ရန္ကုန္တုိင္းတြင္းစက္႐ံုေတြထဲ ထက္ဝက္နီးပါး စစ္ေဆးဖို႔အေၾကာင္းမၾကား


(Zawgyi/Unicode)

စက္ရံု၊ အလုပ္ရံုေတြမွာ COVID-19 ကာကြယ္ထားတာရွိ၊ မရွိ စစ္ေဆးတာကုိ ပူေပါင္းစစ္ေဆးေရးအဖြဲ႔ေတြက အစိုးရသတ္မွတ္ထားတဲ႔ ေမလ ၁၅ ရက္အမီျပီးေအာင္ စစ္ေဆးေနေပမဲ႔ စက္ရံုအမ်ားစု စစ္ဖို႔ က်န္ေနတဲ႔အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက ေျပာျပေပးမွာပါ။

မျဖစ္မေန လည္ပတ္ရမယ့္ စက္ရံုက လြဲျပီး စက္ရံုထက္ဝက္ေလာက္က သူတို႔လုပ္ငန္းကိုလာစစ္ဖို႔ ဌာနဆိုင္ရာ ပူးေပါင္း စစ္ေဆးေရးအဖြဲ႔ေတြကို အေၾကာင္းမၾကားၾကပါဘူး။

စက္ရံုေပါင္း ၂,၀၀၀ ေက်ာ္ရွိတဲ့ ရန္ကုန္တိုင္း လႈိင္သာယာျမိဳ႕နယ္မွာ အခုအခိ်န္ထိ စက္ရံု ၉၀၀ ေလာက္ပဲ စစ္ေဆးႏိုင္ပါေသးတယ္။ ကုန္အမွာမရွိ၊ ကုန္ၾကမ္းလည္းမရတဲ႔အေျခအေနမွာ စက္ရံုကို ပိတ္ထားဖို႔ လုပ္ငန္းရွင္ေတြက ပိုျပီး ဆႏၵရွိၾကတာပါ။ လႈိင္သာယာ အေျခအေနကို တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဝင္းေမာင္က ေျပာျပပါတယ္။

“က်ေနာ္တို႔ သိရသေလာက္ တခ်ိဳ႕စက္ရံု၊ အလုပ္ရံုေတြကေတာ႔ ေနာက္ထပ္ေရရွည္သူတို႔ အလုပ္ကို ပိတ္ထားခ်င္တဲ႔ သေဘာေလးေတြ ရွိတယ္။ တခ်ိဳ႕စက္ရံုေတြက်ေတာ႔လည္း က်ေနာ္တို႔ သိရသေလာက္ ျပန္လည္ဖြင့္လိုက္ျပီးေတာ႔ လုပ္ငန္းေဆာင္ရြက္ေပမဲ႔ ဒီဘက္ကထြက္တဲ႔ product ကို ဟိုဘက္မွာ ဝယ္မယ့္သူ မရွိဘူးဆိုရင္ ဒီစက္ရံု လည္ပတ္ေနတာထက္စာရင္ မလည္ပတ္ဘဲ ရပ္ထားတာက ပိုေကာင္းတဲ႔ အေျခအေနတခုကို ဒီလိုလက္ခံထားျပီးေတာ့ လာေရာက္တင္ျပျခင္းမရွိတဲ့ စက္ရံုေတြရွိတယ္။"

အထူးသျဖင့္ အထည္ခ်ဳပ္လုပ္ငန္းေတြ၊ စားေသာက္ကုန္လုပ္ငန္းေတြက ကုန္အမွာေတြထပ္မရသလို အာမခံျပီး ကုန္အမွာေတြအတြက္ ေလ်ာ္ၾကးေပးရသူေတြ ရွိပါတယ္။

အလုပ္သမား ဝန္ၾကီးဌာန၊ က်န္းမာေရး ဝန္ၾကီးဌာနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ပူးေပါင္း စစ္ေဆးေရးအဖြဲ႔ေတြက စစ္ျပီးသြားတဲ႔စက္ရံုကို A, B, C အဆင့္ေတြ သတ္မွတ္ပါတယ္။ A အဆင့္ရတဲ႔ စက္ရံုက လုပ္ငန္းလည္ပတ္ဖို႔ ေထာက္ခံခ်က္ရမွာ။ B အဆင့္ကေတာ႔ လုပ္ငန္း လည္ပတ္ရင္း စစ္ေဆးခံရမွာပါ။ C အဆင့္ကေတာ႔ က်န္းမာေရးဝန္ၾကီးဌာန သတ္မွတ္ခ်က္ေတြ ျပည့္မီတဲ႔အထိ စစ္ေဆးခံျပီးမွ ျပန္ဖြင့္ခြင့္ရမွာပါ။

ရန္ကုန္မွာစက္ရံု ၃,၀၀၀ ေလာက္စစ္ေဆးျပီးသြားပါျပီ။ တခ်ိဳ႕ လုပ္ငန္းလည္ပတ္ေနေပမဲ႔ အမ်ားစုကေတာ႔ ရပ္နားထားပါတယ္။ အစိုးရ သတ္မွတ္ထားတဲ႔ ေမလ ၁၅ ရက္ ေရာက္တဲ႔အထိ စစ္ေဆးတာ ျပီးဦးမွာ မဟုတ္ေသးဘူးလို႔ စစ္ေဆးေရးအဖြဲ႔ေတြက ေျပာပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------
[Unicode Version]

