ဆန္ဒပြသူတွေကို ဟောင်ကောင်ရဲ ငရုတ်ကောင်းကျည်နဲ့ပစ်၊ လူရာချီဖမ်းထား

ဟောင်ကောင်မှာဖြစ်ဖူးခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြပွဲတွေကို တုံ့ပြန်ဖို့ ဒီဥပဒေလိုအပ်တယ်လို့ တရုတ်အစိုးရက ပြော
(Unicode)⤵⤵⤵
ပြည်မကြီးအစိုးရကို ဆန့်ကျင်ကြတဲ့ ဟောင်ကောင်သူ ဟောင်ကောင်သားတွေရဲ့ ဆန္ဒပြတာတွေ အသစ်ပြန်ဖြစ်လာခဲ့ပြီး ရဲတွေက လူ ၃၀၀ လောက်ကို ဖမ်းဆီးခဲ့ကာ လူအုပ်တွေထဲ ငရုတ်ကောင်းမှုန့်ကျည်တွေသုံးကာ ပစ်ခတ်တာတွေလည်း ဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံတော်သီချင်းနဲ့ပတ်သက်တဲ့ ဥပဒေမူကြမ်းနဲ့ ဟောင်ကောင်မှာ ပြဋ္ဌာန်းကျင့်သုံးဖို့ ဘေဂျင်းကနေ တင်သွင်းလာတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေကို ဆန္ဒပြသူတွေက လူစုဝေးပြီးကန့်ကွက်ခဲ့ကြတာပါ။

ရဲတွေကတော့ သူတို့ဖမ်းဆီးတဲ့အများစုက အခွင့်မရဘဲ လူစုလူဝေးလုပ်တဲ့သူတွေလို့ ပြောပါတယ်။

နိုင်ငံတော် သီချင်းဥပဒေကြမ်းက နိုင်ငံတော်သီချင်းကို လှောင်ပြောင်မယ်ဆိုရင် ရာဇဝတ်မှုနဲ့ အရေးယူခံရမယ်၊ လုံခြုံရေး ဥပဒေရောက်လာရင် ဟောင်ကောင်ရဲ့ အခြေခံလွတ်လပ်ခွင့်တွေ ဆုံးရှုံးမှာကို စိုးရိမ်ရတယ် စတာတွေအတွက် ဆန္ဒပြသူတွေက ဆန့်ကျင်ကြတာပါ။

ဆန္ဒပြပွဲတွေ ဘယ်လိုစဖြစ်လာလဲ

ဆန္ဒပြသူတွေဟာ ပထမပိုင်းမှာ စင်ထရယ် ခရိုင်အတွင်းက ဥပဒေပြုကောင်စီ အဆောက်အအုံမှာ စုဆုံကြမယ်လို့ လှုံ့ဆော်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ အဓိကရုဏ်းဖြိုခွဲရေး ရဲတွေဝိုင်းနေတာ၊ ရေတွေဖြည့်ထားတဲ့ အတားအဆီးတုံးတွေ ချထားတာတွေကြောင့် ဆန္ဒပြပွဲကြီးလုပ်ဖို့ အခွင့်မသာခဲ့ကြပါဘူး။

လမ်းတွေပေါ်ကို ဆန္ဒပြသူတွေထွက်လာခဲ့ကြတယ်၊ စင်ထရယ်နဲ့ ကော့စဝေးဘေး တို့က လမ်းဆုံတွေမှာ လမ်းတွေကို သူတို့ပိတ်ဆို့ ဆန္ဒပြကြပါတယ်။

လူရာနဲ့ချီ ဖမ်းဆီးခဲ့

ရဲတွေကတော့ အဲဒီဘက်တွေမှာ သူတို့ လူ ၁၈၀ လောက်ကို ဖမ်းဆီးတယ်လို့ ရဲတပ်ဖွဲ့ဖေ့ဘွတ်မှာ ရေးပါတယ်။

