(Zawgyi)⤵⤵⤵
လူဦးေရ သန္းနဲ႔ခ်ီရွိတဲ့ ရန္ကုန္မွာ ကပ္ေဘးကာလ ဆိုင္မွာထိုင္စားဖို႔ မျဖစ္ႏိုင္ဘဲ အိမ္မွာပဲ ေနၾကရတဲ့ အေျခအေနေၾကာင့္ ပစၥည္းသယ္ယူပို႔ေဆာင္ေပးရတဲ့ စက္ဘီးသမားေတြကို လမ္းေပၚမွာ အမ်ားအျပား ေတြ႕လာရပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာေတြ႕ရွိမႈ အမ်ားဆုံးနဲ႔ အပူခ်ိန္ ၃၈ နဲ႔ ၄၀ ဒီဂရီဝန္းက်င္ရွိေနတဲ့ ရန္ကုန္ၿမိဳ႕ထဲမွာ အစားအေသာက္၊ ပစၥည္းေတြကို စက္ဘီးနဲ႔ လိုက္ပို႔ရတာက လြယ္ကူတဲ့အလုပ္ေတာ့ မဟုတ္ပါဘူး။
သဃၤန္းကြၽန္းၿမိဳ႕နယ္ စံျပေဈးနားမွာေနတဲ့ ကိုျပည့္စုံဦးဟာ Food Panda ဆိုတဲ့ အစားအေသာက္ပို႔တဲ့လုပ္ငန္းမွာ လုပ္ကိုင္ေနသူပါ။ မနက္ ၇ နာရီေလာက္ဆိုရင္ သူ႔ရဲ႕ေနအိမ္ကေန စထြက္ၿပီး မနက္စာ မွာယူႏိုင္တဲ့ ဆိုင္ကိုသြားပါတယ္။
သူ႔လိုပဲ အစားအေသာက္ပို႔သူေတြရွိတဲ့အတြက္ ေအာ္ဒါဝင္တာကို လာႀကိဳေစာင့္ရပါတယ္။
အမွာေအာ္ဒါရလာရင္ေတာ့ ဆိုင္ကေန အစားအေသာက္ထုပ္ပိုးၿပီးတဲ့အထိေစာင့္ၿပီး မွာယူသူရဲ႕ အိမ္လိပ္စာအတိုင္း စက္ဘီးနဲ႔ သြားပို႔ရပါတယ္။
ခရီးလမ္းေၾကာင္း အကြာအေဝးေပၚ မူတည္ၿပီး တစ္ေၾကာင္းစာအတြက္ ၁၁၀၀ က်ပ္ကေန အမ်ားဆုံး ၁၇၀၀ အထိ ရပါတယ္။
"အေခါက္ေၾကးေပါ့ ေဝးရင္ေဝးသလို ၁၄၀၀၊ ၁၅၀၀၊ ၁၆၀၀ အဲလိုေတြေပးတာ၊ နီးရင္းနီးသလို ၁၁၀၀ ၊ ၁၂၀၀ ေပးတာ၊ အရင္ကေတာ့ေအာ္ဒါက်တယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ စျဖစ္ျဖစ္ခ်င္းမလို႔လားမသိဘူး လူေတြကသိပ္မထြက္ၾကဘူးေလ၊ မထြက္ေတာ့ ေအာ္ဒါကအမ်ားႀကီးက်တယ္၊ အခုကေတာ့ လူေတြကနည္းနည္းျပန္ထြက္လာၾကပီဆိုေတာ့ ေအာ္ဒါက ထင္သေလာက္ေတာ့ မက်ေတာ့ဘူးေပါ့၊ အရင္ကဆို ၂၀၊ ၂၀ ေက်ာ္က်တယ္၊ အခုဆိုရင္ ၁၀ ေၾကာင္း ၁၅ ေၾကာင္း အဲေလာက္ပဲရေတာ့တယ္၊"
တစ္ေယာက္နဲ႔တစ္ေယာက္ ရရွိတဲ့အေခါက္ေရေတာ့ မတူၾကပါဘူး၊ ကိုျပည့္စုံဦးကေတာ့ တစ္ရက္ကို ၁၅ ေခါက္နဲ႔ ၂၀ အၾကား ရပါတယ္။ ေအာ္ဒါရတဲ့အထဲက လက္ခံ လုပ္ကိုင္ေပးမႈ ကိုးဆယ္ရာခိုင္ႏႈန္းေက်ာ္ရင္လည္း လုပ္ငန္းကေပးတဲ့ အပိုဆုေၾကးေငြ ရႏိုင္ပါတယ္။
