ကို႐ိုနာဗိုင္းရပ္စ္ ျပင္သစ္ ေရာက္တာ ထင္တာထက္ ပိုေစာ

ပဲရစ္ၿမိဳ႕နားမွာ စမ္းသပ္ေတြ႕ခဲ့သူဟာ ဒီဇင္ဘာလ ထဲက ဗိုင္းရပ္စ္ ကူးစက္ခံရ
(Zawgyi)⤵⤵⤵
ျပင္သစ္ႏိုင္ငံကို ကို႐ိုနာဗိုင္းရပ္စ္ ေရာက္တဲ့အခ်ိန္ဟာ အရင္ကထင္ထားတဲ့အခ်ိန္ထက္ တစ္လနီးပါးပိုေစာတယ္လို႔ ဆရာဝန္တစ္ဦးက ေျပာပါတယ္။

အဆုတ္အေအးမိေရာဂါ ျဖစ္ေနတယ္ ဆိုၿပီး ဒီဇင္ဘာလ ၂၇ ရက္ေန႔က ပဲရစ္ၿမိဳ႕နားမွာ စမ္းသပ္ေတြ႕ခဲ့သူ လူနာဟာ တကယ္တမ္း ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ျဖစ္ေနတာလို႔ သူ႔ရဲ႕ဆရာဝန္ကေျပာပါတယ္။

ဒါကိုၾကည့္ျခင္းအားျဖင့္ ကနဦး ထင္ထားတာထက္ တစ္လနီးပါးေစာၿပီး ဥေရာပေဒသကို ဗိုင္းရပ္စ္ ေရာက္လာႏိုင္ဖြယ္ ရွိပါတယ္။

အဲဒီအခ်ိန္က လူနာဆီက ယူခဲ့တဲ့ တို႔ဖတ္နမူနာကို အခု ျပန္စစ္ေဆးၾကည့္တဲ့အခါ ကိုဗစ္၁၉ ေရာဂါ ရွိေနတယ္ဆိုတာ အတည္ျပဳေတြ႕ခဲ့ရတယ္လို႔ ေဒါက္တာ အိဗ္ ကိုဟန္ က ျပင္သစ္သတင္းမီဒီယာကိုေျပာပါတယ္။
အဲဒီလူနာဟာ ပဲရစ္ၿမိဳ႕ အေရွ႕ေျမာက္ပိုင္း ေဘာ့ဘီးညီးၿမိဳ႕က ျဖစ္
လူနာကေတာ့ ေနမေကာင္းျဖစ္အၿပီး အဲဒီအခ်ိန္ကတည္းက အျပည့္အဝ ျပန္က်န္းမာလာခဲ့ၿပီး ေရာဂါျဖစ္တဲ့ေနရာ တစ္ေနရာကိုမွ သူမသြားခဲ့တဲ့အတြက္ ဘယ္ကေန ေရာဂါပိုး ကူးခဲ့သလဲဆိုတာ လုံးဝမသိဘူးလို႔ ဆိုပါတယ္။

ဗိုင္းရပ္စ္ပိုး ဘယ္လို ကူးစက္ျပန္႔ပြားလာသလဲဆိုတာ နားလည္သေဘာေပါက္ႏိုင္ဖို႔အတြက္ ေရာဂါပိုးပထမဆုံးကူးစက္ခဲ့သူ ဘယ္သူလဲဆိုတာကို သိဖို႔ လိုပါတယ္။
ဒီလူနာအေၾကာင္း ဘယ္ေလာက္ သိရသလဲ

အဲဒီလူနာဟာ ပဲရစ္ၿမိဳ႕ အေရွ႕ေျမာက္ပိုင္း ေဘာ့ဘီးညီးၿမိဳ႕က အသက္ ၄၃ ႏွစ္အ႐ြယ္ ျပင္သစ္အမ်ိဳးသားတစ္ဦး ျဖစ္တယ္လို႔ ပဲရစ္ၿမိဳ႕နားက Avicenne ေဆး႐ုံနဲ႔ Jean-Verdier ေဆး႐ုံရဲ႕ အေရးေပၚေဆးဝါးဌာန အႀကီးအကဲ ေဒါက္တာကိုဟန္ ကေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ရဲ႕အဓိကလကၡဏာေတြ အျဖစ္ အခုအခါ သိထားၾကတဲ့ ေခ်ာင္းေျခာက္ဆိုးတာ၊ အဖ်ားရွိတာ၊ အသက္ရႉၾကပ္တာ စတဲ့ ေရာဂါလကၡဏာေတြ အဲဒီတုန္းက သူ႔မွာ ျပခဲ့ပါတယ္။

