ကုိဗစ္ကာလ ျမန္မာႏုိင္ငံ နယ္စပ္ကုန္သြယ္ေရး ေဒၚလာသန္း ၃၀ ေလာက္ေလ်ာ့က်


(Zawgyi/Unicode)

COVID-19 ေၾကာင့္ျဖစ္လာတဲ့ အတားအဆီး အကန႔္အသတ္ေတြေၾကာင့္ နယ္စပ္ကုန္သြယ္ေရး ပို႔ကုန္က႑မွာ ၿပီးခဲ့တဲ့ႏွစ္ကထက္ ေဒၚလာသန္း ၃၀ ေလာက္ ေလ်ာ့က်သြားတယ္ဆိုတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးမွာပါ။

ျမန္မာနယ္စပ္ကုန္သြယ္ေရး အထူးသျဖင့္ တ႐ုတ္၊ ထိုင္း နယ္စပ္ကုန္သြယ္ေရး ႏွစ္ခုကို ပိတ္မထားေပမဲ့ COVID-19 ေၾကာင့္ တဘက္ႏိုင္ငံရဲ႕ လူအဝင္အထြက္ အကန႔္အသတ္ေတြ၊ ကုန္စည္ပို႔ေဆာင္ေရး အစစ္အေဆးေတြေၾကာင့္ ၾကန႔္ၾကာမႈေတြရွိၿပီး ျမန္မာပို႔ကုန္အေပၚ ထိခိုက္မႈရွိခဲ့ပါတယ္။

ဒါေၾကာင့္ နယ္စပ္ပို႔ကုန္မွာ ၿပီးခဲ့တဲ့ႏွစ္ကထက္ အေမရိကန္ေဒၚလာ သန္း ၃၀ ေလ်ာ့နည္းသြားတယ္လို႔ ျမန္မာ့ကုန္သြယ္မႈ ျမႇင့္တင္ေရး ၫႊန္ၾကားေရးမႉး ဦးမ်ိဳးသူက ေျပာပါတယ္။

“နယ္စပ္မွာေတာ့ ပို႔ကုန္ပိုင္းမွာ ေလ်ာ့သြားတယ္၊ ဘယ္ေလာက္ေလ်ာ့လည္းဆိုေတာ့ (ေဒၚလာ) သန္း ၃၀ ေလာက္ေလ်ာ့သြားတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ COVID ေၾကာင့္ အတားအဆီးေတြမ်ားလို႔ ေလ်ာ့တာေတြရွိတယ္။ ဖရဲ၊ သခြားက လမ္းခရီးၾကန႔္ၾကာမႈေတြေၾကာင့္ ေလ်ာ့တယ္။ အထူးသျဖင့္ ဂိတ္ျဖတ္တဲ့ ေနရာမွာ သူတို႔ဘက္က အရမ္းစစ္တာေတြ ေပၚလာတယ္။ ဒါေပမဲ့ သြင္းကုန္မွာ မေလ်ာ့ဘူး။”

ျမန္မာထဲ သြင္းကုန္ကေတာ့ ေလ်ာ့မသြားပါဘူး။ ၿပီးခဲ့တဲ့ ဘ႑ာႏွစ္ထက္ သြင္းကုန္ ေဒၚလာ သန္း ၃၈၀ ေလာက္ပိုေနၿပီး၊ ႏွစ္ႏိုင္ငံ ကုန္သြယ္ပမာဏမွာ ေဒၚလာသန္း ၃၅၀ ေလာက္ကြာဟသြားပါတယ္လို႔ ၫႊန္ၾကားေရးမႉး ဦးမ်ိဳးသူကေျပာပါတယ္။

