မိတၳီလာၿမိဳ႕မွာ သံဃာထုကို ပုတ္ခတ္စာေရးတဲ့ ဆရာဝန္ကို အေရးယူဖို႔ ေတာင္းဆို


(Zawgyi)⤵⤵⤵
 မႏၲေလးတိုင္း မိတၳီလာၿမိဳ႕မွာ လူငယ္ဆရာဝန္တေယာက္က သူ႔ရဲ႕ေက်ာ္ဝင္းသန႔္ဆိုတဲ့ ေဖ့စ္ဘြတ္ စာမ်က္ႏွာကေန သံဃာေတြအားလုံးကို သိမ္းႀကဳံးၿပီး ပုတ္ခတ္ေစာ္ကားတဲ့စာ ေရးလိုက္တဲ့အတြက္ သံဃာေတြကို ျပန္ေတာင္းပန္ဖို႔နဲ႔ အေရးယူဖို႔ လုပ္ေနခ်ိန္မွာ ေဒါသထြက္ေနတဲ့ လူတခ်ိဳ႕ေၾကာင့္ မေန႔က ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားခဲ့ပါတယ္။

အဲဒီ ေက်ာ္ဝင္းသန႔္ဆိုတဲ့ဆရာဝန္က သူေရးလိုက္မိတဲ့စာေတြအတြက္ မိတၳီလာၿမိဳ႕ ေအာင္ေဇယ်ာရပ္ကြက္ ကိုးနဝင္းေက်ာင္းတိုက္ကို သူ႔မိဘေတြနဲ႔အတူသြားၿပီး မေန႔မနက္က ဝန္ခ်ေတာင္းပန္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရး၊ သာသနာေရးနဲ႔ ရဲအရာရွိေတြလဲရွိေနခဲ့ပါတယ္။

တခ်ိန္တည္းမွာပဲ ရာနဲ႔ခ်ီတဲ့ေဒသခံတခ်ိဳ႕နဲ႔ ေဒါသထြက္ေနတဲ့လူအုပ္ႀကီးက ကိုးနဝင္းေက်ာင္းေရွ႕ေရာက္ေနၿပီး၊ လူတခ်ိဳ႕က သူ႔ကိုကိုယ္ထိလက္ေရာက္ဆုံးမဖို႔ႀကိဳးစားတာ၊ ရဲဝန္ထမ္းေတြက သတိေပးတားျမစ္ေနတာ၊ ရဲတပ္ဖြဲ႕က လက္ထိပ္ခတ္ၿပီးေခၚသြားတာကို တခ်ိဳ႕ပုဂၢိဳလ္ေတြက ေဖ့စ္ဘြတ္ကေန တခ်ိန္တည္းတင္ျပခဲ့တဲ့ ဗီဒီယို႐ုပ္သံေတြလဲ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ သူ႔ကို တရားဥပေဒအရ ထိထိေရာက္ေရာက္ အေရးယူဖို႔ လူတခ်ိဳ႕ ေျပာဆိုေနတာေတြလဲ အဲဒီ႐ုပ္သံထဲမွာ ေတြ႕ရပါတယ္။ ေနာက္ဆုံးမွာေတာ့ သူ႔ကိုအေရးယူဖို႔ ရဲတပ္ဖြဲ႕က မႏၲေလးၿမိဳ႕ကို ေခၚသြားတယ္လို႔ သိရပါတယ္။

မိတၳီလာၿမိဳ႕ဟာ ၂၀၁၂ ခုႏွစ္က ဘာသာေရးပဋိပကၡေၾကာင့္ လူေတြေသေၾကဒဏ္ရာရၿပီး အိုးအိမ္ေတြ ပ်က္စီးခဲ့ရတဲ့ဒဏ္လဲ ခံထားရဖူးပါတယ္။ အမုန္းစကားတားဆီးေရး လႈပ္ရွားမႈေတြလုပ္ဖို႔ သမၼတ႐ုံးက ၫႊန္ၾကားထားတဲ့ကာလမွာပဲ မိတၳီလာၿမိဳ႕က ျဖစ္ရပ္ေပၚထြက္လာတာျဖစ္ပါတယ္။ လူမ်ိဳးစုံ ဘာသာစုံမွီတင္းေနထိုင္တဲ့ ျမန္မာႏိုင္ငံမွာ လူတေယာက္နဲ႔တေယာက္၊ လူမ်ိဳးတမ်ိဳးနဲ႔တမ်ိဳး၊ ဘာသာတခုနဲ႔တခု၊ ႏွိမ့္ခ်ဆက္ဆံတာ၊ ခြဲျခားဆက္ဆံတာေတြ၊ ထိပါးေျပာဆိုေရးသားတာေတြကို ထိထိေရာက္ေရာက္တားဆီးႏိုင္မယ့္ ဥပေဒတခုမရွိေသးပါဘူး။

၂၀၁၇ ခုႏွစ္ကေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၫႊန္ၾကားမႈနဲ႔ အမုန္းစကားတားဆီးကာကြယ္ေရး ဥပေဒၾကမ္းကို သာသနာေရးနဲ႔ယဥ္ေက်းမႈဝန္ႀကီးဌာနက ေရးဆြဲေနၿပီး လႊတ္ေတာ္တင္ႏိုင္ေရး ႀကိဳးပမ္းေနတယ္လို႔ ဝန္ႀကီးသူရဦးေအာင္ကိုက ေျပာခဲ့ဖူးပါတယ္။ ဒါေပမယ့္ အဲဒီဥပေဒကို ဒီေန႔အထိ လႊတ္ေတာ္ထဲမွာေဆြးေႏြးတဲ့အဆင့္အထိ ေရာက္လာတာမရွိဘူးလို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးလွေစာက မွတ္ခ်က္ေပး ေျပာဆိုထားပါတယ္။

