"မိန္းမက ကြၽန္ေတာ့္ကို ၁၀ ႏွစ္ မုဒိမ္းက်င့္ခဲ့တယ္"

လူတစ္ေယာက္ေခ်ာင္ပိတ္မိေနပုံ သ႐ုပ္ေဖာ္ပုံ
(Zawgyi)⤵⤵⤵
ဗစ္တိုးရီးယား ယိုဟန္၊ ယာနာ ဂရစ္ေဘာ့စီးယား၊ ဒန္းနစ္စ္ ကာရယ္လုဗ္ ဘီဘီစီ ယူကရိန္းႏွင့္ ႐ုရွားဌာန

အိမ္တြင္းအၾကမ္းဖက္ခံရတဲ့ သတင္းအမ်ားစုက အမ်ိဳးသမီးေတြဆီကပါ။ အမ်ိဳးသမီးႀကီးငယ္ ၃ပုံ ၁ပုံ ဟာ သူတို႔ဘဝတေလွ်ာက္မွာ ကိုယ္ထိလက္ေရာက္ ဒါမွမဟုတ္ လိင္ေစာ္ကားခံရမႈေတြနဲ႔ ႀကဳံခဲ့ရတယ္လို႔ ကုလသမဂၢ သတင္းအခ်က္အလက္ေတြက ဆိုပါတယ္။

ဒါေပမဲ့ မိသားစုထဲက ေယာက္်ားေလးေတြနဲ႔ လက္တြဲေဖာ္ အမ်ိဳးသားေတြ အႏိုင္က်င့္ ေစာ္ကားခံရတဲ့ သတင္းေတြကိုေတာ့ ေဖာ္ျပေဝဖန္ၾကတာ သိပ္ကိုနည္းပါတယ္။

အမ်ိဳးသားေတြ အိမ္တြင္း အၾကမ္းဖက္ခံရတဲ့ကိစၥကို လူမႈအသိုင္းအဝိုင္း အေတာ္မ်ားမ်ားမွာ ထုတ္ေျပာေလ့ မရွိၾကပါဘူး။ ခံရတဲ့သူ ကိုယ္တိုင္ကလည္း တစ္ေယာက္တည္း ႀကိတ္ခံေလ့ ရွိပါတယ္။

ယူကရိန္းက လူငယ္တစ္ေယာက္ကေတာ့ သူ႔အေတြ႕အႀကဳံကို ဘီဘီစီကို မွ်ေဝခဲ့ပါတယ္။ အမည္ေတာ့ မေဖာ္ျပပါရေစနဲ႔လို႔ ဆိုပါတယ္။ သူေျပာျပခဲ့တာေတြနဲ႔အတူ အိမ္တြင္းအၾကမ္းဖက္မႈ လကၡဏာေတြကဘာေတြလဲ၊ ဒါကို ဘယ္လို ရင္ဆိုင္ေျဖရွင္းမလဲဆိုတဲ့ ပညာရွင္တခ်ိဳ႕ရဲ႕ အႀကံေပးခ်က္ေတြကို တင္ျပေပးမွာပါ။

ပထမဆုံး အေတြ႕အႀကဳံ

ကြၽန္ေတာ့္သူငယ္ခ်င္းေတြကေတာ့ ရိပ္မိခဲ့ၾကသလား မသိဘူး။ အျပင္ပန္း ၾကည့္လိုက္ရင္ ၿပဳံးေပ်ာ္ေနတဲ့မ်က္ႏွာေတြ၊ မိတ္ေဆြအေပါင္းအသင္းေတြ၊ ေငြေတြအမ်ားႀကီး ရွိၿပီး ယုံၾကည္မႈအျပည့္နဲ႔ အားလုံးအဆင္ေျပေနတဲ့ ပုံမ်ိဳး ကြၽန္ေတာ္တို႔ စုံတြဲကို ေတြ႕ရမွာပါ။ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ ကမာၻတဝက္ေလာက္ကို အတူတူ ခရီးထြက္ခဲ့ၾကပါတယ္။

အဲဒီလို ခရီးထြက္ေနတဲ့အခ်ိန္မ်ိဳးေတြမွာဆို ကြၽန္ေတာ္ သူ႔ကို ေၾကာက္စရာမလိုပါဘူး။ တျခားလူေတြေရွ႕မွာ သူကြၽန္ေတာ့္ကို နာက်င္ေအာင္ မလုပ္လို႔ပါ။ အေရးႀကီးဆုံးအခ်က္က သူနဲ႔ ႏွစ္ေယာက္တည္း ထိပ္တိုက္မေတြ႕ေအာင္ ေရွာင္ႏိုင္ဖို႔ လိုပါတယ္။

ဒါေပမယ့္ တကယ္တမ္း သိပ္မၾကာေသးခင္ကမွ သေဘာေပါက္လိုက္တာက ကြၽန္ေတာ့္ဇနီးေဟာင္းက ကြၽန္ေတာ့္ကို ၁ဝႏွစ္ေလာက္ မုဒိမ္းက်င့္ခဲ့တယ္ဆိုတာပါ။

အီရာက ကြၽန္ေတာ့္ရဲ႕ အခ်စ္ဦးပါ။ အသက္၂၀ ဝန္းက်င္မွာ ကြၽန္ေတာ္တို႔ စေတြ႕ခဲ့ၾကပါတယ္။ ကြၽန္ေတာ္တို႔ တြဲၾကဖို႔လည္း သူကပဲ စခဲ့တာပါ။

ရည္းစားရၿပီ ဆိုတာနဲ႔ အိမ္ကေန ဆင္းရမယ္လို႔ ကြၽန္ေတာ့္ မိဘေတြက ေျပာထားပါတယ္။ မိသားစုနဲ႔ လက္ရွိေနေနတဲ့အိမ္ကို စြန႔္လႊတ္ၿပီး ကိုယ့္တာဝန္ကိုယ္ယူေတာ့ ဆိုတဲ့သေဘာပါ။

ဒါက ေၾကာက္စရာေတာ့ေကာင္းပါတယ္။ ဒါေၾကာင့္ ကိုယ့္ဘာသာခြဲေနဖို႔ ပိုက္ဆံ လုံလုံလုံေလာက္ စုမိတဲ့ အခ်ိန္က်မွ ခ်စ္သူထားႏိုင္ခဲ့တာပါ။

ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္စိတ္နည္း

ကြၽန္ေတာ့္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္စိတ္ အေတာ္ေလး နည္းခဲ့တဲ့ထဲမွာ အဆိုးဆုံးက အေမ ကြၽန္ေတာ့္ကို စိတ္တိုင္းမက်တာနဲ႔ ကြၽန္ေတာ္ ႐ုပ္ဆိုးလို႔ ဆိုၿပီး အေမက အေတာ္ေလး ရွက္ခဲ့တာလည္း ပါပါတယ္။

