တီက်စ္ေက်ာက္မီးေသြးစက္႐ုံ သက္တမ္းတိုးေရး လႊတ္ေတာ္အမတ္ ကန႔္ကြက္


(Zawgyi)⤵⤵⤵
တ႐ုတ္ကုမၸဏီပိုင္ တီက်စ္-ေက်ာက္မီးေသြးသုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံကေန၊ လွ်ပ္စစ္ဓာတ္အားလိုအပ္ ခ်က္ကို ျဖည့္ဆည္းေပးေနတယ္လို႔ လွ်ပ္စစ္ဒုဝန္ႀကီးက ေျပာေပမဲ့၊ ဒီစက္႐ုံလည္ပတ္ေနတာကို ျပန္လည္ သုံးသပ္ဖို႔ လႊတ္တ္ောအမတ္ေတြနဲ႔ ေဒသခံျပည္သူေတြက ကန႔္ကြက္ေတာင္းဆိုေနပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္း ပင္ေလာင္းၿမိဳ႕နယ္က၊ တီက်စ္ေက်ာက္မီးသုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံအေနနဲ႔ ဥပေဒစည္းကမ္းေတြကို လိုက္နာမူရွိ မရွိ စီးပြားေရးအရ အက်ိဳးရွိ မရွိနဲ႔ ဒီစက္႐ုံေၾကာင့္ ေဒသခံေတြရဲ႕ က်န္းမာေရး ထိခိုက္ေနတဲ့ အေျခအေနေတြကို၊ ရွမ္းျပည္နယ္ မိုင္းရႈးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းေအးက ဒီေန႔ ျပည္သူ႔လႊတ္ေတာ္မွာ ေမးခြန္း ေမးျမန္းခဲ့ပါတယ္။

ဒီေမးျမန္းခ်က္အေပၚ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးခင္ေမာင္ဝင္းက ျပန္လည္ေျဖၾကားရာမွာ၊ တီက်စ္စက္႐ုံကေန ႏိုင္ငံေတာ္ရဲ႕လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္လို႔ အက်ိဳးေက်းဇူးရွိပါတယ္ ျပန္လည္ရွင္းလင္းသြားပါတယ္။

"ဒါေပမဲ့ ကုမၸဏီေတြနဲ႔ ျပင္ဆင္ၿပီး ေဆာင္႐ြက္တဲ့အခါမွာ စက္တစ္လုံးကို ၅၀ မီဂါဝပ္နဲ႔ စက္ႏွစ္လုံးေပါင္း ၁၀၀ မီဂါဝက္အထိ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္အေပၚမွာ လုံလုံေလာက္ေလာက္ မဟုတ္ေပမယ့္လည္းပဲ အထိုက္အေလ်ာက္ ျဖည့္ဆည္းေပးႏိုင္တာျဖစ္တဲ့အတြက္ေၾကာင့္မလို႔  ႏိုင္ငံေတာ္အေနနဲ႔ အက်ိဳးျဖစ္ထြန္း ပါတယ္။ ႏိုင္ငံေတာ္ရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးေနတဲ့အတြက္ေၾကာင့္မလို႔ တီက်စ္စက္႐ုံကေန ဓာတ္အားထုတ္လုပ္မူ အက်ိဳးေက်းဇူးရွိပါေၾကာင္း ေျဖၾကားအပ္ပါတယ္။"

ေဒသခံျပည္သူေတြရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ၿမိဳ႕နယ္က်န္းမာေရးဌာနရဲ႕ မွတ္တမ္းေတြအရ ထူးထူးျခားျခား ဆိုး႐ြားတဲ့ကိစၥေတြ မေတြ႕ခဲ့ရေၾကာင္းနဲ႔ ေဒသတြင္း စိုက္ပ်ိဳးေရးအတြက္ ေက်ာက္မီးေသြးမိုင္းနဲ႔ ဓာတ္အားေပး စက္႐ုံကေန စိုက္ပ်ိဳးေရေတြ ပို႔လႊတ္ေပးေနတယ္လို႔လည္း ဒုဝန္ႀကီးက ဆက္ေျပာပါတယ္။