သူဟာ သံပန္းလုပ္ငန္းလုပ္ကိုင္ေနရာက ကပ္ေဘးကာလ အလုပ္ပိတ္သြားေတာ့ မိသားစု စားဝတ္ေနေရးအတြက္ အခုလိုပစၥည္းပို႔တဲ့အလုပ္ကို ေ႐ြးခ်ယ္ခဲ့တာပါ။
ဆိုင္မွာ သြားထိုင္စားဖို႔၊ ကိုယ္တိုင္ထြက္ဝယ္ဖို႔ ခက္ခဲေနသူေတြဟာ ဝန္ေဆာင္မႈကုမၸဏီေတြေပးတဲ့ ကမ္းလွမ္းခ်က္ေတြ၊ အစားအေသာက္ ေၾကာ္ျငာေတြေၾကာင့္ ထိုင္ရာမထ မွာယူစားေသာက္သူေတြ ျဖစ္လာၾကတဲ့အတြက္ ကိုျပည့္စုံဦးတို႔လို စက္ဘီးသမားေတြကို ရန္ကုန္မွာ အမ်ားအျပား ေတြ႕လာၾကရပါတယ္။
အပူရွိန္ကို အံတုၿပီး ရန္ကုန္ၿမိဳ႕ထဲမွာ အစားအေသာက္ လိုက္ပို႔ရတာ မလြယ္ကူလွပါဘူး။ ပိုၿပီး ကံဆိုးရင္ေတာ့ ညဘက္မွာ လုယက္မႈနဲ႔ ႀကဳံရႏိုင္ပါတယ္။
"ေန႔ခင္းပိုင္းကေတာ့ မတရားပူတယ္၊ ဒီဂုတ္ပိုးတို႔ ေက်ာနားတို႔ ပူျခစ္ေနတာပဲ၊ ပူလည္း ဒီ Delivery သမားေတြအကုန္ကေတာ့ စားဝတ္ေနေရးအတြက္ လုပ္ရတာပါပဲ၊ ညဘက္ေတြၾကေတာ့ အႏၲရာယ္မ်ားတယ္၊ တခ်ိဳ႕ေတြကေတာ့ ဘာျဖစ္လဲဆိုေတာ့ လုၾကတယ္၊ ဖုန္းေတြလုတယ္၊ ပိုက္ဆံေတြလုတယ္၊ ၿပီးရင္ ဓားေထာက္ၿပီးအလုခံရတယ္၊ အဲလိုအခက္အခဲေတြေတာ့ရွိတာေပါ့၊ အဲ့ၾကားထဲကပဲ ကိုယ့္စားဝတ္ေနေရးအတြက္ကေတာ့ လုပ္ရတာပါပဲ၊"
ရန္ကုန္ဟာ ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာ အမ်ားဆုံးျဖစ္လို႔ ေရာဂါကူးစက္ခံရမွာကိုလည္း ေနရာစုံသြားေနရတဲ့ သူတို႔အတြက္ စိုးရိမ္စရာပါ။
ဒါေပမဲ့ စားဝတ္ေနေရးကရွိေနေသးေတာ့ ႏွာေခါင္းစည္းတပ္ၿပီး လက္သန႔္ေဆးသုံးရင္းပို႔တယ္လို႔ ကိုျပည့္စုံဦး က ေျပာပါတယ္။
ပစၥည္းသြားပို႔တဲ့အခါမွာလည္း အမ်ားစုကေတာ့ အိမ္ေအာက္အထိ ဆင္းယူၾကေပမယ့္ အထပ္ျမင့္တိုက္ ၆ လႊာ ၇ လႊာအထိ တက္ပို႔ရတာမ်ိဳးလည္း ရွိတတ္ပါတယ္။
ပစၥည္းမွာၿပီးမွ မွာယူသူရဲ႕ ဖုန္းကို ဆက္သြယ္လို႔မရတဲ့အေျခအေနမ်ိဳး တခါတေလ ႀကဳံရရင္ သူတို႔အေနနဲ႔ စိုက္မေလ်ာ္ရေအာင္ ကုမၸဏီကို ဆက္သြယ္ရပါတယ္။