ကြၽန္ေတာ္ရဲ႕ ပထမဆုံး လိင္အေတြ႕အႀကဳံက အီရာနဲ႔ပါ။ အဲဒီတုန္းကေတာ့ ကြၽန္ေတာ္ ကိုယ္တိုင္လည္း စမ္းၾကည့္ခ်င္ခဲ့တာပါ။ ဒါေပမဲ့ အဲဒါက ပုံမွန္ေတာ့ မဟုတ္ခဲ့ပါဘူး။ အရမ္းၾကမ္းတမ္းၿပီး အေတာ္ေလး နာက်င္ခဲ့ရပါတယ္။ အခ်ိန္ ၅ နာရီေလာက္ကုန္ခဲ့ပါတယ္။ ကြၽန္ေတာ္လည္း တစ္ကိုယ္လုံး နာၿပီး က်န္ခဲ့ပါတယ္။

အီရာက လိင္ခံစားမႈကို အ႐ူးအမူး စြဲလမ္းေနတဲ့သူပါ။ ဒါ့ေၾကာင့္ သူ႔အလိုမက်မခ်င္း ျဖည့္ဆည္းေပးရပါတယ္။ သူ႔ကို ပုံမွန္ အခ်ိန္ တစ္နာရီ ႏွစ္နာရီေလာက္ ေပးရပါတယ္။

ဒါက ကြၽန္ေတာ့္အတြက္ကေတာ့ ႏွစ္လိုေပ်ာ္႐ႊင္စရာ မျဖစ္ပါဘူး။ အေတြ႕အႀကဳံလည္း မရွိခဲ့တဲ့သူ ဆိုေတာ့ ဒါက ဒီလိုပဲ ေနမွာ ဆိုၿပီး လက္ခံခဲ့ရပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္း သူ႔ကို ျငင္းထုတ္ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။ ဘယ္လိုျငင္းျငင္း မရခဲ့ပါဘူး။ အဲဒီကစလို႔ အတင္းအဓမၼ မုဒိမ္းက်င့္ခံရတဲ့ အေျခအေန ေရာက္လာခဲ့ပါတယ္။

ေခ်ာင္ပိတ္မိသြား

အလုပ္နဲ႔ပတ္သက္တဲ့ ႏိုင္ငံျခားခရီးရွည္ႀကီးတစ္ခု ကြၽန္ေတာ္ ထြက္ခဲ့ရပါတယ္။ အဲဒီမွာ အီရာ့ကို ဆုံးရႈံးရမွာေၾကာက္လို႔ ကြၽန္ေတာ္နဲ႔ လိုက္ခဲ့ဖို႔ ေခၚခဲ့ပါတယ္။ လက္ထပ္ခြင့္ေတာင္ အရင္ေတာင္းခဲ့ပါေသးတယ္။ မလိုက္ႏိုင္ဘူးလို႔ သူက ျငင္းခဲ့ေပမဲ့ ေနာက္ေတာ့ ကြၽန္ေတာ္နဲ႔ အတူလိုက္ခဲ့ပါတယ္။ အဲဒီမွာ ျပႆနာ စခဲ့တာပါ။

ကြၽန္ေတာ္က အလုပ္ေတြပိၿပီး အနားယူခ်င္ေနခ်ိန္မွာ ေတာင္းဆိုတဲ့အခါ တစ္ခါ၊ႏွစ္ခါ လိုက္ေလ်ာႏိုင္ေပမဲ့ ေနာက္ပိုင္း အရမ္းပင္ပန္းလို႔ နားပါရေစလို႔ ေျပာရပါတယ္။

အဲဒီေတာ့ ကြၽန္ေတာ့္ကို သူ႐ိုက္ပါတယ္။ ကြၽန္ေတာ္ ဘာမွ ျပန္မလုပ္ႏိုင္ပါဘူး။ ေသြးထြက္တဲ့အထိ ကြၽန္ေတာ့္ကို ကုတ္ဖဲ့ပါတယ္။ လက္သီးနဲ႔ ထိုးတာလည္း ခံရပါတယ္။ ဒဏ္ရာျမင္ရမယ့္ မ်က္ႏွာေပၚမွာေတာ့ ဘယ္ေတာ့မွ မလုပ္ပါဘူး။ လူမျမင္ႏိုင္မယ့္ ရင္ဘတ္၊ ေက်ာကုန္းနဲ႔ လက္ေတြကိုပဲ လုပ္တာပါ။

ဒါေတြကို ဘယ္လိုမွ မခံႏိုင္ေပမဲ့ မိန္းကေလးကို ႐ိုက္တာ မွားယြင္းရက္စက္တာပဲလို႔ ယူဆထားတဲ့အတြက္ ကြၽန္‌ေတာ္သူ႔ကို ဘာမွ ျပန္မလုပ္ခဲ့ပါဘူး။ ကြၽန္ေတာ့္မိဘေတြက ဒီလိုပဲ သင္ထားခဲ့တာေလ။

ဒါနဲ႔ ကြၽန္ေတာ့္စိတ္ထဲမွာ သိမ္ငယ္လာၿပီး ထြက္ေပါက္မရွိ ျဖစ္ခဲ့ပါတယ္။ သူကေတာ့ သူျဖစ္ခ်င္တာ ျဖစ္ေအာင္ လုပ္ၿပီး အၿမဲ အေပၚစီးကပဲ ေနပါတယ္။

တစ္ခါမွာေတာ့ ဟိုတယ္မွာ အခန္းခြဲ ငွားေနဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ေျပာတာကို ဘာသာစကား မတူတဲ့ ဟိုတယ္ ဧည့္ႀကိဳေတြက နားမလည္ၾကေတာ့ ေခ်ာင္ပိတ္မိတဲ့ အေျခအေနကိုပဲ ဆက္ႀကဳံခဲ့ရပါတယ္။

ဒီလိုနဲ႔ပဲ အလုပ္ၿပီးရင္ ဟိုတယ္ကို ျပန္ရမွာ ေၾကာက္လာပါတယ္။ ဒါနဲ႔ ကုန္တိုက္ႀကီးေတြထဲမွာ ဆိုင္ပိတ္ခ်ိန္အထိ ေလွ်ာက္ပတ္ေနခဲ့ပါတယ္။ ကုန္တိုက္ေတြ ပိတ္ရင္ ၿမိဳ႕ထဲမွာ ပတ္ေနခဲ့ပါတယ္။ အဲဒီအခ်ိန္က ေဆာင္းဦးေပါက္ရာသီ ဆိုေတာ့ ေအးစက္စို႐ႊဲေနပါတယ္။ အေႏြးထည္လည္း ယူမသြားခဲ့မိပါဘူး။