မောင်းကွတ် ခရိုင်ဘက်မှာလည်း လူ ၆၀၊ တခါ ဝမ်ချိုင်းဘက်မှာ နောက်ထပ် လူ ၅၀ လောက်ကို လည်း ဖမ်းဆီးတယ်လို့ ဆိုပါတယ်။

တော်တော်များများသော ခရိုင်တွေဘက်မှာ လမ်းလျှောက်ချီတက် ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

စင်ထရယ်ခရိုင်မှာ ဆန္ဒပြနေသူတယောက်က South China Morning Post သတင်းစာကို ပြောရာမှာ "ငါတို့ရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ငါတို့ကာကွယ်ချင်တယ်၊ မကာကွယ်ရင် ဟောင်ကောင်ဟာ အရင်က ဟောင်ကောင် မဟုတ်တော့ဘဲ တရုတ်ရဲ့ မြို့တမြို့လိုပဲ ဖြစ်သွားတော့မှာ" လို့ ပြောပါတယ်။

နောက်ထပ် ဆန္ဒပြသူတယောက်ကလည်း "ရင်ထဲမှာ ကြောက်ရွံ့နေပေမယ့်လည်း ဒါတွေကို ထုတ်ဖော်တောင်းဆိုရမယ်" လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
တရုတ်နိုင်ငံတော်သီချင်းနဲ့ အမျိုးသားလုံခြုံရေးဥပဒေတွေကို မကျေနပ်ကြ
နိုင်ငံတော်သီချင်း ဥပဒေမူကြမ်းက ဘာလဲ

တကယ်လို့သာ ဥပဒေအဖြစ်အတည်ပြုသွားရင် တရုတ်နိုင်ငံတော်သီချင်းကို တလွဲသုံးတာ ဒါမှမဟုတ် လှောင်ပြောင်စော်ကားတာလုပ်ရင် လုပ်တဲ့သူဟာ ဟောင်ကောင် ဒေါ်လာ ၅ သောင်း (အမေရိကန်ဒေါ်လာ ၆၄၄၉ နဲ့ညီမျှ) ကို ဒဏ်တပ်တာ ခံရမယ့်အပြင်၊ ထောင် ၃ နှစ်ကျနိုင်ပါတယ်။

ဒီဥပဒေမူကြမ်းကို ဥပဒေပြုကောင်စီမှာ ဆွေးနွေးနေတာ ဗုဒ္ဓဟူးနေ့မှာ ၂ ကြိမ်မြောက်လာပြီဖြစ်ပြီး ၃ ကြိမ်မြောက်ဆွေးနွေးလာမှာ၊ နောက်လအတွင်းမှာ ဥပဒေကို အတည်ပြုတာတွေ ဖြစ်လာနိုင်ပါတယ်။

ဟောင်ကောင်မှာ ကိုယ်ပိုင် အမျိုးသားသီချင်းမရှိသေးပါဘူး။ နိုင်ငံတကာဘောလုံးပွဲတွေ ကန်ရင် ဟောင်ကောင်က ကိုယ်ပိုင်ဘောလုံးအသင်းရှိပေမယ့် ပွဲထွက်ရင် တရုတ်နိုင်ငံတော်သီချင်းကိုပဲ ဆိုရပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကန်တော့ အဲဒီ သီချင်းဆိုရတဲ့အခါ ထောင်နဲ့ချီတဲ့ပွဲကြည့်ပရိသတ်တွေက သီချင်းကို လှောင်ပြောင်ရှုတ်ချခဲ့ကြပါတယ်။

လုံခြုံရေးဆိုင်ရာ ဥပဒေဆိုတာက ဘာပါလဲ

ဘေဂျင်းအစိုးရက ဒီဥပဒေကို ဟောင်ကောင်မှာ ကျင့်သုံးဖို့ အဆိုပြုနေပါတယ်။

ဥပဒေက နိုင်ငံတော်ပုန်ကန်မှု၊ ခွဲထွက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံရဲ့ နိုင်ငံရေး စနစ်ကို ဖျက်ဆီးမှုစတာတွေကို မလုပ်ဖို့ တားမြစ်ထားပါတယ်၊ ဟောင်ကောင်မှာဖြစ်ဖူးခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြပွဲတွေကို တုံ့ပြန်ဖို့ ဒီဥပဒေလိုအပ်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