အိႏၵိယႏိုင္ငံ မဏိပူျပည္နယ္ကို ေမလ ၃ ရက္မွာ သူတို႔အစိုးရက COVID-19 ကင္းရွင္းတဲ့ျပည္နယ္ (Green Zone) ထဲ ထည့္သြင္းထားေပမဲ့ တႏိုင္ငံလုံး အသြားအလာကန႔္သတ္တာကိုေတာ့ ေမလ ၁၇ ရက္ထိ သက္တမ္းတိုးထားပါတယ္။ စစ္ကိုင္းတိုင္း တမူးခ႐ိုင္ ျမန္မာ- အိႏၵိယနယ္စပ္ဂိတ္ကေတာ့ မတ္လ ၁၀ ရက္ကတည္းက အိႏၵိယဘက္က ပိတ္ထားခဲ့တာပါ။ ျပန္ဖြင့္ဖို႔က အိႏၵိယႏိုင္ငံရဲ႕ အေျခအေနေတြအေပၚ မူတည္ေနတယ္လို႔ စစ္ကိုင္းတိုင္း နယ္လုံဝန္ႀကီး ဗိုလ္မႉးႀကီး သန္းထြန္းေအာင္က ေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ ေမလ ၃၁ အထိ ေမလကုန္အထိေပါ့ေနာ္၊ ပိတ္ဖို႔အတြက္ ေဆာင္႐ြက္ထားတာေပါ့။ ဘာမွ လူအသြားအလာမရွိ။ သူတို႔ဘက္ကလည္း ပိတ္တယ္၊ ေတာက္ေလွ်ာက္ပိတ္သလို က်ေနာ္တို႔ဘက္ကလည္း သူတို႔ဘက္ကေန ျပန္လာမွာစိုးတဲ့အတြက္ ပိတ္တယ္။ ႏွစ္ေယာက္ပိတ္ေတာ့ အားလုံးက ရပ္တန႔္သြားတာေပါ့ေနာ္။”

ျမန္မာ- အိႏၵိယႏွစ္ႏိုင္ငံ တရားဝင္နယ္စပ္ကုန္သြယ္ေရးက ပိတ္ထားေပမဲ့ ေမွာင္ခိုကူးသန္းမႈကေတာ့ အနည္းငယ္ရွိေနတယ္လို႔ ျမန္မာကုန္သြယ္ေရးဌာန တာဝန္ရွိသူေတြက ေျပာပါတယ္။

ျမန္မာ- ထိုင္းကုန္သြယ္ေရးမွာလည္း ကုန္သြယ္ေရးမပိတ္ေပမဲ့ ယာဥ္ေမာင္းတေယာက္၊ ယာဥ္အကူတေယာက္ပဲ နယ္စပ္ျဖတ္ေက်ာ္ခြင့္ရွိပါတယ္။ ဒါေၾကာင့္ အေကာက္ခြန္ရွင္းလင္းေရး ေအဂ်င္စီအဖြဲ႕ေတြ ဇြန္လ ၁ရက္မွာ ျဖတ္သန္းသြားႏိုင္ခြင့္ရဖို႔ ႏွစ္ဘက္ညႇိႏႈိင္းတာလည္း ရွိပါတယ္။

“က်ေနာ္တို႔ တကယ္တမ္း ကုန္သြယ္မႈလုပ္တဲ့အခါမွာ ေအဂ်င္စီေတြသြားဖို႔ နည္းနည္းခက္လာတာေပါ့။ ကုန္သြယ္ေရး အေကာက္ခြန္လုပ္တဲ့အခါ ေအဂ်င္စီေတြ ပါလာတာကိုး။ ေအဂ်င္စီေတြက border pass ( နယ္စပ္ျဖတ္ခြင့္) လုပ္လို႔ မရေသးဘူးျဖစ္ေနတယ္။ ေျဖေလွ်ာ့မႈတခုေပးရင္ေတာ့ ၁ ရက္ ၆ လ အေစာဆုံး ေပးရင္ေတာ့ ၂ႏိုင္ငံ ျမဝတီ- မဲေဆာက္၊ မဲေဆာက္- ျမဝတီ ဒါမ်ိဳးဟာမ်ိဳး ျဖစ္လာႏိုင္တာေပါ့။”

ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေတဇာေအာင္ ေျပာသြားတာပါ။

ထိုင္းေတာင္ပိုင္း စီးပြားေရးလုပ္ငန္းရွင္ေတြကလည္း ျမန္မာႏိုင္ငံဘက္ တနသၤာရီတိုင္း Singkhon ဂိတ္ကို ျပန္ဖြင့္ေပးဖို႔ သူတို႔ အစိုးရကို ေတာင္းဆိုေနတယ္လို႔ Bangkok Post သတင္းစာက မေန႔က ေရးခဲ့ပါတယ္။ Singkhon ဂိတ္ပိတ္ထားလို႔ ျမန္မာေရထြက္ကုန္ေတြကို ၿမိတ္ၿမိဳ႕ကေန ထိုင္းႏိုင္ငံ ရေနာင္းၿမိဳ႕ကို အဆင့္ဆင့္ သယ္ယူေနရပါတယ္။

