တောင်ကုတ်မှာ နောက်ဆက်တွဲ ဖမ်းဆီးမှုတွေရှိနေ

မေလ ၁၁ ရက် မနက်ပိုင်းက တောင်ကုတ်မြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀ (က)နဲ့ ၃ ဦးဖမ်းခံရ
(Unicode)⤵⤵⤵
ရဲတပ်ဖွဲ့ က ပြီးခဲ့တဲ့ မေလ ၁၁ ရက်က အကြမ်းဖက်မှုနဲ့ အမှုဖွင့် ဖမ်းဆီးခဲ့တဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော် ရဲ့ညီဖြစ်သူ မိုက်ကယ် (ခ) ဦးစည်သူကျော်ဇံကို ရဲတပ်ဖွဲ့က မေလ ၂၅ ရက်နေ့ က ထပ်ပြီးဖမ်းဆီးလိုက်တယ်လို့ တောင်ကုတ်ဒေသခံတွေဆီကနေ သိရပါတယ်။

မေလ ၂၅ ရက်နေ့ဟာ တောင်ကုတ် စည်ပင် ဥက္ကဋ္ဌ ဦးဇေယျကျော်၊ ဦးစန်းငွေနဲ့ ဦးဝေသောင်းတို့သုံးဦးကို ပုဒ်မ ၅၀ (က) နဲ့ အမှုဖွင့်ရမန်ယူပြီး ရုံးချိန်းပြည့်တဲ့နေ့ဖြစ် တဲ့အတွက် တောင်ကုတ်တရားရုံးမှာ မိသားစုတွေလာရောက်စောင့်ဆိုင်းနေချိန် မနက် ၁၁ နာရီကျော်လောက်မှာ သူ့ရဲ့နေအိမ်ကနေ ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ တောင်ကုတ်မြို့ခံ ဦးစိုးသီဟက ဘီဘီစီကို ပြောပါတယ်။

တောင်ကုတ် စည်ပင် ဥက္ကဋ္ဌ ရဲ့ညီ ဦးစည်သူကျော်ဇံဟာ ဈေးရောင်းပြီး မြို့နယ်လူမှုရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ကြောင်းနဲ့ တောင်ကုတ်မြို့အဝင် ကိုဗစ် ၁၉ စစ်ဆေးရေးဂိတ်မှာ သူတို့အဖွဲ့မှာ လည်းပါဝင်သူဖြစ်တယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

ဦးစည်သူကျော်ဇံကို ဖမ်းဆီးတာနဲ့ပတ်သက်လို့ တောင်ကုတ်မြို့မရဲစခန်းမှူးကို ဘီဘီစီက ဆက်သွယ်မေး မြန်းခဲ့ပေမယ့် ပြန်လည်ပြောဆိုခဲ့ခြင်းမရှိခဲ့ ပါဘူး။

"မနက် ၁၁ နာရီလောက်မှာ သူ့ကို ရဲတပ်ဖွဲ့က လာခေါ်သွားတယ်လို့ သတင်းကြားတာပေါ့။ မြို့နယ်မှူးပါတယ်။ စခန်းမှူးပါတယ်။ ရပ်ကွက်လူကြီးတွေပါတယ်လို့ သိရတယ်။ သူ့ဖုန်းတွေကို သိမ်းဆည်းပြီးတော့ သူ့ကိုခေါ်သွားတာလို့ ကြားပါတယ်။ ညနေပိုင်းက ရဲစခန်းကိုသွားပြီးမေးကြည့်တော့ စခန်းမှူးက သူ့ကိုစစ်ဆေးနေတယ် ၃ နာရီလောက်မှာ ရမန်ယူလိုက်ပြီလို့ ပြောပါတယ်။ ဘယ်ပုဒ်မနဲ့ဆိုတာတော့ မသိခဲ့ရဘူး။"လို့တောင်ကုတ်မြို့ခံ ဦးစိုးသီဟက ပြောပါတယ်။

တောင်ကုတ် စည်ပင် ဥက္ကဋ္ဌ ဦးဇေယျကျော်၊ ဦးစန်းငွေနဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ တောင်ကုတ်မြို့နယ် ဒုတိယ ဥက္ကဋ္ဌ ဦးဝေသောင်းကတို့သုံးဦးစလုံးကို မေလ ၁၁ ရက်နေ့မနက်ပိုင်းမှာ တောင်ကုတ်မြို့နယ်တရားရုံမှာရုံးတင်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)နဲ့ အမှုဖွင့်ပြီး အဲ့ဒီကနေ ရန်ကုန်ကိုပြောင်းရွှေ့ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့မိသားစု ဝင်တွေက ဘီဘီစီကို ပြောပါတယ်။