"တစ္ေၾကာင္းက ပ်က္သြားတယ္၊ ဘယ္လိုျဖစ္လဲဆိုေတာ့ ကာစတန္မာကို ေခၚလိုက္တဲ့အခ်ိန္မွာ သူကစက္ပိတ္ထားတယ္၊ ပိတ္ထားေတာ့ သူ႔ကိုေစာင့္ရတဲ့အခ်ိန္ကုန္တယ္၊ ၿပီးေတာ့ သူတို႔ကိုဆက္သြယ္လို႔မရေတာ့ ကြၽန္ေတာ္တို႔က ႐ုံးပိုင္းနဲ႔ျပန္ၿပီးေတာ့ စကားေျပာရတယ္၊ ႐ုံးကိုျပန္ၿပီးေတာ့ အေၾကာင္းျပန္ၾကားရတာေပါ့၊ ႐ုံးကမွ ခဏေစာင့္ပါဦး ဆယ္မိနစ္ေလာက္ေစာင့္ဆို ေစာင့္ေပးတယ္၊ ေစာင္ၿပီး သူတို႔ကိုဖုန္းထပ္ဆက္တယ္၊ မရဘူးဆိုရင္ သူတို႔ကဆက္သြယ္ေပးတယ္၊ သူတို႔လည္းဆက္လို႔မရဘူးဆိုရင္ ဖ်က္ေပးတာေပါ့၊ ပင္ေတာ့ပင္ပန္းတာေပါ့အကိုရာ၊ တစ္ေန႔လုံးဆိုေတာ့ ေညာင္းတာေတာ့ရွိတာေပါ့၊ ေနကလည္းပူ ဒါေပမဲ့လည္း ပိုက္ဆံရဖို႔ေတာ့လုပ္ေနရတာေပါ့ အဲ့ေတာ့ပင္ပန္းတာေပါ့။"
ကုမၸဏီဘက္လည္း ဆက္သြယ္လို႔မရခဲ့ရင္ေတာ့ အမွာပ်က္ျပယ္သြားပါၿပီ။ မွာယူထားတဲ့ပၥည္းေတြကို ကိုယ့္စိတ္ႀကိဳက္ လုပ္ႏိုင္ေၾကာင္း၊ ဒါမွမဟုတ္ သက္ႀကီး႐ြယ္အိုေတြ၊ လမ္းေဘး ကေလးငယ္ေတြ၊ ခ်ိဳ႕တဲ့သူေတြကို လႉႏိုင္ေၾကာင္း ကုမၸဏီက စာျပန္လာပါတယ္။
အဲဒီလို အမွာေအာ္ဒါ ပ်က္ျပယ္သြားတဲ့ ပစၥည္းရဲ႕တန္ဖိုးကိုေတာ့ ကုမၸဏီဘက္က က်ခံရပါတယ္။ ကိုျပည့္စုံဦးတို႔လို အစားအေသာက္ပို႔တဲ့သူေတြလည္း ပို႔ခတေခါက္စာ ဆုံးရႈံးပါတယ္။
တေန႔တာ အလုပ္ၿပီးရင္ေတာ့ ရရွိထားတဲ့ ပိုက္ဆံကို wave money လို ေငြပို႔တဲ့စနစ္နဲ႔ ကုမၸဏီကို ပို႔ေပးရပါတယ္။
အဲဒီလိုပို႔ေပးၿပီးရင္ေတာ့ သူတို႔ အိမ္ျပန္လို႔ရပါၿပီ။ ကိုျပည့္စုံဦးကေတာ့ ေအာ္ဒါမွာသေလာက္ကို ေစာင့္ၿပီး လိုက္ပို႔တာေၾကာင့္ သူ႔ကိုေစာင့္ေနတဲ့ သားနဲ႔ ကိုယ္ဝန္သည္ ဇနီးျဖစ္သူဆီျပန္ေရာက္ခ်ိန္ဟာ ည ၉ နာရီထိုးခါနီးေနပါၿပီ။
သန႔္ဇင္ဦး / RFA Burmese
-------------------------------
(Unicode)⤵⤵⤵
ဗိုင်းရပ်စ်အန္တရာယ်ကြားထဲက ရုန်းကန်နေရသူတွေရဲ့ဘဝ
