ကန် နဲ့ အီတလီမှာ ကန့်သတ်မှုတချို့ ဖြေလျှော့
ကိုဗစ် ၁၉ ကြောင့်သွားလာမှုကန့်သတ်မှု ဖြေလျှော့ပေးပြီးနောက်အပြင်ထွက်လာကြတဲ့အီတလီကပြည်သူများ
Zawgyi/Unicode
အမေရိကန် ပြည်နယ် အတော်များများမှာ စီးပွားရေး လုပ်ငန်းတွေ ပြန်စဖို့ တနလာင်္နေ့က ကန့်သတ်ထားမြစ်ချက်တွေ ပိုပြီး ဖြေလျှော့ပေးလာသလိုဘဲ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင်း အသွားအလာ ကန့်သတ်တားမြစ်ချက်တွေကို တနလာင်္နေ့ကစလို့ ဖြေလျှော့ပေးလာပါတယ်။
------------------------------------
[Unicode]
အမေရိကန် ပြည်နယ် အတော်များများမှာ စီးပွားရေး လုပ်ငန်းတွေ ပြန်စဖို့ တနလာၤနေ့က ကန့်သတ်ထားမြစ်ချက်တွေ ပိုပြီး ဖြေလျှော့ပေးလာသလိုဘဲ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင်း အသွားအလာ ကန့်သတ်တားမြစ်ချက်တွေကို တနလာၤနေ့ကစလို့ ဖြေလျှော့ပေးလာပါတယ်။
ဥရောပမှာ အသွားအလာ ထိန်းချုပ် ကန့်သတ်မှု ကာလ အရှည်ဆုံး လုပ်ခဲ့တဲ့ အီတလီမှာ တနလာၤနေ့က စလို့ ပြည်သူ ၄ သန်းကျော် လုပ်ငန်းခွင် ပြန်ဝင်ခွင့် ပြုခဲ့ပါတယ်။ စက်ရုံနဲ့ ဆောက်လုပ်ရေး လုပ်သားတွေ အလုပ်ပြန်ဆင်းကြသလိုဘဲ ပြည်သူတွေလည်း အပြင်ထွက် လမ်းလျှောက်ခွင့်၊ ဆွေမျိုးတွေဆီ သွားလာခွင့် ပြန်ရခဲ့ပါတယ်။ အီတလီမှာ COVID 19 ကူးစက်ခံရသူ ၂၁၂,၀၀၀ ရှိပြီး လူပေါင်း ၂၉,၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။
အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုး ပြည်နယ်မှာတော့ ကုန်ထုတ်လုပ်ငန်းတွေ ပြန်လည် စတင်ခွင့်ပြုခဲ့သလို Louisiana ပြည်နယ်မှာလည်း လွှတ်တော် အမတ်တွေ ရုံးပြန်တက်ကြပါတယ်။ Florida ပြည်နယ်မှာတော့ ပင်လယ် ကမ်းခြေတွေ ပြန်လည် ဖွင့်လှစ်ခဲ့သလို မြို့တော် ဝါရှင်တန်မှာတော့ မတ်လနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အထက်လွှတ်တော် အစည်းအဝေး ပြန်စခဲ့ပါတယ်။
စပိန်နိုင်ငံမှာတော့ တနလာၤနေ့မှာဘဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထပ်မံသေဆုံးသူ ၁၆၄ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင့် အသွားအလာ ပိတ်ပင်ကန့်သတ်မှုကို ပိုပြီး ဖြေလျှော့ပေးလာပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အသုံးပြုသူတွေ အနေနဲ့ ကတော့ နှာခေါင်းစည်းတွေ မဖြစ်မနေ ဝတ်ဆင်ကြရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/lift-some-restriction-in-united-states-and-italy/5405549.html
ကန် နဲ့ အီတလီမှာ ကန့်သတ်မှုတချို့ ဖြေလျှော့ ကန် နဲ့ အီတလီမှာ ကန့်သတ်မှုတချို့ ဖြေလျှော့ Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.