ဒီဇင္ဘာလ ၂၇ ရက္ေန႔မွာ သူ ေဆး႐ုံေရာက္လာပါတယ္။ အဲဒီအခ်ိန္ဟာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ အရင္ကမသိခဲ့ဖူးတဲ့ အဆုတ္အေအးမိေရာဂါ အမ်ိဳးအစားသစ္ ကူးစက္ျဖစ္ပြားေနေၾကာင္း တ႐ုတ္ႏိုင္ငံမွာရွိတဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ဌာေန႐ုံးကို အေၾကာင္းမၾကားခင္ ၄ ရက္အလို ျဖစ္ပါတယ္။

အဲဒီလူနာက သူ ေနမေကာင္းမျဖစ္ခင္မွာ ဘယ္ကိုမွ ခရီးမထြက္ခဲ့ဘူးလို႔ ျပင္သစ္ BFMTV ႐ုပ္ျမင္သံၾကားဌာနကို ေျပာျပပါတယ္။

အဲဒီလူနာရဲ႕ကေလးေတြထဲက ႏွစ္ဦး ေနမေကာင္းျဖစ္ခဲ့ေပမဲ့ ဇနီးသည္ကေတာ့ ဘာေရာဂါလကၡဏာမွမျပခဲ့ဘူးလို႔ ေဒါက္တာ ကိုဟန္ က ေျပာပါတယ္။ ဒါေပမဲ့ ဇနီးသည္ဟာ ရွားလ္ ဒီေဂါလ္ ေလဆိပ္နားကစူပါမားကက္တစ္ခုမွာ အလုပ္လုပ္တဲ့အတြက္ တ႐ုတ္ႏိုင္ငံကေန ေရာက္လာတဲ့ သူေတြနဲ႔ ထိေတြ႕ဆက္ဆံခဲ့ဖြယ္ ရွိတယ္လို႔ ေဒါက္တာကိုဟန္ က ေျပာပါတယ္။

"တစ္ခါတစ္ေလ လက္ဆြဲေသတၱာေတြနဲ႔ ေလဆိပ္ကေန တန္းလာၿပီး ဆိုင္မွာ ေဈးလာဝယ္သူေတြ ရွိတယ္"လို႔ လူနာရဲ႕ ဇနီးက ေျပာျပပါတယ္။

လူနာရဲ႕ဇနီးဟာ ေရာဂါလကၡဏာ မျပခဲ့တာမ်ားလားဆိုတာ သူတို႔ ေတြးမိတယ္လို႔ ေဒါက္တာကိုဟန္ကေျပာပါတယ္။

ဆက္ႏြယ္ႏိုင္ဖြယ္ ရွိတာေတြကို ေနာက္ထပ္ စုံစမ္းစစ္ေဆးဖို႔ သူက တိုက္တြန္းလိုက္ပါတယ္။
ပဲရစ္ၿမိဳ႕က ကိုဗစ္ ၁၉ ေရာဂါ ကုသေရး ဆရာဝန္ေတြ
ဒီကိစၥက ဘာ့ေၾကာင့္အေရးပါသလဲ
ျပင္သစ္ႏိုင္ငံမွာ ပထမဆုံး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ ျဖစ္ပြားသူ ၃ ဦးကို ဇန္နဝါရီလ ၂၄ ရက္ေန႔မွာ စစ္ေဆးအတည္ျပဳ ေတြ႕ခဲ့တာလို႔ ခုခ်ိန္ထိ သိထားတာပါ။

