ ေဒသခံေတြ အဆင္ေျပေအာင္ သီးျခားေျမတစ္ခုခုမွာ အစားထိုးေနရာ ခ်ထားေပးခ်င္ေၾကာင္း ေျပာပါတယ္။

“ေျမေနရာေတာ့ အစားထိုးေပးရမွာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ အစိုးရေျမဆိုေတာ့ အဲဒီေနရာမွာ မသင့္ေတာ္ဘူး ဒီေနရာပဲ ေနရမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ေနမွာေပါ့။ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ႏိုင္ငံသားေတြ ႏိုင္ငံသား အခြင့္အေရး မဆုံးရႈံးေစရဘူးလို႔ ေျပာထားတာရွိတယ္ ဆိုေတာ့ ႏိုင္ငံသားေတြရဲ႕အခြင့္အေရးေတြကို ကြၽန္ေတာ္တို႔ကို ေပးရမွာေပါ့။ ေနစရာေနရာသာ မရွိဘူးဆိုရင္ ကြၽန္ေတာ္တို႔အတြက္ အလုပ္ေရာ၊ အစားေရာ အဆင္ေျပမွာ မဟုတ္ေတာ့ဘူး။ ကြၽန္ေတာ္တို႔လည္း ဘာမွတတ္ႏိုင္မွာမဟုတ္ဘူး။ အျခားလူေတြ ကေတာ့ ေျမေနရာအစားထိုး မေပးဘဘူးဆိုရင္ မီးရႈိ႕ခ်င္မီးရႈိ႕ပါေစ ဒီကေနထြက္သြားမွာ မဟုတ္ဘူးလို႔ေျပာေနၾကတယ္”

ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးရဲ႕စာထဲမွာ ေမလ ၁၄ ရက္ကေန ၾသဂုတ္လ ၁၄ ရက္ေန႔အတြင္း က်ဴးေက်ာ္ တဲအိမ္ေတြကို ဖယ္ရွားမေပးဘူးဆိုရင္ ဥပေဒနဲ႔အညီ ဖယ္ရွားေဆာင္႐ြက္သြားမယ္လို႔ ေဖာ္ျပပါရွိပါတယ္။

ေဒသခံေတြ ထိခိုက္မႈမရွိေအာင္ ဘာေတြ ျပင္ဆင္ထားသလဲ ဆိုတာကိုသိႏိုင္ဖို႔ အမိန႔္စာထုတ္တဲ့ စစ္ေတြၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ေဇာ္ဦးကို RFA က ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ အဖြဲ႕ေျပာခြင့္ရသူ စည္ပင္သာယာေရး ျပည္နယ္ဝန္ႀကီး ဦးဝင္းျမင့္ကေတာ့ ဒီကိစၥဟာ ျပည္နယ္အစိုးရအဖြဲ႕ အစည္းအေဝး ဆုံးျဖတ္ခ်က္နဲ႔ ေဆာင္႐ြက္တာ မဟုတ္ဘူးလို႔ သူ႔အေနနဲ႔ မသိေသးဘူးလို႔ ေျပာပါတယ္။

“ဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေဆြးေႏြးထားခ်က္လည္း အစည္းအေဝးေတြမွာ မေတြ႕ေသးဘူး။ ဒါေၾကာင့္ ဒီကိစၥကို ကြၽန္ေတာ့အေနနဲ႔ ေျပာလို႔ေတာ့ မရေသးဘူး။ ဒီဟာက လုံနယ္ဌာနက ထြက္တာလား ဘယ္ဟာက ထြက္တာလဲ ဆိုတာကို တိတိက်က် မသိတဲ့အခါ သူတို႔ဘယ္လို လုပ္ထားလဲေျပာလို႔ေတာ့ မရေသးဘူး။ အစိုးရအစည္းအေဝး ဆုံးျဖတ္ခ်က္ အရေတာ့ မဟုတ္ေသးဘူး။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကိုပဲ ေမးေပးပါ။ ဒီစာက ဘယ္ကေနၫႊန္ၾကားလို႔ ထြက္တာလဲဆိုတာကို သူ႔ကိုေမးရင္ေတာ့ ပိုၿပီးေသခ်ာမွာပါ”

