ျမန္မာေတြ အျပင္ထြက္ရင္ ႏွာေခါင္းစည္း တပ္ၾကၿပီလား

လိုက္နာမႈမရွိပါက ကူးစက္ေရာဂါမ်ားကာကြယ္ႏွိမ္ႏွင္းေရးဥပေဒနဲ႔အညီ အေရးယူတာခံရမယ္လို႔ ထုတ္ျပန္ထား
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္ေတြမွာ ေမလ ၁၃ ရက္ေန႔ကစၿပီး အျပင္ထြက္ရင္ ႏွာေခါင္းစည္း မျဖစ္မေန တပ္ၾကရမွာျဖစ္ၿပီး မတပ္ပါက ဒဏ္ေငြ ၅၀၀၀ က်ပ္ ဒဏ္႐ိုက္အေရးယူမယ္လို႔ အစိုးရက ထုတ္ျပန္ထားပါတယ္။

ေနအိမ္ျပင္ပကို ထြက္ခြာသြားလာတိုင္း ပါးစပ္/ ႏွာေခါင္းစည္း တပ္ဆင္ဖို႔နဲ႔ လိုက္နာမႈ မရွိပါက ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္ႏွင္းေရး ဥပေဒနဲ႔အညီ အေရးယူတာခံရမယ္လို႔ ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္အဆင့္ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီအသီးသီးကေန ထုတ္ျပန္ေၾကညာထားတာပါ။

ခြဲစိတ္ခန္းသုံး ႏွာေခါင္းစည္းေတြက ရန္ကုန္မွာ တစ္ခု ၃၀၀ က်ပ္ေလာက္ ေပးရၿပီး တစ္ခါသုံးမို႔ ႏြမ္းပါးတဲ့ သာမန္ျပည္သူေတြ မတတ္ႏိုင္တာေၾကာင့္ တပ္ဖို႔ အခက္အခဲရွိ ၾကပါတယ္။

ဒါေၾကာင့္ သာမန္ျပည္သူေတြ ကို ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီေတြက ႏွာေခါင္းစည္း လႉဒါန္းၾကသလို ျပန္လည္ေလွ်ာ္ဖြပ္အသုံးျပဳႏိုင္တဲ့ အဝတ္နဲ႔ ခ်ဳပ္ထားတဲ့ ႏွာေခါင္းစည္းေလးေတြ ေဝၿပီး ႏွာေခါင္းစည္း ဝတ္ပုံဝတ္နည္းနဲ႔ ပတ္သက္လို႔ ရန္ကုန္တိုင္းအတြင္း တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ ပညာေပး လႈပ္ရွားမႈေတြ လုပ္ခဲ့ၾကပါတယ္။
ရာသီဥတုပူတာေၾကာင့္ လည္း အၾကာႀကီးမတပ္ႏိုင္တာေတြ လည္းရွိ
ေမလ ၁၃ ရက္ေန႔ မနက္ပိုင္းကေတာ့ ပုဇြန္ေတာင္ၿမိဳ႕နယ္အတြင္းမွာ ႏွာေခါင္းစည္း မတပ္သူေတြကို အေရးယူမႈေတြ စတင္ေဆာင္႐ြက္ေနၿပီလို႔ သိရပါတယ္။

စည္းကမ္းမလိုက္နာသူေတြကို ပုဇြန္ေတာင္ၿမိဳ႕နယ္အတြင္းမွာ ၿမိဳ႕နယ္စည္ပင္၊ရဲတပ္ဖြဲ႕၊ က်န္းမာေရး စတဲ့ ပူးေပါင္းအဖြဲ႕က အေရးယူမႈေတြ ေဆာင္႐ြက္ခဲ့ပါတယ္။

