ရပ္ေစာက္ ဗထူး တပ္ေျမ ဧက ၁ေသာင္း တပ္မွ ျပန္လည္ စြန႔္လႊတ္ေပး


(Zawgyi)⤵⤵⤵
သွ်မ္းျပည္ ေတာင္ပိုင္း ရပ္ေစာက္ၿမိဳ႕နယ္ ဗထူးတပ္နယ္မွ ဧက ၁ေသာင္း ကို ယေန႔ တပ္မွ ျပန္လည္ စြန႔္လႊတ္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

လြန္ခဲ့သည့္ ၁၉၆၂ ခုနစ္ တြင္ ရပ္ေစာက္ၿမိဳ႕နယ္ ဗထူးတပ္နယ္ရွိ ကန္ေတာ္မင္ဧရိယာအတြင္း ကာကြယ္ေရးဝန္ႀကီးဌာနမွ ေျမဧက ၄ ေသာင္းေက်ာ္ တပ္ေျမအျဖစ္သိမ္းဆည္းခဲ့ၿပီး၊ ထိုထဲမွ ဧက ၁ ေသာင္းေက်ာ္ ယေန႔( ေမ ၂၀) တြင္ တရားဝင္ ျပန္လည္ ေပးအပ္ခဲ့သည္။

ယေန႔ ျပန္လည္ စြန႔္လႊတ္သည့္ ေျမ ဧက ၁ ေသာင္းေက်ာ္ သည္ ေလ့က်င့္ေရးကြင္းႏွင့္ ကင္းလႊတ္သည့္ ေနရာမ်ားျဖစ္ၿပီး က်န္သည့္ ဧက ၃ ေသာင္းေက်ာ္ သည္ မီတာ ၆ ရာ စစ္ပစ္ကြင္း အပါအဝင္ ေသနတ္ပစ္ၿပိဳင္ပြဲမ်ား အျဖစ္ အသုံးျပဳေၾကာင္း ဗထူူးတပ္နယ္ ဦးစီးအရာရွိ ပထမတန္း ဒုတိယ ဗိုလ္မႉးႀကီး မင္းလတ္ က ေျပာသည္။

“က်န္တဲ့ ဧက ၃ ေသာင္းေက်ာ္က က်ေနာ္တို႔ စစ္ေရး ေလ့က်င့္ကြင္းေတြ၊ သင္တန္းေက်ာင္းေတြ၊ ေလ့က်င့္ေရးစခန္းေတြ အမ်ားႀကီးပဲ က်ည္စစ္ က်ည္မွန္ ေတြနဲ႔ ပစ္ခတ္တဲ့အတြက္ အဲ့ေၾကာင့္မလို႔ က်ေနာ္တို႔က အဲ့ေလာက္ ဧရိယာ ယူထားျခင္း ျဖစ္ပါတယ္” ဟု ဒုတိယ ဗိုလ္မႉးႀကီး မင္းလတ္ က ေျပာသည္။

စြန႔္လႊတ္ေျမ ဧကေပါင္း ၁ ေသာင္းေက်ာ္ သည္ စိုက္ပ်ိဳးေျမ အပါအဝင္ ေျမလႊတ္ ေျမလတ္ ေျမ႐ိုင္းမ်ား သစ္ေတာေျမ မ်ား စသည္တို႔ ပါဝင္ေၾကာင္း သိရသည္။

“စသိမ္း တုန္းက က်ေနာ္တို႔ သင္တန္းေတြ အမ်ားႀကီးသုံးခဲ့တယ္။ စစ္တကၠသိုလ္ဖြင့္တယ္ အရာရွိ သင္တန္းေတြဖြင့္တယ္။အေျမာက္ေတြ သံခ်ပ္ကာေတြ လုပ္တဲ့အတြက္ အဲ့ဒီဧက ၃ ေသာင္းေက်ာ္က အႀကဳံးဝင္တယ္။” ဟု ဗထူူးတပ္နယ္ ဦးစီးအရာရွိ ပထမတန္း ဒုတိယ ဗိုလ္မႉးႀကီး မင္းလတ္ က ေျပာသည္။

စိုက္ပ်ိဳးေျမသည္ ေတာင္သူေပါင္း ၁ ေထာင္ေက်ာ္ ပိုင္ဆိုင္ထားသည့္ ေျမမ်ားျဖစ္ၿပီး ၎တို႔သည္ ပါမဲ႐ြာ ၊ မားသဲ႐ြာ ၊ ေဖာင္းေတာ႐ြာ၊ မက်ီးကန္း႐ြာ၊ လြယ္ကိုး႐ြာ ၊ ေဟြး ၊ၿမိဳ႕မေက်း႐ြာ အုပ္စုမ်ားပါဝင္သည္။

လက္ရွိတြင္ သွ်မ္းျပည္ ေျမာက္ပိုင္း လားရႈိးၿမိဳ႕နယ္ နားမြန္းေက်း႐ြာ ေတာင္သူမ်ားႏွင့္ အေရွ႕ေျမာက္ တိုင္းစစ္ဌာနခ်ဳပ္ တို႔ ေျမယာ အျငင္းပြားမႈ ျဖစ္ေနေၾကာင္းသိရသည္။

