ဖမ္းဆီးထားသူေတြကုိ ႐ုိက္ႏွက္စစ္ေဆးသူ တပ္ဖဲြ႔၀င္ေတြ ျမန္မာစစ္တပ္အေရးယူမည္


(Zawgyi/Unicode)

ပုဏၰားကၽြန္းၿမိဳ႕နယ္၊ ေက်ာက္ဆိပ္ေက်းရြာကေန စစ္တပ္က ဖမ္းဆီးထိန္းသိ္မ္းခဲ့တဲ့ အမ်ဳိးသား ၅ ဦးကို စစ္ေရယာဥ္နဲ႔ စစ္ေတြကို သြားပို႔တဲ့အခ်ိန္အတြင္း ဥပေဒနဲ႔ မေလ်ာ္ညီတဲ့နည္းနဲ႔ စစ္ေဆးေမးျမန္းခဲ့တဲ့ လံုျခံဳေရးတပ္ဖြဲ႔ဝင္ေတြကို စစ္စည္းကမ္းအရအေရးယူဖို႔ စံုစမ္းစစ္ေဆးေနတယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံုး အင္တာနက္စာမ်က္ႏွာမွာ တင္ထားတဲ့ ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာအရ "AA အၾကမ္းဖက္ေသာင္းက်န္းသူေတြနဲ႔ ပတ္သက္ဆက္ႏြယ္တယ္လို႔ ယူဆရသူ အမ်ဳိးသား ငါးဦးကို ထိန္းသိမ္းၿပီး လိုအပ္တဲ့စစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္။" ဆိုတာ ဧၿပီ ၂၁ ရက္က သတင္းထုတ္ျပန္ထားပါေသးတယ္။

အဲဒီအမ်ဳိးသား ၅ ဦးကို ထပ္ၿပီး စစ္ေဆးဖို႔နဲ႔ တရားဥပေဒအရ တရားစြဲဆိုႏိုင္ဖို႔ဆိုၿပီး စစ္ေတြကိုပို႔တဲ့အခ်ိန္ စစ္ေရယာဥ္ေပၚမွာ အေစာင့္အျဖစ္ လိုက္သြားတဲ့ စစ္သားတခ်ဳိ႕က ႐ိုက္ႏွက္ေမးျမန္းေနတာကို ႐ိုက္ယူထားတဲ့ ဗီြဒီယိုတစ္ခု ၿပီးခဲ့တဲ့ရက္ပုိင္းက အြန္လိုင္းေပၚမွာ ပ်ံ႕ခဲ့ၿပီးတဲ့ေနာက္ အဲဒီလို ႐ိုက္ႏွက္ေမးျမန္းသူေတြကို အေရးယူႏုိင္ဖို႔ စံုစမ္းစစ္ေဆးေနတယ္ဆိုတဲ့ အခုထုတ္ျပန္ခ်က္ ထြက္လာတာပါ။

အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ထြက္လာတဲ့ ဗီြဒီယိုပါ ျဖစ္ရပ္တစ္ခုကို ဆန္းစစ္ၿပီးတဲ့ေနာက္ တနည္းအားျဖင့္ ဒီျဖစ္ရပ္ မွန္ကန္တယ္ဆုိတာကို လက္ခံၿပီး က်ဴးလြန္သူေတြကို အေရးယူႏုိင္ဖို႔ စံုစမ္းစစ္ေဆးေနတယ္ဆိုတဲ့ တပ္မေတာ္ရဲ႕ အခုလိုထုတ္ျပန္ခ်က္မ်ဳိးဟာ ရွားရွားပါးပါးျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ ပတ္ဝန္းက်င္မွာ တပ္မေတာ္နဲ႔ ရခုိင္လက္နက္ကိုင္အဖြဲ႔ AA တို႔အၾကား တိုက္ခိုက္မႈေတြအတြင္း တပ္မေတာ္ကေရာ၊ AA ကပါ အရပ္သားေတြကို ဖမ္းဆီးတာေတြ မၾကာခဏ ရွိခဲ့ပါတယ္။ တပ္မေတာ္က ဖမ္းတဲ့အခါ AA နဲ႔ ဆက္ႏြယ္တဲ့သံသယနဲ႔ ဖမ္းတာလို႔ ေျပာသလို AA က ဖမ္းတဲ့အခါမွာလည္း တပ္ကိုသတင္းေပးလုိ႔၊ တပ္နဲ႔ ပူးေပါင္းေဆာင္ရြက္လို႔ စသည္ျဖင့္ ေျပာဆိုေလ့ရွိပါတယ္။

