ကော့စ်ဘဇားဒုက္ခသည်စခန်းတွင် နောက်ထပ် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ၈ ဦ းထပ်မံတွေ့ရှိ


(Unicode)⤵⤵⤵
နိရဥ္စရာ၊ မေ ၂၃ / ၂ဝ၂ဝ

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်ရှိ မြန်မာနိုင်ငံမှ ထွက်ပြေးခိုလှုံလာကြသည့် မူဆလင် ဒုက္ခသည် စခန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၈ ဦး ထပ်မံ တွေ့ရှိခဲ့သည်ဟု The Independent တွင် ယနေ့ သတင်းရေးသားဖော်ပြသည်။

သောကြာနေ့ တစ်နေ့တည်း စစ်ဆေးမှုတွင် ထိုသို့ ဒုက္ခသည် ၈ ဦးတွင် ကိုရိုနာပိုးထပ်မံတွေ့ရှိခဲ့ရသည်ဟု စခန်းထဲရှိ ဒုက္ခသည် ကူညီထောက်ပံ့ရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ညှိနိုင်းရေးမှူး Dr Abu Toha က ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

လက်ရှိ မေလ ၂၃ ရက်နေ့ နံနက်ထိ ဒုက္ခသည်စခန်းတွင် ကိုရိုနာ ရောဂါ ကူးစက်ခံထားရသူ ၂၁ ဦးရှိကြောင်း၊ ၎င်းတို့အားလုံးကို စခန်းထဲရှိ သီးသန့်စင်တာတွင်ထားရှိပြီး ဆေးဝါးကုသပေးနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ မောင်တောမြို့နယ်နှင့် ကပ်ရပ်တည်ရှိသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကောစ်ဘဇားခရိုင်တွင် သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိခဲ့သူ ၃၆ ဦးရှိခဲ့ပြီး ယင်းအထဲမှ ၈ ဦးမှာ ဒုက္ခသည်စခန်းမှ ဖြစ်သည်ဟု ဆိုသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကောစ်ဘဇားခရိုင်တစ်ခုတည်း အတွင်း သောကြာနေ့ထိ ရောဂါကူးစက်ခံထားရသူ ၃ဝ၄ ဦးရှိသွားပြီဟု သိရသည်။

ဘင်္ဂလာဒေ့ရှ် တစ်နိုင်ငံလုံးတွင်သေဆုံးသူ ၄၃၂ ဦး ရောဂါကူးစက်ခံရသူ ၃ဝ၂ဝ၅ ဦးရှိသွားပြီဟု သတင်းတွင် ဖော်ပြထားသည်။

Narinjara
---------------------------------------------
(Zawgyi)⤵⤵⤵
ေကာ့စ္ဘဇားဒုကၡသည္စခန္းတြင္ ေနာက္ထပ္ ကိုရိုနာဗိုင္းရပ္စ္ပိုးရွိသူ ၈ ဦ းထပ္မံေတြ႕ရွိ

နိရဥၥရာ၊ ေမ ၂၃ / ၂ဝ၂ဝ

ဘဂၤလာေဒ့ရွ္နိုင္ငံ၊ ေကာ့စ္ဘဇားခရိုင္ရွိ ျမန္မာနိုင္ငံမွ ထြက္ေျပးခိုလႈံလာၾကသည့္ မူဆလင္ ဒုကၡသည္ စခန္းတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ေနာက္ထပ္ ၈ ဦး ထပ္မံ ေတြ႕ရွိခဲ့သည္ဟု The Independent တြင္ ယေန႔ သတင္းေရးသားေဖာ္ျပသည္။

ေသာၾကာေန႔ တစ္ေန႔တည္း စစ္ေဆးမႈတြင္ ထိုသို႔ ဒုကၡသည္ ၈ ဦးတြင္ ကိုရိုနာပိုးထပ္မံေတြ႕ရွိခဲ့ရသည္ဟု စခန္းထဲရွိ ဒုကၡသည္ ကူညီေထာက္ပံ့ေရးႏွင့္ ေနရပ္ျပန္လည္ပို႔ေဆာင္ေရး ညႇိနိုင္းေရးမႉး Dr Abu Toha က ေျပာေၾကာင္း သတင္းတြင္ ေဖာ္ျပထားသည္။

လက္ရွိ ေမလ ၂၃ ရက္ေန႔ နံနက္ထိ ဒုကၡသည္စခန္းတြင္ ကိုရိုနာ ေရာဂါ ကူးစက္ခံထားရသူ ၂၁ ဦးရွိေၾကာင္း၊ ၎တို႔အားလုံးကို စခန္းထဲရွိ သီးသန္႔စင္တာတြင္ထားရွိၿပီး ေဆးဝါးကုသေပးေနေၾကာင္း သတင္းတြင္ ေဖာ္ျပထားသည္။

ျမန္မာနိုင္ငံ ေမာင္ေတာၿမိဳ႕နယ္ႏွင့္ ကပ္ရပ္တည္ရွိသည့္ ဘဂၤလာေဒ့ရွ္နိုင္ငံ ေကာစ္ဘဇားခရိုင္တြင္ ေသာၾကာေန႔က ကိုရိုနာဗိုင္းရပ္စ္ ေရာဂါပိုးေတြ႕ရွိခဲ့သူ ၃၆ ဦးရွိခဲ့ၿပီး ယင္းအထဲမွ ၈ ဦးမွာ ဒုကၡသည္စခန္းမွ ျဖစ္သည္ဟု ဆိုသည္။

ဘဂၤလာေဒ့ရွ္နိုင္ငံ ေကာစ္ဘဇားခရိုင္တစ္ခုတည္း အတြင္း ေသာၾကာေန႔ထိ ေရာဂါကူးစက္ခံထားရသူ ၃ဝ၄ ဦးရွိသြားၿပီဟု သိရသည္။

ဘဂၤလာေဒ့ရွ္ တစ္နိုင္ငံလုံးတြင္ေသဆုံးသူ ၄၃၂ ဦး ေရာဂါကူးစက္ခံရသူ ၃ဝ၂ဝ၅ ဦးရွိသြားၿပီဟု သတင္းတြင္ ေဖာ္ျပထားသည္။

Narinjara
https://burmese.narinjara.com/international/detail/5ec8c8b8347ce06a3e751128
ကော့စ်ဘဇားဒုက္ခသည်စခန်းတွင် နောက်ထပ် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ၈ ဦ းထပ်မံတွေ့ရှိ ကော့စ်ဘဇားဒုက္ခသည်စခန်းတွင် နောက်ထပ် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ၈ ဦ းထပ်မံတွေ့ရှိ Reviewed by THITHTOOLWIN on 06:11 Rating: 5
Powered by Blogger.