ေနာက္ဆုံး ဆီးလမ္းေၾကာင္း ပိုးဝင္ၿပီး ဆီးက်ိတ္ေရာင္ အဖ်ားဝင္လာပါတယ္။ ဒီလို ျဖစ္ေနတာေတာင္ သူလိုခ်င္တာ ရဖို႔ အီရာက ကြၽန္ေတာ့္ကို အေလွ်ာ့မေပးခဲ့ပါဘူး။

သီတင္းပတ္ကုန္ရက္ေတြက အဆိုးဆုံးပါပဲ။ ယူကရိန္းကို ျပန္ရမယ့္ရက္ကိုပဲ ကြၽန္ေတာ္ တြက္ေနမိပါေတာ့တယ္။ ယူကရိန္း ျပန္ေရာက္ရင္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အျပတ္ပဲလို႔ ထင္ခဲ့မိပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ ထင္သလို ျဖစ္မလာခဲ့ပါဘူး။


"ျဖတ္ဖို႔ ႀကိဳးစားေပမဲ့ မေအာင္ျမင္ခဲ့"

ယူကရိန္း ျပန္ေရာက္ေတာ့ ကြၽန္ေတာ္ မိဘေတြအိမ္မွာ ျပန္သြားေနခဲ့ပါတယ္။ အီရာနဲ႔ အတူတူ ေနဖို႔ ေနေနသာသာ အဆက္အသြယ္ေတာင္ မလုပ္ေတာ့ပဲ ထားလိုက္ေတာ့ မလို႔ပါ။ ဒါေပမဲ့ အဲဒီလို အဆက္ျဖတ္ဖို႔ ႀကိဳးစားရင္းနဲ႔ပဲ ႏွစ္ေတြ ၾကာသြားခဲ့ပါတယ္။

သူနဲ႔ရန္ျဖစ္တဲ့အခါမ်ိဳးမွာ ကြၽန္ေတာ္ ဖုန္းကိုပိတ္၊ သူ႔နဲ႔ အဆက္အသြယ္ အကုန္လုံး ဘေလာ့ခ္ လုပ္ၿပီး ေရွာင္ပုန္းေနခဲ့ပါတယ္။ ဒါေပမယ့္ သူက ကြၽန္ေတာ္ဆီ မေရာက္ေရာက္ေအာင္လာ၊ တံခါးအျပင္ဘက္ကေန လာထိုင္ေစာင့္ေနတတ္ပါတယ္။ ေနာက္ဆို ဒါမ်ိဳးမျဖစ္ေစရပါဘူးလို႔လည္း ကတိေတြ ေပးတတ္ပါတယ္။

အဲ့လိုနဲ႔ပဲ ကြၽန္ေတာ္လည္း သူနဲ႔ ျပန္ေပါင္းထုပ္မိ သြားျပန္ပါတယ္။ တစ္ယာက္တည္း အထီးက်န္ေနရမွာကို ေၾကာက္တာလည္း ပါပါတယ္။

အစပိုင္းမွာ သူနဲ႔ လမ္းခြဲဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ေပမယ့္ ေနာက္ပိုင္းမွာ တျဖည္းျဖည္းနဲ႔ ကြၽန္ေတာ္လက္ေလွ်ာ့ခဲ့ပါတယ္။ သူက လက္ထပ္ဖို႔ အတင္းအၾကပ္ ေျပာလို႔ လက္ထပ္ခဲ့ၾကပါတယ္။ ကြၽန္ေတာ့္ဘက္ကေတာ့ လက္ထပ္ခ်င္စိတ္ မရွိေတာ့ပါဘူး။

အီရာက ကြၽန္ေတာ့္ကို လူတိုင္းနဲ႔ သဝန္တိုပါတယ္။ ကြၽန္ေတာ့္သူငယ္ခ်င္း၊ ကြၽန္ေတာ့္မိသားစု ဘယ္သူနဲ႔ မဆိုပါ။ ကြၽန္ေတာ္ ဘယ္သြားသြား သူ႔ဆီဖုန္းဆက္ရပါတယ္။ အဲဒီ့ အစည္းအေဝးေတြ ဘာေၾကာင့္တက္ရတာလဲ၊ သူငယ္ခ်င္းေတြနဲ႔ ဘာ့ေၾကာင့္ ေတြ႕ရတာလဲ ဆိုတာ သူ႔ကို ေျပာျပရပါတယ္။ ကြၽန္ေတာ့္ကို သူ႔မ်က္စိေအာက္မွာပဲ ေနေစခ်င္တာပါ။

သူလည္း ကြၽန္ေတာ္ မပါဘဲနဲ႔ ဘယ္မွ မသြားပါဘူး။ ကြၽန္ေတာ္က သူ႔ရဲ႕ အခ်ိန္ျပည့္ ေပ်ာ္ေတာ္ဆက္သေဘာမ်ိဳး ျဖစ္ေနတာေပါ့ဗ်ာ။

ၿပီးေတာ့ အီရာက အလုပ္ ထြက္မလုပ္ဘူး။ ကြၽန္ေတာ္ပဲ ပိုက္ဆံရွာ၊ ခ်က္ျပဳတ္၊ အိမ္သန႔္ရွင္းေရး လုပ္တယ္။ ေရခ်ိဳးခန္း ၂ ခုပါတဲ့ တိုက္ခန္းက်ယ္ႀကီးမွာ ကြၽန္ေတာ္တို႔ ငွားေနၾကတယ္။ ေရခ်ိဳးခန္းအႀကီးကို ကြၽန္ေတာ္ သုံးခြင့္မရွိပါဘူး။ ဧည့္သည္ေတြ သုံးဖို႔ ထားတဲ့ ေရခ်ိဳးခန္းအေသးကိုပဲ သုံးရပါ တယ္။ မနက္တိုင္း သူက ၉ နာရီ၊ ၁ဝ နာရီေလာက္မွ အိပ္ရာထေလ့ ရွိေတာ့ သူ႔ကို အေႏွာင့္အယွက္ မျဖစ္ေအာင္ သူႏိုးတဲ့အထိ မထဘဲ ေစာင့္ေနရပါတယ္။

ေနာက္ အခန္းခြဲအိပ္ၾကဖို႔ သူကပဲ ဆုံးျဖတ္တယ္။ ကြၽန္ေတာ့္အခန္းတံခါးမွာ ေသာ့မရွိေတာ့ တစ္ေယာက္တည္း ေအးေအးေနရတယ္ ဆိုတာ မရွိခဲ့ပါဘူး။

ကြၽန္ေတာ္ အမွားတစ္ခုခု လုပ္မိလိုက္ရင္ ေအာ္ဟစ္ဆဲဆိုၿပီး ႐ိုက္ပါတယ္။ အဲ့လိုမ်ိဳးက တစ္ရက္တစ္ခါ ဒါမွမဟုတ္ ႏွစ္ရက္တစ္ခါေလာက္ ျဖစ္ေလ့ရွိပါတယ္။