လြန္ခဲ့သည့္ စစ္အစိုးရ လက္ထက္တြင္ စစ္တပ္မွ ေဒသခံျပည္သူပိုင္ေျမမ်ားစြာ သိမ္းဆည္းခဲ့ကာ ျပည္သူမ်ား လယ္ယာ စိုက္ပ်ိဳးေရး မလုပ္ကိုင္ရဘဲ စားဝတ္ေနေရး ခက္ခဲ ၾကေၾကာင္းသိရသည္။

နန္းဆိုင္ဖူး - သွ်မ္းသံေတာ္ဆင့္
-------------------------------------
(Unicode)⤵⤵⤵
ရပ်စောက် ဗထူး တပ်မြေ ဧက ၁သောင်း တပ်မှ ပြန်လည် စွန့်လွှတ်ပေး

သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် ဗထူးတပ်နယ်မှ ဧက ၁သောင်း ကို ယနေ့ တပ်မှ ပြန်လည် စွန့်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ၁၉၆၂ ခုနစ် တွင် ရပ်စောက်မြို့နယ် ဗထူးတပ်နယ်ရှိ ကန်တော်မင်ဧရိယာအတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ မြေဧက ၄ သောင်းကျော် တပ်မြေအဖြစ်သိမ်းဆည်းခဲ့ပြီး၊ ထိုထဲမှ ဧက ၁ သောင်းကျော် ယနေ့( မေ ၂၀) တွင် တရားဝင် ပြန်လည် ပေးအပ်ခဲ့သည်။

ယနေ့ ပြန်လည် စွန့်လွှတ်သည့် မြေ ဧက ၁ သောင်းကျော် သည် လေ့ကျင့်ရေးကွင်းနှင့် ကင်းလွှတ်သည့် နေရာများဖြစ်ပြီး ကျန်သည့် ဧက ၃ သောင်းကျော် သည် မီတာ ၆ ရာ စစ်ပစ်ကွင်း အပါအဝင် သေနတ်ပစ်ပြိုင်ပွဲများ အဖြစ် အသုံးပြုကြောင်း ဗထူူးတပ်နယ် ဦးစီးအရာရှိ ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး မင်းလတ် က ပြောသည်။

“ကျန်တဲ့ ဧက ၃ သောင်းကျော်က ကျနော်တို့ စစ်ရေး လေ့ကျင့်ကွင်းတွေ၊ သင်တန်းကျောင်းတွေ၊ လေ့ကျင့်ရေးစခန်းတွေ အများကြီးပဲ ကျည်စစ် ကျည်မှန် တွေနဲ့ ပစ်ခတ်တဲ့အတွက် အဲ့ကြောင့်မလို့ ကျနော်တို့က အဲ့လောက် ဧရိယာ ယူထားခြင်း ဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး မင်းလတ် က ပြောသည်။

စွန့်လွှတ်မြေ ဧကပေါင်း ၁ သောင်းကျော် သည် စိုက်ပျိုးမြေ အပါအဝင် မြေလွှတ် မြေလတ် မြေရိုင်းများ သစ်တောမြေ များ စသည်တို့ ပါဝင်ကြောင်း သိရသည်။

“စသိမ်း တုန်းက ကျနော်တို့ သင်တန်းတွေ အများကြီးသုံးခဲ့တယ်။ စစ်တက္ကသိုလ်ဖွင့်တယ် အရာရှိ သင်တန်းတွေဖွင့်တယ်။အမြောက်တွေ သံချပ်ကာတွေ လုပ်တဲ့အတွက် အဲ့ဒီဧက ၃ သောင်းကျော်က အကြုံးဝင်တယ်။” ဟု ဗထူူးတပ်နယ် ဦးစီးအရာရှိ ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး မင်းလတ် က ပြောသည်။

စိုက်ပျိုးမြေသည် တောင်သူပေါင်း ၁ ထောင်ကျော် ပိုင်ဆိုင်ထားသည့် မြေများဖြစ်ပြီး ၎င်းတို့သည် ပါမဲရွာ ၊ မားသဲရွာ ၊ ဖောင်းတောရွာ၊ မကျီးကန်းရွာ၊ လွယ်ကိုးရွာ ၊ ဟွေး ၊မြို့မကျေးရွာ အုပ်စုများပါဝင်သည်။

လက်ရှိတွင် သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နားမွန်းကျေးရွာ တောင်သူများနှင့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တို့ မြေယာ အငြင်းပွားမှု ဖြစ်နေကြောင်းသိရသည်။

လွန်ခဲ့သည့် စစ်အစိုးရ လက်ထက်တွင် စစ်တပ်မှ ဒေသခံပြည်သူပိုင်မြေများစွာ သိမ်းဆည်းခဲ့ကာ ပြည်သူများ လယ်ယာ စိုက်ပျိုးရေး မလုပ်ကိုင်ရဘဲ စားဝတ်နေရေး ခက်ခဲ ကြကြောင်းသိရသည်။

နန်းဆိုင်ဖူး - သျှမ်းသံတော်ဆင့်
https://burmese.shannews.org/archives/16705
ရပ္ေစာက္ ဗထူး တပ္ေျမ ဧက ၁ေသာင္း တပ္မွ ျပန္လည္ စြန႔္လႊတ္ေပး ရပ္ေစာက္ ဗထူး တပ္ေျမ ဧက ၁ေသာင္း တပ္မွ ျပန္လည္ စြန႔္လႊတ္ေပး Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.