အဲဒီထဲက ႏွစ္ဦးဟာ ေရာဂါ ပထမဆုံး စျဖစ္ခဲ့တဲ့ ဝူဟန္ၿမိဳ႕ကို သြားခဲ့သူေတြ ျဖစ္ၿပီး က်န္တဲ့တစ္ဦးကေတာ့ မိသားစုအရင္းအခ်ာ တစ္ေယာက္ ျဖစ္ပါတယ္။

အခုလူနာမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးရွိခဲ့တယ္ဆိုတာ အတည္ျပဳေတြ႕ရတာဟာ ျပင္သစ္ႏိုင္ငံမွာ ဟိုးအေစာပိုင္းကတည္းကိုက ဗိုင္းရပ္စ္ပိုးေရာက္ေနတဲ့ သေဘာျဖစ္ပီး ေရာဂါပိုး ပ်ံ႕ႏွံေရာက္လာပုံနဲ႔ပတ္သက္လို႔ အရင္က နားလည္ထားမႈကို ေျပာင္းလဲသြားေစမွာ ျဖစ္ပါတယ္။

ဥေရာပေဒသတြင္း ကို႐ိုနာဗိုင္းရပ္စ္ ပထမဆုံး လူလူခ်င္းကူးစက္မႈဟာ ဂ်ာမနီ ႏိုင္ငံမွာ ျဖစ္ၿပီးဇန္နဝါရီလ ၂၉ ရက္နဲ႔ ၂၂ ရက္အၾကား ဂ်ာမနီႏိုင္ငံကို လာလည္ခဲ့သူ တ႐ုတ္ လုပ္ေဖာ္ကိုင္ဖက္ တစ္ဦးဆီကေန ဂ်ာမန္ အမ်ိဳးသားတစ္ဦးကို ကူးခဲ့တာလို႔ ယူဆထားတာပါ။

အေမရိကန္ႏိုင္ငံမွာလည္း ဖေလာ္ရီဒါျပည္နယ္မွာ ေသဆုံးသူတစ္ဦးရဲ႕ အေလာင္းကို ရင္ခြဲစစ္ေဆးခဲ့မႈအရ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္မွာ လူေသဆုံးမႈဟာ ကနဦးထင္ထားတာထက္ တစ္လနီးပါးမတိုင္ခင္ကတည္းက ရွိေနတာကို ေတြ႕ခဲ့ရပါတယ္။

ဒီကိစၥကို ဘယ္လို ထုတ္ေဖာ္ေတြ႕ခဲ့တာလဲ

ေဒါက္တာ ကိုဟန္ က ဒီဇင္ဘာလနဲ႔ ဇန္နဝါရီလအၾကား တုပ္ေကြးနဲ႔ ဆင္တူတဲ့ ေရာဂါလကၡဏာေတြနဲ႔ေဆး႐ုံေရာက္လာတဲ့လူနာေတြရဲ႕ ဖိုင္တြဲေတြကို အခုရက္ပိုင္းအတြင္း သူလွန္ေလွာ ၾကည့္ခဲ့တယ္လို႔BFMTV ႐ုပ္ျမင္သံၾကားဌာနကို ေျပာျပပါတယ္။

စုစုေပါင္း လူနာ ၁၄ ဦးရဲ႕ တို႔ဖတ္နမူနာေတြကို သူစစ္ေဆးစမ္းသပ္ခဲ့တယ္လို႔ ဆိုပါတယ္။

"ကို႐ိုနာဗိုင္းရပ္စ္ကို ေျခရာခံဖို႔အတြက္ အဲဒီအခ်ိန္ေလာက္က တျခားေရာဂါျဖစ္ခဲ့သူေတြမွာ စမ္းသပ္ခဲ့တဲ့ ႏွာေခါင္းတို႔ဖတ္စေတြကို ကြၽန္ေတာ္တို႔ ျပန္စစ္ေဆးခဲ့ပါတယ္"

"လူနာ ၁၄ ေယာက္ထဲက တစ္ေယာက္မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ရွိခဲ့တယ္ဆိုတာကို အတည္ျပဳ ေတြ႕ခဲ့ရပါတယ္၊ အမွားမရွိေအာင္ ေနာက္ထပ္ ႏွစ္ခါထပ္စစ္ခဲ့ပါတယ္၊ ႏွစ္ခါစလုံး အတည္ျပဳ ႏိုင္ခဲ့ပါတယ္"

