ကပ္ေဘးကာလ အစိုးရေထာက္ပံ့မႈ ပိုမိုစနစ္က်ဖို႔ တိုက္တြန္း

(Zawgyi)⤵⤵⤵
ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြအတြက္ အစိုးရက ဒုတိယအႀကိမ္ ေထာက္ပံ့မႈေတြကို ရက္သတၱပတ္ ႏွစ္ပတ္ကေန သုံးပတ္အတြင္း လုပ္ေဆာင္ေပးႏိုင္ဖို႔ ေမွ်ာ္မွန္းထားတယ္လို႔ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္။

အစိုးရရဲ႕ ေထာက္ပံ့ကူညီမႈေတြ မျဖစ္မေန လိုအပ္ေနသူေတြအားလုံးထံကို ေရာက္ရွိေရး စနစ္တက် စာရင္း ေကာက္ယူဖို႔ ေျပာဆိုမႈေတြရွိလာပါတယ္။

ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြအတြက္ အစိုးရက ဒုတိယအႀကိမ္ ေထာက္ပံ့မႈ ျပင္ဆင္ေနတာပါ။ ဒီတစ္ေခါက္မွာေတာ့ ပစၥည္းေတြ ေထာက္ပံ့မွာ မဟုတ္ဘဲ ေငြက်ပ္ အနည္းဆုံး သုံးေသာင္းကေန ေလးေသာင္းခန႔္ ေထာက္ပံ့ဖို႔ စီစဥ္ေနတယ္လို႔ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ၿပီးခဲ့တဲ့ ေမလ ၁၆ ရက္မွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

“ဒီတစ္ေခါက္မွာေတာ့  ပိုၿပီးေတာ့ စနစ္တက်နဲ႔ အခ်ိန္ယူၿပီးေတာ့ လုပ္ေနတာျဖစ္တယ္။ ကြၽန္ေတာ္တို႔ အလြန္ဆုံး ႏွစ္ပတ္ေပါ့ေနာ္။ ႏွစ္ပတ္အတြင္းေဆာင္႐ြက္ႏိုင္ဖို႔ မွန္းထားတယ္။ တကယ့္ ျပည္သူေတြရဲ႕ သတင္းအခ်က္အလက္ေတြ ျပည့္စုံဖို႔အတြက္ ရပ္ေက်းအဆင့္အထိ ပုံစံေတြခ်ေပးၿပီးေတာ့ သူတို႔ ဥပမာ လုပ္ငန္းအမ်ိဳးအစားေတြ ေရးထားမယ္။ အဲဒီအထဲက သူနဲ႔သင့္ေတာ္တဲ့ဟာကို အမွတ္ျခစ္လိုက္႐ုံပဲ။ ဒီလိုပုံစံနဲ႔ ကြၽန္ေတာ္တို႔ စာရင္းေကာက္ယူမယ္။ စာရင္းမွန္မွန္ျဖစ္ေရးကို အေျခခံၿပီးေတာ့မွပဲ သက္ဆိုင္တဲ့ အြန္လိုင္း Payment လုပ္ေနတဲ့သူေတြနဲ႔ ေဆာင္႐ြက္သြားဖို႔ လုပ္ထားတယ္။ ကြၽန္ေတာ္တို႔ကေတာ့ အျမန္ဆုံးကေတာ့ လုပ္ဖို႔မွန္းထားတယ္။ ဒါေပမဲ့ ႏွစ္ပတ္ကေန သုံးပတ္အထိ အခ်ိန္ယူရမယ္လို႔ေတာ့ ယူဆထားတယ္“

ေငြေၾကးေထာက္ပံ့မႈေတြအတြက္ ေဒသအလိုက္ အဆင္ေျပေျပ ထုတ္ယူႏိုင္မယ့္ ေငြလႊဲဝန္ေဆာင္မႈေတြနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

ဒုတိအႀကိမ္ ေငြေၾကးေထာက္ပံ့ဖို႔အတြက္ ပထမအႀကိမ္က ေထာက္ပံ့ေပးခဲ့တဲ့ စာရင္းမွာ မပါဝင္ခဲ့သူေတြကို ထပ္ၿပီးစာရင္းေကာက္ခံသြားရမွာျဖစ္တယ္လို႔ ရန္ကုန္တိုင္း အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာပါတယ္။

