ကိုဗစ္နဲ႔ ေႂကြလြင့္ခဲ့ရတဲ့ ယူေကက ဒုတိယေျမာက္ ျမန္မာဆရာဝန္

 Great Western ေဆး႐ုံက အေထြေထြေရာဂါကု အတိုင္ပင္ခံ သမားေတာ္ႀကီး ေဒါက္တာ ေသာင္းထိုက္
(Zawgyi)⤵⤵⤵
ယူေကမွာ ကိုဗစ္လူနာေတြၾကား ေရွ႕တန္းမွာ ကုေနရသူေတြထဲက ျမန္မာဆရာဝန္ႀကီးတစ္ဦး ထပ္ၿပီး ကြယ္လြန္သြားခဲ့ျပန္ပါတယ္။

ဧၿပီလတုန္းက ကြယ္လြန္ခဲ့တဲ့ ေဒါက္တာပီတာခင္ထြန္းၿပီးရင္ ေမလ ဒုတိယပတ္ထဲမွာ ကြယ္လြန္ခဲ့တဲ့ ေဒါက္တာ ေသာင္းထိုက္က ဒုတိယေျမာက္ ေႂကြလြင့္ခဲ့ရသူ ျဖစ္ပါတယ္။

အဂၤလန္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ဝဲရႈိင္းယား Great Western ေဆး႐ုံက အေထြေထြေရာဂါကု အတိုင္ပင္ခံ သမားေတာ္ႀကီး ေဒါက္တာ ေသာင္းထိုက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရၿပီး အသက္ ၆၅ ႏွစ္ အ႐ြယ္မွာ ကြယ္လြန္ခဲ့ပါတယ္။

ေရာဂါကူးႏႈန္းေတြ ျမင့္လာၿပီးေနာက္ပိုင္း PPE ေတြနဲ႔ အေသအခ်ာ ကာကြယ္ခဲ့ေပမဲ့ မေမွ်ာ္လင့္ထားဘဲ ပိုးက အလဲထိုးသြားခဲ့တာပါ။

ဘုရားပန္းဝယ္ၿပီး အိမ္ျပန္လာခဲ့တာ

ေဒါက္တာ ေသာင္းထိုက္တို႔ေဆး႐ုံက နယ္ေဆး႐ုံ ျဖစ္လို႔ လန္ဒန္လို ကိုဗစ္လူနာေတြ မမ်ားလွပါဘူး။ တစ္ႀကိမ္ကို ႏွစ္ေယာက္၊ သုံးေယာက္ေလာက္ပဲ ေရာက္လာတာပါ။

အစပိုင္းမွာ PPE မလုံေလာက္ခဲ့ေပမဲ့ ကူးစက္တာေတြ မ်ားလာတဲ့ေနာက္ပိုင္းမွာေတာ့ ေဆး႐ုံက ဆရာဝန္ေတြ သူနာျပဳေတြဟာ လူနာေတြနဲ႔ ထိေတြ႕ရခ်ိန္မွာ တစ္ကိုယ္ေရ ကာကြယ္ေရး ဝတ္စုံ PPE ေတြကိုလည္း ေသခ်ာဝတ္ထားခဲ့ၾကပါတယ္။

ဧၿပီ ၉ ရက္မွာေတာ့ အလုပ္ကေန ဖ်ားၿပီး သူအိမ္ကို ျပန္လာခဲ့ပါတယ္။ ဒီလို ဖ်ားလို႔ အိမ္ျပန္လာရတယ္ဆိုတာ သူ႔တစ္သက္မွာ မရွိခဲ့သေလာက္ပါပဲလို႔ မိသားစုက ေျပာပါတယ္။

"သူဖ်ားၿပီး အိမ္ျပန္လာတဲ့ လမ္းမွာေတာင္မွ ဘုရားပန္းေလး ဝင္ဝယ္ခဲ့ေသးတယ္" လို႔ သမီး ျဖစ္သူ မေမသီထိုက္က ေျပာပါတယ္။

သူ႔မွာ ကို႐ိုနာ လကၡဏာျပခဲ့တာက ဖ်ားတယ္၊ ဝမ္းသြားတယ္။ အူနာ ေရာဂါ အခံရွိလို႔ ေရာဂါေဟာင္းလို႔ သူကိုယ္တိုင္ကပါ ထင္ခဲ့ပါတယ္။