➣ ေဇာ္ထက္ / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------
[Unicode Version]

ကိုဗစ်ကာလ မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဒေါ်လာသန်း ၃၀ လောက်လျော့ကျ

COVID-19 ကြောင့်ဖြစ်လာတဲ့ အတားအဆီး အကန့်အသတ်တွေကြောင့် နယ်စပ်ကုန်သွယ်ရေး ပို့ကုန်ကဏ္ဍမှာ ပြီးခဲ့တဲ့နှစ်ကထက် ဒေါ်လာသန်း ၃၀ လောက် လျော့ကျသွားတယ်ဆိုတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

မြန်မာနယ်စပ်ကုန်သွယ်ရေး အထူးသဖြင့် တရုတ်၊ ထိုင်း နယ်စပ်ကုန်သွယ်ရေး နှစ်ခုကို ပိတ်မထားပေမဲ့ COVID-19 ကြောင့် တဘက်နိုင်ငံရဲ့ လူအဝင်အထွက် အကန့်အသတ်တွေ၊ ကုန်စည်ပို့ဆောင်ရေး အစစ်အဆေးတွေကြောင့် ကြန့်ကြာမှုတွေရှိပြီး မြန်မာပို့ကုန်အပေါ် ထိခိုက်မှုရှိခဲ့ပါတယ်။

ဒါကြောင့် နယ်စပ်ပို့ကုန်မှာ ပြီးခဲ့တဲ့နှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၃၀ လျော့နည်းသွားတယ်လို့ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေး ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောပါတယ်။

“နယ်စပ်မှာတော့ ပို့ကုန်ပိုင်းမှာ လျော့သွားတယ်၊ ဘယ်လောက်လျော့လည်းဆိုတော့ (ဒေါ်လာ) သန်း ၃၀ လောက်လျော့သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ COVID ကြောင့် အတားအဆီးတွေများလို့ လျော့တာတွေရှိတယ်။ ဖရဲ၊ သခွားက လမ်းခရီးကြန့်ကြာမှုတွေကြောင့် လျော့တယ်။ အထူးသဖြင့် ဂိတ်ဖြတ်တဲ့ နေရာမှာ သူတို့ဘက်က အရမ်းစစ်တာတွေ ပေါ်လာတယ်။ ဒါပေမဲ့ သွင်းကုန်မှာ မလျော့ဘူး။”

မြန်မာထဲ သွင်းကုန်ကတော့ လျော့မသွားပါဘူး။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ထက် သွင်းကုန် ဒေါ်လာ သန်း ၃၈၀ လောက်ပိုနေပြီး၊ နှစ်နိုင်ငံ ကုန်သွယ်ပမာဏမှာ ဒေါ်လာသန်း ၃၅၀ လောက်ကွာဟသွားပါတယ်လို့ ညွှန်ကြားရေးမှူး ဦးမျိုးသူကပြောပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ကို မေလ ၃ရက်မှာ သူတို့အစိုးရက COVID-19 ကင်းရှင်းတဲ့ပြည်နယ် (Green Zone) ထဲ ထည့်သွင်းထားပေမဲ့ တနိုင်ငံလုံး အသွားအလာကန့်သတ်တာကိုတော့ မေလ ၁၇ ရက်ထိ သက်တမ်းတိုးထားပါတယ်။ စစ်ကိုင်းတိုင်း တမူးခရိုင် မြန်မာ- အိန္ဒိယနယ်စပ်ဂိတ်ကတော့ မတ်လ ၁၀ ရက်ကတည်းက အိန္ဒိယဘက်က ပိတ်ထားခဲ့တာပါ။ ပြန်ဖွင့်ဖို့က အိန္ဒိယနိုင်ငံရဲ့ အခြေအနေတွေအပေါ် မူတည်နေတယ်လို့ စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြောပါတယ်။

