ရသေ့တောင်က ရဲကင်းစခန်းတစ်ခုကို အေအေက ဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင် ဆယ်ဦး၊ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ပျောက်ဆုံးနေဟုဆို

တိုက်ခိုက်မှုဖြစ်ပွားရာပြမြေပုံ
(Unicode)⤵⤵⤵
ရသေ့တောင်မြို့နယ်က သဇင်မြိုင်ရဲကင်းစခန်းကို အေအေက ဒီနေ့မေ ၂၉ ရက်မနက် ၂ နာရီခန့်မှာ အင်အားအလုံးအရင်းနဲ့ ဝင်တိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ပျောက်ဆုံးနေတယ်လို့သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းကြည့်တော့ ဟုတ်မှန်ကြောင်းအတည်ပြုပါတယ်။

သဇင်မြိုင်ရဲကင်းစခန်းရဲ့ ပင်မစခန်းနေရာကို အေအေ အင်အား ၁၀၀ လောက်က ဒီနေ့မေ ၂၉ ရက်မနက် ၂ နာရီခန့်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံခဲ့တယ်လို့ သိရပါတယ်။

မနက် ၅ နာရီလောက်မှာ အင်အားချင်းမမျှလို့ ပင်မစခန်းက ရဲတပ်ဖွဲ့ဝင်တချို့ ကာကင်းကုန်းစခန်းကို သွားရောက်ပူးပေါင်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တချို့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အဲဒီရဲကင်းစခန်းရှိရာနေရာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်စစ်ကြောင်းတွေက စစ်ကူးပေးနိုင်ရေး သွားရောက်ပူးပေါင်းဖို့ ဆောင်ရွက်နေတယ်ဆိုပါတယ်။

ရခိုင့်တပ်တော်အေအေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်ကလည်း ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနဲ့ ကျောက်တောင်ရဲကင်းစခန်း ၄ ခု၊ မတ် ၉ ရက်မှာ ပုဏ္ဍားကျွန်းမြို့နယ်က ယိုးတရုတ်ရဲကင်းစခန်း၊ ဧပြီ ၁၀ ရက်မှာ မြောက်ဦးမြို့ က ရဲတပ်ရင်းဌာနချုပ်၊ ဇူလိုင် ၁၆ မှာ ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေရဲကင်စခန်းတို့ကို တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကျဆုံးပြီး ၁၆ ဦးဒဏ်ရာရသလို ရဲတပ်ဖွဲ့ဝင်တချို့နဲ့ မိသားစုဝင်တချို့ ဖမ်းဆီးခံရတယ်လို့ တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

အကြမ်းဖက်မှုတွေကို အမြဲကျူးလွန်နေတဲ့ အေအေအကြမ်းဖက်သောင်းကျန်းသူ (မူရင်းထုတ်ပြန်ချက်တွင်ဖော်ပြချက်အတိုင်းဖြစ်ပါသည်) ကို ထိရောက်တဲ့ တန်ပြန်အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်းရေး ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

အေအေကို အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ပြီးခဲ့တဲ့လပိုင်းကကြေညာထားတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အေအေဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားတာ မတွေ့ရသေးပါဘူး။

တပ်မတော်နဲ့ ရခိုင့်တပ်တော်အေအေတို့ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတည်းက တိုက်ပွဲတွေစတင်ဖြစ်ပွား၊ ပြင်းထန်ခဲ့တာဖြစ်ပြီး တစ်နှစ်ခွဲနီးပါး ကာလအတွင်း စစ်ဘေးရှောင် တစ်သိန်းကျော်ရှိလာသလို တိုက်ပွဲတွေဟာလည်း ရခိုင်ပြည်နယ်အပြင် ချင်းပြည်နယ်ပလက်ဝအထိ ကျယ်ပြန့်လာနေပါတယ်။

BBC Burmese
-----------------------------------------
(Zawgyi)⤵⤵⤵
ရေသ့ေတာင္က ရဲကင္းစခန္းတစ္ခုကို ေအေအက ဝင္တိုက္၊ ရဲတပ္ဖြဲ႕ဝင္ ဆယ္ဦး၊ ကေလးတစ္ဦးအပါအဝင္ မိသားစုဝင္ ၃ ဦး ေပ်ာက္ဆုံးေနဟုဆို

ရေသ့ေတာင္ၿမိဳ႕နယ္က သဇင္ၿမိဳင္ရဲကင္းစခန္းကို ေအေအက ဒီေန႔ေမ ၂၉ ရက္မနက္ ၂ နာရီခန႔္မွာ အင္အားအလုံးအရင္းနဲ႔ ဝင္တိုက္ခဲ့လို႔ ရဲတပ္ဖြဲ႕ဝင္ ၁၀ ဦး၊ ကေလးတစ္ဦးအပါအဝင္ မိသားစုဝင္ ၃ ဦး ေပ်ာက္ဆုံးေနတယ္လို႔သိရပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကို ဘီဘီစီက ဆက္သြယ္ေမးျမန္းၾကည့္ေတာ့ ဟုတ္မွန္ေၾကာင္းအတည္ျပဳပါတယ္။

