အသြားအလာျပန္မ်ားလာလို႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ားလာမွာစိုးရိမ္

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရ အခုရက္ပိုင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြ႕ရွိမႈ က်ဆင္းသြားသလို ရန္ကုန္ၿမိဳ႕လမ္းမေတြမွာ လူေတြ အသြားအလာ ျပန္လည္ရွိလာေနပါတယ္။ ေရာဂါကူးစက္ မႈကို ဟန႔္တားႏိုင္တဲ့ အေျခအေနမ်ိဳး မဟုတ္ေသးတဲ့အခ်ိန္မွာ လူသြားလူလာ ျပန္မ်ားလာတာေၾကာင့္ ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈမ်ားျပားသြားမွာကို စိုးရိမ္သူေတြလည္း ရွိပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီ ၃၀ ရက္ေန႔က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေတြ႕ရွိမႈ တစ္ဦးမွမရွိခဲ့ဘဲ ေမလ ၁ ရက္ေန႔မွာ တစ္ဦး ေတြ႕ရွိခဲ့ကာ ေမ ၂ ရက္ေန႔နဲ႔ ၃ ရက္ေန႔ မနက္ ၇ နာရီအခ်ိန္ထိ ပိုးေတြ႕ရွိသူအသစ္ မရွိခဲ့ပါဘူး။ ေမ ၃ ရက္ေန႔ ည ၈ နာရီသတင္းမွာေတာ့ ပိုးေတြ႕ရွိသူ ေလးဦးရွိခဲ့ပါတယ္။

ဒီလိုပိုးေတြ႕ရွိသူနည္းသြားတာဟာ သၾကၤန္ကာလ အိမ္ျပင္မထြက္ဖို႔ ထိန္းခ်ဳပ္လိုက္တာရဲ႕ရလဒ္လို႔ ျမန္မာႏိုင္ငံ ဆရာဝန္မ်ားအသင္း အေထြေထြေရာဂါကုဆရာဝန္အဖြဲ႕ ဒုဥကၠ႒  ေဒါက္တာ ဝင္းလြင္သိန္း က ဆိုပါတယ္။

"ျပန္ၾကည့္မယ္ဆိုရင္ အခုျဖစ္ေနတာရဲ႕ ေနာက္ ၁၄ ရက္ေလာက္ဆုတ္လိုက္ရင္ သၾကၤန္ကာလ အလုပ္ေတြ ပိတ္ထားတယ္၊ ၁၀ ရက္ေန႔ကေန ၁၉ ရက္ေန႔အထိေပါ့ လူေတြအိမ္မွာေနၾကတယ္၊ ေနာက္လဆန္းပိုင္း ေလာက္ကစၿပီး လူေတြ ႏွာေခါင္းစည္းတပ္လာၾကတယ္၊ ၉၀ ရာခိုင္ႏႈန္းေက်ာ္ေလာက္ တပ္လာၾကတယ္၊ အဲဒါေတြရဲ႕ ရလဒ္ေတြေပါ့။"

ေရာဂါပိုးေတြ႕ရွိသူ နည္းပါးလာတာနဲ႔အမွ် လူေတြဟာ စိုးရိမ္စိတ္ ေလ်ာ့နည္းသြားၿပီး လမ္းမေတြေပၚမွာ ျပန္လည္လႈပ္ရွာသြားလာေနၾကပါတယ္။

ေရာဂါပိုးကို ထိန္းခ်ဳပ္ႏိုင္သြားတာမ်ိဳး မဟုတ္တဲ့အတြက္ လူေတြျပန္လည္သြားလာေနတာကို စိုးရိမ္မိတယ္လို႔ အင္းစိန္ၿမိဳ႕နယ္မွာေနထိုင္တဲ့ ကိုခန႔္ထက္ေအာင္က ေျပာပါတယ္။