ျမန္မာေတြ ႏွာေခါင္းစည္း မတပ္ၾကတာဟာ ေငြေၾကးတစ္ခုတည္းေၾကာင့္ေတာ့ မဟုတ္ပါဘူး။

လူေတြကေတာ့ တပ္ေနၾက မဟုတ္သလို ရာသီဥတုကလည္း ပူတာေၾကာင့္လည္း အၾကာႀကီး မတပ္ႏိုင္တာေတြလည္း ရွိပါတယ္။

"ကြၽန္ေတာ္႐ုံးကို တကၠစီ နဲ႔ သြားရင္ နာရီပိုင္းေလာက္ေလး တပ္တာ ၊ ပူလြန္းလို႔ ပါးစပ္ထဲကိုေတာင္ ေခြၽးေတြဝင္တယ္၊ အေတာ္အေနရခက္တယ္"လို႔ ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

စက္မႈဇုန္က အလုပ္သမား အမ်ားစုက ေတာ့ ေမးေစ့မွာ ခ်ိတ္ထားတာ မ်ားၿပီး စနစ္တက် ျဖဳတ္တာ တပ္တာ အားနည္းတယ္လို အလုပ္သမားအေရး ေဆာင္႐ြက္သူေတြက ေျပာပါတယ္။
ႏွာေခါင္းစည္း မတပ္ၾကသူေတြလည္းရွိ
အဝတ္ႏွာေခါင္းစည္းေလးေတြ ခ်ဳပ္ၿပီးျဖစ္ေစ၊ အလႉေငြျဖစ္ေစ သက္ဆိုင္ရာၿမိဳ႕နယ္ ကိုဗစ္-၁၉ ကာကြယ္ ကုသ တိုက္ဖ်က္ေရး ေကာ္မတီေတြကို လႉဒါန္းၾကဖို႔ကို ရန္ကုန္က ၿမိဳ႕နယ္ ကိုဗစ္-၁၉ ကာကြယ္ ေရးေကာ္မတီတစ္ခ်ိဳ႕ကလည္း တိုက္တြန္း ေနၾကပါတယ္။

ေမလ ၁၃ ရက္ေန႔ မနက္ ၈နာရီေလာက္ကစၿပီး အင္းစိန္ၿမိဳ႕နယ္က ေဈးေတြကို ႏွာေခါင္းစည္း အေရအတြက္ တစ္ေသာင္းသုံးေထာင္ေက်ာ္ တၿပိဳင္တည္း ေဝၿပီး ပညာေပးတာေတြ လုပ္ခဲ့တယ္လို႔ အင္းစိန္က လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။

ေရာဂါကူးစက္သူ ၄၄ ဦးရွိတဲ့ ကူးစက္သူ အမ်ားဆုံး ၿမိဳ႕နယ္ျဖစ္တဲ့ အင္းစိန္ၿမိဳ႕နယ္မွာေတာ့ အင္းစိန္ၿမိဳ႕မေဈး ၊ဒညင္းကုန္း ကုန္စိမ္းေဈး ေအာင္ဆန္းေဈး၊ ေဖာ့ကန္ေဈး၊ ၿမိဳ႕သစ္ေဈး၊႐ြာမအေနာက္ေဈးစတဲ့ ေစ်းေတြမွာ ႏွာေခါင္းစည္းေတြတပ္ဖို႔ ေဝသလို ညေနမွာ ကားေတြနဲ႔ အသိပညာေပးလုပ္တာ ေတြ႕ရပါတယ္။

လႈိင္သာယာမွာလည္း ႏွာေခါင္းစည္းေတြတပ္ဖို႔ သက္ဆိုင္ရာၿမိဳ႕နယ္ ကိုဗစ္-၁၉ ကာကြယ္ေရးေကာ္မတီက လႈပ္ရွားမႈေတြ ရွိပါတယ္။