မနှစ်တုန်းကတော့ ရာဇဝတ်သားလို့ သံသယရှိသူတွေကို တရုတ်ပြည်မကြီးကို လွှဲအပ်ကာ တရားစီရင်ရမယ်ဆိုတဲ့ ဥပဒေမူကြမ်းကို ပြဋ္ဌာန်းဖို့ ဟောင်ကောင်မှာကြိုးစားခဲ့တဲ့အခါ ပြည်မကြီးကို ဆန့်ကျင်မှုတွေ ထွက်ပေါ်လာပြီး ဆန္ဒပြပွဲတွေ လချီဖြစ်ခဲ့ကာ နောက်ဆုံးမှာ အဲဒီဥပဒေမူကြမ်းကို ဖျက်သိမ်းလိုက်ရပါတယ်။
 ဒီမိုကရေစီရေးထောက်ခံသူတွေ စင်ထရယ် ခရိုင်အတွင်း ကြွေးကြော်သံတွေ တိုင်ခဲ့ကြ
အခု ဒီလုံခြုံရေးဆိုင်ရာ ဥပဒေဟာ ၁၉၉၇ ခုနှစ် တရုတ်ဆီကို ဟောင်ကောင်ပြန်လွှဲအပ်စဉ်က ဥပဒေအရ အာမခံခဲ့တဲ့ ဟောင်ကောင်သူ ဟောင်ကောင်သားတွေရဲ့ လွတ်လပ်မှုအခွင့်အရေးတွေကို ဖျက်သိမ်းဖို့ တိုက်ရိုက်ကြိုးပမ်းချက်ပဲလို့ ဝေဖန်သူတွေက ပြောပါတယ်

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီ လန်းက ဒါဟောင်ကောင်သူ ဟောင်ကောင်သားတွေရဲ့ အခွင့်အရေးကို ထိန်းချုပ်ဖို့လုပ်တာမဟုတ်ဘူးလို့ ငြင်းပါတယ်၊ ဒီဥပဒေကို ဥပဒေပြုကောင်စီမှာ ဒီသီတင်းပတ်အတွင်း မဲခွဲဆုံးဖြတ်နိုင်ပြီး ဇွန်လဆန်းလောက်ကျရင် စပြီး အသက်ဝင်အောင်လုပ်လာနိုင်ပါတယ်။

တရုတ်ရဲ့ ဒီအစီအစဉ်ကို ကမ္ဘာတလွှားက ထိပ်တန်းနိုင်ငံရေးသမား ၂၀၀ က စုဝေး လက်မှတ်ထိုးကာ ကန့်ကွက်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဒီဥပဒေဟာ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်တွေအတွက် "အသုဘခေါင်းလောင်း" ပဲလို့ အင်္ဂါနေ့က ပြောခဲ့ပါတယ်။

ယူကေ၊ ဩစတြေလျနဲ့ ကနေဒါတို့ကလည်း သူတို့ "အထူးစိုးရိမ်မကင်း" ဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

BBC Burmese
-----------------------------------------
(Zawgyi)⤵⤵⤵
ဆႏၵျပသူေတြကို ေဟာင္ေကာင္ရဲ င႐ုတ္ေကာင္းက်ည္နဲ႔ပစ္၊ လူရာခ်ီဖမ္းထား