“အခုအခ်ိန္အထိေတာ့ ၫႊန္ၾကားခ်က္ မရွိေသးဘူူး။ ၫႊန္ၾကားခ်က္ရွိလာလို႔ ေဆာင္႐ြက္တဲ့အခါမွာ အဓိကေတာ့ ထိခိုက္လြယ္တဲ့ အေျခခံလူတန္းစား ျဖစ္ရမယ္။ အဲဒီအေျခခံလူတန္းစားအားလုံး ပါဝင္ရဖို႔ ေဆာင္႐ြက္သြားမွာပါ။ ဒီတစ္ခါ ေငြေရးေၾကးေရး ျဖစ္တဲ့အတြက္ေၾကာင့္ ပိုၿပီးေတာ့ အရင္စားေသာက္ ကုန္ေတြထက္ ပိုၿပီးေတာ့ ခိုက္ရန္ေဒါသေတြျဖစ္ႏိုင္ပါတယ္။ အဲဒီအတြက္ မွန္မွန္ကန္ကန္ မွ်မွ်တတလုပ္ဖို႔ လိုအပ္ပါတယ္“

အစိုးရအေနနဲ႔ ၿပီးခဲ့တဲ့ ဧၿပီ ၁၀ ရက္ေန႔က အေျခခံ လူတန္းစားေတြအတြက္ ဆန္၊ ဆီ၊ ဆား၊ ပဲ၊ ၾကက္သြန္ စတဲ့ အေျခခံ စားေသာက္ကုန္ေတြကို ေထာက္ပံ့ခဲ့ပါေသးတယ္။ ဒီလိုေထာက္ပံ့မႈမွာ တကယ္လိုအပ္ေနတဲ့ သူေတြလက္ထဲ မေရာက္ခဲ့ဘူးဆိုတဲ့ ေဝဖန္သံေတြလည္း က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚခဲ့ပါတယ္။

လႈိင္သာယာၿမိဳ႕နယ္မွာ သမီးတစ္ေယာက္နဲ႔ ေနထိုင္ၿပီး ႀကဳံရာက်ပန္း လုပ္ကိုင္စားေသာက္ေနတဲ့ ေဒၚေအးေအးခိုင္ကေတာ့  ပုံမွန္ဝင္ေငြလည္း မရွိတဲ့အျပင္ တကယ္လိုအပ္ေနေပမယ့္  ေထာက္ပံ့မႈ မရခဲ့သူ တစ္ဦးပါ။

“စာရင္းလာေကာက္တာ ကြၽန္မ မပါဘူး။ အဝတ္ေလွ်ာ္စားတာ။ အဲဒါကို မရဘူးတဲ့။ ကြၽန္မတို႔ကေတာ့ လိုခ်င္တာေပါ့ေနာ္။ အဆင္မေျပတဲ့အခ်ိန္မွာ သူမ်ားေတြေတာ့ ရၿပီး ကိုယ္မရဘူးဆိုေတာ့“

ေအာက္ေျခမွာရွိတဲ့ တကယ္လိုအပ္ေနတဲ့ အေျခခံလူတန္းစားေတြအတြက္ သက္ဆိုင္ရာ ရာအိမ္မႉး ဆယ္အိမ္မႉးေတြက တိတိက်က် စာရင္းေကာက္ယူတင္ျပေပးႏိုင္မွ လိုအပ္ေနသူလက္ထဲ ေထာက္ပံ့ေငြ ေရာက္ႏိုင္မွာျဖစ္တယ္လို႔ အင္းစိန္ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ ေဒၚေအးေငြက ဆိုပါတယ္။

“အန္တီတို႔ရပ္ကြက္မွာေတာ့ စာရင္းလာမေကာက္ေသးဘူး။ ပထမအႀကိမ္မွာေတာင္ တကယ္လိုအပ္တဲ့ သူေတြကို စုံစုံလင္လင္ ပါမသြားဘူးေလ။ အဲဒါက ရာအိမ္မႉးေတြအေပၚမွာပဲ မူတည္တယ္။ ဒီရာအိမ္မႉးေတြက ကိုယ့္လက္ေအာက္မွာရွိတဲ့ ကိုယ္ၾကည့္ေနရတဲ့ ဒီရပ္ကြက္ထဲကလူေတြရဲ႕ အေၾကာင္းကို ရွိတာလဲ သူသိရမယ္။ မရွိတာလဲ သူသိရမွာေပါ့။ သူကိုယ္တိုင္က စိတ္မဝင္စားဘူး။ သူ႔ဟာနဲ႔သူ လုပ္ခ်င္သလို လုပ္သြားမယ္ဆိုရင္ အခုေငြေၾကးဆို ပိုေတာင္ဆိုးဦးမယ္။ ပထမအႀကိမ္မွာေတာင္မွ စုံစုံလင္လင္ မပါဘူး။ သူထည့္ခ်င္တဲ့သူကို ထည့္ေပးလိုက္တယ္ဆိုေတာ့ေလ“

