အိမ်ဖြူတော်အနီး အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပွား

လူမည်းအမျိုးသား George Floyd သေဆုံးမှုအတွက် ဝါရှင်တန်ရှိ အိမ်ဖြူတော်အနီး ဆန္ဒပြနေကြသူများ။ (မေ ၃၀၊ ၂၀၂၀)
(Unicode)⤵⤵⤵
အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ လမ်း ၂ လမ်းလောက် အကွာမှာ မနေ့ စနေနေ့ည သန်းခေါင်အချိန်က ဆန္ဒပြပွဲတွေကနေ ရုန်းရင်းဆန်ခတ် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရာက အနီးအနား Lafeyette ရင်ပြင်တဝိုက်ကို ရဲတပ်ဖွဲ့တွေ၊ ထောက်လှမ်းရေးတွေ၊ ပြည်တွင်းလုံခြုံရေး အရန်တပ်ဖွဲ့တွေနဲ့ အကာအကွယ် ပေးခဲ့ရပါတယ်။

ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ငရုတ်ရည်တွေနဲ့ ပက်ပြီး နှိမ်နင်းခဲ့သလို အကြမ်းဖက် ဆန္ဒပြသူ တချို့ကတော့ Pennsylvania လမ်းမပေါ်က သမ္မတ Ronald Reagan ဖောင်ဒေးရှင်း အဆောက်အအုံက ပြတင်းပေါက်တွေကို ရိုက်ခွဲဖျက်ဆီးခဲ့ကြသလို ဘဏ်တခုကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။

Lafeyette ရင်ပြင်အနီး အိမ်ဖြူတော် သမိုင်းဌာနနဲ့ မျက်နှာချင်းဆိုင်က စားသောက်ဆိုင် ၂ ခုထဲမှာလည်း လုယက်သူတွေရဲ့ လက်ချက်ကြောင့် အငယ်စား မီးလောင်မှု ၂ ခု ဖြစ်ပွားခဲ့သလို အနီးအနားက အမေရိကန် ကုန်သည်ကြီးများအသင်း အဆောက်အအုံ ဆောက်လက်စနေရာတခုက ဆောက်လုပ်ရေးသုံး ငြမ်းတွေလည်း မီးရှို့ခံခဲ့ရပါတယ်။

အဲဒီနားတဝိုက်မှာ ရပ်ထားတဲ့ ကားအများအပြားလည်း ဖျက်ဆီးခံရတာတွေ မီးရှို့ခံရတာတွေ ရှိခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကြီးတဲ့ နေရာတွေကို ဝါရှင်တန်မီးသတ်တပ်ဖွဲ့က သွားရောက်ငြှိမ်းသတ်ခဲ့ပေမယ့် လုယက်ဖျက်ဆီးမှုတွေ ဖြစ်ခဲ့တဲ့ နေရာတွေမှာတော့ ရဲတပ်ဖွဲ့ဝင်တွေကို မတွေ့ရဘူးလို့လည်း ကိုယ်တိုင်တွေ့ခဲ့သူတချို့က ပြောပါတယ်။

အမေရိကန်နိုင်ငံတဝန်းမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်နယ် ၁၆ ခုက မြို့ပေါင်း ၂၅ မြို့မှာ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
အိမ္ျဖဴေတာ္အနီး အၾကမ္းဖက္ ဆႏၵျပမႈေတြ ျဖစ္ပြား

အေမရိကန္သမၼတ အိမ္ျဖဴေတာ္နဲ႔ လမ္း ၂ လမ္းေလာက္ အကြာမွာ မေန႔ စေနေန႔ည သန္းေခါင္အခ်ိန္က ဆႏၵျပပြဲေတြကေန ႐ုန္းရင္းဆန္ခတ္ အၾကမ္းဖက္မႈေတြ ျဖစ္ခဲ့ရာက အနီးအနား Lafeyette ရင္ျပင္တဝိုက္ကို ရဲတပ္ဖြဲ႕ေတြ၊ ေထာက္လွမ္းေရးေတြ၊ ျပည္တြင္းလုံၿခဳံေရး အရန္တပ္ဖြဲ႕ေတြနဲ႔ အကာအကြယ္ ေပးခဲ့ရပါတယ္။

ရာနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြကို လုံၿခဳံေရးတပ္ဖြဲ႕ေတြက င႐ုတ္ရည္ေတြနဲ႔ ပက္ၿပီး ႏွိမ္နင္းခဲ့သလို အၾကမ္းဖက္ ဆႏၵျပသူ တခ်ိဳ႕ကေတာ့ Pennsylvania လမ္းမေပၚက သမၼတ Ronald Reagan ေဖာင္ေဒးရွင္း အေဆာက္အအုံက ျပတင္းေပါက္ေတြကို ႐ိုက္ခြဲဖ်က္ဆီးခဲ့ၾကသလို ဘဏ္တခုကိုလည္း ဖ်က္ဆီးခဲ့ၾကပါတယ္။

Lafeyette ရင္ျပင္အနီး အိမ္ျဖဴေတာ္ သမိုင္းဌာနနဲ႔ မ်က္ႏွာခ်င္းဆိုင္က စားေသာက္ဆိုင္ ၂ ခုထဲမွာလည္း လုယက္သူေတြရဲ႕ လက္ခ်က္ေၾကာင့္ အငယ္စား မီးေလာင္မႈ ၂ ခု ျဖစ္ပြားခဲ့သလို အနီးအနားက အေမရိကန္ ကုန္သည္ႀကီးမ်ားအသင္း အေဆာက္အအုံ ေဆာက္လက္စေနရာတခုက ေဆာက္လုပ္ေရးသုံး ျငမ္းေတြလည္း မီးရႈိ႕ခံခဲ့ရပါတယ္။

အဲဒီနားတဝိုက္မွာ ရပ္ထားတဲ့ ကားအမ်ားအျပားလည္း ဖ်က္ဆီးခံရတာေတြ မီးရႈိ႕ခံရတာေတြ ရွိခဲ့ပါတယ္။

မီးေလာင္ကြၽမ္းမႈႀကီးတဲ့ ေနရာေတြကို ဝါရွင္တန္မီးသတ္တပ္ဖြဲ႕က သြားေရာက္ျငႇိမ္းသတ္ခဲ့ေပမယ့္ လုယက္ဖ်က္ဆီးမႈေတြ ျဖစ္ခဲ့တဲ့ ေနရာေတြမွာေတာ့ ရဲတပ္ဖြဲ႕ဝင္ေတြကို မေတြ႕ရဘူးလို႔လည္း ကိုယ္တိုင္ေတြ႕ခဲ့သူတခ်ိဳ႕က ေျပာပါတယ္။

အေမရိကန္ႏိုင္ငံတဝန္းမွာ ျဖစ္ေနတဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ ျပည္နယ္ ၁၆ ခုက ၿမိဳ႕ေပါင္း ၂၅ ၿမိဳ႕မွာ ညမထြက္ရအမိန႔္ေတြ ထုတ္ျပန္ထားပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/protest-near-white-house/5442934.html
အိမ်ဖြူတော်အနီး အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပွား အိမ်ဖြူတော်အနီး အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပွား Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.