"ေနာက္ဆုံးေတြ႕တဲ့တစ္ေယာက္ဆို ဘယ္မွမသြားထားဘူး ေရာဂါပိုးေတြ႕တဲ့သူနဲ႔ ထိေတြ႕မႈမရွိဘူး အဲလိုလူက ကူးစက္တယ္ဆိုေတာ့ လူေတြၾကားထဲမွာ အမ်ားႀကီးျပန႔္ေနၿပီ အဲလိုျပန႔္ေနခ်ိန္မွာ လူေတြက ဂ႐ုစိုက္မႈေလွ်ာ့ သြားတာ ေၾကာက္ဖို႔ေကာင္းတယ္ အိမ္မွာပဲဆက္ရွိေနသင့္တယ္ အစိုးရက ဘာမွမျဖစ္ေတာ့ဘူးလို႔ မေၾက ညာမခ်င္း"

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ားတဲ့ႏိုင္ငံေတြရဲ႕ အေတြ႕အႀကဳံအရ ေရာဂါပိုးကူးစက္ခံရသူအမ်ားစုဟာ လူေကာင္း အတိုင္းရွိေနၾကၿပီး လႈပ္ရွားသြားလာ မျပတ္ေနႏိုင္တာေၾကာင့္ သူတို႔ကတဆင့္ ကူးစက္ခံရသူေတြ အမ်ားအျပား ရွိေနခဲ့တာကို ေတြ႕ရပါတယ္။

ဗိုင္းရပ္စ္ကူးစက္ခံရၿပီးေနာက္ ၁၄ အတြင္း ေရာဂါလကၡဏာမျပပဲ လူေကာင္းအတိုင္း ရွိေနႏိုင္တာေၾကာင့္ ေရာဂါကင္းစင္ၿပီလို႔ အစိုးရက မေၾကညာမခ်င္း ျပည္သူေတြအေနနဲ႔ ေပါ့ေပါ့ဆဆမေနဖို႔ကိုလည္း က်န္းမာေရး ဝန္ထမ္းေတြက သတိေပးေနၾကပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း ျမန္မာႏိုင္ငံမွာေတြ႕ရွိတဲ့ လူနာအမ်ားစုဟာ ျပည္ပႏိုင္ငံေတြက ျပန္လာ သူေတြဆီကေန ကူးစက္ခံရတာကို ေတြ႕ရပါတယ္။ အဲဒီေနာက္ ျပည္ပေရာက္ႏိုင္ငံသားေတြေရာ ျမန္မာႏိုင္ငံ လာေရာက္မယ့္ ႏိုင္ငံျခားသားဧည့္သည္ေတြကိုပါ အစိုးရက ျပည္ဝင္ခြင့္ပိတ္ခဲ့ပါတယ္။

ဒါေပမဲ့ အခုေမလဆန္းကစၿပီး ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြထဲက ေနရပ္ျပန္လာမယ့္သူေတြကို ျပန္လည္လက္ခံၿပီ ၂၁ ရက္ၾကာ ေစာင့္ၾကည့္သြားမွာ ျဖစ္ပါတယ္။

ဒီလိုအေျခအေနေတြမွာ ျပည္သူေတြအေနနဲ႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္အတိုင္း လိုက္နာေစ လိုတယ္လို႔ အင္းစိန္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးက  ေျပာပါတယ္။

"လူေတြက အိမ္ထဲမွာ ေနတာၾကာေတာ့ ထြက္ခ်င္လာတာထင္ပါတယ္။ နဲနဲေလးလဲေပါ့လာတယ္ ခပ္ေပါ့ေပါ့ ေတြးလာတယ္။ ကြၽန္ေတာ္တို႔ကေတာ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္အတိုင္း ေနေစခ်င္တယ္။ ဒီေရာဂါက အခုမွစျဖစ္တာ ႏိုင္ငံတိုင္းမွာျဖစ္ေနေတာ့ ဒီေနရာဂါနဲ႔ပတ္သက္ၿပီး  ေဆးမရွိေသးဘူး ကိုယ့္ေရွ႕က ျဖစ္တဲ့တိုင္းျပည္ေတြကို ေလ့လာရတာေပါ့ ကြၽန္ေတာ္တို႔ကေတာ့ စိတ္ပူတယ္ အျပင္မထြက္ေစခ်င္ေသးဘူး။"