ခါတိုင္းလို ေရာဂါက ျပန္မေပ်ာက္လို႔ ေနာက္ပိုင္းမွာ ဒီအူနာေရာဂါကို ကုဖို႔ သူ႔ အေထြေထြကု ဆရာဝန္ကို ဆက္သြယ္ခဲ့ပါတယ္။ ဒါေပမဲ့ ဆရာဝန္ဆီသြားမယ့္ အခ်ိန္မွာကတည္းက နည္းနည္းေမာဟိုက္ေနၿပီး အဲဒီအခ်ိန္မွာေတာ့ ကိုဗစ္ကို သံသယ ရွိေနပါၿပီ။

ကိုယ္တိုင္ဆရာဝန္ျဖစ္လို႔ အေျခအေနကို သိၿပီး အေရးေပၚကား ေခၚခဲ့ေပမယ့္ အိမ္ကို ႏွစ္နာရီေလာက္ၾကာမွ ေရာက္မယ္ဆိုလို႔ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ပဲ ဆရာဝန္ဆီ သြားခဲ့ပါတယ္။

သူ႔မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရၿပီလို႔ သိရတဲ့ ေနာက္ပိုင္း သူ႔ေဆး႐ုံမွာပဲ သူျပန္ကုသခံခဲ့ပါတယ္။
"မင္းနဲ႔ ကေလးေတြ အကုန္လုံးကို ခ်စ္တယ္"
သူ႔ေဆး႐ုံကေန သူ႔အသက္ကို ကယ္ခ်င္လို႔ ေနာက္ပိုင္းမွာ အထူးၾကပ္မတ္ကုသမႈေတြ ပိုေကာင္းတဲ့ ဘရစ္စတယ္က ေဆး႐ုံကို ေျပာင္းေပးခဲ့ပါေသးတယ္။

သူ႔မဆုံးခင္ အသက္ရႉစက္ေပၚမွာ ၂၅ ရက္ ေလာက္ ေနခဲ့ရပါတယ္။ သူက အစပိုင္းမွာ ေသြးေပါင္ခ်ိန္လည္း ေကာင္း၊ အဆုတ္နဲ႔ ေက်ာက္ကပ္ေတြလည္း ေကာင္းၿပီး ဘာေဆးမွလည္း ေပးဖို႔ မလိုလို႔ ျပန္ေကာင္းလာမယ္လို႔ ထင္ထားခဲ့ၾကတာပါ။

ဒါေပမဲ့ သူက ေရာဂါအခံလည္း ရွိၿပီး ဆီးခ်ိဳလည္း ရွိလို႔ ကိုဗစ္ေရာဂါဒဏ္ကေန ျပန္မေကာင္းႏိုင္ခဲ့ေတာ့တာလို႔ မိသားစုက ေျပာပါတယ္။

ေဆး႐ုံကေန "မနက္ျဖန္မွာ ပိုေကာင္းလာႏိုင္တယ္"လို႔ ပထမပိုင္းမွာ အိမ္ကို စာပို႔ခဲ့ပါေသးတယ္။

ဧၿပီ ၁၇ ရက္မွာေတာ့ "ICU ထဲသြားရေတာ့မယ္။ မင္းနဲ႔ ကေလးေတြ အကုန္လုံးကို ခ်စ္တယ္" ဆိုတဲ့ စာကို သူ႔ဇနီးဆီကို ပိုခဲ့ပါတယ္။

အဲဒါက သူ႔မိသားစု သူ႔ဆီက ေနာက္ဆုံးရခဲ့တဲ့ စာေလးပါ။

ေဒါက္တာေသာင္းထိုက္ကြယ္လြန္ခ်ိန္မွာ ဇနီး၊ သားသမီးေလးဦးနဲ႔ ေျမးသုံးဦးတို႔ က်န္ရစ္ပါတယ္။

