ရခိုင္အမ်ိဳးသားပါတီ ဒုဥကၠ႒ နဲ႔ ေတာင္ကုတ္က စည္ပင္ဥကၠ႒တို႔ကို အၾကမ္းဖက္ဥပေဒနဲ႔ ရမန္ယူ

 ေတာင္ကုတ္ၿမိဳ႕နယ္ တရား႐ုံးမွာ ပုဒ္မ ၅၀ (က)နဲ႔ ရမန္ယူ
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္က ရခိုင္အမ်ိဳးသားပါတီ ဒုတိယဥကၠ႒ ဦးေဝေသာင္း(စာေရးဆရာ စႏၵကူးထင္ေပၚ)၊ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ ဦးေဇယ်ေက်ာ္နဲ႔ ယခင္ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ ဦးစန္းေငြတို႔သုံးဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ၿပီး ေမလ ၁၁ ရက္ မနက္ပိုင္းက ေတာင္ကုတ္ၿမိဳ႕နယ္ တရား႐ုံးမွာ ပုဒ္မ ၅၀ (က)နဲ႔ ရမန္ယူခဲ့တယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

ဖမ္းဆီးခံရသူ သုံးဦးထဲက စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ ဦးေဇယ်ေက်ာ္ကို ေမလ ၉ ရက္ေန႔ ညေန ၃ နာရီေက်ာ္ေလာက္ အခ်ိန္မွာ သူ႔ရဲ႕ေနအိမ္ကို တပ္မေတာ္စစ္ဖက္ေရးရာလုံၿခဳံေရးအဖြဲ႕ (စရဖ) အဖြဲ႕၊ သတင္းရဲတပ္ဖြဲ႕၊ နယ္ေျမရဲနဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတို႔ လာေရာက္ေခၚေဆာင္သြားခဲ့ တာျဖစ္ပါတယ္။

ဦးစန္းေငြကိုေတာ့ ေမလ ၁၀ ရက္ေန႔ ညေန ၄ နာရီေက်ာ္ေလာက္မွာ ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔လည္းသိရပါတယ္။

ရခိုင္အမ်ိဳးသားပါတီ ဒုဥကၠ႒ ဦးေဝေသာင္းကိုေတာ့ ဆားျပင္ေက်း႐ြာမွာရွိတဲ့ သူ႔ရဲ႕ေနအိမ္ကို ေမလ ၁၁ ရက္ မနက္ပိုင္းမွာ အရပ္ဝတ္နဲ႔လူႏွစ္ဦးေရာက္ရွိလာကာ ေမးျမန္းစရာေတြရွိတယ္ဆိုၿပီး ေခၚေဆာင္သြားခဲ့တာျဖစ္တယ္လို႔ မိသားစုေတြဆီကေန သိရပါတယ္။
 ရခိုင္အမ်ိဳးသားပါတီ ဒုတိယဥကၠ႒ ဦးေဝေသာင္း
ဦးေဝေသာင္းအပါအဝင္ သုံးဦးကိုဖမ္းဆီးသြားတာဟာ ဘာေၾကာင့္ဖမ္းဆီးတယ္ဆိုတာကိုမသိရွိရေပမယ့္ အင္တာနက္စာမ်က္ႏွာေတြေပၚကတစ္ဆင့္ အၾကမ္းဖက္ဥပေဒနဲ႔ ရမန္ယူလိုက္ေၾကာင္း၊ ဦးေဇယ်ေက်ာ္၊ ဦးစန္းေငြတို႔နဲ႔အတူဖမ္းဆီးခံရတာျဖစ္တယ္လို႔ သိထားရေၾကာင္း ရခိုင္အမ်ိဳးသားပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒၚေအးႏုစိန္က ေျပာပါတယ္။

သူတို႔က အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀ (က)နဲ႔ အမႈဖြင့္ရမန္ယူတာဟာလည္း ဘယ္အေၾကာင္းအရာနဲ႔ဆက္စပ္ေနတယ္ဆိုတာကို မသိရေသးေၾကာင္း ဦးေဇယ်ေက်ာ္ရဲ႕အမ်ိဳးသမီး ေဒၚဟန္စုက ေျပာပါတယ္။

"အမႈကိစၥက်ေတာ့ ဘာအမႈလဲကြၽန္မတိတိက်က်မသိပါ။ နားမလည္ပါ။ သူတို႔ကို ၅၀ (က) နဲ႔ ရမန္ယူတယ္လို႔ပဲ သိပါတယ္။ ရမန္ယူၿပီးထြက္လာတဲ့အခ်ိန္ ရဲစခန္းထဲမဝင္ခင္ေတာ့ ကြၽန္မနဲ႔ေတြ႕ခြင့္ရလိုက္ပါတယ္။ ၅၀ (က) နဲ႔ ၁၅ ရက္ ရမန္ယူတယ္။ စိတ္မပူပါနဲ႔လို႔ေျပာသြားပါတယ္။"လို႔ ဦးေဇယ်ေက်ာ္ရဲ႕အမ်ိဳးသမီး ေဒၚဟန္စုက ဘီဘီစီကို ေျပာပါတယ္။
 ရမန္ယူၿပီး ေတာင္ကုတ္ၿမိဳ႕မရဲစခန္း ကေနရာေျပာင္းေ႐ႊ႕ေခၚသြား
သူတို႔သုံးဦးစလုံးကို ေမလ ၁၁ ရက္ေန႔မနက္ပိုင္းက ေတာင္ကုတ္ၿမိဳ႕နယ္တရား႐ုံးမွာ ရမန္ယူခဲ့ၿပီး ေတာင္ကုတ္ၿမိဳ႕မရဲစခန္းမွာဆက္လက္မထားရွိေတာ့ဘဲ ေနရာေျပာင္းေ႐ႊ႕ေခၚေဆာင္သြားခဲ့တယ္လို႔ မိသားစုေတြကေျပာပါတယ္။