ဘာျပႆနာပဲ ျဖစ္ျဖစ္ ကြၽန္ေတာ့္ကိုပဲ အျပစ္ပုံခ်တတ္ပါတယ္။ သူလိုခ်င္တာက ဘယ္လို ေယာက္်ားမ်ိဳး၊ အဲ့ဒီလူက ဘာေတြ ဘယ္လို လုပ္ေပးမွာ ဆိုတဲ့ စကားေတြလည္း အၿမဲ ၾကားရတတ္ပါတယ္။ ကြၽန္ေတာ့္မွာ ဘာလုပ္ပိုင္ခြင့္မွ မရွိပါဘူး။ သူစိတ္ဆိုးရင္ ေနာက္ဆက္တြဲ ေပါက္ကြဲမႈေတြ ဆက္ျဖစ္လာတတ္တာ ဆိုေတာ့ သူစိတ္မဆိုးေအာင္ သူေတာင္းဆိုတာေတြကိုပဲ သူ႔အႀကိဳက္ လိုက္လုပ္ေပးခဲ့ရပါတယ္။

ကြၽန္ေတာ္ မွတ္မိပါေသးတယ္။ အိမ္ေပၚကေန ေအာက္ကိုဆင္းသြားၿပီး ကားထဲမွာ သြားထိုင္ငိုခဲ့မိတာကိုပါ။ အဲ့ဒီအခ်ိန္မွာ သူျဖတ္ေလွ်ာက္သြားၿပီး ကြၽန္ေတာ့္ကို သတိထားမိသြားတယ္။ ကြၽန္ေတာ္ အိမ္ထဲ ျပန္ဝင္လာေတာ့ ကြၽန္ေတာ့္ကို သနားတယ္လို႔ ေျပာခဲ့ေပမဲ့ သူလုပ္ေနတာေတြကိုေတာ့ မရပ္ခဲ့ပါဘူး။

ေနာက္ေန႔မွာ ဒုံရင္းအတိုင္း ျပန္ျဖစ္တာပါပဲ။ ကြၽန္ေတာ္ ဘာလုပ္လုပ္၊ ဘယ္ေလာက္ပဲ ဆိုးဆိုး႐ြား႐ြား ခံစားရပါေစ၊ အေျခအေနက ဘာမွ ေျပာင္းမသြားခဲ့ပါဘူး။

ကြၽန္ေတာ္လည္း ေျခာက္ျပစ္ကင္း သဲလဲစင္ လူတစ္ေယာက္ေတာ့ မဟုတ္ပါဘူး။ ဒီအေျခအေနေတြအားလုံးကို ေရွာင္လႊဲဖို႔ စေန၊ တနဂၤေႏြနဲ႔ အားလပ္ရက္ေတြမွာ တစ္ရက္ကို ၁ဝ နာရီ၊ ၁၂ နာရီ၊ ၁၄ နာရီ ကြၽန္ေတာ္ အလုပ္လုပ္ခဲ့ပါတယ္။ အားလပ္ခ်ိန္မွာ တခ်ိဳ႕က အရက္ေသာက္တယ္။ ကြၽန္ေတာ္ကေတာ့ အလုပ္လုပ္တာေပါ့။

အႏိုင္က်င့္သူေတြနဲ႔ ဘာလို႔ ဆက္ေနတာလဲ


•အိမ္တြင္းအၾကမ္းဖက္တဲ့ မိသားစုကေန ႀကီးျပင္းလာၿပီး မိဘရဲ႕ အက်င့္စ႐ိုက္အတိုင္း ျပန္လုပ္တတ္သူေတြ

• အထီးက်န္မႈကို ေၾကာက္႐ြံ႕ျခင္းနဲ႔ ပုံေသမွတ္ယူမႈမ်ား : "အိမ္နီးခ်င္းေတြက ဘာေျပာၾကမလဲ" "ကေလးတိုင္း မိဘအစုံအလင္နဲ႔ ႀကီးျပင္းသင့္တယ္"

• ပထမအဆင့္က အႏိုင္က်င့္ခံေနရတာကို သိဖို႔ ခက္ခဲတာ။ ဒါေၾကာင့္ အႏိုင္က်င့္ခံရတာကို အသားက်လာၿပီး အေျခအေနကို သုံးသပ္ဖို႔နဲ႔ ေျဖရွင္း လုပ္ေဆာင္ႏိုင္စြမ္း ေပ်ာက္ဆုံးလာတာ

• ကိုယ့္ကို အႏိုင္က်င့္ေစာ္ကားတဲ့သူဆီက ေငြေၾကးမွီခိုေနရလို႔ ဒါမွမဟုတ္ ဘာမွလုပ္ႏိုင္တဲ့ အေနအထားမရွိလို႔ ( ဥပမာ ကိုယ္ဝန္ရွိေနတာ၊ ကေလးေတြက ငယ္ေနေသးတာ) စတာေတြေၾကာင့္ ဘယ္မွ သြားစရာမရွိ ျဖစ္ေနရသူ

• အာဏာပိုင္ေတြကို အကူအညီေတာင္းတဲ့ အခါမ်ိဳးမွာ "ဒါေတြဟာ မိသားစုျပႆနာေတြပါ" လို႔ ျပန္ေျပာတတ္ၾကလို႔ လက္ေလွ်ာ့သြားၾကေလ့ ရွိပါတယ္။

ဒီအခ်က္ေတြနဲ႔အတူ တျခားအေၾကာင္းရင္းေတြကို လာစတာဒါ ယူကရိန္း အမ်ိဳးသား အေရးေပၚ ဖုန္းလိုင္းဌာနရဲ႕ အႀကီးအကဲ အာလီယိုနာ က႐ိုင္ဗ်ဳလစ္ခ္နဲ႔ လိင္အၾကမ္းဖက္မႈ ကာကြယ္ေရးနဲ႔ တိုက္ဖ်က္ေရး ဆိုင္ရာ ကုလသမဂၢ လူဦးေရ ရန္ပုံေငြအဖြဲ႕ အႀကံေပး အိုလီနာ ကိုခ်ီမီ႐ိုဗာစ္ကာ တို႔က ေကာက္ႏုတ္ ေျပာျပခဲ့ၾကတာပါ။