သူ႔ေဆး႐ုံက ေျပာေရးဆိုခြင့္ရွိသူက "သူ႔ကို အားလုံးက ခ်စ္ၾကတယ္။ သူ႔ကိုဆိုရင္ လူနာေတြအေပၚ အၿမဲ ေသေသခ်ာခ်ာ ဂ႐ုစိုက္သူ၊ အေကာင္းျမင္စိတ္ရွိသူနဲ႔ ကူညီဖို႔ အဆင္သင့္ရွိေနတတ္သူလို႔ သိၾကပါတယ္"လို႔ ေျပာပါတယ္။

သူနာျပဳတစ္ေယာက္က "အရမ္းေတာ္တဲ့ ဆရာဝန္ႀကီး၊ အရမ္းၾကင္နာတတ္၊ ဂ႐ုစိုက္တတ္တယ္၊ လူတိုင္းေျပာတာေတြကို နားေထာင္ေပးတတ္တယ္"၊ "သူ႔ကို အားလုံးက ေအာက္ေမ့လြမ္းဆြတ္ေနၾကမွာ"လို႔ ဆိုပါတယ္။

ကမာၻပတ္မယ့္သူ
လူနာေတြကိုထားၿပီး အနားမယူရက္ခဲ့
ေဒါက္တာေသာင္းထိုက္ဟာ ယူေကကို ေရာက္တာ ႏွစ္ ၂၀ ေက်ာ္ ေလာက္ရွိေနပါၿပီ။ ျမန္မာႏိုင္ငံမွာလည္း ေဆးကုခဲ့ပါေသးတယ္။ မႏၲေလး ေဆးတကၠသိုလ္ ၁၉၇၃-၈၁ ေက်ာင္းသား ဘဝက စာက်က္ဖို႔မလိုဘဲ စာေတြရႏိုင္တဲ့ သူ၊ သူ ဂုဏ္ထူးထြက္တိုင္းနဲ႔ မထြက္တိုင္းမွာ ဇာတ္လမ္းေတြ ေျပာစမွတ္ရွိတဲ့ အထိ ထူးခြၽန္သူ ျဖစ္တယ္လို႔ ေက်ာင္းေနဘက္ အေပါင္းအသင္းတစ္ဦးက လူမႈစာမ်က္ႏွာမွာ ေရးၿပီး ဂုဏ္ျပဳပါတယ္။

သူ႔လူနာေတြနဲ႔ သူ လမ္းမွာေတြ႕ရင္ ဒါက ငါတို႔ အခ်စ္ဆုံး ဆရာဝန္လို႔ သူ႔ကို ဝိုင္းၿပီး ႏႈတ္ဆက္ၾကတယ္လို႔လည္း မိသားစုက ေျပာပါတယ္။

ဒီလို လူနာေတြၾကားက သူ႔ကို အခုလို အခ်ိန္မွာ အနားယူေတာ့ဖို႔ မိသားစုက ေျပာေတာ့ သူက သူ႔မွာ အစီအစဥ္ရွိပါတယ္လို႔ပဲ ေျပာၿပီး လက္ေတြ႕မွာေတာ့ သူ႔လူနာေတြကိုထားၿပီး တကယ္ အနားမယူရက္ခဲ့ပါဘူး။

မိသားစုကို တြယ္တာတတ္တဲ့သူ၊ သားသမီးေတြ ေျမးေတြအတြက္ လိုသမွ် ျဖည့္ဆည္းေပးတတ္တဲ့သူ၊ သူ႔အတြက္ အနားယူတာက အလုပ္က ျပန္လာၿပီးရင္ တီဗီေရွ႕မွာ ကားေမာင္းၿပိဳင္ပြဲေတြ၊ ေဘာလုံးပြဲေတြ ၾကည့္တာပဲရွိတယ္လို႔ မိသားစုက ေျပာပါတယ္။ ပင္စင္ယူၿပီးရင္ေတာ့ ခရီးေတြထြက္ ကမာၻပတ္ၿပီး အနားယူမယ္လို႔ မိသားစုကို တိုင္ပင္ထားခဲ့ပါတယ္။