ဖမ္းဆီခံထားရသူသုံးဦးတို႔ကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၀ (က)နဲ႔ ခ်ဳပ္ရမန္ယူခဲ့ၿပီး ေနရာေျပာင္းေ႐ႊ႕သြားတာဟာ ဘာေၾကာင့္ေျပာင္းေ႐ႊ႕လိုက္ရေၾကာင္းနဲ႔ ဘယ္ကိစၥေတြနဲ႔ၿငိစြန္းမႈရွိေနလဲဆိုတာကို ေတာင္ကုတ္ၿမိဳ႕မရဲစခန္းမႉး ကို ဘီဘီစီက ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားခဲ့ျခင္းမရွိပါဘူး။

"ပထမအခ်က္ကေတာ့ ဖမ္းဆီးသြားၿပီဆိုတာနဲ႔ကို ဥပေဒအေထာက္အကူျပဳအဖြဲ႕က အနီးကပ္ေဆာင္႐ြက္ၾကပါလိမ့္မယ္။ ပါတီက ဦးေဝေသာင္းအပါအဝင္ ဦးစန္းေငြ ဦးေဇယ်ေက်ာ္တို႔နဲ႔ ပတ္သက္ၿပီးေတာ့ ဒီလို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားတဲ့အေပၚမွာ ဘာ ဆက္ၿပီးေဆာင္႐ြက္သင့္သလဲဆိုတာကိုေတာ့ ဖုန္းတို႔ ဗိုင္ဗာ တို႔နဲ႔ အစည္းအေဝးေတြ လုပ္ေနတာပဲရွိပါေသးတယ္။"လို႔ ေဒၚေအးႏုစိန္က ေျပာပါတယ္။

ေတာင္ကုတ္ၿမိဳ႕နယ္ဟာ ရခိုင္အမ်ိဳးသားပါတီရဲ႕ ဗဟိုဌာနခြဲ႐ုံးစိုက္ရာၿမိဳ႕ျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းကလည္း ေတာင္ကုတ္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီဝင္တခ်ိဳ႕ကို ရဲတပ္ဖြဲ႕အေယာင္ေဆာင္ၿပီး လာေရာက္ေခၚေဆာင္တာေတြျပဳလုပ္တဲ့ကိစၥမွာရခိုင္အမ်ိဳးသားပါတီ ANP ကို မဟုတ္မမွန္ေျပာဆိုတာေတြထြက္ေပၚခဲ့တဲ့အတြက္ အဲ့ဒီျဖစ္စဥ္နဲ႔ ANP ပါတီဝင္ေတြအၾကား ပတ္သက္ဆက္ႏြယ္မႈမရွိေၾကာင္း ေတာင္ကုတ္ၿမိဳ႕နယ္ ရခိုင္အမ်ိဳးသားပါတီ ANP က ေၾကညာခ်က္တစ္ေစာင္ကို ထုတ္ျပန္ခဲ့ပါတယ္။

BBC Burmese
-----------------------------------
(Unicode)⤵⤵⤵
ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ နဲ့ တောင်ကုတ်က စည်ပင်ဥက္ကဋ္ဌတို့ကို အကြမ်းဖက်ဥပဒေနဲ့ ရမန်ယူ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်း(စာရေးဆရာ စန္ဒကူးထင်ပေါ်)၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်နဲ့ ယခင် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းငွေတို့သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မေလ ၁၁ ရက် မနက်ပိုင်းက တောင်ကုတ်မြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀ (က)နဲ့ ရမန်ယူခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရသူ သုံးဦးထဲက စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်ကို မေလ ၉ ရက်နေ့ ညနေ ၃ နာရီကျော်လောက် အချိန်မှာ သူ့ရဲ့နေအိမ်ကို တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) အဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ နယ်မြေရဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ လာရောက်ခေါ်ဆောင်သွားခဲ့ တာဖြစ်ပါတယ်။

ဦးစန်းငွေကိုတော့ မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးဝေသောင်းကိုတော့ ဆားပြင်ကျေးရွာမှာရှိတဲ့ သူ့ရဲ့နေအိမ်ကို မေလ ၁၁ ရက် မနက်ပိုင်းမှာ အရပ်ဝတ်နဲ့လူနှစ်ဦးရောက်ရှိလာကာ မေးမြန်းစရာတွေရှိတယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ မိသားစုတွေဆီကနေ သိရပါတယ်။