အဲဒီလိုဖမ္းဆီးခံရခ်ိန္အတြင္း ေသဆံုးသြားတဲ့ အရပ္သားေတြရွိသလို ဖမ္းဆီးခံရခ်ိန္အတြင္း ညွဥ္းပန္းႏွိပ္စက္ခံခဲ့ရတဲ့ ဒဏ္ေၾကာင့္ ျပန္လႊတ္ေပးလိုက္ၿပီးတဲ့ေနာက္မွာမွ ေသဆံုးသြားသူေတြလည္း ရွိခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------
[Unicode Version]

ဖမ်းဆီးထားသူတွေကို ရိုက်နှက်စစ်ဆေးသူ တပ်ဖွဲ့ဝင်တွေ မြန်မာစစ်တပ်အရေးယူမည်

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာကနေ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အမျိုးသား ၅ ဦးကို စစ်ရေယာဉ်နဲ့ စစ်တွေကို သွားပို့တဲ့အချိန်အတွင်း ဥပဒေနဲ့ မလျော်ညီတဲ့နည်းနဲ့ စစ်ဆေးမေးမြန်းခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စစ်စည်းကမ်းအရအရေးယူဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အင်တာနက်စာမျက်နှာမှာ တင်ထားတဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်မှာ ဖော်ပြထားတာအရ "AA အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ ပတ်သက်ဆက်နွယ်တယ်လို့ ယူဆရသူ အမျိုးသား ငါးဦးကို ထိန်းသိမ်းပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။" ဆိုတာ ဧပြီ ၂၁ ရက်က သတင်းထုတ်ပြန်ထားပါသေးတယ်။

အဲဒီအမျိုးသား ၅ ဦးကို ထပ်ပြီးစစ်ဆေးဖို့နဲ့ တရားဥပဒေအရ တရားစွဲဆိုနိုင်ဖို့ဆိုပြီး စစ်တွေကိုပို့တဲ့အချိန် စစ်ရေယာဉ်ပေါ်မှာ အစောင့်အဖြစ် လိုက်သွားတဲ့ စစ်သားတချို့က ရိုက်နှက်မေးမြန်းနေတာကို ရိုက်ယူထားတဲ့ ဗွီဒီယိုတစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက အွန်လိုင်းပေါ်မှာ ပျံ့ခဲ့ပြီးတဲ့နောက် အဲဒီလို ရိုက်နှက်မေးမြန်းသူတွေကို အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့ အခုထုတ်ပြန်ချက် ထွက်လာတာပါ။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့ထွက်လာတဲ့ ဗွီဒီယိုပါ ဖြစ်ရပ်တစ်ခုကို ဆန်းစစ်ပြီးတဲ့နောက် တနည်းအားဖြင့် ဒီဖြစ်ရပ် မှန်ကန်တယ်ဆိုတာကို လက်ခံပြီး ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့ တပ်မတော်ရဲ့ အခုလိုထုတ်ပြန်ချက်မျိုးဟာ ရှားရှားပါးပါးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပတ်ဝန်းကျင်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ခိုက်မှုတွေအတွင်း တပ်မတော်ကရော၊ AA ကပါ အရပ်သားတွေကို ဖမ်းဆီးတာတွေ မကြာခဏ ရှိခဲ့ပါတယ်။ တပ်မတော်က ဖမ်းတဲ့အခါ AA နဲ့ ဆက်နွယ်တဲ့သံသယနဲ့ ဖမ်းတာလို့ ပြောသလို AA က ဖမ်းတဲ့အခါမှာလည်း တပ်ကိုသတင်းပေးလို့၊ တပ်နဲ့ ပူးပေါင်းဆောင်ရွက်လို့ စသည်ဖြင့် ပြောဆိုလေ့ရှိပါတယ်။

အဲဒီလိုဖမ်းဆီးခံရချိန်အတွင်း သေဆုံးသွားတဲ့ အရပ်သားတွေရှိသလို ဖမ်းဆီးခံရချိန်အတွင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ကြောင့် ပြန်လွှတ်ပေးလိုက်ပြီးတဲ့နောက်မှာမှ သေဆုံးသွားသူတွေလည်း ရှိခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/aa-rakhine-army-conflict/5416359.html
ဖမ္းဆီးထားသူေတြကုိ ႐ုိက္ႏွက္စစ္ေဆးသူ တပ္ဖဲြ႔၀င္ေတြ ျမန္မာစစ္တပ္အေရးယူမည္ ဖမ္းဆီးထားသူေတြကုိ ႐ုိက္ႏွက္စစ္ေဆးသူ တပ္ဖဲြ႔၀င္ေတြ ျမန္မာစစ္တပ္အေရးယူမည္ Reviewed by THITHTOOLWIN on 00:20 Rating: 5
Powered by Blogger.