မေလ ၂၅ ရက် ဒီနေ့ဟာ ဦးဇေယျကျော်အပါအဝင် ၃ ဦးတို့ကို ရမန်ပြည့်တဲ့နေ့ဖြစ်တဲ့အတွက် မိသားစုဝင်တွေ တောင်ကုတ်တရားရုံးမှာ သွားရောက်စောင့်ဆိုင်းနေတဲ့အချိန် ရုံးဝန်ထမ်းတစ်ဦးရောက်လာပြီး သူတို့သုံးဦးကို ပ-၁၆၉ နဲ့ အမှုကပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း နဲ့ ရန်ကုန်မှာ နောက်တစ်မှုနဲ့ ရမန်ထပ်ယူတယ်လို့ပြော ကြောင်း ရခိုင်အမျိုးသားပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဝေသောင်းရဲ့သား ဦးဖြိုးဝေလင်းက ပြောပါတယ်။

သူတို့သုံးဦးစလုံးဟာ မိသားစုတွေနဲ့အဆက်အသွယ်မရရှိကြဘဲဖြစ်နေကြသလို ဘယ်နေရာမှာထားတယ်။ ဘယ်တရားရုံးမှာ ရုံးထုတ်နေတယ်ဆိုတာကိုသိခွင့်ရချင်ပြီး အခုလိုသိခွင့်မရတဲ့အတွက် စိတ်ပူနေရတယ်လို့ ဦးဝေသောင်းရဲ့သားကပြောပါတယ်။

BBC Burmese
--------------------------------------------
(Zawgyi)⤵⤵⤵
ေတာင္ကုတ္မွာ ေနာက္ဆက္တြဲ ဖမ္းဆီးမႈေတြရွိေန

ရဲတပ္ဖြဲ႕ က ၿပီးခဲ့တဲ့ ေမလ ၁၁ ရက္က အၾကမ္းဖက္မႈနဲ႔ အမႈဖြင့္ ဖမ္းဆီးခဲ့တဲ့ ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္ စည္ပင္သာယာေကာ္မတီ ဥကၠ႒ ဦးေဇယ်ေက်ာ္ ရဲ႕ညီျဖစ္သူ မိုက္ကယ္ (ခ) ဦးစည္သူေက်ာ္ဇံကို ရဲတပ္ဖြဲ႕က ေမလ ၂၅ ရက္ေန႔ က ထပ္ၿပီးဖမ္းဆီးလိုက္တယ္လို႔ ေတာင္ကုတ္ေဒသခံေတြဆီကေန သိရပါတယ္။

ေမလ ၂၅ ရက္ေန႔ဟာ ေတာင္ကုတ္ စည္ပင္ ဥကၠ႒ ဦးေဇယ်ေက်ာ္၊ ဦးစန္းေငြနဲ႔ ဦးေဝေသာင္းတို႔သုံးဦးကို ပုဒ္မ ၅၀ (က) နဲ႔ အမႈဖြင့္ရမန္ယူၿပီး ႐ုံးခ်ိန္းျပည့္တဲ့ေန႔ျဖစ္ တဲ့အတြက္ ေတာင္ကုတ္တရား႐ုံးမွာ မိသားစုေတြလာေရာက္ေစာင့္ဆိုင္းေနခ်ိန္ မနက္ ၁၁ နာရီေက်ာ္ေလာက္မွာ သူ႔ရဲ႕ေနအိမ္ကေန ရဲတပ္ဖြဲ႕က လာေရာက္ေခၚေဆာင္သြားခဲ့တာျဖစ္တယ္လို႔ ေတာင္ကုတ္ၿမိဳ႕ခံ ဦးစိုးသီဟက ဘီဘီစီကို ေျပာပါတယ္။

ေတာင္ကုတ္ စည္ပင္ ဥကၠ႒ ရဲ႕ညီ ဦးစည္သူေက်ာ္ဇံဟာ ေဈးေရာင္းၿပီး ၿမိဳ႕နယ္လူမႈေရးလုပ္ငန္းေတြမွာ ဝင္ေရာက္လုပ္ကိုင္ေနတဲ့ တက္ႂကြလႈပ္ရွားသူတစ္ဦးျဖစ္ေၾကာင္းနဲ႔ ေတာင္ကုတ္ၿမိဳ႕အဝင္ ကိုဗစ္ ၁၉ စစ္ေဆးေရးဂိတ္မွာ သူတို႔အဖြဲ႕မွာ လည္းပါဝင္သူျဖစ္တယ္လို႔လည္းေဒသခံေတြက ေျပာပါတယ္။