ဖြင့္ေျပာမိတဲ့ေနာက္

ဒီလိုအေျခအေနမ်ိဳးထဲ ေရာက္ေနရင္ ကိုယ္ ဘာျဖစ္ေနသလဲဆိုတာ သတိထားမိမွာ မဟုတ္ဘူး။ ထြက္ေပါက္ ရွာမေတြ႕သလို တျခားသူေတြဆီကလည္း ဘာမွ ၾကားမွာ မဟုတ္ပါဘူး။ ႐ုန္းထြက္ႏိုင္မယ့္ အခြင့္အေရး ရွိတယ္ဆိုတာကိုေတာင္ ေတြးမိမွာ မဟုတ္ပါဘူး။ လုံးဝ ေမွ်ာ္လင့္ခ်က္မဲ့သူတစ္ေယာက္လို ျဖစ္လာတတ္ပါတယ္။

က်င့္သားရလာတဲ့အတြက္ မလုပ္ခ်င္တာေတြကိုလည္း လုပ္ျဖစ္လာခဲ့ပါတယ္။ လူတိုင္းကို တစ္ခုခု လုပ္ေပးဖို႔ တာဝန္ရွိတယ္လို႔ အၿမဲတမ္း ေတြးမိၿပီး ကိုယ့္ကိုယ္ကိုယ္မပိုင္ဘူးလို႔ ခံစားခဲ့ရပါတယ္။ ကိုယ့္ကို အဘြား၊ မိဘေတြက ပိုင္တယ္။ ကိုယ္နဲ႔ ပတ္သက္ေနသူေတြအတြက္ အနစ္နာခံ ေပးဆပ္ရမယ္လို႔ စိတ္ထဲမွာ မွတ္ယူထားခဲ့ပါတယ္။

ဒါ့ေၾကာင့္ ကိုယ့္အတြက္ကိုယ္ မေတြးဘဲ ေပးဆပ္ခဲ့ပါတယ္။ အဲဒီတုန္းကေတာ့ ဒါေတြက ပုံမွန္ပဲလို႔ ထင္ခဲ့တာပါ။ ဆိုေတာ့ အေျခအေနက ပိုပို ဆိုးလာခဲ့တာေပါ့။

အစပိုင္းမွာဆိုရင္ အဲဒါကို မႏွစ္ၿမိဳ႕တာေလာက္ပါပဲ။ ဒါေပမယ့္ တျဖည္းျဖည္းနဲ႔ အိမ္ေထာင္သက္ ေနာက္ဆုံး ၃ ႏွစ္၊ ၄ ႏွစ္ ေလာက္မွာ လိင္ကိစၥက ေၾကာက္႐ြံ႕ထိတ္လန႔္စရာ ျဖစ္လာခဲ့တယ္။

အဲဒီလို ေၾကာက္႐ြံ႕ ထိတ္လန႔္တဲ့အခါမ်ိဳးမွာ အီရာကို တြန္းထုတ္ၿပီး အိမ္နဲ႔ေဝးရာ၊ အနည္းဆုံးေတာ့ အခန္းထဲကေန ထြက္ေျပးတာေတြ လုပ္ခဲ့ပါတယ္။

ကြၽန္ေတာ္တို႔ အဆင္မေျပတဲ့ လိင္ဆက္ဆံမႈဟာ ကြၽန္ေတာ့္ေၾကာင့္လို႔ အီရာက ထင္ပါတယ္။ ဒီေတာ့ ႏွစ္တိုင္းနီးပါး လိင္မႈကိစၥ ကြၽမ္းက်င္သူတေယာက္ဆီ ကြၽန္ေတာ့္ကို ေခၚသြားျပပါတယ္။

အဲဒီ့အခ်ိန္မွာ ကြၽန္ေတာ္ တစ္ခုခု မႀကိဳက္တဲ့အေၾကာင္း ေျပာမိတဲ့အခါတိုင္း၊ ကြၽန္ေတာ့္ဆႏၵမပါဘူး ေျပာတဲ့အခါတိုင္း ကြၽန္ေတာ္ကပဲ မွားေနတဲ့သူ အျဖစ္ အေျပာခံခဲ့ရပါတယ္။ ဒီေတာ့ ကြၽန္ေတာ္ မုဒိမ္းက်င့္ခံေနရတာ၊ အႏိုင္က်င့္ ေစာ္ကားခံေနရတာေတြကို ဘာမွမေျပာေတာ့ဘဲ ေရငုံႏႈတ္ပိတ္ ေနခဲ့ပါေတာ့တယ္။

အဲဒီ့ဆရာေတြနဲ႔ သြားျပခဲ့တာေတြက အီရာ့အတြက္ကေတာ့ အေထာက္အထား ျဖစ္သြားခဲ့ပါတယ္။ အႏိုင္က်င့္ ေစာ္ကားခံရတဲ့အေၾကာင္းကို လင္မယား မကြာရွင္းခင္အခ်ိန္ေလးမွာ ကြၽန္ေတာ္ ထုတ္ေျပာခဲ့တာပါ။ အဲဒီ့လို ထုတ္ေျပာၿပီးေနာက္ပိုင္းမွာေတာ့ မရပ္ႏိုင္ေတာ့ပါဘူး။

ထြက္ေပါက္ ဘယ္လိုရွာေတြ႕ခဲ့လဲ

ေဆာင္းဦးေပါက္မွာေပါ့။ ကြၽန္ေတာ္ ေခ်ာင္းဆိုးရင္က်ပ္ျဖစ္ၿပီး ကိုယ္အပူခ်ိန္ ၃၉ - ၄ဝ ဒီဂရီနဲ႔ အဖ်ားတက္ အိပ္ရာထဲ လဲေနတာ ႏွစ္ပတ္ေလာက္ေတာင္ ၾကာပါတယ္။ အဲဒီလို ျဖစ္ေနတဲ့အခ်ိန္တေလွ်ာက္လုံး ကြၽန္ေတာ့္ကို ဘယ္သူမွ လာမၾကည့္ၾကပါဘူး။ အဲဒီမွာ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ သေဘာေပါက္လိုက္တာက ငါ့ဘဝက ဘာမွ တန္ဖိုးမရွိဘူး။ အခုခ်ိန္ ငါေသသြားရင္ေတာင္ ဘယ္သူမွ သိၾကမွာ မဟုတ္ဘူး ဆိုတာပါ။

အဲဒီအခ်ိန္ဟာ ေၾကာက္တာေရာ၊ ႐ြံရွာတာေရာ၊ ကိုယ့္ကိုကိုယ္ အရမ္းသနားမိတာေရာ ေရာေထြး ခံစားမိတဲ့အခ်ိန္ေပါ့။ တစ္ေယာက္ေယာက္ကို ေျပာျပခ်င္ေပမယ့္ ဘယ္သူ႔ကို ဘယ္လို ေျပာျပရမွန္း မသိခဲ့ပါဘူး။

တစ္ခါမွာေတာ့ တစ္ေယာက္တည္း ေနခ်င္လို႔ ကြၽန္ေတာ့္မိဘေတြအိမ္ကို သူတို႔မရွိတဲ့အခ်ိန္ ေ႐ြးၿပီး သြားခဲ့ပါတယ္။