လူစုလူေဝးကိုေရွာင္ဖို႔၊ မလိုအပ္ပဲ အျပင္မထြက္ၾကဖို႔၊ အျပင္ထြက္ရင္ ႏွာေခါင္းစည္းကို မျဖစ္မေနတပ္ၾကဖို႔နဲ႔ လက္ကို မၾကာခဏေဆးၾကဖို႔ကိုလည္း က်န္းမာေရးဝန္ႀကီးဌာနက တိုက္တြန္းေနပါတယ္။

ေဝယံမိုးျမင့္ / RFA Burmese
-------------------------------------

(Unicode)⤵⤵⤵
အသွားအလာပြန်များလာလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများလာမှာစိုးရိမ်

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ အခုရက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိမှု ကျဆင်းသွားသလို ရန်ကုန်မြို့လမ်းမတွေမှာ လူတွေ အသွားအလာ ပြန်လည်ရှိလာနေပါတယ်။ ရောဂါကူးစက် မှုကို ဟန့်တားနိုင်တဲ့ အခြေအနေမျိုး မဟုတ်သေးတဲ့အချိန်မှာ လူသွားလူလာ ပြန်များလာတာကြောင့် ရောဂါ ကူးစက်ပျံ့နှံ့မှုများပြားသွားမှာကို စိုးရိမ်သူတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့ရှိမှု တစ်ဦးမှမရှိခဲ့ဘဲ မေလ ၁ ရက်နေ့မှာ တစ်ဦး တွေ့ရှိခဲ့ကာ မေ ၂ ရက်နေ့နဲ့ ၃ ရက်နေ့ မနက် ၇ နာရီအချိန်ထိ ပိုးတွေ့ရှိသူအသစ် မရှိခဲ့ပါဘူး။ မေ ၃ ရက်နေ့ ည ၈ နာရီသတင်းမှာတော့ ပိုးတွေ့ရှိသူ လေးဦးရှိခဲ့ပါတယ်။

ဒီလိုပိုးတွေ့ရှိသူနည်းသွားတာဟာ သင်္ကြန်ကာလ အိမ်ပြင်မထွက်ဖို့ ထိန်းချုပ်လိုက်တာရဲ့ရလဒ်လို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်း အထွေထွေရောဂါကုဆရာဝန်အဖွဲ့ ဒုဥက္ကဋ္ဌ  ဒေါက်တာ ဝင်းလွင်သိန်း က ဆိုပါတယ်။

"ပြန်ကြည့်မယ်ဆိုရင် အခုဖြစ်နေတာရဲ့ နောက် ၁၄ ရက်လောက်ဆုတ်လိုက်ရင် သင်္ကြန်ကာလ အလုပ်တွေ ပိတ်ထားတယ်၊ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိပေါ့ လူတွေအိမ်မှာနေကြတယ်၊ နောက်လဆန်းပိုင်း လောက်ကစပြီး လူတွေ နှာခေါင်းစည်းတပ်လာကြတယ်၊ ၉၀ ရာခိုင်နှုန်းကျော်လောက် တပ်လာကြတယ်၊ အဲဒါတွေရဲ့ ရလဒ်တွေပေါ့။"

ရောဂါပိုးတွေ့ရှိသူ နည်းပါးလာတာနဲ့အမျှ လူတွေဟာ စိုးရိမ်စိတ် လျော့နည်းသွားပြီး လမ်းမတွေပေါ်မှာ ပြန်လည်လှုပ်ရှာသွားလာနေကြပါတယ်။

ရောဂါပိုးကို ထိန်းချုပ်နိုင်သွားတာမျိုး မဟုတ်တဲ့အတွက် လူတွေပြန်လည်သွားလာနေတာကို စိုးရိမ်မိတယ်လို့ အင်းစိန်မြို့နယ်မှာနေထိုင်တဲ့ ကိုခန့်ထက်အောင်က ပြောပါတယ်။