သဇင္ၿမိဳင္ရဲကင္းစခန္းရဲ႕ ပင္မစခန္းေနရာကို ေအေအ အင္အား ၁၀၀ ေလာက္က ဒီေန႔ေမ ၂၉ ရက္မနက္ ၂ နာရီခန႔္မွာ လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္ေတြက ျပန္လည္ခုခံခဲ့တယ္လို႔ သိရပါတယ္။

မနက္ ၅ နာရီေလာက္မွာ အင္အားခ်င္းမမွ်လို႔ ပင္မစခန္းက ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕ ကာကင္းကုန္းစခန္းကို သြားေရာက္ပူးေပါင္းခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕ ေပ်ာက္ဆုံးေနတယ္လို႔ သိရပါတယ္။

အဲဒီရဲကင္းစခန္းရွိရာေနရာကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕နဲ႔ တပ္မေတာ္စစ္ေၾကာင္းေတြက စစ္ကူးေပးႏိုင္ေရး သြားေရာက္ပူးေပါင္းဖို႔ ေဆာင္႐ြက္ေနတယ္ဆိုပါတယ္။

ရခိုင့္တပ္ေတာ္ေအေအဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီ ၄ ရက္ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ကထီးလွ၊ ငျမင္းေဘာ္၊ ဂုပၸိနဲ႔ ေက်ာက္ေတာင္ရဲကင္းစခန္း ၄ ခု၊ မတ္ ၉ ရက္မွာ ပု႑ားကြၽန္းၿမိဳ႕နယ္က ယိုးတ႐ုတ္ရဲကင္းစခန္း၊ ဧၿပီ ၁၀ ရက္မွာ ေျမာက္ဦးၿမိဳ႕ က ရဲတပ္ရင္းဌာနခ်ဳပ္၊ ဇူလိုင္ ၁၆ မွာ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ေညာင္ေခ်ာင္းနယ္ေျမရဲကင္စခန္းတို႔ကို တိုက္ခိုက္ခဲ့တာေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၂၅ ဦးက်ဆုံးၿပီး ၁၆ ဦးဒဏ္ရာရသလို ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕နဲ႔ မိသားစုဝင္တခ်ိဳ႕ ဖမ္းဆီးခံရတယ္လို႔ တပ္မေတာ္သတင္းမွန္ထုတ္ျပန္ေရးအဖြဲ႕ရဲ႕ သတင္းထုတ္ျပန္ခ်က္က ေဖာ္ျပထားပါတယ္။

အၾကမ္းဖက္မႈေတြကို အၿမဲက်ဴးလြန္ေနတဲ့ ေအေအအၾကမ္းဖက္ေသာင္းက်န္းသူ (မူရင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပခ်က္အတိုင္းျဖစ္ပါသည္) ကို ထိေရာက္တဲ့ တန္ျပန္အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး စစ္ဆင္းေရး ေဆာင္႐ြက္သြားမယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ေအေအကို အစိုးရက အၾကမ္းဖက္အဖြဲ႕အျဖစ္ ၿပီးခဲ့တဲ့လပိုင္းကေၾကညာထားတာျဖစ္ပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ ေအေအဘက္ကေတာ့ တစ္စုံတစ္ရာ ထုတ္ျပန္ေျပာၾကားတာ မေတြ႕ရေသးပါဘူး။

တပ္မေတာ္နဲ႔ ရခိုင့္တပ္ေတာ္ေအေအတို႔ဟာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလတည္းက တိုက္ပြဲေတြစတင္ျဖစ္ပြား၊ ျပင္းထန္ခဲ့တာျဖစ္ၿပီး တစ္ႏွစ္ခြဲနီးပါး ကာလအတြင္း စစ္ေဘးေရွာင္ တစ္သိန္းေက်ာ္ရွိလာသလို တိုက္ပြဲေတြဟာလည္း ရခိုင္ျပည္နယ္အျပင္ ခ်င္းျပည္နယ္ပလက္ဝအထိ က်ယ္ျပန႔္လာေနပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52844517
ရသေ့တောင်က ရဲကင်းစခန်းတစ်ခုကို အေအေက ဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင် ဆယ်ဦး၊ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ပျောက်ဆုံးနေဟုဆို ရသေ့တောင်က ရဲကင်းစခန်းတစ်ခုကို အေအေက ဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင် ဆယ်ဦး၊ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ပျောက်ဆုံးနေဟုဆို Reviewed by THITHTOOLWIN on 16:59 Rating: 5
Powered by Blogger.