အဲဒီမွာ အင္တာနက္ ၾကည့္ေနတုန္း ေၾကာ္ျငာဆိုက္ကေန ေပၚလာတဲ့ ခ်က္တင္ တခ်ိဳ႕ထဲ ဝင္မိပါတယ္။ အဲဒီမွာ ခ်က္တင္ ေျပာတဲ့အခါ ဘယ္သူဘယ္ဝါဆိုတာ နာမည္ထုတ္ေျပာစရာ မလိုလို႔ ကိုယ့္ကိုလည္း ဘယ္သူမွ မသိႏိုင္ပါဘူး။

ကြၽန္ေတာ့္မွာ ဘာေတြျဖစ္ေနသလဲဆိုတဲ့ အေၾကာင္းကို အဲဒီမွာပထမဆုံး ဖြင့္ေျပာျဖစ္ခဲ့တာပါ။ ကြၽန္ေတာ္ အႏိုင္က်င့္ ေစာ္ကားခံေနရတယ္လို႔ အရင္က သေဘာမေပါက္ခဲ့ဘူး။ ဒါေပမဲ့ အဲဒီ့အခ်ိန္ကစၿပီးေနာက္ပိုင္း "No" ဆိုတဲ့ ျငင္းပယ္တဲ့ စကားလုံးကို ပိုပို သုံးျဖစ္လာခဲ့ပါတယ္။

ပထမေတာ့ အေသးအဖြဲကိစၥေလးေတြမွာပါ။ ၿငိမ္ခံေနတာထက္ "No" လို႔ေျပာၿပီး ျငင္းပယ္လိုက္ဖို႔က ကြၽန္ေတာ့္အတြက္ အေရးႀကီးပါတယ္။ ဒီလိုေျပာဖို႔ ခြန္အားေတြ လိုအပ္လာရင္ ကြၽန္ေတာ္ ဖ်ားခဲ့တုန္းက အခ်ိန္ကို ျပန္စဥ္းစားလိုက္ပါတယ္။

တျဖည္းျဖည္းနဲ႔ မိသားစု စိတ္ကုထုံး ဆရာဝန္ တေယာက္ကို ရွာေတြ႕ခဲ့ၿပီး အဲဒီဆရာဝန္က ကြၽန္ေတာ့္ကို ကူညီခဲ့ပါတယ္။ ကုထုံး လုပ္ေနတဲ့အခ်ိန္မွာ အီရာေရာ ကြၽန္ေတာ္ပါ စကားေျပာ ေဆြးေႏြးလို႔ ရေပမဲ့ ကြၽန္ေတာ္ အႏိုင္က်င့္ေစာ္ကား ခံရတဲ့အေၾကာင္း ေျပာျပေနတဲ့ အခ်ိန္မွာေတာ့ သူ႔ကို ၾကားျဖတ္ ဝင္ေျပာခြင့္မျပဳခဲ့ပါဘူး။

အီရာ အႀကီးအက်ယ္ ေဒါသထြက္ၿပီး ကြၽန္ေတာ့္ကို ေအာ္ဟစ္ ႀကိမ္းေမာင္းပါေတာ့တယ္။ ကြၽန္ေတာ္ေျပာေနတာေတြ တစ္ခုမွ မဟုတ္ဘူးလို႔ ေျပာပါတယ္။ ဒါေပမဲ့ အဲဒီေနာက္ သိပ္မၾကာခင္မွာပဲ ကြာရွင္းၾကဖို႔ သူ႔ဘက္က စေျပာလာပါတယ္။ သူတကယ္ ကြာခ်င္တာလို႔ေတာ့ ကြၽန္ေတာ္ မထင္ပါဘူး။ကြၽန္ေတာ့္ကို ႏႈတ္ပိတ္ဖို႔ ႀကိဳးစားတာလို႔ပဲ ျမင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီလိုအခြင့္အေရးမ်ိဳး ေနာက္မရႏိုင္ဘူးဆိုတာ သိေနေတာ့ ကြာရွင္းဖို႔ ကြၽန္ေတာ္ သေဘာတူလိုက္ပါတယ္။

ကြာရွင္းဖို႔ ႐ုံးကို သြားေတာ့ လူေတြ တန္းစီေနလို႔ ေနာက္႐ုံးတစ္ခုကို ထပ္သြားရပါတယ္။ အဲဒီ့အခ်ိန္မွာ ကိုယ့္ဘာသာေတြးၿပီး ေျပာေနမိတာက ဒီအခြင့္အေရးကို ရတုန္း ယူရမယ္ဆိုတာပါပဲ။ အဲဒီေနာက္ ကြၽန္ေတာ္တို႔ ကြာရွင္းျဖစ္ခဲ့ပါတယ္။

တစ္လအၾကာမွာေတာ့ ကြာရွင္းစာခ်ဳပ္ေတြ သြားယူခဲ့ပါတယ္။ အဲဒီေန႔ဟာ ကြၽန္ေတာ့္ဘဝရဲ႕ အေပ်ာ္ဆုံးေန႔ ျဖစ္ခဲ့ပါတယ္။ ကြာရွင္းၿပီး ေနာက္တစ္ေန႔မွာ "နင္ငါ့ကို မုဒိမ္းက်င့္ေနခဲ့တာ" လို႔ သူ႔ကို ေအာ္ေျပာပစ္လိုက္တယ္။

သူက "ဘာ၊ ငါနင့္ကို မုဒိမ္းက်င့္ခဲ့တာ၊ ဟုတ္လား" ၊ "အဲ့ဒါ ဘာျဖစ္လဲ" လို႔ ျပန္ေျပာပါတယ္။ ကြၽန္ေတာ္ ဘာျပန္ေျပာရမွန္း မသိခဲ့သလို အခုထိလည္း မသိေသးပါဘူး။ တနည္းအားျဖင့္ သူလုပ္ခဲ့တာကို ဝန္ခံခဲ့တာပါပဲ။ ဒါေပမဲ့ သူက ဟာသလုပ္ၿပီး ေျပာသြားခဲ့တာပါ။

ကြၽန္ေတာ္ မိဘအိမ္မွာ ျပန္ေနၿပီး အလုပ္လည္း ထြက္လိုက္ပါတယ္။ သီတင္းပတ္ အေတာ္ၾကာ အိမ္တြင္းေအာင္းေနခဲ့ပါတယ္။ သူတစ္ေနရာရာကေန ကြၽန္ေတာ့္ကို ေစာင့္ၾကည့္ေနမွာကို ေၾကာက္ေနမိလို႔ပါ။