ႏွာေခါင္းစည္း တပ္မလာသူေတြကိုလည္း ပညာေပးၿပီး ႏွာေခါင္းစည္း ေပးေဝတာေတြ ရွိပါတယ္။
အင္းစိန္ၿမိဳ႕နယ္မွာ ႏွာေခါင္းစည္း ေတြေဝ
ႏွာေခါင္းစည္းတပ္ဖို႔အမိန္႔ဟာ ေနာက္ထပ္ အမိန္႔တစုံတရာ မထုတ္ျပန္မခ်င္း အတည္ျဖစ္လို႔ ဘယ္ေလာက္ ဆက္ၾကာဦးမလဲဆိုတာေတာ့ မသိရ ေသးပါဘူး။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သူရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာေတာ့ "တ႐ုတ္၊ ဂ်ပန္၊ ကိုရီးယားတို႔မွာ အေအးမိရင္၊ ေခ်ာင္းဆိုးရင္ maskတပ္ၿပီးမွ အျပင္ထြက္တာက ဆယ္စုႏွစ္ေတြနဲ႔ခ်ီၿပီး ယဥ္ေက်းမႈတစ္ရပ္လို ျဖစ္ေနေပမယ့္ အခု ကိုဗစ္ကာလမွာလို လုပ္ၾကရတာမ်ိဳး မဟုတ္ပါဘူး"

"ကြၽန္မတို႔ႏိုင္ငံမွာ အေလ့အက်င့္မရွိတဲ့အထဲက ရာသီဥတုကလည္း ပူတဲ့အခါက မ်ားေနေတာ့ mask ကို ၾကာၾကာတပ္ရတာ မလြယ္တဲ့အလုပ္ႀကီးေပါ့။ ပူတဲ့အျပင္ အသက္ရႉကမဝ၊ စကားေျပာတာ ရွင္းရွင္း မၾကားရ စသျဖင့္ maskကို မႏွစ္သက္ရတဲ့ အေၾကာင္းေတြ ၾကားရပါတယ္။ ဒါေတြက အေလ့အက်င့္ ရတာနဲ႔အမွ် အဆင္ေျပသြားမယ့္ကိစၥေတြပါ။ စမ္းၾကည့္ပါ။ ကြၽန္မတို႔ေတြက တာေဝး အေျပးသမားေတြေလ"လို႔ ေရးသားၿပီး အားေပးထားပါတယ္။
 ႏွာေခါင္းစည္းကို ေမးေအာက္ဆြဲခ်လိုက္ ျပန္တပ္လိုက္ မလုပ္ဖို႔လည္း က်န္းမာေရးဘက္က အႀကံျပဳထား
ဒါ့အျပင္ ႏွာေခါင္းစည္းကို ျဖဳတ္၊တပ္ရင္ စနစ္တက် ျဖဳတ္၊တပ္ဖို႔ကလည္း အေရးႀကီးပါတယ္ ။

ရန္ကုန္တိုင္း သဃၤန္းကြၽန္းၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ တြဲဖက္အတြင္းေရးမႉး ေဒါက္တာေက်ာ္စြာဦးကေတာ့ ဘယ္လို ျဖဳတ္၊တပ္ရမယ္၊ ဘယ္လို ေလွ်ာ္ဖြပ္ရ မယ္ ဆိုတာကို သဃၤန္းကြၽန္းၿမိဳ႕နယ္မွာ ပညာေပးေနတယ္လို႔လည္း ေျပာပါတယ္။

တစ္ခါသုံး ႏွာေခါင္းစည္းကို တပ္မယ္ဆိုရင္ လက္ကို ဆပ္ျပာနဲ႔ ေဆးဖို႔လိုသလို၊ ႀကိဳးကပဲ ကိုင္ဖို႔ ေနာက္ ေျပာင္းျပန္လွန္ၿပီး ျပန္မသုံးဖို႔၊ ႏွာေခါင္းစည္း တပ္ထားခ်ိန္ မ်က္ႏွာကို မကိုင္ဖို႔ ၊ ႏွာေခါင္းစည္းကို ေမးေအာက္ဆြဲခ်လိုက္၊ ျပန္တပ္လိုက္ မလုပ္ဖို႔လည္း က်န္းမာေရးဘက္က အႀကံျပဳထားၾကပါတယ္။