အခုေတာ့ ဥေရာပမွာ ဒီကပ္ႀကီးေၾကာင့္ ပိတ္ထားေတြကို တျဖည္းျဖည္း ျပန္ဖြင့္လာေနၾကပါၿပီ။ သူႀကိဳက္တဲ့ အဂၤလန္ပရီးမီးယားလိဂ္ ေဘာလုံးပြဲေတြလည္း ျပန္စကစားဖို႔ ေဆြးေႏြးေျပာဆိုမႈေတြ ရွိလာေနပါၿပီ။ ဒါေပမယ့္ အခု ေဘာလုံးရာသီ ျပန္စခ်ိန္မွာေတာ့ ဆိုဖာေပၚကေန တစ္ဝႀကီးအားေပးေနတတ္တဲ့ အမာခံ ပရိသတ္တစ္ဦးကေတာ့ တီဗီေရွ႕မွာ ရွိမေနႏိုင္ေတာ့ပါဘူး။

BBC Burmese
-----------------------------
(Unicode)⤵⤵⤵
ကိုဗစ်နဲ့ ကြွေလွင့်ခဲ့ရတဲ့ ယူကေက ဒုတိယမြောက် မြန်မာဆရာဝန်

ယူကေမှာ ကိုဗစ်လူနာတွေကြား ရှေ့တန်းမှာ ကုနေရသူတွေထဲက မြန်မာဆရာဝန်ကြီးတစ်ဦး ထပ်ပြီး ကွယ်လွန်သွားခဲ့ပြန်ပါတယ်။

ဧပြီလတုန်းက ကွယ်လွန်ခဲ့တဲ့ ဒေါက်တာပီတာခင်ထွန်းပြီးရင် မေလ ဒုတိယပတ်ထဲမှာ ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ သောင်းထိုက်က ဒုတိယမြောက် ကြွေလွင့်ခဲ့ရသူ ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း ဝဲရှိုင်းယား Great Western ဆေးရုံက အထွေထွေရောဂါကု အတိုင်ပင်ခံ သမားတော်ကြီး ဒေါက်တာ သောင်းထိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး အသက် ၆၅ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ရောဂါကူးနှုန်းတွေ မြင့်လာပြီးနောက်ပိုင်း PPE တွေနဲ့ အသေအချာ ကာကွယ်ခဲ့ပေမဲ့ မမျှော်လင့်ထားဘဲ ပိုးက အလဲထိုးသွားခဲ့တာပါ။

ဘုရားပန်းဝယ်ပြီး အိမ်ပြန်လာခဲ့တာ

ဒေါက်တာ သောင်းထိုက်တို့ဆေးရုံက နယ်ဆေးရုံ ဖြစ်လို့ လန်ဒန်လို ကိုဗစ်လူနာတွေ မများလှပါဘူး။ တစ်ကြိမ်ကို နှစ်ယောက်၊ သုံးယောက်လောက်ပဲ ရောက်လာတာပါ။

အစပိုင်းမှာ PPE မလုံလောက်ခဲ့ပေမဲ့ ကူးစက်တာတွေ များလာတဲ့နောက်ပိုင်းမှာတော့ ဆေးရုံက ဆရာဝန်တွေ သူနာပြုတွေဟာ လူနာတွေနဲ့ ထိတွေ့ရချိန်မှာ တစ်ကိုယ်ရေ ကာကွယ်ရေး ဝတ်စုံ PPE တွေကိုလည်း သေချာဝတ်ထားခဲ့ကြပါတယ်။

ဧပြီ ၉ ရက်မှာတော့ အလုပ်ကနေ ဖျားပြီး သူအိမ်ကို ပြန်လာခဲ့ပါတယ်။ ဒီလို ဖျားလို့ အိမ်ပြန်လာရတယ်ဆိုတာ သူ့တစ်သက်မှာ မရှိခဲ့သလောက်ပါပဲလို့ မိသားစုက ပြောပါတယ်။

"သူဖျားပြီး အိမ်ပြန်လာတဲ့ လမ်းမှာတောင်မှ ဘုရားပန်းလေး ဝင်ဝယ်ခဲ့သေးတယ်" လို့ သမီး ဖြစ်သူ မမေသီထိုက်က ပြောပါတယ်။

သူ့မှာ ကိုရိုနာ လက္ခဏာပြခဲ့တာက ဖျားတယ်၊ ဝမ်းသွားတယ်။ အူနာ ရောဂါ အခံရှိလို့ ရောဂါဟောင်းလို့ သူကိုယ်တိုင်ကပါ ထင်ခဲ့ပါတယ်။