ျပင္သစ္ႏိုင္ငံရဲ႕ ARS က်န္းမာေရးဌာနကို သူအေၾကာင္းၾကားထားၿပီး တျခားေဆး႐ုံေတြမွာလည္း ကိုဗစ္၁၉ ေရာဂါအတြက္ တို႔ဖတ္စေတြ ျပန္စစ္ေဆးၾကဖို႔ကိုလည္း တျခားေရာဂါပိုးပညာရွင္ေတြကို တိုက္တြန္းထားတယ္လို႔ ေဒါက္တာ ကိုဟန္ ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္တဲ့ အစီရင္ခံစာ အျပည့္အစုံ အခုသီတင္းပတ္ကုန္မွာ ထြက္လာဖို႔ရွိၿပီး ႏိုင္ငံတကာ Antimicrobial Agents ဂ်ာနယ္ကေန ထုတ္ျပန္မွာျဖစ္တယ္လို႔ သူက ေျပာပါတယ္။

BBC Burmese
------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ပြင်သစ် ရောက်တာ ထင်တာထက် ပိုစော

ပြင်သစ်နိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ရောက်တဲ့အချိန်ဟာ အရင်ကထင်ထားတဲ့အချိန်ထက် တစ်လနီးပါးပိုစောတယ်လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

အဆုတ်အအေးမိရောဂါ ဖြစ်နေတယ် ဆိုပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့က ပဲရစ်မြို့နားမှာ စမ်းသပ်တွေ့ခဲ့သူ လူနာဟာ တကယ်တမ်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်နေတာလို့ သူ့ရဲ့ဆရာဝန်ကပြောပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ကနဦး ထင်ထားတာထက် တစ်လနီးပါးစောပြီး ဥရောပဒေသကို ဗိုင်းရပ်စ် ရောက်လာနိုင်ဖွယ် ရှိပါတယ်။

အဲဒီအချိန်က လူနာဆီက ယူခဲ့တဲ့ တို့ဖတ်နမူနာကို အခု ပြန်စစ်ဆေးကြည့်တဲ့အခါ ကိုဗစ်၁၉ ရောဂါ ရှိနေတယ်ဆိုတာ အတည်ပြုတွေ့ခဲ့ရတယ်လို့ ဒေါက်တာ အိဗ် ကိုဟန် က ပြင်သစ်သတင်းမီဒီယာကိုပြောပါတယ်။

လူနာကတော့ နေမကောင်းဖြစ်အပြီး အဲဒီအချိန်ကတည်းက အပြည့်အဝ ပြန်ကျန်းမာလာခဲ့ပြီး ရောဂါဖြစ်တဲ့နေရာ တစ်နေရာကိုမှ သူမသွားခဲ့တဲ့အတွက် ဘယ်ကနေ ရောဂါပိုး ကူးခဲ့သလဲဆိုတာ လုံးဝမသိဘူးလို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ပိုး ဘယ်လို ကူးစက်ပြန့်ပွားလာသလဲဆိုတာ နားလည်သဘောပေါက်နိုင်ဖို့အတွက် ရောဂါပိုးပထမဆုံးကူးစက်ခဲ့သူ ဘယ်သူလဲဆိုတာကို သိဖို့ လိုပါတယ်။
ဒီလူနာအကြောင်း ဘယ်လောက် သိရသလဲ