ေမးခြန္းေမးျမန္းခဲ့တဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ပါတီက၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းထြန္းေအး ကေတာ့၊ လွ်ပ္စစ္မီးရေနေပမယ့္ ေဒသခံေတြရဲ႕ က်န္းမာေရးနဲ႔ သဘာဝ ပတ္ဝန္းက်င္ကို ထိခိုက္ေစတယ္ဆိုရင္ ဒီစက္႐ုံလုပ္ကိုင္ခြင့္ကို သက္တမ္း ထပ္မတိုးသင့္ဘူးလို႔ မွတ္ခ်က္ေပး ပါတယ္။

"ဝန္ႀကီးေျဖၾကားတာကေတာ့ လွ်ပ္စစ္ရရွိဖို႔အတြက္ ေက်ာက္မီးေသြးကို မီးရႈိ႕လိုက္တယ္။ လွ်ပ္စစ္မီးထြက္ လာတယ္၊ မီးလင္းတယ္၊ ဒါအက်ိဳးရွိတယ္ ဒီလိုေျဖသြားတဲ့ ပုံစံမ်ိဳးေပါ့။ က်ေတာ္လိုခ်င္တာက အဲလိုမ်ိဳး မဟုတ္ဘူး။ သဘာဝပတ္ဝန္းက်င္ ပ်က္စီးဆုံးရႈံးသြားမႈနဲ႔ ျပန္လည္ရရွိလာတဲ့ အက်ိဳးအျမတ္ဟာ စီးပြားေရး အရ တြက္ေခ်ကိုက္သလား၊ ေနာက္လူမႈေရးအရ တြက္ေခ်ကိုက္သလား၊ ႏိုင္ငံေတာ္ရဲ႕ အက်ိဳးစီးပြားအတြက္ အေထာက္အကူျဖစ္ရဲ႕လား ဒီလိုမ်ိဳးကိုလိုခ်င္တာ။ တကယ္လို႔ ဒီစက္႐ုံႀကီးဟာ လွ်ပ္စစ္မီးေတာ့ထြက္ေန တယ္။ သက္ဆိုင္ရာ ေဒသမွာရွိတဲ့ တိုင္းရင္းသားျပည္သူလူထုေတြအေပၚမွာ က်န္းမာေရးအရ၊ သဘာဝ ပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးမႈအရ ဆုံးရႈံးနစ္နာတယ္ဆိုရင္ ဒီစီမံကိန္းမ်ိဳးကို သက္တမ္းတိုးေပးဖို႔ဆိုတာ ျပန္လည္သုံးသပ္ဖို႔ သင့္တယ္"

ဦးစိုင္းထြန္းေအးကေတာ့ “ေက်ာက္မီးေသြးစက္႐ုံက ထြက္လာတဲ့ အညစ္အေၾကးေတြေၾကာင့္၊ ေဒသခံေတြရဲ႕ က်န္းမာေရးကို ဆိုးဆိုး႐ြား႐ြားထိခိုက္ေစတဲ့အျပင္၊ သဘာဝပတ္ဝန္းက်င္ ပ်က္စီးမူေတြရွိတာေၾကာင့္၊ ေဒသခံ ျပည္သူေတြနဲ႔ အရပ္ဖက္လူမူအဖြဲ႕အစည္းေတြက ဆႏၵျပကန႔္ကြက္တာေတြ အမ်ားအျပားရွိခဲ့တယ္လို႔ ေထာက္ျပေဝဖန္ပါတယ္။

တီက်စ္ေက်ာက္မီးေသြးစက္႐ုံဟာ တ႐ုတ္ႏိုင္ငံက စက္႐ုံအေဟာင္းနဲ႔ တည္ေဆာက္ထားတာျဖစ္ၿပီး၊ ဆက္လက္ လည္ပတ္မယ္ဆိုရင္၊ လက္ရွိႏိုင္ငံတကာမွာအသုံးျပဳေနတဲ့ ေက်ာက္မီးေသြးသန႔္စင္တဲ့ နည္းပညာေတြနဲ႔ ေျပာင္းလဲတပ္ဆင္သင့္တယ္လို႔ သူက အႀကံျပဳပါတယ္။

