ကျပ် (၁၀) သိန်းလာဘ်စားသည့် ရဲမှူးကို အဂတိမှုဖြင့် ဖမ်းဆီး


(Unicode)⤵⤵⤵
စွပ်စွဲခံရသူဘက်က လာဘ်ငွေကျပ် (၁၀) သိန်းတောင်းယူခဲ့တယ်ဆိုပြီး လက်ရှိဟိုပန်မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးသိန်းဆွေမြင့်ကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူး ဦးကျော်စိုးက ပြောပါတယ်။

ရဲမှူးသိန်းဆွေမြင့်ဟာ လှိုင်မြို့မရဲစခန်းမှူးတာဝန် ထမ်းဆောင်ခဲ့စဉ်က လှိုင်မြို့နယ်တရားရုံးမှာ ပုဒ်မ ၂၉၅-ကနဲ့ တရားစွဲဆိုခံရသူတစ်ဦးကို အာမခံပေးမယ်ဆိုပြီး ငွေကျပ်(၁၀)သိန်းကို တောင်းယူခဲ့ကြောင်း တိုင်ကြားမှုရှိတဲ့အတွက် အခုလိုအရေးယူရတာဖြစ်တယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရဲမှူးသိန်းဆွေမြင့်ကို မေလ(၂၅)ရက်က လှိုင်မြို့မရဲစခန်းမှာ ပုဒ်မ(၅၇)နဲ့ အမှုဖွင့်ပြီး တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ညွန်ကြားရေးမှူး ဦးကျော်စိုးက ပြောပါတယ်။

အဲ့ဒီကိစ္စကို ကော်မရှင်က စစ်ဆေးခဲ့ရာမှာ အမှုကနေအာမခံရရှိဖို့ မြို့နယ်တွဲဖက်တရားသူကြီးကို ငွေကျပ်(၁၀)သိန်းပေးရမယ်ဆိုပြီး ရဲမှူးသိန်းဆွေမြင့်က တောင်းခံခဲ့တဲ့အတွက် ကာယကံရှင်ရဲံ သမီးဖြစ်သူက ပေးခဲ့ရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

သတင်း-ဝေယံထက်ဝင်း / One News Myanmar
----------------------------------------------
(Zawgyi)⤵⤵⤵
က်ပ္ (၁၀) သိန္းလာဘ္စားသည့္ ရဲမႉးကို အဂတိမႈျဖင့္ ဖမ္းဆီး

စြပ္စြဲခံရသူဘက္က လာဘ္ေငြက်ပ္ (၁၀) သိန္းေတာင္းယူခဲ့တယ္ဆိုၿပီး လက္ရွိဟိုပန္ၿမိဳ႕နယ္ရဲတပ္ဖြဲမႉး ရဲမႉးသိန္းေဆြျမင့္ကို အဂတိလိုက္စားမႈနဲ႔ အမႈဖြင့္ ဖမ္းဆီးထားတယ္လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္၊ ေျပာေရးဆိုခြင့္ရွိသူ ၫြန္ၾကားေရးမႉး ဦးေက်ာ္စိုးက ေျပာပါတယ္။

ရဲမႉးသိန္းေဆြျမင့္ဟာ လႈိင္ၿမိဳ႕မရဲစခန္းမႉးတာဝန္ ထမ္းေဆာင္ခဲ့စဥ္က လႈိင္ၿမိဳ႕နယ္တရား႐ုံးမွာ ပုဒ္မ ၂၉၅-ကနဲ႔ တရားစြဲဆိုခံရသူတစ္ဦးကို အာမခံေပးမယ္ဆိုၿပီး ေငြက်ပ္(၁၀)သိန္းကို ေတာင္းယူခဲ့ေၾကာင္း တိုင္ၾကားမႈရွိတဲ့အတြက္ အခုလိုအေရးယူရတာျဖစ္တယ္လို႔ ေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။

ရဲမႉးသိန္းေဆြျမင့္ကို ေမလ(၂၅)ရက္က လႈိင္ၿမိဳ႕မရဲစခန္းမွာ ပုဒ္မ(၅၇)နဲ႔ အမႈဖြင့္ၿပီး တရားစြဲဆိုႏိုင္ဖို႔ ေဆာင္႐ြက္ေနတယ္လို႔ ၫြန္ၾကားေရးမႉး ဦးေက်ာ္စိုးက ေျပာပါတယ္။

အဲ့ဒီကိစၥကို ေကာ္မရွင္က စစ္ေဆးခဲ့ရာမွာ အမႈကေနအာမခံရရွိဖို႔ ၿမိဳ႕နယ္တြဲဖက္တရားသူႀကီးကို ေငြက်ပ္(၁၀)သိန္းေပးရမယ္ဆိုၿပီး ရဲမႉးသိန္းေဆြျမင့္က ေတာင္းခံခဲ့တဲ့အတြက္ ကာယကံရွင္ရဲံ သမီးျဖစ္သူက ေပးခဲ့ရေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တာျဖစ္ပါတယ္။

သတင္း-ေဝယံထက္ဝင္း / One News Myanmar
https://www.facebook.com/onenewsmyan
ကျပ် (၁၀) သိန်းလာဘ်စားသည့် ရဲမှူးကို အဂတိမှုဖြင့် ဖမ်းဆီး ကျပ် (၁၀) သိန်းလာဘ်စားသည့် ရဲမှူးကို အဂတိမှုဖြင့် ဖမ်းဆီး Reviewed by THITHTOOLWIN on 02:10 Rating: 5
Powered by Blogger.