အဲဒီလူနာဟာ ပဲရစ်မြို့ အရှေ့မြောက်ပိုင်း ဘော့ဘီးညီးမြို့က အသက် ၄၃ နှစ်အရွယ် ပြင်သစ်အမျိုးသားတစ်ဦး ဖြစ်တယ်လို့ ပဲရစ်မြို့နားက Avicenne ဆေးရုံနဲ့ Jean-Verdier ဆေးရုံရဲ့ အရေးပေါ်ဆေးဝါးဌာန အကြီးအကဲ ဒေါက်တာကိုဟန် ကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့အဓိကလက္ခဏာတွေ အဖြစ် အခုအခါ သိထားကြတဲ့ ချောင်းခြောက်ဆိုးတာ၊ အဖျားရှိတာ၊ အသက်ရှူကြပ်တာ စတဲ့ ရောဂါလက္ခဏာတွေ အဲဒီတုန်းက သူ့မှာ ပြခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ သူ ဆေးရုံရောက်လာပါတယ်။ အဲဒီအချိန်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အရင်ကမသိခဲ့ဖူးတဲ့ အဆုတ်အအေးမိရောဂါ အမျိုးအစားသစ် ကူးစက်ဖြစ်ပွားနေကြောင်း တရုတ်နိုင်ငံမှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဌာနေရုံးကို အကြောင်းမကြားခင် ၄ ရက်အလို ဖြစ်ပါတယ်။

အဲဒီလူနာက သူ နေမကောင်းမဖြစ်ခင်မှာ ဘယ်ကိုမှ ခရီးမထွက်ခဲ့ဘူးလို့ ပြင်သစ် BFMTV ရုပ်မြင်သံကြားဌာနကို ပြောပြပါတယ်။

အဲဒီလူနာရဲ့ကလေးတွေထဲက နှစ်ဦး နေမကောင်းဖြစ်ခဲ့ပေမဲ့ ဇနီးသည်ကတော့ ဘာရောဂါလက္ခဏာမှမပြခဲ့ဘူးလို့ ဒေါက်တာ ကိုဟန် က ပြောပါတယ်။ ဒါပေမဲ့ ဇနီးသည်ဟာ ရှားလ် ဒီဂေါလ် လေဆိပ်နားကစူပါမားကက်တစ်ခုမှာ အလုပ်လုပ်တဲ့အတွက် တရုတ်နိုင်ငံကနေ ရောက်လာတဲ့ သူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ဖွယ် ရှိတယ်လို့ ဒေါက်တာကိုဟန် က ပြောပါတယ်။

"တစ်ခါတစ်လေ လက်ဆွဲသေတ္တာတွေနဲ့ လေဆိပ်ကနေ တန်းလာပြီး ဆိုင်မှာ ဈေးလာဝယ်သူတွေ ရှိတယ်"လို့ လူနာရဲ့ ဇနီးက ပြောပြပါတယ်။

လူနာရဲ့ဇနီးဟာ ရောဂါလက္ခဏာ မပြခဲ့တာများလားဆိုတာ သူတို့ တွေးမိတယ်လို့ ဒေါက်တာကိုဟန်ကပြောပါတယ်။

ဆက်နွယ်နိုင်ဖွယ် ရှိတာတွေကို နောက်ထပ် စုံစမ်းစစ်ဆေးဖို့ သူက တိုက်တွန်းလိုက်ပါတယ်။

ဒီကိစ္စက ဘာ့ကြောင့်အရေးပါသလဲ

ပြင်သစ်နိုင်ငံမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက် ဖြစ်ပွားသူ ၃ ဦးကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ စစ်ဆေးအတည်ပြု တွေ့ခဲ့တာလို့ ခုချိန်ထိ သိထားတာပါ။

အဲဒီထဲက နှစ်ဦးဟာ ရောဂါ ပထမဆုံး စဖြစ်ခဲ့တဲ့ ဝူဟန်မြို့ကို သွားခဲ့သူတွေ ဖြစ်ပြီး ကျန်တဲ့တစ်ဦးကတော့ မိသားစုအရင်းအချာ တစ်ယောက် ဖြစ်ပါတယ်။

အခုလူနာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိခဲ့တယ်ဆိုတာ အတည်ပြုတွေ့ရတာဟာ ပြင်သစ်နိုင်ငံမှာ ဟိုးအစောပိုင်းကတည်းကိုက ဗိုင်းရပ်စ်ပိုးရောက်နေတဲ့ သဘောဖြစ်ပီး ရောဂါပိုး ပျံ့နှံရောက်လာပုံနဲ့ပတ်သက်လို့ အရင်က နားလည်ထားမှုကို ပြောင်းလဲသွားစေမှာ ဖြစ်ပါတယ်။

ဥရောပဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး လူလူချင်းကူးစက်မှုဟာ ဂျာမနီ နိုင်ငံမှာ ဖြစ်ပြီးဇန်နဝါရီလ ၂၉ ရက်နဲ့ ၂၂ ရက်အကြား ဂျာမနီနိုင်ငံကို လာလည်ခဲ့သူ တရုတ် လုပ်ဖော်ကိုင်ဖက် တစ်ဦးဆီကနေ ဂျာမန် အမျိုးသားတစ်ဦးကို ကူးခဲ့တာလို့ ယူဆထားတာပါ။

အမေရိကန်နိုင်ငံမှာလည်း ဖလော်ရီဒါပြည်နယ်မှာ သေဆုံးသူတစ်ဦးရဲ့ အလောင်းကို ရင်ခွဲစစ်ဆေးခဲ့မှုအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ လူသေဆုံးမှုဟာ ကနဦးထင်ထားတာထက် တစ်လနီးပါးမတိုင်ခင်ကတည်းက ရှိနေတာကို တွေ့ခဲ့ရပါတယ်။
ဒီကိစ္စကို ဘယ်လို ထုတ်ဖော်တွေ့ခဲ့တာလဲ

ဒေါက်တာ ကိုဟန် က ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအကြား တုပ်ကွေးနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတွေနဲ့ဆေးရုံရောက်လာတဲ့လူနာတွေရဲ့ ဖိုင်တွဲတွေကို အခုရက်ပိုင်းအတွင်း သူလှန်လှော ကြည့်ခဲ့တယ်လို့BFMTV ရုပ်မြင်သံကြားဌာနကို ပြောပြပါတယ်။

စုစုပေါင်း လူနာ ၁၄ ဦးရဲ့ တို့ဖတ်နမူနာတွေကို သူစစ်ဆေးစမ်းသပ်ခဲ့တယ်လို့ ဆိုပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်ကို ခြေရာခံဖို့အတွက် အဲဒီအချိန်လောက်က တခြားရောဂါဖြစ်ခဲ့သူတွေမှာ စမ်းသပ်ခဲ့တဲ့ နှာခေါင်းတို့ဖတ်စတွေကို ကျွန်တော်တို့ ပြန်စစ်ဆေးခဲ့ပါတယ်"

"လူနာ ၁၄ ယောက်ထဲက တစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိခဲ့တယ်ဆိုတာကို အတည်ပြု တွေ့ခဲ့ရပါတယ်၊ အမှားမရှိအောင် နောက်ထပ် နှစ်ခါထပ်စစ်ခဲ့ပါတယ်၊ နှစ်ခါစလုံး အတည်ပြု နိုင်ခဲ့ပါတယ်"

ပြင်သစ်နိုင်ငံရဲ့ ARS ကျန်းမာရေးဌာနကို သူအကြောင်းကြားထားပြီး တခြားဆေးရုံတွေမှာလည်း ကိုဗစ်၁၉ ရောဂါအတွက် တို့ဖတ်စတွေ ပြန်စစ်ဆေးကြဖို့ကိုလည်း တခြားရောဂါပိုးပညာရှင်တွေကို တိုက်တွန်းထားတယ်လို့ ဒေါက်တာ ကိုဟန် ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်တဲ့ အစီရင်ခံစာ အပြည့်အစုံ အခုသီတင်းပတ်ကုန်မှာ ထွက်လာဖို့ရှိပြီး နိုင်ငံတကာ Antimicrobial Agents ဂျာနယ်ကနေ ထုတ်ပြန်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52550450
ကို႐ိုနာဗိုင္းရပ္စ္ ျပင္သစ္ ေရာက္တာ ထင္တာထက္ ပိုေစာ ကို႐ိုနာဗိုင္းရပ္စ္ ျပင္သစ္ ေရာက္တာ ထင္တာထက္ ပိုေစာ Reviewed by THITHTOOLWIN on 05:57 Rating: 5
Powered by Blogger.