လူဦးရေ သန်းနဲ့ချီရှိတဲ့ ရန်ကုန်မှာ ကပ်ဘေးကာလ ဆိုင်မှာထိုင်စားဖို့ မဖြစ်နိုင်ဘဲ အိမ်မှာပဲ နေကြရတဲ့ အခြေအနေကြောင့် ပစ္စည်းသယ်ယူပို့ဆောင်ပေးရတဲ့ စက်ဘီးသမားတွေကို လမ်းပေါ်မှာ အများအပြား တွေ့လာရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေ့ရှိမှု အများဆုံးနဲ့ အပူချိန် ၃၈ နဲ့ ၄၀ ဒီဂရီဝန်းကျင်ရှိနေတဲ့ ရန်ကုန်မြို့ထဲမှာ အစားအသောက်၊ ပစ္စည်းတွေကို စက်ဘီးနဲ့ လိုက်ပို့ရတာက လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။
သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးနားမှာနေတဲ့ ကိုပြည့်စုံဦးဟာ Food Panda ဆိုတဲ့ အစားအသောက်ပို့တဲ့လုပ်ငန်းမှာ လုပ်ကိုင်နေသူပါ။ မနက် ၇ နာရီလောက်ဆိုရင် သူ့ရဲ့နေအိမ်ကနေ စထွက်ပြီး မနက်စာ မှာယူနိုင်တဲ့ ဆိုင်ကိုသွားပါတယ်။
သူ့လိုပဲ အစားအသောက်ပို့သူတွေရှိတဲ့အတွက် အော်ဒါဝင်တာကို လာကြိုစောင့်ရပါတယ်။
အမှာအော်ဒါရလာရင်တော့ ဆိုင်ကနေ အစားအသောက်ထုပ်ပိုးပြီးတဲ့အထိစောင့်ပြီး မှာယူသူရဲ့ အိမ်လိပ်စာအတိုင်း စက်ဘီးနဲ့ သွားပို့ရပါတယ်။
ခရီးလမ်းကြောင်း အကွာအဝေးပေါ် မူတည်ပြီး တစ်ကြောင်းစာအတွက် ၁၁၀၀ ကျပ်ကနေ အများဆုံး ၁၇၀၀ အထိ ရပါတယ်။
"အခေါက်ကြေးပေါ့ ဝေးရင်ဝေးသလို ၁၄၀၀၊ ၁၅၀၀၊ ၁၆၀၀ အဲလိုတွေပေးတာ၊ နီးရင်းနီးသလို ၁၁၀၀ ၊ ၁၂၀၀ ပေးတာ၊ အရင်ကတော့အော်ဒါကျတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စဖြစ်ဖြစ်ချင်းမလို့လားမသိဘူး လူတွေကသိပ်မထွက်ကြဘူးလေ၊ မထွက်တော့ အော်ဒါကအများကြီးကျတယ်၊ အခုကတော့ လူတွေကနည်းနည်းပြန်ထွက်လာကြပီဆိုတော့ အော်ဒါက ထင်သလောက်တော့ မကျတော့ဘူးပေါ့၊ အရင်ကဆို ၂၀၊ ၂၀ ကျော်ကျတယ်၊ အခုဆိုရင် ၁၀ ကြောင်း ၁၅ ကြောင်း အဲလောက်ပဲရတော့တယ်၊"
တစ်ယောက်နဲ့တစ်ယောက် ရရှိတဲ့အခေါက်ရေတော့ မတူကြပါဘူး၊ ကိုပြည့်စုံဦးကတော့ တစ်ရက်ကို ၁၅ ခေါက်နဲ့ ၂၀ အကြား ရပါတယ်။ အော်ဒါရတဲ့အထဲက လက်ခံ လုပ်ကိုင်ပေးမှု ကိုးဆယ်ရာခိုင်နှုန်းကျော်ရင်လည်း လုပ်ငန်းကပေးတဲ့ အပိုဆုကြေးငွေ ရနိုင်ပါတယ်။