တစ္ေန႔ေတာ့ အိမ္ကို သူေရာက္လာၿပီး တံခါးေခါက္၊ ကန္ေက်ာက္ၿပီး ေအာ္ဟစ္ပါတယ္။ ဒါကိုေတြ႕ေတာ့ အေမက အရမ္းေၾကာက္တယ္လို႔ ေျပာပါတယ္။ ကြၽန္ေတာ္က အေမ ဒါမ်ိဳး ထင္မထားဘူး မဟုတ္လား လို႔ ေျပာၿပီး ကိုယ့္ဘာသာ ၿပဳံးေနမိတယ္။

ဇာတ္သိမ္းသြားမွာကို သိဖို႔လို

ကိုယ္ႀကဳံခဲ့ရတာေတြကို အေထာက္အထားေတြ သိမ္းမထားခဲ့သလို ဘယ္သူ႔ကိုမွလည္း ထုတ္မေျပာခဲ့ပါဘူး။ ကြၽန္ေတာ့္ မိဘေတြကို ရင္ဖြင့္ႏိုင္ေပမဲ့ သူတို႔ ႏႈတ္မလုံဘူး ဆိုတာကို ကြၽန္ေတာ္ ကေလးကတည္းက သိထားခဲ့တာပါ။ ကြၽန္ေတာ့္အေၾကာင္းေတြကို သူငယ္ခ်င္းေတြကို ဘယ္လို ေျပာျပရမလဲဆိုတာလည္း မသိခဲ့ပါဘူး။

အကူအညီေပးႏိုင္မယ့္ အဖြဲ႕ေတြကို လိုက္ရွာခဲ့ေပမဲ့ ယူကရိန္းမွာက အမ်ိဳးသမီးေတြကို အကူအညီေပးတဲ့ အဖြဲ႕ေတြပဲ ရွိပါတယ္။ အဆုံးမေတာ့ အမ်ိဳးသားေတြအတြက္ အြန္လိုင္းေပၚကေန အကူအညီေပးေနတဲ့ ဆန္ဖရန္စၥကိုက အုပ္စုတစုကို ေတြ႕မိလိုက္ပါတယ္။

ယူကရိန္းက စိတ္ကုထုံး ဆရာဝန္တစ္ေယာက္ကို ပထမဆုံး သြားေတြ႕ခဲ့တုန္းက အဲဒီဆရာဝန္က "ဒီလို ဘယ္ျဖစ္ႏိုင္မလဲ။ သူက မိန္းကေလး၊ ခင္ဗ်ားက ေယာက္်ားေလးေလ" ဆိုၿပီး ကြၽန္ေတာ့္ကို ေလွာင္ေျပာင္ခဲ့ပါတယ္။

ဒီေတာ့ ဆရာဝန္ ၆ ေယာက္ေလာက္ ေျပာင္းခဲ့ရပါတယ္။ ကိုယ့္ကို ကူညီေပးမယ့္သူ ေတြ႕ရဖို႔ ၈ လေလာက္ အခ်ိန္ယူခဲ့ရပါတယ္။

အမ်ိဳးသားေတြ အကူအညီ ဘယ္လိုရႏိုင္မလဲ

အမ်ိဳးသားေတြအတြက္ စိတ္ပိုင္းဆိုင္ရာ အကူအညီေပးတဲ့ အဖြဲ႕ေတြကို ယူကရိန္းက ဖခင္မ်ားကလပ္မွာ ဖြဲ႕ခဲ့ေပမဲ့ တာရွည္မခံဘဲ ပ်က္သြားခဲ့တယ္လို႔ တက္ႂကြလႈပ္ရွားသူ မက္စ္လီဗင္က ေျပာျပပါတယ္။ သူ႔အေျပာအရ အမ်ိဳးသားေတြက စိတ္ပညာရွင္နဲ႔ သြားေတြ႕ဖို႔ သိပ္စိတ္မပါၾကေသးဘူးလို႔ သိရပါတယ္။

အေရးေပၚ ဖုန္းဆက္ အကူအညီ ေတာင္းႏိုင္တဲ့ လာစတာဒါ အေရးေပၚဖုန္းလိုင္း ၂၄ နာရီ စဖြင့္တဲ့ အခ်ိန္မွာ အမ်ိဳးသားေတြ အကူအညီေတာင္းဖို႔ စ ဖုန္းဆက္ေခၚလာၾကတယ္လို႔ လာစတာဒါ ယူကရိန္းအဖြဲ႕က အာလီယိုနာ က႐ိုင္ဗ်ဳလစ္ခ္ က ေျပာျပပါတယ္။ ပုံမွန္ အလုပ္ခ်ိန္မ်ိဳးမွာ အမ်ိဳးသားေတြက ဖုန္းမေခၚႏိုင္ၾကပါဘူး။

ဒါေပမယ့္ အခုခ်ိန္ေတာင္မွ အမ်ိဳးသားေတြက အစပိုင္းမွာ သူတို႔နာမည္ကို သိသြားမွာ စိုးရိမ္ေနၾကပါတယ္။ သူတို႔ရပိုင္ခြင့္ေတြကို တရား႐ုံး ဒါမွမဟုတ္ ဥပေဒ အဖြဲ႕ေတြလို လူထုအေျချပဳ အဖြဲ႕အစည္းေတြမွာ တင္ျပေတာင္းဆိုဖို႔ အဆင္သင့္ မျဖစ္ၾကေသးပါဘူး။

အႏိုင္က်င့္ေစာ္ကားခံရတဲ့ အမ်ိဳးသားေတြ စိတ္ဒဏ္ရာကေန ျပန္သက္သာဖို႔က အခ်ိန္အေတာ္ယူႏိုင္တယ္လို႔ စိတ္ကုထုံးပညာရွင္လည္းျဖစ္ လိင္မႈေဗဒပညာရွင္လည္းျဖစ္တဲ့ ယူလီယာ ကလီမန္ကို က ရွင္းျပပါတယ္။

ဒါ့ထက္ဆိုးတာက လူ႔အသိုင္းအဝိုင္းမွာ ေျပာေလ့ရွိတဲ့ "ေယာက္်ားေလးဆိုတာ မငိုရဘူး" တို႔ "ေယာက္်ားေတြက ခႏၶာကိုယ္ ပိုႀကံ့ခိုင္ၾကတယ္" ဆိုတဲ့စကားေတြက အသုံးမဝင္ပါဘူး။

လိင္ပိုင္း၊ စိတ္ပိုင္း ဒါမွမဟုတ္ ကိုယ္ထိလက္ေရာက္ အႏိုင္က်င့္ ေစာ္ကားခံခဲ့ရသူကို လူ႔အသိုင္းအဝိုင္းက ပုံမွန္လူတစ္ေယာက္လို႔ ျမင္ခ်င္မွ ျမင္မွာပါ။ ပုံစံမ်ိဳးစုံနဲ႔ အႏိုင္က်င့္ ေစာ္ကားခံခဲ့ရၿပီး အႀကီးအက်ယ္ စိတ္ဒဏ္ရာရေနသူေတြဟာ ေယာက္်ား၊ မိန္းမ၊ အသက္အ႐ြယ္ ႀကီးတာ ငယ္တာနဲ႔မဆိုင္ဘဲ ပုံမွန္အေျခအေန ျပန္ျဖစ္လာဖို႔ အခ်ိန္အမ်ားႀကီး လိုတယ္လို႔ မစ္စ္ ကလီမန္ကိုက ေျပာပါတယ္။