ၿပီးခဲ့တဲ့ ၂၀၁၂ ခုႏွစ္က စစ္ေတြၿမိဳ႕ အပါအဝင္ ရခိုင္ၿမိဳ႕နယ္ေပါင္း ၁၀ ေက်ာ္မွာ ေဒသခံ ရခိုင္တိုင္းရင္းသားေတြနဲ႔ မြတ္စလင္ ႐ိုဟင္ဂ်ာေတြအၾကား ပဋိပကၡျဖစ္ပြားခဲ့ၿပီး မြတ္စလင္ေတြဟာ ဒီေန႔အခ်ိန္အထိ ဒုကၡသည္စခန္းေတြမွာ မွီခိုေနၾကရဆဲျဖစ္ပါတယ္။

အခုစစ္ေတြၿမိဳ႕မွာ မြတ္စလင္ ႐ိုဟင္ဂ်ာေတြ ေနထိုင္တဲ့ေနရာက က်ဴးေက်ာ္ေတြကို ဖယ္ရွားခိုင္းတာဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ စြပ္စြဲခံထားရတဲ့ ျမန္မာအစိုးရဘက္က အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ ကို မၾကာခင္ ပထမဆုံး အစီရင္ခံစာ ေပးပို႔ရမယ့္အခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။

RFA Burmese
------------------------------
(Unicode)⤵⤵⤵
စစ်တွေ မွတ်စလင် ရပ်ကွက်ကျူးကျော်တွေ သုံးလအတွင်း ဖယ်ပေးဖို့ အာဏာပိုင်တွေ အမိန့်ထုတ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက်က မီးလောင်ပြင်နေရာမှာ ကျူးကျော်နေထိုင်သူ ထောင့်နှစ်ရာကျော်ကို အချိန် သုံးလအတွင်းဖယ်ရှားဖို့ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်လိုက်ပါတယ်။

စစ်တွေမြို့မှာ မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက်က မီးလောင်ပြင်နေရာမှာ ဆောက်လုပ်ထားကြတဲ့ ကျူးကျော်အိမ်ပေါင်း ၁၂၅၅ လုံးကို အချိန် သုံးလအတွင်း ဖယ်ရှားဖို့ စစ်တွေ မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်လိုက်တာပါ။

ဒီအမိန့်ကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်ကပင် ကြေငြာထားတယ်လို့ စက်ရုံစု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်က ပြောပါတယ်။

“စာကို ကြော်ငြာဘုတ်မှာ ကပ်ထားဆိုလို့ ကျွန်တော်တို့ ကပ်ထားပါတယ်။ ဒီကိစ္စကို မြို့နယ်အုပ်ချုပ်ရေးမှူးကိုပဲ မေးပေးပါ။ ဒီစာက သူတို့ဆီက ထုတ်တာပါ။ ကျွန်တော်တို့ ထုတ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ကတော့ သူတို့ကဘိုးမှာကပ်ဆိုလို့ အဲဒီစာကို မေလ ၁၄ ရက်နေ့ကပင် ကြော်ငြာဘုတ်မှာ ကပ်ထားပါတယ်”

စစ်တွေမြို့က စက်ရုံစုရပ်ကွက်ဆိုတာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် အကြမ်းဖက် ပဋိပက္ခတွေ မဖြစ်ခင်က မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ ရပ်ကွက်တစ်ခုပါ။ ၂၀၁၂ ခုနှစ် ဇွန်လမှာ ရခိုင်နဲ့ မွတ်စလင် ရိုဟင်ဂျာတွေအကြား လူမျိုးရေး ပဋိပက္ခတွေဖြစ်လို့ နေအိမ်တွေ မီးရှို့ခံခဲ့ရပြီး မွတ်စလင် တစ်သိန်းကျော်ဟာ စစ်တွေမြို့ အနောက်ဘက်က ဒုက္ခသည်စခန်းအသီးသီးမှာ မှီခိုနေထိုင်နေကြရပါတယ်။