ျပည္မႀကီးအစိုးရကို ဆန႔္က်င္ၾကတဲ့ ေဟာင္ေကာင္သူ ေဟာင္ေကာင္သားေတြရဲ႕ ဆႏၵျပတာေတြ အသစ္ျပန္ျဖစ္လာခဲ့ၿပီး ရဲေတြက လူ ၃၀၀ ေလာက္ကို ဖမ္းဆီးခဲ့ကာ လူအုပ္ေတြထဲ င႐ုတ္ေကာင္းမႈန႔္က်ည္ေတြသုံးကာ ပစ္ခတ္တာေတြလည္း ျဖစ္ခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံေတာ္သီခ်င္းနဲ႔ပတ္သက္တဲ့ ဥပေဒမူၾကမ္းနဲ႔ ေဟာင္ေကာင္မွာ ျပ႒ာန္းက်င့္သုံးဖို႔ ေဘဂ်င္းကေန တင္သြင္းလာတဲ့ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ ဥပေဒကို ဆႏၵျပသူေတြက လူစုေဝးၿပီးကန႔္ကြက္ခဲ့ၾကတာပါ။

ရဲေတြကေတာ့ သူတို႔ဖမ္းဆီးတဲ့အမ်ားစုက အခြင့္မရဘဲ လူစုလူေဝးလုပ္တဲ့သူေတြလို႔ ေျပာပါတယ္။

ႏိုင္ငံေတာ္ သီခ်င္းဥပေဒၾကမ္းက ႏိုင္ငံေတာ္သီခ်င္းကို ေလွာင္ေျပာင္မယ္ဆိုရင္ ရာဇဝတ္မႈနဲ႔ အေရးယူခံရမယ္၊ လုံၿခဳံေရး ဥပေဒေရာက္လာရင္ ေဟာင္ေကာင္ရဲ႕ အေျခခံလြတ္လပ္ခြင့္ေတြ ဆုံးရႈံးမွာကို စိုးရိမ္ရတယ္ စတာေတြအတြက္ ဆႏၵျပသူေတြက ဆန႔္က်င္ၾကတာပါ။

ဆႏၵျပပြဲေတြ ဘယ္လိုစျဖစ္လာလဲ

ဆႏၵျပသူေတြဟာ ပထမပိုင္းမွာ စင္ထရယ္ ခ႐ိုင္အတြင္းက ဥပေဒျပဳေကာင္စီ အေဆာက္အအုံမွာ စုဆုံၾကမယ္လို႔ လႈံ႕ေဆာ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ အဲဒီေနရာမွာ အဓိက႐ုဏ္းၿဖိဳခြဲေရး ရဲေတြဝိုင္းေနတာ၊ ေရေတြျဖည့္ထားတဲ့ အတားအဆီးတုံးေတြ ခ်ထားတာေတြေၾကာင့္ ဆႏၵျပပြဲႀကီးလုပ္ဖို႔ အခြင့္မသာခဲ့ၾကပါဘူး။

လမ္းေတြေပၚကို ဆႏၵျပသူေတြထြက္လာခဲ့ၾကတယ္၊ စင္ထရယ္နဲ႔ ေကာ့စေဝးေဘး တို႔က လမ္းဆုံေတြမွာ လမ္းေတြကို သူတို႔ပိတ္ဆို႔ ဆႏၵျပၾကပါတယ္။

လူရာနဲ႔ခ်ီ ဖမ္းဆီးခဲ့

ရဲေတြကေတာ့ အဲဒီဘက္ေတြမွာ သူတို႔ လူ ၁၈၀ ေလာက္ကို ဖမ္းဆီးတယ္လို႔ ရဲတပ္ဖြဲ႕ေဖ့ဘြတ္မွာ ေရးပါတယ္။

ေမာင္းကြတ္ ခ႐ိုင္ဘက္မွာလည္း လူ ၆၀၊ တခါ ဝမ္ခ်ိဳင္းဘက္မွာ ေနာက္ထပ္ လူ ၅၀ ေလာက္ကို လည္း ဖမ္းဆီးတယ္လို႔ ဆိုပါတယ္။