ပထအႀကိမ္ ေထာက္ပံ့မႈစာရင္းေကာက္ခံတုန္းက အခ်ိန္မရဘဲ ေကာက္လိုက္တာျဖစ္တဲ့အတြက္ က်န္ခဲ့တဲ့ အိမ္ေထာင္စုေတြ ရွိခဲ့တယ္လို႔ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ အမွတ္ ၂၀ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းႏိုင္က ဆိုပါတယ္။

“အေရးေပၚေပါ့ေနာ္။ မနက္ အစည္းအေဝးေခၚတယ္။ ေန႔ခင္း စာရင္းေကာက္တယ္။ ညေန အၿပီးသိမ္းရတဲ့ အေပၚမွာ တခ်ိဳ႕လည္း က်န္ခဲ့ေကာင္း က်န္ခဲ့ပါလိမ့္မယ္။ က်န္ခဲ့တာေတြကိုလည္း စာရင္းျပဳစုၿပီးေတာ့ ေနာက္တိုးတင္ေပးတဲ့အတြက္ ေနာက္တိုးကိုလည္း အကုန္ေပးပါတယ္“

အစိုးရအေနနဲ႔ ပထမအႀကိမ္ ေထာက္ပံ့တုန္းက တစ္ႏိုင္ငံလုံးက အေျခခံအိမ္ေထာင္စုေပါင္း ေလးသန္းနီးပါးကို က်ပ္ ႏွစ္ေသာင္းတန္ဖိုးရွိတဲ့ အေျခခံစားေသာက္ကုန္ေတြကို ေထာက္ပံ့ေပးခဲ့တာျဖစ္ၿပီး စုစုေပါင္း ဘီလီယံ ၅၀ ဝန္းက်င္ရွိခဲ့တယ္လို႔ ဦးေဇာ္ေဌးက ဆိုပါတယ္။

ဒုတိယအႀကိမ္ ေထာက္ပံ့မႈေတြ လုပ္ေဆာင္ရာမွာ ေငြေၾကးျဖစ္ေနတဲ့အတြက္ အေျခခံလူတန္းစားအားလုံး ပါဝင္ႏိုင္ေအာင္ လက္လွမ္းမွီရာ စာရင္းေကာက္ယူတာမ်ိဳး မွ်မွ်တတ ဂ႐ုတစိုက္ ေဆာင္႐ြက္ဖို႔ လိုတယ္လို႔ သုံးသပ္မႈေတြလည္း ရွိေနပါတယ္။

ျဖဴျဖဴခိုင္ / RFA Burmese
--------------------------

(Unicode)⤵⤵⤵
ကပ်ဘေးကာလ အစိုးရထောက်ပံ့မှု ပိုမိုစနစ်ကျဖို့ တိုက်တွန်း

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ဒုတိယအကြိမ် ထောက်ပံ့မှုတွေကို ရက်သတ္တပတ် နှစ်ပတ်ကနေ သုံးပတ်အတွင်း လုပ်ဆောင်ပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

အစိုးရရဲ့ ထောက်ပံ့ကူညီမှုတွေ မဖြစ်မနေ လိုအပ်နေသူတွေအားလုံးထံကို ရောက်ရှိရေး စနစ်တကျ စာရင်း ကောက်ယူဖို့ ပြောဆိုမှုတွေရှိလာပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ဒုတိယအကြိမ် ထောက်ပံ့မှု ပြင်ဆင်နေတာပါ။ ဒီတစ်ခေါက်မှာတော့ ပစ္စည်းတွေ ထောက်ပံ့မှာ မဟုတ်ဘဲ ငွေကျပ် အနည်းဆုံး သုံးသောင်းကနေ လေးသောင်းခန့် ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့တဲ့ မေလ ၁၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ဒီတစ်ခေါက်မှာတော့  ပိုပြီးတော့ စနစ်တကျနဲ့ အချိန်ယူပြီးတော့ လုပ်နေတာဖြစ်တယ်။ ကျွန်တော်တို့ အလွန်ဆုံး နှစ်ပတ်ပေါ့နော်။ နှစ်ပတ်အတွင်းဆောင်ရွက်နိုင်ဖို့ မှန်းထားတယ်။ တကယ့် ပြည်သူတွေရဲ့ သတင်းအချက်အလက်တွေ ပြည့်စုံဖို့အတွက် ရပ်ကျေးအဆင့်အထိ ပုံစံတွေချပေးပြီးတော့ သူတို့ ဥပမာ လုပ်ငန်းအမျိုးအစားတွေ ရေးထားမယ်။ အဲဒီအထဲက သူနဲ့သင့်တော်တဲ့ဟာကို အမှတ်ခြစ်လိုက်ရုံပဲ။ ဒီလိုပုံစံနဲ့ ကျွန်တော်တို့ စာရင်းကောက်ယူမယ်။ စာရင်းမှန်မှန်ဖြစ်ရေးကို အခြေခံပြီးတော့မှပဲ သက်ဆိုင်တဲ့ အွန်လိုင်း Payment လုပ်နေတဲ့သူတွေနဲ့ ဆောင်ရွက်သွားဖို့ လုပ်ထားတယ်။ ကျွန်တော်တို့ကတော့ အမြန်ဆုံးကတော့ လုပ်ဖို့မှန်းထားတယ်။ ဒါပေမဲ့ နှစ်ပတ်ကနေ သုံးပတ်အထိ အချိန်ယူရမယ်လို့တော့ ယူဆထားတယ်“

ငွေကြေးထောက်ပံ့မှုတွေအတွက် ဒေသအလိုက် အဆင်ပြေပြေ ထုတ်ယူနိုင်မယ့် ငွေလွှဲဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒုတိအကြိမ် ငွေကြေးထောက်ပံ့ဖို့အတွက် ပထမအကြိမ်က ထောက်ပံ့ပေးခဲ့တဲ့ စာရင်းမှာ မပါဝင်ခဲ့သူတွေကို ထပ်ပြီးစာရင်းကောက်ခံသွားရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

“အခုအချိန်အထိတော့ ညွှန်ကြားချက် မရှိသေးဘူူး။ ညွှန်ကြားချက်ရှိလာလို့ ဆောင်ရွက်တဲ့အခါမှာ အဓိကတော့ ထိခိုက်လွယ်တဲ့ အခြေခံလူတန်းစား ဖြစ်ရမယ်။ အဲဒီအခြေခံလူတန်းစားအားလုံး ပါဝင်ရဖို့ ဆောင်ရွက်သွားမှာပါ။ ဒီတစ်ခါ ငွေရေးကြေးရေး ဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ အရင်စားသောက် ကုန်တွေထက် ပိုပြီးတော့ ခိုက်ရန်ဒေါသတွေဖြစ်နိုင်ပါတယ်။ အဲဒီအတွက် မှန်မှန်ကန်ကန် မျှမျှတတလုပ်ဖို့ လိုအပ်ပါတယ်“

အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က အခြေခံ လူတန်းစားတွေအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စတဲ့ အခြေခံ စားသောက်ကုန်တွေကို ထောက်ပံ့ခဲ့ပါသေးတယ်။ ဒီလိုထောက်ပံ့မှုမှာ တကယ်လိုအပ်နေတဲ့ သူတွေလက်ထဲ မရောက်ခဲ့ဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်မှာ သမီးတစ်ယောက်နဲ့ နေထိုင်ပြီး ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေတဲ့ ဒေါ်အေးအေးခိုင်ကတော့  ပုံမှန်ဝင်ငွေလည်း မရှိတဲ့အပြင် တကယ်လိုအပ်နေပေမယ့်  ထောက်ပံ့မှု မရခဲ့သူ တစ်ဦးပါ။

“စာရင်းလာကောက်တာ ကျွန်မ မပါဘူး။ အဝတ်လျှော်စားတာ။ အဲဒါကို မရဘူးတဲ့။ ကျွန်မတို့ကတော့ လိုချင်တာပေါ့နော်။ အဆင်မပြေတဲ့အချိန်မှာ သူများတွေတော့ ရပြီး ကိုယ်မရဘူးဆိုတော့“