မွတ်စလင်တွေ နေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက်က မီးလောင်ပြင်နေရာတွေမှာ ကျေးလက်ဒေသတွေက ရခိုင်တိုင်းရင်းသားတွေ တဖြည်းဖြည်း ဝင်ရောက်အခြေချ နေထိုင်ပြီး အခုဆိုရင် အဲဒီလို ဆောက်လုပ်ထားတဲ့ တဲအိမ် ပေါင်း ၄၀၀၀ ဝန်းကျင်လောက်တောင် ရှိတယ်လို့ ရပ်ကွက်နေသူတွေက ခန့်မှန်းကြပါတယ်။

၂၀၁၂ ပဋိပက္ခကြောင့် သက္ကယ်ပြင်ကျေးရွာမှာ ထွက်ပြေးခိုလှုံနေရတဲ့ ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးကျော်လှအောင်ကတော့ ကျူးကျော်တွေကို ဖယ်ရှားမယ့် ဆောင်ရွက်ချက်ကို ထောက်ခံကြောင်း ပြောပါတယ်။

“အဲဒါကို အစိုးရက မလုပ်လို့ အစိုးရက နိုင်ငံတကာမှာ အမျိုးမျိုး စွပ်စွဲခံနေရတယ်။ အခု ဒီလိုလုပ်တဲ့ဟာက နိုင်ငံတကာမှာ စွပ်စွဲခံရတဲ့ဟာက နည်းနည်းပေါ့သွားနိုင်တယ် အစိုးရအပေါ်မှာ။ အဲဒီကြောင့် အစိုးရက ဒီထက် အရင်လုပ်ဖို့ကောင်းတယ်။ ရှေ့မှာလူတွေ စဝင်ရောက်လာကတည်းက လုပ်ခဲ့ဖို့ကောင်းတယ်။ အခုလုပ်တာကို ကျွန်တော့အနေနဲ့ ထောက်ခံပါတယ်။ ဆက်လက်ပြီးတော့ ဒီလိုလုပ်သွားမှ နိုင်ငံတော်အတွက်လည်း ကောင်းမယ်လို့ ကျွန်တော့အနေနဲ့ ယူဆပါတယ်”

ရခိုင်ကျေးလက်ဒေသတွေမှာ အလုပ်အကိုင်တွေ ရှားပါးလွန်းတာကြောင့် တစ်ချိန်က စစ်တွေမြို့မှာ မွတ်စလင်တွေ လုပ်ကိုင်ခဲ့တဲ့ အခြေခံအလုပ်သမားတွေ နေရာမှာ ကျေးလက်ဒေသက ရခိုင်တိုင်းရင်းသားတွေ ဝင်ရောက်လုပ်ကိုင်ခဲ့ကြတာပါ။

စစ်တွေမြို့မှာ အိမ်ခြံမြေဈေး၊ အိမ်ငှားခဈေးတွေ များပြားတာကြောင့် ဒေသခံတွေဟာ မွတ်စလင်တွေ နေထိုင်ခဲ့ မီးလောင်ပြင်နေရာတွေမှာ ဝင်ရောက် နေထိုင်လာခဲ့ကြရာကနေ ကျူးကျော် တဲအိမ်တွေများပြား လာခဲ့တာလည်း ဖြစ်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျူးကျော်နေထိုင်သူတစ်ဦးက အစိုးရအနေနဲ့ ဒေသခံတွေ အဆင်ပြေအောင် သီးခြားမြေတစ်ခုခုမှာ အစားထိုးနေရာ ချထားပေးချင်ကြောင်း ပြောပါတယ်။