ေနာက္ အဝတ္ႏွာေခါင္းစည္းကို သုံးၿပီး ေန႔စဥ္ ေလွ်ာ္ဖို႔လို သလို ေလွ်ာ္ရင္လည္း ဆပ္ျပာရည္နဲ႔ မိနစ္ ၂၀ ေလာက္ စိမ္ဖို႔ လိုပါတယ္။ ေလွ်ာ္ၿပီး အေျခာက္လွန္းရင္လည္း ၄ နာရီေလာက္ ေနပူျပရမယ္လို႔လည္း အႀကံျပဳထားပါတယ္ ။

ဒါေပမယ့္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကေတာ့ ႏွာေခါင္းစည္းတပ္တာဟာ ေရာဂါပိုး အျပည့္အဝ မကာကြယ္ႏိုင္ဘူးလို႔လည္း ထုတ္ျပန္ထားပါတယ္။

"စတပ္ခါစေတာ့ နည္းနည္းေတာ့ အခက္အခဲရွိမွာပါ။ ေရာဂါကာကြယ္ဖို႔ဆိုေတာ့ ေနာက္ပိုင္းတပ္တာ ၾကာ လာရင္ေတာ့ အဆင္ေျပမွာပါ"လို႔လည္း ေဒါက္တာ ေက်ာ္စြာဦးက ေျပာပါတယ္။

BBC Burmese
-----------------------------
(Unicode)⤵⤵⤵
မြန်မာတွေ အပြင်ထွက်ရင် နှာခေါင်းစည်း တပ်ကြပြီလား

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ မေလ ၁၃ ရက်နေ့ကစပြီး အပြင်ထွက်ရင် နှာခေါင်းစည်း မဖြစ်မနေ တပ်ကြရမှာဖြစ်ပြီး မတပ်ပါက ဒဏ်ငွေ ၅၀၀၀ ကျပ် ဒဏ်ရိုက်အရေးယူမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

နေအိမ်ပြင်ပကို ထွက်ခွာသွားလာတိုင်း ပါးစပ်/ နှာခေါင်းစည်း တပ်ဆင်ဖို့နဲ့ လိုက်နာမှု မရှိပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေနဲ့အညီ အရေးယူတာခံရမယ်လို့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီအသီးသီးကနေ ထုတ်ပြန်ကြေညာထားတာပါ။

ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေက ရန်ကုန်မှာ တစ်ခု ၃၀၀ ကျပ်လောက် ပေးရပြီး တစ်ခါသုံးမို့ နွမ်းပါးတဲ့ သာမန်ပြည်သူတွေ မတတ်နိုင်တာကြောင့် တပ်ဖို့ အခက်အခဲရှိ ကြပါတယ်။

ဒါကြောင့် သာမန်ပြည်သူတွေ ကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီတွေက နှာခေါင်းစည်း လှူဒါန်းကြသလို ပြန်လည်လျှော်ဖွပ်အသုံးပြုနိုင်တဲ့ အဝတ်နဲ့ ချုပ်ထားတဲ့ နှာခေါင်းစည်းလေးတွေ ဝေပြီး နှာခေါင်းစည်း ဝတ်ပုံဝတ်နည်းနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းအတွင်း တချို့မြို့နယ်တွေမှာ ပညာပေး လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။

မေလ ၁၃ ရက်နေ့ မနက်ပိုင်းကတော့ ပုဇွန်တောင်မြို့နယ်အတွင်းမှာ နှာခေါင်းစည်း မတပ်သူတွေကို အရေးယူမှုတွေ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

စည်းကမ်းမလိုက်နာသူတွေကို ပုဇွန်တောင်မြို့နယ်အတွင်းမှာ မြို့နယ်စည်ပင်၊ရဲတပ်ဖွဲ့၊ ကျန်းမာရေး စတဲ့ ပူးပေါင်းအဖွဲ့က အရေးယူမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။