RFA Burmese
---------------------------------------
(Unicode)⤵⤵⤵
မိတ္ထီလာမြို့မှာ သံဃာထုကို ပုတ်ခတ်စာရေးတဲ့ ဆရာဝန်ကို အရေးယူဖို့ တောင်းဆို

 မန္တလေးတိုင်း မိတ္ထီလာမြို့မှာ လူငယ်ဆရာဝန်တယောက်က သူ့ရဲ့ကျော်ဝင်းသန့်ဆိုတဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ သံဃာတွေအားလုံးကို သိမ်းကြုံးပြီး ပုတ်ခတ်စော်ကားတဲ့စာ ရေးလိုက်တဲ့အတွက် သံဃာတွေကို ပြန်တောင်းပန်ဖို့နဲ့ အရေးယူဖို့ လုပ်နေချိန်မှာ ဒေါသထွက်နေတဲ့ လူတချို့ကြောင့် မနေ့က ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။

အဲဒီ ကျော်ဝင်းသန့်ဆိုတဲ့ဆရာဝန်က သူရေးလိုက်မိတဲ့စာတွေအတွက် မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် ကိုးနဝင်းကျောင်းတိုက်ကို သူ့မိဘတွေနဲ့အတူသွားပြီး မနေ့မနက်က ဝန်ချတောင်းပန်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ သာသနာရေးနဲ့ ရဲအရာရှိတွေလဲရှိနေခဲ့ပါတယ်။

တချိန်တည်းမှာပဲ ရာနဲ့ချီတဲ့ဒေသခံတချို့နဲ့ ဒေါသထွက်နေတဲ့လူအုပ်ကြီးက ကိုးနဝင်းကျောင်းရှေ့ရောက်နေပြီး၊ လူတချို့က သူ့ကိုကိုယ်ထိလက်ရောက်ဆုံးမဖို့ကြိုးစားတာ၊ ရဲဝန်ထမ်းတွေက သတိပေးတားမြစ်နေတာ၊ ရဲတပ်ဖွဲ့က လက်ထိပ်ခတ်ပြီးခေါ်သွားတာကို တချို့ပုဂ္ဂိုလ်တွေက ဖေ့စ်ဘွတ်ကနေ တချိန်တည်းတင်ပြခဲ့တဲ့ ဗီဒီယိုရုပ်သံတွေလဲ ပျံ့နှံ့ခဲ့ပါတယ်။ သူ့ကို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့ လူတချို့ ပြောဆိုနေတာတွေလဲ အဲဒီရုပ်သံထဲမှာ တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ သူ့ကိုအရေးယူဖို့ ရဲတပ်ဖွဲ့က မန္တလေးမြို့ကို ခေါ်သွားတယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့ဟာ ၂၀၁၂ ခုနှစ်က ဘာသာရေးပဋိပက္ခကြောင့် လူတွေသေကြေဒဏ်ရာရပြီး အိုးအိမ်တွေ ပျက်စီးခဲ့ရတဲ့ဒဏ်လဲ ခံထားရဖူးပါတယ်။ အမုန်းစကားတားဆီးရေး လှုပ်ရှားမှုတွေလုပ်ဖို့ သမ္မတရုံးက ညွှန်ကြားထားတဲ့ကာလမှာပဲ မိတ္ထီလာမြို့က ဖြစ်ရပ်ပေါ်ထွက်လာတာဖြစ်ပါတယ်။ လူမျိုးစုံ ဘာသာစုံမှီတင်းနေထိုင်တဲ့ မြန်မာနိုင်ငံမှာ လူတယောက်နဲ့တယောက်၊ လူမျိုးတမျိုးနဲ့တမျိုး၊ ဘာသာတခုနဲ့တခု၊ နှိမ့်ချဆက်ဆံတာ၊ ခွဲခြားဆက်ဆံတာတွေ၊ ထိပါးပြောဆိုရေးသားတာတွေကို ထိထိရောက်ရောက်တားဆီးနိုင်မယ့် ဥပဒေတခုမရှိသေးပါဘူး။

၂၀၁၇ ခုနှစ်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားမှုနဲ့ အမုန်းစကားတားဆီးကာကွယ်ရေး ဥပဒေကြမ်းကို သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက ရေးဆွဲနေပြီး လွှတ်တော်တင်နိုင်ရေး ကြိုးပမ်းနေတယ်လို့ ဝန်ကြီးသူရဦးအောင်ကိုက ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီဥပဒေကို ဒီနေ့အထိ လွှတ်တော်ထဲမှာဆွေးနွေးတဲ့အဆင့်အထိ ရောက်လာတာမရှိဘူးလို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက မှတ်ချက်ပေး ပြောဆိုထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မိတၳီလာၿမိဳ႕မွာ သံဃာထုကို ပုတ္ခတ္စာေရးတဲ့ ဆရာဝန္ကို အေရးယူဖို႔ ေတာင္းဆို မိတၳီလာၿမိဳ႕မွာ သံဃာထုကို ပုတ္ခတ္စာေရးတဲ့ ဆရာဝန္ကို အေရးယူဖို႔ ေတာင္းဆို Reviewed by THITHTOOLWIN on 07:02 Rating: 5
Powered by Blogger.