စက်ရုံ၊ အလုပ်ရုံတွေမှာ COVID-19 ကာကွယ်ထားတာရှိ၊ မရှိ စစ်ဆေးတာကို ပူပေါင်းစစ်ဆေးရေးအဖွဲ့တွေက အစိုးရသတ်မှတ်ထားတဲ့ မေလ ၁၅ ရက်အမီပြီးအောင် စစ်ဆေးနေပေမဲ့ စက်ရုံအများစု စစ်ဖို့ ကျန်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြပေးမှာပါ။

မဖြစ်မနေ လည်ပတ်ရမယ့် စက်ရုံက လွဲပြီး စက်ရုံထက်ဝက်လောက်က သူတို့လုပ်ငန်းကိုလာစစ်ဖို့ ဌာနဆိုင်ရာ ပူးပေါင်း စစ်ဆေးရေးအဖွဲ့တွေကို အကြောင်းမကြားကြပါဘူး။

စက်ရုံပေါင်း ၂,၀၀၀ ကျော်ရှိတဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ အခုအချိန်ထိ စက်ရုံ ၉၀၀ လောက်ပဲ စစ်ဆေးနိုင်ပါသေးတယ်။ ကုန်အမှာမရှိ၊ ကုန်ကြမ်းလည်းမရတဲ့အခြေအနေမှာ စက်ရုံကို ပိတ်ထားဖို့ လုပ်ငန်းရှင်တွေက ပိုပြီးဆန္ဒရှိကြတာပါ။ လှိုင်သာယာ အခြေအနေကို တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောပြပါတယ်။

“ကျနော်တို့ သိရသလောက် တချို့စက်ရုံ၊ အလုပ်ရုံတွေကတော့ နောက်ထပ်ရေရှည်သူတို့ အလုပ်ကို ပိတ်ထားချင်တဲ့ သဘောလေးတွေ ရှိတယ်။ တချို့စက်ရုံတွေကျတော့လည်း ကျနော်တို့ သိရသလောက် ပြန်လည်ဖွင့်လိုက်ပြီးတော့ လုပ်ငန်းဆောင်ရွက်ပေမဲ့ ဒီဘက်ကထွက်တဲ့ product ကို ဟိုဘက်မှာ ဝယ်မယ့်သူ မရှိဘူးဆိုရင် ဒီစက်ရုံ လည်ပတ်နေတာထက်စာရင် မလည်ပတ်ဘဲ ရပ်ထားတာက ပိုကောင်းတဲ့ အခြေအနေတခုကို ဒီလိုလက်ခံထားပြီးတော့ လာရောက်တင်ပြခြင်းမရှိတဲ့ စက်ရုံတွေရှိတယ်။"

အထူးသဖြင့် အထည်ချုပ်လုပ်ငန်းတွေ၊ စားသောက်ကုန်လုပ်ငန်းတွေက ကုန်အမှာတွေထပ်မရသလို အာမခံပြီး ကုန်အမှာတွေအတွက် လျော်ကြးပေးရသူတွေ ရှိပါတယ်။

အလုပ်သမား ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ လွှတ်တော်ကိုယ်စားလှယ်ပူးပေါင်း စစ်ဆေးရေးအဖွဲ့တွေက စစ်ပြီးသွားတဲ့စက်ရုံကို A, B, C အဆင့်တွေ သတ်မှတ်ပါတယ်။ A အဆင့်ရတဲ့ စက်ရုံက လုပ်ငန်းလည်ပတ်ဖို့ ထောက်ခံချက်ရမှာ။ B အဆင့်ကတော့ လုပ်ငန်း လည်ပတ်ရင်း စစ်ဆေးခံရမှာပါ။ C အဆင့်ကတော့ ကျန်းမာရေးဝန်ကြီးဌာန သတ်မှတ်ချက်တွေ ပြည့်မီတဲ့အထိ စစ်ဆေးခံပြီးမှ ပြန်ဖွင့်ခွင့်ရမှာပါ။

ရန်ကုန်မှာစက်ရုံ ၃,၀၀၀ လောက်စစ်ဆေးပြီးသွားပါပြီ။ တချို့ လုပ်ငန်းလည်ပတ်နေပေမဲ့ အများစုကတော့ ရပ်နားထားပါတယ်။ အစိုးရ သတ်မှတ်ထားတဲ့ မေလ ၁၅ ရက် ရောက်တဲ့အထိ စစ်ဆေးတာ ပြီးဦးမှာ မဟုတ်သေးဘူးလို့ စစ်ဆေးရေးအဖွဲ့တွေက ပြောပါတယ်။

စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-yangon-factory-issue/5409923.html
ရန္ကုန္တုိင္းတြင္းစက္႐ံုေတြထဲ ထက္ဝက္နီးပါး စစ္ေဆးဖို႔အေၾကာင္းမၾကား ရန္ကုန္တုိင္းတြင္းစက္႐ံုေတြထဲ ထက္ဝက္နီးပါး စစ္ေဆးဖို႔အေၾကာင္းမၾကား Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.