တီက်စ္ ေက်ာက္မီးေသြးစက္႐ုံကို ၂၀၁၅ ခုႏွစ္မွာ တင္ဒါေအာင္ျမင္ခဲ့တဲ့၊ တ႐ုတ္ႏိုင္ငံက ကုမၸဏီတစ္ခုနဲ႔အတူ ၂၂ ႏွစ္ ငွားရမ္းစာခ်ဳပ္ ခ်ဳပ္ဆိုထားတာပါ။

ဒီစက္႐ုံကို ၂၀၁၆ ကေန ၂၀၁၉ ခုႏွစ္အထိ၊ တစ္ႏွစ္စီစမ္းသပ္ေမာင္းႏွင္ခြင့္ျပဳခဲ့ၿပီး အဆင္ေျပေျပလည္ပတ္တာကို ေတြ႕ရတာေၾကာင့္၊ ၂၀၂၂ ခုႏွစ္အထိ သုံးႏွစ္ သက္တမ္းတိုးၿပီး လုပ္ကိုင္ခြင့္ ေပးခဲ့တယ္လို႔ ဒုဝန္ႀကီးက ေျပာ ပါတယ္။

တီက်စ္ေက်ာက္မီးေသြးမိုင္းတြင္း အနီးမွာေနထိုင္တဲ့ ေဒသခံ ဦးစိန္းေသာင္းကေတာ့ ေက်ာက္မီးေသြးစက္႐ုံ ေၾကာင့္ ေဒသခံေတြရဲ႕ က်န္းမာေရးနဲ႔ သဘာဝပတ္ဝန္းက်င္ ထိခိုက္တဲ့အေၾကာင္း RFA ကို ရွင္းျပပါတယ္။

"ေက်ာက္မီးေသြးမိုင္းတြင္းက သဘာဝပတ္ဝန္းက်င္ကို တကယ္ထိခိုက္တယ္။ မိုင္းေတြခြဲတာလည္း အိမ္ေတြ တုန္ခါမႈျဖစ္တယ္၊ ေျမေတြၿပိဳက်မူေတြလည္း တအားျဖစ္တယ္ဗ်။ က်ေတာ္တို႔ တီက်စ္ေဒသကေတာ့ ေရရွား ပါးမႈေတြ ျဖစ္လာတယ္ခင္ဗ်။ ေက်က္မီးေတြ မိုင္းတြင္းႀကီးက တအားနက္ေတာ့ ေလးဖက္ေလးတန္က အရပ္ေလးမ်က္ႏွာမွာရွိတဲ့ေရေတြက အဲဒီေက်ာက္မီးေသြး မိုင္းတြင္းထဲေရာက္ကုန္ေတာ့ ေရရွားပါးမႈျဖစ္ လာတယ္။ မိုင္းေတြလည္းခြဲတယ္။ ႏိုင္ငံေတာ္အတြက္ေတာ့ လွ်ပ္စစ္လိုအပ္ခ်က္ေတာ့မွန္ပါတယ္။ ေက်း႐ြာ ျပည္သူလူထု ေထာင္ေသာင္းမက ေရာဂါခံစားရတယ္။ သဘာဝပတ္ဝန္းက်င္ပ်က္စီးတယ္။ လယ္ေျမ ယာေျမေတြ ဆုံးရႈံးတယ္။ ဒီေက်ာက္မီးေသြးေညႇာ္ အနံ႔ေတြနံတယ္။ က်န္းမာေရးေတြ ထိခိုက္တယ္။"

လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးခင္ေမာင္ဝင္းကေတာ့၊ ကုမၸဏီကို စမ္းသပ္ေမာင္းႏွင္ခြင့္ေပးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ကစၿပီး ပတ္ဝန္က်င္ထိန္းသိမ္းေရးဥပေဒ၊ နည္းဥပေဒေတြကို လိုက္နာေဆာင္႐ြက္ခဲ့ေၾကာင္းနဲ႔ ေဒသခံ ေတြပါဝင္တဲ့ ေလ့လာေစာင့္ၾကည့္ေရးေကာ္မတီ၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖြဲ႕၊ ဝန္ႀကီးဌာနတို႔ က စက္႐ုံလည္ပတ္မႈကို ေစာင့္ၾကည့္စစ္ေဆးေနတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ တီက်စ္စက္႐ုံမွာရွိတဲ့ ဝန္ထမ္း ၃၁၈ ဦးအနက္ ၂၀၀ ေက်ာ္က ေဒသခံေတြျဖစ္တဲ့အတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြရေနတယ္လို႔ ေျပာပါတယ္။