သူဟာ သံပန်းလုပ်ငန်းလုပ်ကိုင်နေရာက ကပ်ဘေးကာလ အလုပ်ပိတ်သွားတော့ မိသားစု စားဝတ်နေရေးအတွက် အခုလိုပစ္စည်းပို့တဲ့အလုပ်ကို ရွေးချယ်ခဲ့တာပါ။
ဆိုင်မှာ သွားထိုင်စားဖို့၊ ကိုယ်တိုင်ထွက်ဝယ်ဖို့ ခက်ခဲနေသူတွေဟာ ဝန်ဆောင်မှုကုမ္ပဏီတွေပေးတဲ့ ကမ်းလှမ်းချက်တွေ၊ အစားအသောက် ကြော်ငြာတွေကြောင့် ထိုင်ရာမထ မှာယူစားသောက်သူတွေ ဖြစ်လာကြတဲ့အတွက် ကိုပြည့်စုံဦးတို့လို စက်ဘီးသမားတွေကို ရန်ကုန်မှာ အများအပြား တွေ့လာကြရပါတယ်။
အပူရှိန်ကို အံတုပြီး ရန်ကုန်မြို့ထဲမှာ အစားအသောက် လိုက်ပို့ရတာ မလွယ်ကူလှပါဘူး။ ပိုပြီး ကံဆိုးရင်တော့ ညဘက်မှာ လုယက်မှုနဲ့ ကြုံရနိုင်ပါတယ်။
"နေ့ခင်းပိုင်းကတော့ မတရားပူတယ်၊ ဒီဂုတ်ပိုးတို့ ကျောနားတို့ ပူခြစ်နေတာပဲ၊ ပူလည်း ဒီ Delivery သမားတွေအကုန်ကတော့ စားဝတ်နေရေးအတွက် လုပ်ရတာပါပဲ၊ ညဘက်တွေကြတော့ အန္တရာယ်များတယ်၊ တချို့တွေကတော့ ဘာဖြစ်လဲဆိုတော့ လုကြတယ်၊ ဖုန်းတွေလုတယ်၊ ပိုက်ဆံတွေလုတယ်၊ ပြီးရင် ဓားထောက်ပြီးအလုခံရတယ်၊ အဲလိုအခက်အခဲတွေတော့ရှိတာပေါ့၊ အဲ့ကြားထဲကပဲ ကိုယ့်စားဝတ်နေရေးအတွက်ကတော့ လုပ်ရတာပါပဲ၊"
ရန်ကုန်ဟာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ အများဆုံးဖြစ်လို့ ရောဂါကူးစက်ခံရမှာကိုလည်း နေရာစုံသွားနေရတဲ့ သူတို့အတွက် စိုးရိမ်စရာပါ။
ဒါပေမဲ့ စားဝတ်နေရေးကရှိနေသေးတော့ နှာခေါင်းစည်းတပ်ပြီး လက်သန့်ဆေးသုံးရင်းပို့တယ်လို့ ကိုပြည့်စုံဦး က ပြောပါတယ်။
ပစ္စည်းသွားပို့တဲ့အခါမှာလည်း အများစုကတော့ အိမ်အောက်အထိ ဆင်းယူကြပေမယ့် အထပ်မြင့်တိုက် ၆ လွှာ ၇ လွှာအထိ တက်ပို့ရတာမျိုးလည်း ရှိတတ်ပါတယ်။
ပစ္စည်းမှာပြီးမှ မှာယူသူရဲ့ ဖုန်းကို ဆက်သွယ်လို့မရတဲ့အခြေအနေမျိုး တခါတလေ ကြုံရရင် သူတို့အနေနဲ့ စိုက်မလျော်ရအောင် ကုမ္ပဏီကို ဆက်သွယ်ရပါတယ်။