ေတာ္ေတာ္မ်ားမ်ားေသာ ခ႐ိုင္ေတြဘက္မွာ လမ္းေလွ်ာက္ခ်ီတက္ ဆႏၵျပပြဲေတြ ျဖစ္ခဲ့ပါတယ္။

စင္ထရယ္ခ႐ိုင္မွာ ဆႏၵျပေနသူတေယာက္က South China Morning Post သတင္းစာကို ေျပာရာမွာ "ငါတို႔ရဲ႕ လြတ္လပ္စြာေျပာဆိုခြင့္ကို ငါတို႔ကာကြယ္ခ်င္တယ္၊ မကာကြယ္ရင္ ေဟာင္ေကာင္ဟာ အရင္က ေဟာင္ေကာင္ မဟုတ္ေတာ့ဘဲ တ႐ုတ္ရဲ႕ ၿမိဳ႕တၿမိဳ႕လိုပဲ ျဖစ္သြားေတာ့မွာ" လို႔ ေျပာပါတယ္။

ေနာက္ထပ္ ဆႏၵျပသူတေယာက္ကလည္း "ရင္ထဲမွာ ေၾကာက္႐ြံ႕ေနေပမယ့္လည္း ဒါေတြကို ထုတ္ေဖာ္ေတာင္းဆိုရမယ္" လို႔ ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

ႏိုင္ငံေတာ္သီခ်င္း ဥပေဒမူၾကမ္းက ဘာလဲ

တကယ္လို႔သာ ဥပေဒအျဖစ္အတည္ျပဳသြားရင္ တ႐ုတ္ႏိုင္ငံေတာ္သီခ်င္းကို တလြဲသုံးတာ ဒါမွမဟုတ္ ေလွာင္ေျပာင္ေစာ္ကားတာလုပ္ရင္ လုပ္တဲ့သူဟာ ေဟာင္ေကာင္ ေဒၚလာ ၅ ေသာင္း (အေမရိကန္ေဒၚလာ ၆၄၄၉ နဲ႔ညီမွ်) ကို ဒဏ္တပ္တာ ခံရမယ့္အျပင္၊ ေထာင္ ၃ ႏွစ္က်ႏိုင္ပါတယ္။

ဒီဥပေဒမူၾကမ္းကို ဥပေဒျပဳေကာင္စီမွာ ေဆြးေႏြးေနတာ ဗုဒၶဟူးေန႔မွာ ၂ ႀကိမ္ေျမာက္လာၿပီျဖစ္ၿပီး ၃ ႀကိမ္ေျမာက္ေဆြးေႏြးလာမွာ၊ ေနာက္လအတြင္းမွာ ဥပေဒကို အတည္ျပဳတာေတြ ျဖစ္လာႏိုင္ပါတယ္။

ေဟာင္ေကာင္မွာ ကိုယ္ပိုင္ အမ်ိဳးသားသီခ်င္းမရွိေသးပါဘူး။ ႏိုင္ငံတကာေဘာလုံးပြဲေတြ ကန္ရင္ ေဟာင္ေကာင္က ကိုယ္ပိုင္ေဘာလုံးအသင္းရွိေပမယ့္ ပြဲထြက္ရင္ တ႐ုတ္ႏိုင္ငံေတာ္သီခ်င္းကိုပဲ ဆိုရပါတယ္။ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြကန္ေတာ့ အဲဒီ သီခ်င္းဆိုရတဲ့အခါ ေထာင္နဲ႔ခ်ီတဲ့ပြဲၾကည့္ပရိသတ္ေတြက သီခ်င္းကို ေလွာင္ေျပာင္ရႈတ္ခ်ခဲ့ၾကပါတယ္။

လုံၿခဳံေရးဆိုင္ရာ ဥပေဒဆိုတာက ဘာပါလဲ

ေဘဂ်င္းအစိုးရက ဒီဥပေဒကို ေဟာင္ေကာင္မွာ က်င့္သုံးဖို႔ အဆိုျပဳေနပါတယ္။

ဥပေဒက ႏိုင္ငံေတာ္ပုန္ကန္မႈ၊ ခြဲထြက္မႈ၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ၊ ႏိုင္ငံရဲ႕ ႏိုင္ငံေရး စနစ္ကို ဖ်က္ဆီးမႈစတာေတြကို မလုပ္ဖို႔ တားျမစ္ထားပါတယ္၊ ေဟာင္ေကာင္မွာျဖစ္ဖူးခဲ့တဲ့ အၾကမ္းဖက္ ဆႏၵျပပြဲေတြကို တုံ႔ျပန္ဖို႔ ဒီဥပေဒလိုအပ္တယ္လို႔ တ႐ုတ္အစိုးရက ေျပာပါတယ္။