တီက်စ္စက္႐ုံကို နဝတ စစ္အစိုးရလက္ထက္ ၂၀၀၂ ခုႏွစ္ကတည္းက စတင္အေကာင္အထည္ေဖာ္ ခဲ့တာျဖစ္ပါတယ္။

တီက်စ္ေက်ာက္မီးေသြးစက္႐ုံေၾကာင့္ ေဒသခံေတြရဲ႕ က်န္းမာေရးနဲ႔ သဘာဝပတ္ဝန္းက်င္ ထိခိုက္နစ္နာ ေနေၾကာင္း၊ ဒါေၾကာင့္ စက္႐ုံကိုအၿပီးပိတ္သိမ္းေပးဖို႔ ေဒသခံေတြနဲ႔ အရပ္ဖက္လူမူ အဖြဲ႕အစည္းေတြက ေတာင္းဆိုဆႏၵျပေနေၾကာင္း၊ ဒီ့မတိုင္ခင္ကလည္း RFA က အႀကိမ္ႀကိမ္သတင္းထုတ္လႊင့္ခဲ့ၿပီးျဖစ္ပါတယ္။

သီဟထြန္း / RFA Burmese
---------------------------------------

(Unicode)⤵⤵⤵
တီကျစ်ကျောက်မီးသွေးစက်ရုံ သက်တမ်းတိုးရေး လွှတ်တော်အမတ် ကန့်ကွက်

တရုတ်ကုမ္ပဏီပိုင် တီကျစ်-ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကနေ၊ လျှပ်စစ်ဓာတ်အားလိုအပ် ချက်ကို ဖြည့်ဆည်းပေးနေတယ်လို့ လျှပ်စစ်ဒုဝန်ကြီးက ပြောပေမဲ့၊ ဒီစက်ရုံလည်ပတ်နေတာကို ပြန်လည် သုံးသပ်ဖို့ လွှတ်တ်ောအမတ်တွေနဲ့ ဒေသခံပြည်သူတွေက ကန့်ကွက်တောင်းဆိုနေပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်က၊ တီကျစ်ကျောက်မီးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအနေနဲ့ ဥပဒေစည်းကမ်းတွေကို လိုက်နာမူရှိ မရှိ စီးပွားရေးအရ အကျိုးရှိ မရှိနဲ့ ဒီစက်ရုံကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေး ထိခိုက်နေတဲ့ အခြေအနေတွေကို၊ ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးခွန်း မေးမြန်းခဲ့ပါတယ်။

ဒီမေးမြန်းချက်အပေါ် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြန်လည်ဖြေကြားရာမှာ၊ တီကျစ်စက်ရုံကနေ နိုင်ငံတော်ရဲ့လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လို့ အကျိုးကျေးဇူးရှိပါတယ် ပြန်လည်ရှင်းလင်းသွားပါတယ်။

"ဒါပေမဲ့ ကုမ္ပဏီတွေနဲ့ ပြင်ဆင်ပြီး ဆောင်ရွက်တဲ့အခါမှာ စက်တစ်လုံးကို ၅၀ မီဂါဝပ်နဲ့ စက်နှစ်လုံးပေါင်း ၁၀၀ မီဂါဝက်အထိ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အပေါ်မှာ လုံလုံလောက်လောက် မဟုတ်ပေမယ့်လည်းပဲ အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့  နိုင်ငံတော်အနေနဲ့ အကျိုးဖြစ်ထွန်း ပါတယ်။ နိုင်ငံတော်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့အတွက်ကြောင့်မလို့ တီကျစ်စက်ရုံကနေ ဓာတ်အားထုတ်လုပ်မူ အကျိုးကျေးဇူးရှိပါကြောင်း ဖြေကြားအပ်ပါတယ်။"

ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မြို့နယ်ကျန်းမာရေးဌာနရဲ့ မှတ်တမ်းတွေအရ ထူးထူးခြားခြား ဆိုးရွားတဲ့ကိစ္စတွေ မတွေ့ခဲ့ရကြောင်းနဲ့ ဒေသတွင်း စိုက်ပျိုးရေးအတွက် ကျောက်မီးသွေးမိုင်းနဲ့ ဓာတ်အားပေး စက်ရုံကနေ စိုက်ပျိုးရေတွေ ပို့လွှတ်ပေးနေတယ်လို့လည်း ဒုဝန်ကြီးက ဆက်ပြောပါတယ်။

မေးခွန်းမေးမြန်းခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေး ကတော့၊ လျှပ်စစ်မီးရနေပေမယ့် ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတယ်ဆိုရင် ဒီစက်ရုံလုပ်ကိုင်ခွင့်ကို သက်တမ်း ထပ်မတိုးသင့်ဘူးလို့ မှတ်ချက်ပေး ပါတယ်။

"ဝန်ကြီးဖြေကြားတာကတော့ လျှပ်စစ်ရရှိဖို့အတွက် ကျောက်မီးသွေးကို မီးရှို့လိုက်တယ်။ လျှပ်စစ်မီးထွက် လာတယ်၊ မီးလင်းတယ်၊ ဒါအကျိုးရှိတယ် ဒီလိုဖြေသွားတဲ့ ပုံစံမျိုးပေါ့။ ကျတော်လိုချင်တာက အဲလိုမျိုး မဟုတ်ဘူး။ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးသွားမှုနဲ့ ပြန်လည်ရရှိလာတဲ့ အကျိုးအမြတ်ဟာ စီးပွားရေး အရ တွက်ချေကိုက်သလား၊ နောက်လူမှုရေးအရ တွက်ချေကိုက်သလား၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် အထောက်အကူဖြစ်ရဲ့လား ဒီလိုမျိုးကိုလိုချင်တာ။ တကယ်လို့ ဒီစက်ရုံကြီးဟာ လျှပ်စစ်မီးတော့ထွက်နေ တယ်။ သက်ဆိုင်ရာ ဒေသမှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထုတွေအပေါ်မှာ ကျန်းမာရေးအရ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအရ ဆုံးရှုံးနစ်နာတယ်ဆိုရင် ဒီစီမံကိန်းမျိုးကို သက်တမ်းတိုးပေးဖို့ဆိုတာ ပြန်လည်သုံးသပ်ဖို့ သင့်တယ်"

ဦးစိုင်းထွန်းအေးကတော့ “ကျောက်မီးသွေးစက်ရုံက ထွက်လာတဲ့ အညစ်အကြေးတွေကြောင့်၊ ဒေသခံတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့အပြင်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမူတွေရှိတာကြောင့်၊ ဒေသခံ ပြည်သူတွေနဲ့ အရပ်ဖက်လူမူအဖွဲ့အစည်းတွေက ဆန္ဒပြကန့်ကွက်တာတွေ အများအပြားရှိခဲ့တယ်လို့ ထောက်ပြဝေဖန်ပါတယ်။

တီကျစ်ကျောက်မီးသွေးစက်ရုံဟာ တရုတ်နိုင်ငံက စက်ရုံအဟောင်းနဲ့ တည်ဆောက်ထားတာဖြစ်ပြီး၊ ဆက်လက် လည်ပတ်မယ်ဆိုရင်၊ လက်ရှိနိုင်ငံတကာမှာအသုံးပြုနေတဲ့ ကျောက်မီးသွေးသန့်စင်တဲ့ နည်းပညာတွေနဲ့ ပြောင်းလဲတပ်ဆင်သင့်တယ်လို့ သူက အကြံပြုပါတယ်။

တီကျစ် ကျောက်မီးသွေးစက်ရုံကို ၂၀၁၅ ခုနှစ်မှာ တင်ဒါအောင်မြင်ခဲ့တဲ့၊ တရုတ်နိုင်ငံက ကုမ္ပဏီတစ်ခုနဲ့အတူ ၂၂ နှစ် ငှားရမ်းစာချုပ် ချုပ်ဆိုထားတာပါ။