ခါတိုင်းလို ရောဂါက ပြန်မပျောက်လို့ နောက်ပိုင်းမှာ ဒီအူနာရောဂါကို ကုဖို့ သူ့ အထွေထွေကု ဆရာဝန်ကို ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်ဆီသွားမယ့် အချိန်မှာကတည်းက နည်းနည်းမောဟိုက်နေပြီး အဲဒီအချိန်မှာတော့ ကိုဗစ်ကို သံသယ ရှိနေပါပြီ။

ကိုယ်တိုင်ဆရာဝန်ဖြစ်လို့ အခြေအနေကို သိပြီး အရေးပေါ်ကား ခေါ်ခဲ့ပေမယ့် အိမ်ကို နှစ်နာရီလောက်ကြာမှ ရောက်မယ်ဆိုလို့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ ဆရာဝန်ဆီ သွားခဲ့ပါတယ်။

သူ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီလို့ သိရတဲ့ နောက်ပိုင်း သူ့ဆေးရုံမှာပဲ သူပြန်ကုသခံခဲ့ပါတယ်။

သူ့ဆေးရုံကနေ သူ့အသက်ကို ကယ်ချင်လို့ နောက်ပိုင်းမှာ အထူးကြပ်မတ်ကုသမှုတွေ ပိုကောင်းတဲ့ ဘရစ်စတယ်က ဆေးရုံကို ပြောင်းပေးခဲ့ပါသေးတယ်။

သူ့မဆုံးခင် အသက်ရှူစက်ပေါ်မှာ ၂၅ ရက် လောက် နေခဲ့ရပါတယ်။ သူက အစပိုင်းမှာ သွေးပေါင်ချိန်လည်း ကောင်း၊ အဆုတ်နဲ့ ကျောက်ကပ်တွေလည်း ကောင်းပြီး ဘာဆေးမှလည်း ပေးဖို့ မလိုလို့ ပြန်ကောင်းလာမယ်လို့ ထင်ထားခဲ့ကြတာပါ။

ဒါပေမဲ့ သူက ရောဂါအခံလည်း ရှိပြီး ဆီးချိုလည်း ရှိလို့ ကိုဗစ်ရောဂါဒဏ်ကနေ ပြန်မကောင်းနိုင်ခဲ့တော့တာလို့ မိသားစုက ပြောပါတယ်။

ဆေးရုံကနေ "မနက်ဖြန်မှာ ပိုကောင်းလာနိုင်တယ်"လို့ ပထမပိုင်းမှာ အိမ်ကို စာပို့ခဲ့ပါသေးတယ်။

ဧပြီ ၁၇ ရက်မှာတော့ "ICU ထဲသွားရတော့မယ်။ မင်းနဲ့ ကလေးတွေ အကုန်လုံးကို ချစ်တယ်" ဆိုတဲ့ စာကို သူ့ဇနီးဆီကို ပိုခဲ့ပါတယ်။

အဲဒါက သူ့မိသားစု သူ့ဆီက နောက်ဆုံးရခဲ့တဲ့ စာလေးပါ။

ဒေါက်တာသောင်းထိုက်ကွယ်လွန်ချိန်မှာ ဇနီး၊ သားသမီးလေးဦးနဲ့ မြေးသုံးဦးတို့ ကျန်ရစ်ပါတယ်။

သူ့ဆေးရုံက ပြောရေးဆိုခွင့်ရှိသူက "သူ့ကို အားလုံးက ချစ်ကြတယ်။ သူ့ကိုဆိုရင် လူနာတွေအပေါ် အမြဲ သေသေချာချာ ဂရုစိုက်သူ၊ အကောင်းမြင်စိတ်ရှိသူနဲ့ ကူညီဖို့ အဆင်သင့်ရှိနေတတ်သူလို့ သိကြပါတယ်"လို့ ပြောပါတယ်။

သူနာပြုတစ်ယောက်က "အရမ်းတော်တဲ့ ဆရာဝန်ကြီး၊ အရမ်းကြင်နာတတ်၊ ဂရုစိုက်တတ်တယ်၊ လူတိုင်းပြောတာတွေကို နားထောင်ပေးတတ်တယ်"၊ "သူ့ကို အားလုံးက အောက်မေ့လွမ်းဆွတ်နေကြမှာ"လို့ ဆိုပါတယ်။