မႏွစ္တုန္းကေတာ့ ရာဇဝတ္သားလို႔ သံသယရွိသူေတြကို တ႐ုတ္ျပည္မႀကီးကို လႊဲအပ္ကာ တရားစီရင္ရမယ္ဆိုတဲ့ ဥပေဒမူၾကမ္းကို ျပ႒ာန္းဖို႔ ေဟာင္ေကာင္မွာႀကိဳးစားခဲ့တဲ့အခါ ျပည္မႀကီးကို ဆန႔္က်င္မႈေတြ ထြက္ေပၚလာၿပီး ဆႏၵျပပြဲေတြ လခ်ီျဖစ္ခဲ့ကာ ေနာက္ဆုံးမွာ အဲဒီဥပေဒမူၾကမ္းကို ဖ်က္သိမ္းလိုက္ရပါတယ္။

အခု ဒီလုံၿခဳံေရးဆိုင္ရာ ဥပေဒဟာ ၁၉၉၇ ခုႏွစ္ တ႐ုတ္ဆီကို ေဟာင္ေကာင္ျပန္လႊဲအပ္စဥ္က ဥပေဒအရ အာမခံခဲ့တဲ့ ေဟာင္ေကာင္သူ ေဟာင္ေကာင္သားေတြရဲ႕ လြတ္လပ္မႈအခြင့္အေရးေတြကို ဖ်က္သိမ္းဖို႔ တိုက္႐ိုက္ႀကိဳးပမ္းခ်က္ပဲလို႔ ေဝဖန္သူေတြက ေျပာပါတယ္

ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမႉး ကယ္ရီ လန္းက ဒါေဟာင္ေကာင္သူ ေဟာင္ေကာင္သားေတြရဲ႕ အခြင့္အေရးကို ထိန္းခ်ဳပ္ဖို႔လုပ္တာမဟုတ္ဘူးလို႔ ျငင္းပါတယ္၊ ဒီဥပေဒကို ဥပေဒျပဳေကာင္စီမွာ ဒီသီတင္းပတ္အတြင္း မဲခြဲဆုံးျဖတ္ႏိုင္ၿပီး ဇြန္လဆန္းေလာက္က်ရင္ စၿပီး အသက္ဝင္ေအာင္လုပ္လာႏိုင္ပါတယ္။

တ႐ုတ္ရဲ႕ ဒီအစီအစဥ္ကို ကမာၻတလႊားက ထိပ္တန္းႏိုင္ငံေရးသမား ၂၀၀ က စုေဝး လက္မွတ္ထိုးကာ ကန႔္ကြက္ထားပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပီယိုက ဒီဥပေဒဟာ ေဟာင္ေကာင္ရဲ႕ လြတ္လပ္ခြင့္ေတြအတြက္ "အသုဘေခါင္းေလာင္း" ပဲလို႔ အဂၤါေန႔က ေျပာခဲ့ပါတယ္။

ယူေက၊ ဩစေၾတလ်နဲ႔ ကေနဒါတို႔ကလည္း သူတို႔ "အထူးစိုးရိမ္မကင္း" ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

BBC Burmese

BBC Burmese
https://www.bbc.com/burmese/52823541
ဆန္ဒပြသူတွေကို ဟောင်ကောင်ရဲ ငရုတ်ကောင်းကျည်နဲ့ပစ်၊ လူရာချီဖမ်းထား ဆန္ဒပြသူတွေကို ဟောင်ကောင်ရဲ ငရုတ်ကောင်းကျည်နဲ့ပစ်၊ လူရာချီဖမ်းထား Reviewed by THITHTOOLWIN on 01:56 Rating: 5
Powered by Blogger.