ထိုင္းနဲ႔ မေလးရွားျပန္ ေျခာက္ရာနီးပါးကို သီးျခား ၂၁ ရက္ထားမည္

ဒုတိယအသုတ္အျဖစ္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေခၚေဆာင္ခဲ့ေသာ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ား။ Photo: MOFA
(Zawgyi)⤵⤵⤵
 ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ႏိုင္ငံတကာေလေၾကာင္းလိုင္းေတြ ပုံမွန္မေျပးဆြဲႏိုင္ဘဲ ယာယီရပ္ဆိုင္းထားတဲ့အတြက္ ထိုင္းႏိုင္ငံကေန ျပန္ဖို႔ခက္ေနတဲ့ ျမန္မာႏိုင္ငံသား ၆၇ ေယာက္ကို ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (Myanmar National Airlines -MNA) ကယ္ဆယ္ေရးေလယာဥ္နဲ႔ ဒုတိယအသုတ္အျဖစ္ ျပန္ေခၚခဲ့ၿပီး မေန႔က ေမလ ၁၂ ရက္ညေနမွာ ရန္ကုန္ေလဆိပ္ကို ေရာက္လာၾကတယ္လို႔ ျမန္မာႏိုင္ငံ - ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ပထမအသုတ္ကို ေမလ ၆ ရက္ေန႔က ျပန္ေခၚလာၿပီး ၁၃၅ ေယာက္ ပါလာတယ္လို႔ ဆိုပါတယ္။  ဒီအေတာအတြင္းမွာပဲ မေလးရွားႏိုင္ငံမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေထာင္ခ်ခံရၿပီး ျပစ္ဒဏ္ေစ့သြားတဲ့ ျမန္မာႏိုင္ငံသား ၃၉၁ ေယာက္ကို မေလးရွားအစိုးရရဲ႕အစီအစဥ္နဲ႔ Malaysia Airlines စင္းလုံးငွားအထူးေလယာဥ္ ၂ စီးနဲ႔ ေမလ ၁၁ ရက္ေန႔မွာျပန္ပို႔လိုက္တဲ့အတြက္ ရန္ကုန္အျပည္ျပည္ ဆိုင္ရာေလဆိပ္မွာ အစိုးရတာဝန္ရွိသူေတြက လႊဲေျပာင္းလက္ခံခဲ့ပါတယ္။

ထိုင္းနဲ႔မေလးရွားကျပန္ေရာက္လာတဲ့ အဲဒီလူေပါင္း ေျခာက္ရာနီးပါးကို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတာရွိ-မရွိေစာင့္ၾကည့္မယ့္ Quarnatine ၂၁ ရက္ ထားမယ့္အစီအစဥ္ကို သက္ဆိုင္ရာ တိုင္းနဲ႔ျပည္နယ္ အစိုးရအဖြဲ႕ေတြက တာဝန္ယူေဆာင္႐ြက္ေပးေနတယ္လို႔ သိရပါတယ္။

RFA Burmese
-------------------------------
(Unicode)⤵⤵⤵
ထိုင်းနဲ့ မလေးရှားပြန် ခြောက်ရာနီးပါးကို သီးခြား ၂၁ ရက်ထားမည်

 ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ပုံမှန်မပြေးဆွဲနိုင်ဘဲ ယာယီရပ်ဆိုင်းထားတဲ့အတွက် ထိုင်းနိုင်ငံကနေ ပြန်ဖို့ခက်နေတဲ့ မြန်မာနိုင်ငံသား ၆၇ ယောက်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines -MNA) ကယ်ဆယ်ရေးလေယာဉ်နဲ့ ဒုတိယအသုတ်အဖြစ် ပြန်ခေါ်ခဲ့ပြီး မနေ့က မေလ ၁၂ ရက်ညနေမှာ ရန်ကုန်လေဆိပ်ကို ရောက်လာကြတယ်လို့ မြန်မာနိုင်ငံ - နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပထမအသုတ်ကို မေလ ၆ ရက်နေ့က ပြန်ခေါ်လာပြီး ၁၃၅ ယောက် ပါလာတယ်လို့ ဆိုပါတယ်။  ဒီအတောအတွင်းမှာပဲ မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ထောင်ချခံရပြီး ပြစ်ဒဏ်စေ့သွားတဲ့ မြန်မာနိုင်ငံသား ၃၉၁ ယောက်ကို မလေးရှားအစိုးရရဲ့အစီအစဉ်နဲ့ Malaysia Airlines စင်းလုံးငှားအထူးလေယာဉ် ၂ စီးနဲ့ မေလ ၁၁ ရက်နေ့မှာပြန်ပို့လိုက်တဲ့အတွက် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ အစိုးရတာဝန်ရှိသူတွေက လွှဲပြောင်းလက်ခံခဲ့ပါတယ်။

ထိုင်းနဲ့မလေးရှားကပြန်ရောက်လာတဲ့ အဲဒီလူပေါင်း ခြောက်ရာနီးပါးကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာရှိ-မရှိစောင့်ကြည့်မယ့် Quarnatine ၂၁ ရက် ထားမယ့်အစီအစဉ်ကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေက တာဝန်ယူဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ထိုင္းနဲ႔ မေလးရွားျပန္ ေျခာက္ရာနီးပါးကို သီးျခား ၂၁ ရက္ထားမည္ ထိုင္းနဲ႔ မေလးရွားျပန္ ေျခာက္ရာနီးပါးကို သီးျခား ၂၁ ရက္ထားမည္ Reviewed by THITHTOOLWIN on 05:55 Rating: 5
Powered by Blogger.