မြန်မာတွေ နှာခေါင်းစည်း မတပ်ကြတာဟာ ငွေကြေးတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။

လူတွေကတော့ တပ်နေကြ မဟုတ်သလို ရာသီဥတုကလည်း ပူတာကြောင့်လည်း အကြာကြီး မတပ်နိုင်တာတွေလည်း ရှိပါတယ်။

"ကျွန်တော်ရုံးကို တက္ကစီ နဲ့ သွားရင် နာရီပိုင်းလောက်လေး တပ်တာ ၊ ပူလွန်းလို့ ပါးစပ်ထဲကိုတောင် ချွေးတွေဝင်တယ်၊ အတော်အနေရခက်တယ်"လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

စက်မှုဇုန်က အလုပ်သမား အများစုက တော့ မေးစေ့မှာ ချိတ်ထားတာ များပြီး စနစ်တကျ ဖြုတ်တာ တပ်တာ အားနည်းတယ်လို အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

အဝတ်နှာခေါင်းစည်းလေးတွေ ချုပ်ပြီးဖြစ်စေ၊ အလှူငွေဖြစ်စေ သက်ဆိုင်ရာမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ကုသ တိုက်ဖျက်ရေး ကော်မတီတွေကို လှူဒါန်းကြဖို့ကို ရန်ကုန်က မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ရေးကော်မတီတစ်ချို့ကလည်း တိုက်တွန်း နေကြပါတယ်။

မေလ ၁၃ ရက်နေ့ မနက် ၈နာရီလောက်ကစပြီး အင်းစိန်မြို့နယ်က ဈေးတွေကို နှာခေါင်းစည်း အရေအတွက် တစ်သောင်းသုံးထောင်ကျော် တပြိုင်တည်း ဝေပြီး ပညာပေးတာတွေ လုပ်ခဲ့တယ်လို့ အင်းစိန်က လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

ရောဂါကူးစက်သူ ၄၄ ဦးရှိတဲ့ ကူးစက်သူ အများဆုံး မြို့နယ်ဖြစ်တဲ့ အင်းစိန်မြို့နယ်မှာတော့ အင်းစိန်မြို့မဈေး ၊ဒညင်းကုန်း ကုန်စိမ်းဈေး အောင်ဆန်းဈေး၊ ဖော့ကန်ဈေး၊ မြို့သစ်ဈေး၊ရွာမအနောက်ဈေးစတဲ့ ဈေးတွေမှာ နှာခေါင်းစည်းတွေတပ်ဖို့ ဝေသလို ညနေမှာ ကားတွေနဲ့ အသိပညာပေးလုပ်တာ တွေ့ရပါတယ်။

လှိုင်သာယာမှာလည်း နှာခေါင်းစည်းတွေတပ်ဖို့ သက်ဆိုင်ရာမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးကော်မတီက လှုပ်ရှားမှုတွေ ရှိပါတယ်။

နှာခေါင်းစည်း တပ်မလာသူတွေကိုလည်း ပညာပေးပြီး နှာခေါင်းစည်း ပေးဝေတာတွေ ရှိပါတယ်။

နှာခေါင်းစည်းတပ်ဖို့အမိန့်ဟာ နောက်ထပ် အမိန့်တစုံတရာ မထုတ်ပြန်မချင်း အတည်ဖြစ်လို့ ဘယ်လောက် ဆက်ကြာဦးမလဲဆိုတာတော့ မသိရ သေးပါဘူး။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့ "တရုတ်၊ ဂျပန်၊ ကိုရီးယားတို့မှာ အအေးမိရင်၊ ချောင်းဆိုးရင် maskတပ်ပြီးမှ အပြင်ထွက်တာက ဆယ်စုနှစ်တွေနဲ့ချီပြီး ယဉ်ကျေးမှုတစ်ရပ်လို ဖြစ်နေပေမယ့် အခု ကိုဗစ်ကာလမှာလို လုပ်ကြရတာမျိုး မဟုတ်ပါဘူး"