အောက်ခြေမှာရှိတဲ့ တကယ်လိုအပ်နေတဲ့ အခြေခံလူတန်းစားတွေအတွက် သက်ဆိုင်ရာ ရာအိမ်မှူး ဆယ်အိမ်မှူးတွေက တိတိကျကျ စာရင်းကောက်ယူတင်ပြပေးနိုင်မှ လိုအပ်နေသူလက်ထဲ ထောက်ပံ့ငွေ ရောက်နိုင်မှာဖြစ်တယ်လို့ အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်အေးငွေက ဆိုပါတယ်။

“အန်တီတို့ရပ်ကွက်မှာတော့ စာရင်းလာမကောက်သေးဘူး။ ပထမအကြိမ်မှာတောင် တကယ်လိုအပ်တဲ့ သူတွေကို စုံစုံလင်လင် ပါမသွားဘူးလေ။ အဲဒါက ရာအိမ်မှူးတွေအပေါ်မှာပဲ မူတည်တယ်။ ဒီရာအိမ်မှူးတွေက ကိုယ့်လက်အောက်မှာရှိတဲ့ ကိုယ်ကြည့်နေရတဲ့ ဒီရပ်ကွက်ထဲကလူတွေရဲ့ အကြောင်းကို ရှိတာလဲ သူသိရမယ်။ မရှိတာလဲ သူသိရမှာပေါ့။ သူကိုယ်တိုင်က စိတ်မဝင်စားဘူး။ သူ့ဟာနဲ့သူ လုပ်ချင်သလို လုပ်သွားမယ်ဆိုရင် အခုငွေကြေးဆို ပိုတောင်ဆိုးဦးမယ်။ ပထမအကြိမ်မှာတောင်မှ စုံစုံလင်လင် မပါဘူး။ သူထည့်ချင်တဲ့သူကို ထည့်ပေးလိုက်တယ်ဆိုတော့လေ“

ပထအကြိမ် ထောက်ပံ့မှုစာရင်းကောက်ခံတုန်းက အချိန်မရဘဲ ကောက်လိုက်တာဖြစ်တဲ့အတွက် ကျန်ခဲ့တဲ့ အိမ်ထောင်စုတွေ ရှိခဲ့တယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ဆိုပါတယ်။

“အရေးပေါ်ပေါ့နော်။ မနက် အစည်းအဝေးခေါ်တယ်။ နေ့ခင်း စာရင်းကောက်တယ်။ ညနေ အပြီးသိမ်းရတဲ့ အပေါ်မှာ တချို့လည်း ကျန်ခဲ့ကောင်း ကျန်ခဲ့ပါလိမ့်မယ်။ ကျန်ခဲ့တာတွေကိုလည်း စာရင်းပြုစုပြီးတော့ နောက်တိုးတင်ပေးတဲ့အတွက် နောက်တိုးကိုလည်း အကုန်ပေးပါတယ်“

အစိုးရအနေနဲ့ ပထမအကြိမ် ထောက်ပံ့တုန်းက တစ်နိုင်ငံလုံးက အခြေခံအိမ်ထောင်စုပေါင်း လေးသန်းနီးပါးကို ကျပ် နှစ်သောင်းတန်ဖိုးရှိတဲ့ အခြေခံစားသောက်ကုန်တွေကို ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး စုစုပေါင်း ဘီလီယံ ၅၀ ဝန်းကျင်ရှိခဲ့တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ဒုတိယအကြိမ် ထောက်ပံ့မှုတွေ လုပ်ဆောင်ရာမှာ ငွေကြေးဖြစ်နေတဲ့အတွက် အခြေခံလူတန်းစားအားလုံး ပါဝင်နိုင်အောင် လက်လှမ်းမှီရာ စာရင်းကောက်ယူတာမျိုး မျှမျှတတ ဂရုတစိုက် ဆောင်ရွက်ဖို့ လိုတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဖြူဖြူခိုင် / RFA Burmese

https://www.rfa.org/burmese/news/govt-food-disrtibution-postpone-05172020055149.html
ကပ္ေဘးကာလ အစိုးရေထာက္ပံ့မႈ ပိုမိုစနစ္က်ဖို႔ တိုက္တြန္း ကပ္ေဘးကာလ အစိုးရေထာက္ပံ့မႈ ပိုမိုစနစ္က်ဖို႔ တိုက္တြန္း Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.