ကမ္ဘာပတ်မယ့်သူ

ဒေါက်တာသောင်းထိုက်ဟာ ယူကေကို ရောက်တာ နှစ် ၂၀ ကျော် လောက်ရှိနေပါပြီ။ မြန်မာနိုင်ငံမှာလည်း ဆေးကုခဲ့ပါသေးတယ်။ မန္တလေး ဆေးတက္ကသိုလ် ၁၉၇၃-၈၁ ကျောင်းသား ဘဝက စာကျက်ဖို့မလိုဘဲ စာတွေရနိုင်တဲ့ သူ၊ သူ ဂုဏ်ထူးထွက်တိုင်းနဲ့ မထွက်တိုင်းမှာ ဇာတ်လမ်းတွေ ပြောစမှတ်ရှိတဲ့ အထိ ထူးချွန်သူ ဖြစ်တယ်လို့ ကျောင်းနေဘက် အပေါင်းအသင်းတစ်ဦးက လူမှုစာမျက်နှာမှာ ရေးပြီး ဂုဏ်ပြုပါတယ်။

သူ့လူနာတွေနဲ့ သူ လမ်းမှာတွေ့ရင် ဒါက ငါတို့ အချစ်ဆုံး ဆရာဝန်လို့ သူ့ကို ဝိုင်းပြီး နှုတ်ဆက်ကြတယ်လို့လည်း မိသားစုက ပြောပါတယ်။

ဒီလို လူနာတွေကြားက သူ့ကို အခုလို အချိန်မှာ အနားယူတော့ဖို့ မိသားစုက ပြောတော့ သူက သူ့မှာ အစီအစဉ်ရှိပါတယ်လို့ပဲ ပြောပြီး လက်တွေ့မှာတော့ သူ့လူနာတွေကိုထားပြီး တကယ် အနားမယူရက်ခဲ့ပါဘူး။

မိသားစုကို တွယ်တာတတ်တဲ့သူ၊ သားသမီးတွေ မြေးတွေအတွက် လိုသမျှ ဖြည့်ဆည်းပေးတတ်တဲ့သူ၊ သူ့အတွက် အနားယူတာက အလုပ်က ပြန်လာပြီးရင် တီဗီရှေ့မှာ ကားမောင်းပြိုင်ပွဲတွေ၊ ဘောလုံးပွဲတွေ ကြည့်တာပဲရှိတယ်လို့ မိသားစုက ပြောပါတယ်။ ပင်စင်ယူပြီးရင်တော့ ခရီးတွေထွက် ကမ္ဘာပတ်ပြီး အနားယူမယ်လို့ မိသားစုကို တိုင်ပင်ထားခဲ့ပါတယ်။

အခုတော့ ဥရောပမှာ ဒီကပ်ကြီးကြောင့် ပိတ်ထားတွေကို တဖြည်းဖြည်း ပြန်ဖွင့်လာနေကြပါပြီ။ သူကြိုက်တဲ့ အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးပွဲတွေလည်း ပြန်စကစားဖို့ ဆွေးနွေးပြောဆိုမှုတွေ ရှိလာနေပါပြီ။ ဒါပေမယ့် အခု ဘောလုံးရာသီ ပြန်စချိန်မှာတော့ ဆိုဖာပေါ်ကနေ တစ်ဝကြီးအားပေးနေတတ်တဲ့ အမာခံ ပရိသတ်တစ်ဦးကတော့ တီဗီရှေ့မှာ ရှိမနေနိုင်တော့ပါဘူး။

BBC Burmese
https://www.bbc.com/burmese/burma-52683169
ကိုဗစ္နဲ႔ ေႂကြလြင့္ခဲ့ရတဲ့ ယူေကက ဒုတိယေျမာက္ ျမန္မာဆရာဝန္ ကိုဗစ္နဲ႔ ေႂကြလြင့္ခဲ့ရတဲ့ ယူေကက ဒုတိယေျမာက္ ျမန္မာဆရာဝန္ Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.