“မြေနေရာတော့ အစားထိုးပေးရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရမြေဆိုတော့ အဲဒီနေရာမှာ မသင့်တော်ဘူး ဒီနေရာပဲ နေရမယ်ဆိုရင် ကျွန်တော်တို့ နေမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံသားတွေ နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေရဘူးလို့ ပြောထားတာရှိတယ် ဆိုတော့ နိုင်ငံသားတွေရဲ့အခွင့်အရေးတွေကို ကျွန်တော်တို့ကို ပေးရမှာပေါ့။ နေစရာနေရာသာ မရှိဘူးဆိုရင် ကျွန်တော်တို့အတွက် အလုပ်ရော၊ အစားရော အဆင်ပြေမှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့လည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ အခြားလူတွေ ကတော့ မြေနေရာအစားထိုး မပေးဘဘူးဆိုရင် မီးရှို့ချင်မီးရှို့ပါစေ ဒီကနေထွက်သွားမှာ မဟုတ်ဘူးလို့ပြောနေကြတယ်”

မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့စာထဲမှာ မေလ ၁၄ ရက်ကနေ သြဂုတ်လ ၁၄ ရက်နေ့အတွင်း ကျူးကျော် တဲအိမ်တွေကို ဖယ်ရှားမပေးဘူးဆိုရင် ဥပဒေနဲ့အညီ ဖယ်ရှားဆောင်ရွက်သွားမယ်လို့ ဖော်ပြပါရှိပါတယ်။

ဒေသခံတွေ ထိခိုက်မှုမရှိအောင် ဘာတွေ ပြင်ဆင်ထားသလဲ ဆိုတာကိုသိနိုင်ဖို့ အမိန့်စာထုတ်တဲ့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ပြောခွင့်ရသူ စည်ပင်သာယာရေး ပြည်နယ်ဝန်ကြီး ဦးဝင်းမြင့်ကတော့ ဒီကိစ္စဟာ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်တာ မဟုတ်ဘူးလို့ သူ့အနေနဲ့ မသိသေးဘူးလို့ ပြောပါတယ်။

“ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးထားချက်လည်း အစည်းအဝေးတွေမှာ မတွေ့သေးဘူး။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော့အနေနဲ့ ပြောလို့တော့ မရသေးဘူး။ ဒီဟာက လုံနယ်ဌာနက ထွက်တာလား ဘယ်ဟာက ထွက်တာလဲ ဆိုတာကို တိတိကျကျ မသိတဲ့အခါ သူတို့ဘယ်လို လုပ်ထားလဲပြောလို့တော့ မရသေးဘူး။ အစိုးရအစည်းအဝေး ဆုံးဖြတ်ချက် အရတော့ မဟုတ်သေးဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုပဲ မေးပေးပါ။ ဒီစာက ဘယ်ကနေညွှန်ကြားလို့ ထွက်တာလဲဆိုတာကို သူ့ကိုမေးရင်တော့ ပိုပြီးသေချာမှာပါ”

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စစ်တွေမြို့ အပါအဝင် ရခိုင်မြို့နယ်ပေါင်း ၁၀ ကျော်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင် ရိုဟင်ဂျာတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး မွတ်စလင်တွေဟာ ဒီနေ့အချိန်အထိ ဒုက္ခသည်စခန်းတွေမှာ မှီခိုနေကြရဆဲဖြစ်ပါတယ်။

အခုစစ်တွေမြို့မှာ မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်တဲ့နေရာက ကျူးကျော်တွေကို ဖယ်ရှားခိုင်းတာဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာအစိုးရဘက်က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို မကြာခင် ပထမဆုံး အစီရင်ခံစာ ပေးပို့ရမယ့်အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/authorities-order-occupants-to-move-sittwe-05182020090730.html
စစ္ေတြ မြတ္စလင္ ရပ္ကြက္က်ဴးေက်ာ္ေတြ သုံးလအတြင္း ဖယ္ေပးဖို႔ အာဏာပိုင္ေတြ အမိန႔္ထုတ္ စစ္ေတြ မြတ္စလင္ ရပ္ကြက္က်ဴးေက်ာ္ေတြ သုံးလအတြင္း ဖယ္ေပးဖို႔ အာဏာပိုင္ေတြ အမိန႔္ထုတ္ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.