"နောက်ဆုံးတွေ့တဲ့တစ်ယောက်ဆို ဘယ်မှမသွားထားဘူး ရောဂါပိုးတွေ့တဲ့သူနဲ့ ထိတွေ့မှုမရှိဘူး အဲလိုလူက ကူးစက်တယ်ဆိုတော့ လူတွေကြားထဲမှာ အများကြီးပြန့်နေပြီ အဲလိုပြန့်နေချိန်မှာ လူတွေက ဂရုစိုက်မှုလျှော့ သွားတာ ကြောက်ဖို့ကောင်းတယ် အိမ်မှာပဲဆက်ရှိနေသင့်တယ် အစိုးရက ဘာမှမဖြစ်တော့ဘူးလို့ မကြေ ညာမချင်း"

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများတဲ့နိုင်ငံတွေရဲ့ အတွေ့အကြုံအရ ရောဂါပိုးကူးစက်ခံရသူအများစုဟာ လူကောင်း အတိုင်းရှိနေကြပြီး လှုပ်ရှားသွားလာ မပြတ်နေနိုင်တာကြောင့် သူတို့ကတဆင့် ကူးစက်ခံရသူတွေ အများအပြား ရှိနေခဲ့တာကို တွေ့ရပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ၁၄ အတွင်း ရောဂါလက္ခဏာမပြပဲ လူကောင်းအတိုင်း ရှိနေနိုင်တာကြောင့် ရောဂါကင်းစင်ပြီလို့ အစိုးရက မကြေညာမချင်း ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆမနေဖို့ကိုလည်း ကျန်းမာရေး ဝန်ထမ်းတွေက သတိပေးနေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း မြန်မာနိုင်ငံမှာတွေ့ရှိတဲ့ လူနာအများစုဟာ ပြည်ပနိုင်ငံတွေက ပြန်လာ သူတွေဆီကနေ ကူးစက်ခံရတာကို တွေ့ရပါတယ်။ အဲဒီနောက် ပြည်ပရောက်နိုင်ငံသားတွေရော မြန်မာနိုင်ငံ လာရောက်မယ့် နိုင်ငံခြားသားဧည့်သည်တွေကိုပါ အစိုးရက ပြည်ဝင်ခွင့်ပိတ်ခဲ့ပါတယ်။

ဒါပေမဲ့ အခုမေလဆန်းကစပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေထဲက နေရပ်ပြန်လာမယ့်သူတွေကို ပြန်လည်လက်ခံပြီ ၂၁ ရက်ကြာ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေမှာ ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာစေ လိုတယ်လို့ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက  ပြောပါတယ်။

"လူတွေက အိမ်ထဲမှာ နေတာကြာတော့ ထွက်ချင်လာတာထင်ပါတယ်။ နဲနဲလေးလဲပေါ့လာတယ် ခပ်ပေါ့ပေါ့ တွေးလာတယ်။ ကျွန်တော်တို့ကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း နေစေချင်တယ်။ ဒီရောဂါက အခုမှစဖြစ်တာ နိုင်ငံတိုင်းမှာဖြစ်နေတော့ ဒီနေရာဂါနဲ့ပတ်သက်ပြီး  ဆေးမရှိသေးဘူး ကိုယ့်ရှေ့က ဖြစ်တဲ့တိုင်းပြည်တွေကို လေ့လာရတာပေါ့ ကျွန်တော်တို့ကတော့ စိတ်ပူတယ် အပြင်မထွက်စေချင်သေးဘူး။"

လူစုလူဝေးကိုရှောင်ဖို့၊ မလိုအပ်ပဲ အပြင်မထွက်ကြဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းကို မဖြစ်မနေတပ်ကြဖို့နဲ့ လက်ကို မကြာခဏဆေးကြဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနေပါတယ်။

ဝေယံမိုးမြင့် / RFA Burmese
https://www.rfa.org/burmese/program_2/myanmar-corona-afraid-05042020031411.html
အသြားအလာျပန္မ်ားလာလို႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ားလာမွာစိုးရိမ္ အသြားအလာျပန္မ်ားလာလို႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ားလာမွာစိုးရိမ္ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.