ဦးဝေသောင်းအပါအဝင် သုံးဦးကိုဖမ်းဆီးသွားတာဟာ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကိုမသိရှိရပေမယ့် အင်တာနက်စာမျက်နှာတွေပေါ်ကတစ်ဆင့် အကြမ်းဖက်ဥပဒေနဲ့ ရမန်ယူလိုက်ကြောင်း၊ ဦးဇေယျကျော်၊ ဦးစန်းငွေတို့နဲ့အတူဖမ်းဆီးခံရတာဖြစ်တယ်လို့ သိထားရကြောင်း ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောပါတယ်။

သူတို့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)နဲ့ အမှုဖွင့်ရမန်ယူတာဟာလည်း ဘယ်အကြောင်းအရာနဲ့ဆက်စပ်နေတယ်ဆိုတာကို မသိရသေးကြောင်း ဦးဇေယျကျော်ရဲ့အမျိုးသမီး ဒေါ်ဟန်စုက ပြောပါတယ်။

"အမှုကိစ္စကျတော့ ဘာအမှုလဲကျွန်မတိတိကျကျမသိပါ။ နားမလည်ပါ။ သူတို့ကို ၅၀ (က) နဲ့ ရမန်ယူတယ်လို့ပဲ သိပါတယ်။ ရမန်ယူပြီးထွက်လာတဲ့အချိန် ရဲစခန်းထဲမဝင်ခင်တော့ ကျွန်မနဲ့တွေ့ခွင့်ရလိုက်ပါတယ်။ ၅၀ (က) နဲ့ ၁၅ ရက် ရမန်ယူတယ်။ စိတ်မပူပါနဲ့လို့ပြောသွားပါတယ်။"လို့ ဦးဇေယျကျော်ရဲ့အမျိုးသမီး ဒေါ်ဟန်စုက ဘီဘီစီကို ပြောပါတယ်။

သူတို့သုံးဦးစလုံးကို မေလ ၁၁ ရက်နေ့မနက်ပိုင်းက တောင်ကုတ်မြို့နယ်တရားရုံးမှာ ရမန်ယူခဲ့ပြီး တောင်ကုတ်မြို့မရဲစခန်းမှာဆက်လက်မထားရှိတော့ဘဲ နေရာပြောင်းရွှေ့ခေါ်ဆောင်သွားခဲ့တယ်လို့ မိသားစုတွေကပြောပါတယ်။

ဖမ်းဆီခံထားရသူသုံးဦးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)နဲ့ ချုပ်ရမန်ယူခဲ့ပြီး နေရာပြောင်းရွှေ့သွားတာဟာ ဘာကြောင့်ပြောင်းရွှေ့လိုက်ရကြောင်းနဲ့ ဘယ်ကိစ္စတွေနဲ့ငြိစွန်းမှုရှိနေလဲဆိုတာကို တောင်ကုတ်မြို့မရဲစခန်းမှူး ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။

"ပထမအချက်ကတော့ ဖမ်းဆီးသွားပြီဆိုတာနဲ့ကို ဥပဒေအထောက်အကူပြုအဖွဲ့က အနီးကပ်ဆောင်ရွက်ကြပါလိမ့်မယ်။ ပါတီက ဦးဝေသောင်းအပါအဝင် ဦးစန်းငွေ ဦးဇေယျကျော်တို့နဲ့ ပတ်သက်ပြီးတော့ ဒီလို ဖမ်းဆီးချုပ်နှောင်ထားတဲ့အပေါ်မှာ ဘာ ဆက်ပြီးဆောင်ရွက်သင့်သလဲဆိုတာကိုတော့ ဖုန်းတို့ ဗိုင်ဗာ တို့နဲ့ အစည်းအဝေးတွေ လုပ်နေတာပဲရှိပါသေးတယ်။"လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

တောင်ကုတ်မြို့နယ်ဟာ ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုဌာနခွဲရုံးစိုက်ရာမြို့ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်တချို့ကို ရဲတပ်ဖွဲ့အယောင်ဆောင်ပြီး လာရောက်ခေါ်ဆောင်တာတွေပြုလုပ်တဲ့ကိစ္စမှာရခိုင်အမျိုးသားပါတီ ANP ကို မဟုတ်မမှန်ပြောဆိုတာတွေထွက်ပေါ်ခဲ့တဲ့အတွက် အဲ့ဒီဖြစ်စဉ်နဲ့ ANP ပါတီဝင်တွေအကြား ပတ်သက်ဆက်နွယ်မှုမရှိကြောင်း တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP က ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52616913
ရခိုင္အမ်ိဳးသားပါတီ ဒုဥကၠ႒ နဲ႔ ေတာင္ကုတ္က စည္ပင္ဥကၠ႒တို႔ကို အၾကမ္းဖက္ဥပေဒနဲ႔ ရမန္ယူ ရခိုင္အမ်ိဳးသားပါတီ ဒုဥကၠ႒ နဲ႔ ေတာင္ကုတ္က စည္ပင္ဥကၠ႒တို႔ကို အၾကမ္းဖက္ဥပေဒနဲ႔ ရမန္ယူ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.