“ကျနော်တို့ကတော့ မေလ ၃၁ အထိ မေလကုန်အထိပေါ့နော်၊ ပိတ်ဖို့အတွက် ဆောင်ရွက်ထားတာပေါ့။ ဘာမှ လူအသွားအလာမရှိ။ သူတို့ဘက်ကလည်း ပိတ်တယ်၊ တောက်လျှောက်ပိတ်သလို ကျနော်တို့ဘက်ကလည်း သူတို့ဘက်ကနေ ပြန်လာမှာ စိုးတဲ့အတွက် ပိတ်တယ်။ နှစ်ယောက်ပိတ်တော့ အားလုံးက ရပ်တန့်သွားတာပေါ့နော်။”

မြန်မာ- အိန္ဒိယနှစ်နိုင်ငံ တရားဝင်နယ်စပ်ကုန်သွယ်ရေးက ပိတ်ထားပေမဲ့ မှောင်ခိုကူးသန်းမှုကတော့ အနည်းငယ်ရှိနေတယ်လို့ မြန်မာကုန်သွယ်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာ- ထိုင်းကုန်သွယ်ရေးမှာလည်း ကုန်သွယ်ရေးမပိတ်ပေမဲ့ ယာဉ်မောင်းတယောက်၊ ယာဉ်အကူတယောက်ပဲ နယ်စပ်ဖြတ်ကျော်ခွင့်ရှိပါတယ်။ ဒါကြောင့် အကောက်ခွန်ရှင်းလင်းရေး အေဂျင်စီအဖွဲ့တွေ ဇွန်လ ၁ရက်မှာ ဖြတ်သန်းသွားနိုင်ခွင့်ရဖို့ နှစ်ဘက်ညှိနှိုင်းတာလည်း ရှိပါတယ်။

“ကျနော်တို့ တကယ်တမ်း ကုန်သွယ်မှုလုပ်တဲ့အခါမှာ အေဂျင်စီတွေသွားဖို့ နည်းနည်းခက်လာတာပေါ့။ ကုန်သွယ်ရေး အကောက်ခွန်လုပ်တဲ့အခါ အေဂျင်စီတွေ ပါလာတာကိုး။ အေဂျင်စီတွေက border pass ( နယ်စပ်ဖြတ်ခွင့်) လုပ်လို့ မရသေးဘူးဖြစ်နေတယ်။ ဖြေလျှော့မှုတခုပေးရင်တော့ ၁ ရက် ၆ လ အစောဆုံး ပေးရင်တော့ ၂နိုင်ငံ မြဝတီ- မဲဆောက်၊ မဲဆောက်- မြဝတီ ဒါမျိုးဟာမျိုး ဖြစ်လာနိုင်တာပေါ့။”

မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် ပြောသွားတာပါ။

ထိုင်းတောင်ပိုင်း စီးပွားရေးလုပ်ငန်းရှင်တွေကလည်း မြန်မာနိုင်ငံဘက် တနင်္သာရီတိုင်း Singkhon ဂိတ်ကို ပြန်ဖွင့်ပေးဖို့ သူတို့ အစိုးရကို တောင်းဆိုနေတယ်လို့ Bangkok Post သတင်းစာက မနေ့က ရေးခဲ့ပါတယ်။ Singkhon ဂိတ်ပိတ်ထားလို့ မြန်မာရေထွက်ကုန်တွေကို မြိတ်မြို့ကနေ ထိုင်းနိုင်ငံ ရနောင်းမြို့ကို အဆင့်ဆင့် သယ်ယူနေရပါတယ်။

➣ ဇော်ထက် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-trade-eco/5416342.html
ကုိဗစ္ကာလ ျမန္မာႏုိင္ငံ နယ္စပ္ကုန္သြယ္ေရး ေဒၚလာသန္း ၃၀ ေလာက္ေလ်ာ့က် ကုိဗစ္ကာလ ျမန္မာႏုိင္ငံ နယ္စပ္ကုန္သြယ္ေရး ေဒၚလာသန္း ၃၀ ေလာက္ေလ်ာ့က် Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.