ဦးစည္သူေက်ာ္ဇံကို ဖမ္းဆီးတာနဲ႔ပတ္သက္လို႔ ေတာင္ကုတ္ၿမိဳ႕မရဲစခန္းမႉးကို ဘီဘီစီက ဆက္သြယ္ေမး ျမန္းခဲ့ေပမယ့္ ျပန္လည္ေျပာဆိုခဲ့ျခင္းမရွိခဲ့ ပါဘူး။

"မနက္ ၁၁ နာရီေလာက္မွာ သူ႔ကို ရဲတပ္ဖြဲ႕က လာေခၚသြားတယ္လို႔ သတင္းၾကားတာေပါ့။ ၿမိဳ႕နယ္မႉးပါတယ္။ စခန္းမႉးပါတယ္။ ရပ္ကြက္လူႀကီးေတြပါတယ္လို႔ သိရတယ္။ သူ႔ဖုန္းေတြကို သိမ္းဆည္းၿပီးေတာ့ သူ႔ကိုေခၚသြားတာလို႔ ၾကားပါတယ္။ ညေနပိုင္းက ရဲစခန္းကိုသြားၿပီးေမးၾကည့္ေတာ့ စခန္းမႉးက သူ႔ကိုစစ္ေဆးေနတယ္ ၃ နာရီေလာက္မွာ ရမန္ယူလိုက္ၿပီလို႔ ေျပာပါတယ္။ ဘယ္ပုဒ္မနဲ႔ဆိုတာေတာ့ မသိခဲ့ရဘူး။"လို႔ေတာင္ကုတ္ၿမိဳ႕ခံ ဦးစိုးသီဟက ေျပာပါတယ္။

ေတာင္ကုတ္ စည္ပင္ ဥကၠ႒ ဦးေဇယ်ေက်ာ္၊ ဦးစန္းေငြနဲ႔ ရခိုင္အမ်ိဳးသားပါတီ (ANP) ရဲ႕ ေတာင္ကုတ္ၿမိဳ႕နယ္ ဒုတိယ ဥကၠ႒ ဦးေဝေသာင္းကတို႔သုံးဦးစလုံးကို ေမလ ၁၁ ရက္ေန႔မနက္ပိုင္းမွာ ေတာင္ကုတ္ၿမိဳ႕နယ္တရား႐ုံမွာ႐ုံးတင္ၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၀ (က)နဲ႔ အမႈဖြင့္ၿပီး အဲ့ဒီကေန ရန္ကုန္ကိုေျပာင္းေ႐ႊ႕ေခၚေဆာင္သြားခဲ့တာျဖစ္တယ္လို႔ သူတို႔ရဲ႕မိသားစု ဝင္ေတြက ဘီဘီစီကို ေျပာပါတယ္။

ေမလ ၂၅ ရက္ ဒီေန႔ဟာ ဦးေဇယ်ေက်ာ္အပါအဝင္ ၃ ဦးတို႔ကို ရမန္ျပည့္တဲ့ေန႔ျဖစ္တဲ့အတြက္ မိသားစုဝင္ေတြ ေတာင္ကုတ္တရား႐ုံးမွာ သြားေရာက္ေစာင့္ဆိုင္းေနတဲ့အခ်ိန္ ႐ုံးဝန္ထမ္းတစ္ဦးေရာက္လာၿပီး သူတို႔သုံးဦးကို ပ-၁၆၉ နဲ႔ အမႈကျပန္လည္လႊတ္ေပးလိုက္ၿပီျဖစ္ေၾကာင္း နဲ႔ ရန္ကုန္မွာ ေနာက္တစ္မႈနဲ႔ ရမန္ထပ္ယူတယ္လို႔ေျပာ ေၾကာင္း ရခိုင္အမ်ိဳးသားပါတီ ဒုတိယ ဥကၠ႒ ဦးေဝေသာင္းရဲ႕သား ဦးၿဖိဳးေဝလင္းက ေျပာပါတယ္။

သူတို႔သုံးဦးစလုံးဟာ မိသားစုေတြနဲ႔အဆက္အသြယ္မရရွိၾကဘဲျဖစ္ေနၾကသလို ဘယ္ေနရာမွာထားတယ္။ ဘယ္တရား႐ုံးမွာ ႐ုံးထုတ္ေနတယ္ဆိုတာကိုသိခြင့္ရခ်င္ၿပီး အခုလိုသိခြင့္မရတဲ့အတြက္ စိတ္ပူေနရတယ္လို႔ ဦးေဝေသာင္းရဲ႕သားကေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52799665
တောင်ကုတ်မှာ နောက်ဆက်တွဲ ဖမ်းဆီးမှုတွေရှိနေ တောင်ကုတ်မှာ နောက်ဆက်တွဲ ဖမ်းဆီးမှုတွေရှိနေ Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.