"ကျွန်မတို့နိုင်ငံမှာ အလေ့အကျင့်မရှိတဲ့အထဲက ရာသီဥတုကလည်း ပူတဲ့အခါက များနေတော့ mask ကို ကြာကြာတပ်ရတာ မလွယ်တဲ့အလုပ်ကြီးပေါ့။ ပူတဲ့အပြင် အသက်ရှူကမဝ၊ စကားပြောတာ ရှင်းရှင်း မကြားရ စသဖြင့် maskကို မနှစ်သက်ရတဲ့ အကြောင်းတွေ ကြားရပါတယ်။ ဒါတွေက အလေ့အကျင့် ရတာနဲ့အမျှ အဆင်ပြေသွားမယ့်ကိစ္စတွေပါ။ စမ်းကြည့်ပါ။ ကျွန်မတို့တွေက တာဝေး အပြေးသမားတွေလေ"လို့ ရေးသားပြီး အားပေးထားပါတယ်။

ဒါ့အပြင် နှာခေါင်းစည်းကို ဖြုတ်၊တပ်ရင် စနစ်တကျ ဖြုတ်၊တပ်ဖို့ကလည်း အရေးကြီးပါတယ် ။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာကျော်စွာဦးကတော့ ဘယ်လို ဖြုတ်၊တပ်ရမယ်၊ ဘယ်လို လျှော်ဖွပ်ရ မယ် ဆိုတာကို သင်္ဃန်းကျွန်းမြို့နယ်မှာ ပညာပေးနေတယ်လို့လည်း ပြောပါတယ်။

တစ်ခါသုံး နှာခေါင်းစည်းကို တပ်မယ်ဆိုရင် လက်ကို ဆပ်ပြာနဲ့ ဆေးဖို့လိုသလို၊ ကြိုးကပဲ ကိုင်ဖို့ နောက် ပြောင်းပြန်လှန်ပြီး ပြန်မသုံးဖို့၊ နှာခေါင်းစည်း တပ်ထားချိန် မျက်နှာကို မကိုင်ဖို့ ၊ နှာခေါင်းစည်းကို မေးအောက်ဆွဲချလိုက်၊ ပြန်တပ်လိုက် မလုပ်ဖို့လည်း ကျန်းမာရေးဘက်က အကြံပြုထားကြပါတယ်။

နောက် အဝတ်နှာခေါင်းစည်းကို သုံးပြီး နေ့စဉ် လျှော်ဖို့လို သလို လျှော်ရင်လည်း ဆပ်ပြာရည်နဲ့ မိနစ် ၂၀ လောက် စိမ်ဖို့ လိုပါတယ်။ လျှော်ပြီး အခြောက်လှန်းရင်လည်း ၄ နာရီလောက် နေပူပြရမယ်လို့လည်း အကြံပြုထားပါတယ် ။

ဒါပေမယ့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ နှာခေါင်းစည်းတပ်တာဟာ ရောဂါပိုး အပြည့်အဝ မကာကွယ်နိုင်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

"စတပ်ခါစတော့ နည်းနည်းတော့ အခက်အခဲရှိမှာပါ။ ရောဂါကာကွယ်ဖို့ဆိုတော့ နောက်ပိုင်းတပ်တာ ကြာ လာရင်တော့ အဆင်ပြေမှာပါ"လို့လည်း ဒေါက်တာ ကျော်စွာဦးက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52652153
ျမန္မာေတြ အျပင္ထြက္ရင္ ႏွာေခါင္းစည္း တပ္ၾကၿပီလား ျမန္မာေတြ အျပင္ထြက္ရင္ ႏွာေခါင္းစည္း တပ္ၾကၿပီလား Reviewed by THITHTOOLWIN on 07:46 Rating: 5
Powered by Blogger.