"တစ်ကြောင်းက ပျက်သွားတယ်၊ ဘယ်လိုဖြစ်လဲဆိုတော့ ကာစတန်မာကို ခေါ်လိုက်တဲ့အချိန်မှာ သူကစက်ပိတ်ထားတယ်၊ ပိတ်ထားတော့ သူ့ကိုစောင့်ရတဲ့အချိန်ကုန်တယ်၊ ပြီးတော့ သူတို့ကိုဆက်သွယ်လို့မရတော့ ကျွန်တော်တို့က ရုံးပိုင်းနဲ့ပြန်ပြီးတော့ စကားပြောရတယ်၊ ရုံးကိုပြန်ပြီးတော့ အကြောင်းပြန်ကြားရတာပေါ့၊ ရုံးကမှ ခဏစောင့်ပါဦး ဆယ်မိနစ်လောက်စောင့်ဆို စောင့်ပေးတယ်၊ စောင်ပြီး သူတို့ကိုဖုန်းထပ်ဆက်တယ်၊ မရဘူးဆိုရင် သူတို့ကဆက်သွယ်ပေးတယ်၊ သူတို့လည်းဆက်လို့မရဘူးဆိုရင် ဖျက်ပေးတာပေါ့၊ ပင်တော့ပင်ပန်းတာပေါ့အကိုရာ၊ တစ်နေ့လုံးဆိုတော့ ညောင်းတာတော့ရှိတာပေါ့၊ နေကလည်းပူ ဒါပေမဲ့လည်း ပိုက်ဆံရဖို့တော့လုပ်နေရတာပေါ့ အဲ့တော့ပင်ပန်းတာပေါ့။"
ကုမ္ပဏီဘက်လည်း ဆက်သွယ်လို့မရခဲ့ရင်တော့ အမှာပျက်ပြယ်သွားပါပြီ။ မှာယူထားတဲ့ပ္စည်းတွေကို ကိုယ့်စိတ်ကြိုက် လုပ်နိုင်ကြောင်း၊ ဒါမှမဟုတ် သက်ကြီးရွယ်အိုတွေ၊ လမ်းဘေး ကလေးငယ်တွေ၊ ချို့တဲ့သူတွေကို လှူနိုင်ကြောင်း ကုမ္ပဏီက စာပြန်လာပါတယ်။
အဲဒီလို အမှာအော်ဒါ ပျက်ပြယ်သွားတဲ့ ပစ္စည်းရဲ့တန်ဖိုးကိုတော့ ကုမ္ပဏီဘက်က ကျခံရပါတယ်။ ကိုပြည့်စုံဦးတို့လို အစားအသောက်ပို့တဲ့သူတွေလည်း ပို့ခတခေါက်စာ ဆုံးရှုံးပါတယ်။
တနေ့တာ အလုပ်ပြီးရင်တော့ ရရှိထားတဲ့ ပိုက်ဆံကို wave money လို ငွေပို့တဲ့စနစ်နဲ့ ကုမ္ပဏီကို ပို့ပေးရပါတယ်။
အဲဒီလိုပို့ပေးပြီးရင်တော့ သူတို့ အိမ်ပြန်လို့ရပါပြီ။ ကိုပြည့်စုံဦးကတော့ အော်ဒါမှာသလောက်ကို စောင့်ပြီး လိုက်ပို့တာကြောင့် သူ့ကိုစောင့်နေတဲ့ သားနဲ့ ကိုယ်ဝန်သည် ဇနီးဖြစ်သူဆီပြန်ရောက်ချိန်ဟာ ည ၉ နာရီထိုးခါနီးနေပါပြီ။
သန့်ဇင်ဦး / RFA Burmese
https://www.facebook.com/rfaburmese
ဗိုင္းရပ္စ္အႏၲရာယ္ၾကားထဲက ႐ုန္းကန္ေနရသူေတြရဲ႕ဘဝ
Reviewed by THITHTOOLWIN
on
22:02
Rating: