အိႏိၵယမွာ ကိုယ့္ဆႏၵအရ စစ္မႈထမ္းခြင့္ ရလာေတာ့မလား

အိႏၵိယႏုိင္ငံ Srinagar ၿမိဳ႕မွာ လံုျခံဳေရးယူေနတဲ့ စစ္သားတဦး (ေမ ၀၃၊ ၂၀၂၀)
(Zawgyi/Unicode)

အိႏၵိယႏုိင္ငံမွာ အရပ္သားေတြကို ကိုယ့္သေဘာဆႏၵနဲ႔ကိုယ္ ၃ ႏွစ္ၾကာ စစ္မႈထမ္းခြင့္ေပးမယ့္ အဆုိတရပ္ကို ကမ္းလွမ္းဖို႔ အိႏၵိယစစ္တပ္က စဥ္းစားေနတယ္လို႔ Press Trust of India သတင္းဌာနက ေဖာ္ျပလိုက္ပါတယ္။

အိႏၵိယႏုိင္ငံမွာ အလုပ္လက္မဲ့ ျပႆနာကို အေျဖရွာတဲ့အေနနဲ႔ေရာ၊ အျမဲတမ္းစစ္မႈထမ္းတာကေန ယာယီစစ္မႈထမ္းတဲ့ အေတြ႔အၾကံဳကို ေျပာင္းဖို႔အတြက္ အခုလိုအဆုိျပဳဖို႔ စဥ္းစားေနတာျဖစ္ပါတယ္။
India ၀န္ႀကီးခ်ဳပ္ နရင္ဒရာ မိုဒီ
ဒါ့အျပင္ အိႏၵိယျပည္ထဲေရး၀န္ႀကီးဌာနကလည္း ျပည္တြင္းထုတ္ ကုန္ပစၥည္းေတြကို အားေပးတဲ့အေနနဲ႔ အိႏၵိယဗဟိုရဲဌာနအားလုံးမွာ ရွိတဲ့ စားေသာက္ဆုိင္ေတြမွာ ျပည္တြင္းမွာလုပ္တဲ့ ကုန္ပစၥည္းေတြကိုပဲ ေရာင္းခ်ဖို႔ ေျပာလိုက္ပါတယ္။

ကိုယ့္ျပည္တြင္းကို အားကိုးဖို႔ဆိုတဲ့ ၀န္ႀကီးခ်ဳပ္ နရင္ဒရာ မိုဒီရဲ႕ အစီအစဥ္အရ အဲဒီလိုလုပ္ေဆာင္လိုက္တာပါ။

ဒါ့အျပင္ အိႏၵိယႏုိင္ငံသားေတြအေနနဲ႔လည္း ျပည္တြင္းျဖစ္ကို အားေပးၾကဖို႔ ျပည္ထဲေရး၀န္ႀကီးဌာနက ပန္ၾကားထားပါတယ္။

အိႏၵိယႏုိင္ငံမွာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရသူ ၇၈,၀၀၀ ေက်ာ္ရွိပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------
[Unicode Version]

အိန္ဒိယမှာ ကိုယ့်ဆန္ဒအရ စစ်မှုထမ်းခွင့် ရလာတော့မလား

အိန္ဒိယနိုင်ငံမှာ အရပ်သားတွေကို ကိုယ့်သဘောဆန္ဒနဲ့ကိုယ် ၃ နှစ်ကြာ စစ်မှုထမ်းခွင့်ပေးမယ့် အဆိုတရပ်ကို ကမ်းလှမ်းဖို့ အိန္ဒိယစစ်တပ်က စဉ်းစားနေတယ်လို့ Press Trust of India သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

အိန္ဒိယနိုင်ငံမှာ အလုပ်လက်မဲ့ ပြဿနာကို အဖြေရှာတဲ့အနေနဲ့ရော၊ အမြဲတမ်းစစ်မှုထမ်းတာကနေ ယာယီစစ်မှုထမ်းတဲ့ အတွေ့အကြုံကို ပြောင်းဖို့အတွက် အခုလိုအဆိုပြုဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

ဒါ့အပြင် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနကလည်း ပြည်တွင်းထုတ် ကုန်ပစ္စည်းတွေကို အားပေးတဲ့အနေနဲ့ အိန္ဒိယဗဟိုရဲဌာနအားလုံးမှာ ရှိတဲ့ စားသောက်ဆိုင်တွေမှာ ပြည်တွင်းမှာလုပ်တဲ့ ကုန်ပစ္စည်းတွေကိုပဲ ရောင်းချဖို့ ပြောလိုက်ပါတယ်။

ကိုယ့်ပြည်တွင်းကို အားကိုးဖို့ဆိုတဲ့ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီရဲ့ အစီအစဉ်အရ အဲဒီလိုလုပ်ဆောင်လိုက်တာပါ။

ဒါ့အပြင် အိန္ဒိယနိုင်ငံသားတွေအနေနဲ့လည်း ပြည်တွင်းဖြစ်ကို အားပေးကြဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ပန်ကြားထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၈,၀၀၀ ကျော်ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/india-military/5419437.html
အိႏိၵယမွာ ကိုယ့္ဆႏၵအရ စစ္မႈထမ္းခြင့္ ရလာေတာ့မလား အိႏိၵယမွာ ကိုယ့္ဆႏၵအရ စစ္မႈထမ္းခြင့္ ရလာေတာ့မလား Reviewed by THITHTOOLWIN on 19:02 Rating: 5
Powered by Blogger.