ဒီစက်ရုံကို ၂၀၁၆ ကနေ ၂၀၁၉ ခုနှစ်အထိ၊ တစ်နှစ်စီစမ်းသပ်မောင်းနှင်ခွင့်ပြုခဲ့ပြီး အဆင်ပြေပြေလည်ပတ်တာကို တွေ့ရတာကြောင့်၊ ၂၀၂၂ ခုနှစ်အထိ သုံးနှစ် သက်တမ်းတိုးပြီး လုပ်ကိုင်ခွင့် ပေးခဲ့တယ်လို့ ဒုဝန်ကြီးက ပြော ပါတယ်။

တီကျစ်ကျောက်မီးသွေးမိုင်းတွင်း အနီးမှာနေထိုင်တဲ့ ဒေသခံ ဦးစိန်းသောင်းကတော့ ကျောက်မီးသွေးစက်ရုံ ကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့အကြောင်း RFA ကို ရှင်းပြပါတယ်။

"ကျောက်မီးသွေးမိုင်းတွင်းက သဘာဝပတ်ဝန်းကျင်ကို တကယ်ထိခိုက်တယ်။ မိုင်းတွေခွဲတာလည်း အိမ်တွေ တုန်ခါမှုဖြစ်တယ်၊ မြေတွေပြိုကျမူတွေလည်း တအားဖြစ်တယ်ဗျ။ ကျတော်တို့ တီကျစ်ဒေသကတော့ ရေရှား ပါးမှုတွေ ဖြစ်လာတယ်ခင်ဗျ။ ကျေက်မီးတွေ မိုင်းတွင်းကြီးက တအားနက်တော့ လေးဖက်လေးတန်က အရပ်လေးမျက်နှာမှာရှိတဲ့ရေတွေက အဲဒီကျောက်မီးသွေး မိုင်းတွင်းထဲရောက်ကုန်တော့ ရေရှားပါးမှုဖြစ် လာတယ်။ မိုင်းတွေလည်းခွဲတယ်။ နိုင်ငံတော်အတွက်တော့ လျှပ်စစ်လိုအပ်ချက်တော့မှန်ပါတယ်။ ကျေးရွာ ပြည်သူလူထု ထောင်သောင်းမက ရောဂါခံစားရတယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးတယ်။ လယ်မြေ ယာမြေတွေ ဆုံးရှုံးတယ်။ ဒီကျောက်မီးသွေးညှော် အနံ့တွေနံတယ်။ ကျန်းမာရေးတွေ ထိခိုက်တယ်။"

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းကတော့၊ ကုမ္ပဏီကို စမ်းသပ်မောင်းနှင်ခွင့်ပေးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစပြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာဆောင်ရွက်ခဲ့ကြောင်းနဲ့ ဒေသခံ တွေပါဝင်တဲ့ လေ့လာစောင့်ကြည့်ရေးကော်မတီ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၊ ဝန်ကြီးဌာနတို့ က စက်ရုံလည်ပတ်မှုကို စောင့်ကြည့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တီကျစ်စက်ရုံမှာရှိတဲ့ ဝန်ထမ်း ၃၁၈ ဦးအနက် ၂၀၀ ကျော်က ဒေသခံတွေဖြစ်တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေရနေတယ်လို့ ပြောပါတယ်။

တီကျစ်စက်ရုံကို နဝတ စစ်အစိုးရလက်ထက် ၂၀၀၂ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော် ခဲ့တာဖြစ်ပါတယ်။

တီကျစ်ကျောက်မီးသွေးစက်ရုံကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာ နေကြောင်း၊ ဒါကြောင့် စက်ရုံကိုအပြီးပိတ်သိမ်းပေးဖို့ ဒေသခံတွေနဲ့ အရပ်ဖက်လူမူ အဖွဲ့အစည်းတွေက တောင်းဆိုဆန္ဒပြနေကြောင်း၊ ဒီ့မတိုင်ခင်ကလည်း RFA က အကြိမ်ကြိမ်သတင်းထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။

သီဟထွန်း / RFA Burmese
https://www.rfa.org/burmese/news/tikyit-coal-plant-extend-05192020060947.html
တီက်စ္ေက်ာက္မီးေသြးစက္႐ုံ သက္တမ္းတိုးေရး လႊတ္ေတာ္အမတ္ ကန႔္ကြက္ တီက်စ္ေက်ာက္မီးေသြးစက္႐ုံ သက္တမ္းတိုးေရး လႊတ္ေတာ္အမတ္ ကန႔္ကြက္ Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.