သူ႔ကို တရားစြဲဖို႔ ကြၽန္ေတာ္ စဥ္းစားခဲ့ဖူးပါတယ္။ တရား႐ုံးက တစ္ခုခုေတာ့ ဆုံးျဖတ္ေပးမွာေပါ့လို႔ ေရွ႕ေနေတြကလည္း ေျပာပါတယ္။ ဒါေပမယ့္ ဒီလို လုပ္ဖို႔ အခု မလိုေတာ့ပါဘူး။ ဟိုးကတည္းက ကြၽန္ေတာ္လိုခ်င္တာက သူလုပ္ခဲ့တာကို သူဝန္ခံၿပီး ေတာင္းပန္ဖို႔ပါ။

အခုထိ ကြၽန္ေတာ္ အလုပ္ျပန္မလုပ္ေသးပါဘူး။ မနက္တိုင္း အိပ္ရာက ထဖို႔ ကြၽန္ေတာ့္အတြက္ အရမ္းပင္ပန္းပါတယ္။ ကြၽန္ေတာ္ ဘာအတြက္ အသက္ရွင္ေနရတာလဲ။ တစ္ႏွစ္လုံး ဘာေတြလုပ္ေနလဲဆိုတာေတာင္ မသိေတာ့ပါဘူး။

ကြၽန္ေတာ္သိတာက ကြၽန္ေတာ္ ေနာက္ထပ္ ဘယ္ေတာ့မွ ၾကင္ယာ ရွာေတာ့မွာ မဟုတ္သလို သားသမီးေတြလည္း ရေတာ့မွာ မဟုတ္ဘူး ဆိုတာပါ။ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ လက္ေလွ်ာ့ထားလိုက္ပါၿပီ။

ဒါေပမဲ့ ကိုယ့္ကိုယ္ကိုယ္ပဲ ဆဲခ်င္ပါတယ္။ ကြၽန္ေတာ္ အၾကာႀကီး ေရငုံႏႈတ္ပိတ္ ေနခဲ့မိတဲ့အတြက္ အခုေလာက္ထိ ျဖစ္လာခဲ့ရတာပါ။ အခုခ်ိန္မွာ ကြၽန္ေတာ့္လို အလားတူ အေျခအေနမ်ိဳး ႀကဳံေနရတဲ့ အမ်ိဳးသားတစ္ေယာက္ ရွိေကာင္း ရွိမွာျဖစ္ၿပီး ကြၽန္ေတာ့္ရဲ႕ဇာတ္လမ္းကို ဖတ္မိပါလိမ့္မယ္။

အဲဒီလူ နားလည္ဖို႔ အေရးႀကီးပါတယ္။ ဒီဇာတ္လမ္းမ်ိဳးက ၿပီးသြားမွာ မဟုတ္သလို ဘာမွျပန္ျပင္လို႔လည္း ရမွာ မဟုတ္ပါဘူး။ ဘယ္ေတာ့မွ ေပ်ာက္ကြယ္မသြားမယ့္ ဇာတ္ရႈပ္ႀကီးျဖစ္ၿပီး ဘဝေသသြားႏိုင္ပါတယ္။ ဒါကို နားလည္မယ္ဆိုရင္ အနည္းဆုံး အခြင့္အလမ္း တစ္ခုေတာ့ ရွိပါလိမ့္မယ္။

BBC Burmese
-----------------------------------
(Unicode)⤵⤵⤵
"မိန်းမက ကျွန်တော့်ကို ၁၀ နှစ် မုဒိမ်းကျင့်ခဲ့တယ်"

ဗစ်တိုးရီးယား ယိုဟန်၊ ယာနာ ဂရစ်ဘော့စီးယား၊ ဒန်းနစ်စ် ကာရယ်လုဗ် ဘီဘီစီ ယူကရိန်းနှင့် ရုရှားဌာန

အိမ်တွင်းအကြမ်းဖက်ခံရတဲ့ သတင်းအများစုက အမျိုးသမီးတွေဆီကပါ။ အမျိုးသမီးကြီးငယ် ၃ပုံ ၁ပုံ ဟာ သူတို့ဘဝတလျှောက်မှာ ကိုယ်ထိလက်ရောက် ဒါမှမဟုတ် လိင်စော်ကားခံရမှုတွေနဲ့ ကြုံခဲ့ရတယ်လို့ ကုလသမဂ္ဂ သတင်းအချက်အလက်တွေက ဆိုပါတယ်။

ဒါပေမဲ့ မိသားစုထဲက ယောက်ျားလေးတွေနဲ့ လက်တွဲဖော် အမျိုးသားတွေ အနိုင်ကျင့် စော်ကားခံရတဲ့ သတင်းတွေကိုတော့ ဖော်ပြဝေဖန်ကြတာ သိပ်ကိုနည်းပါတယ်။

အမျိုးသားတွေ အိမ်တွင်း အကြမ်းဖက်ခံရတဲ့ကိစ္စကို လူမှုအသိုင်းအဝိုင်း အတော်များများမှာ ထုတ်ပြောလေ့ မရှိကြပါဘူး။ ခံရတဲ့သူ ကိုယ်တိုင်ကလည်း တစ်ယောက်တည်း ကြိတ်ခံလေ့ ရှိပါတယ်။

ယူကရိန်းက လူငယ်တစ်ယောက်ကတော့ သူ့အတွေ့အကြုံကို ဘီဘီစီကို မျှဝေခဲ့ပါတယ်။ အမည်တော့ မဖော်ပြပါရစေနဲ့လို့ ဆိုပါတယ်။ သူပြောပြခဲ့တာတွေနဲ့အတူ အိမ်တွင်းအကြမ်းဖက်မှု လက္ခဏာတွေကဘာတွေလဲ၊ ဒါကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတဲ့ ပညာရှင်တချို့ရဲ့ အကြံပေးချက်တွေကို တင်ပြပေးမှာပါ။

ပထမဆုံး အတွေ့အကြုံ

ကျွန်တော့်သူငယ်ချင်းတွေကတော့ ရိပ်မိခဲ့ကြသလား မသိဘူး။ အပြင်ပန်း ကြည့်လိုက်ရင် ပြုံးပျော်နေတဲ့မျက်နှာတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ ငွေတွေအများကြီး ရှိပြီး ယုံကြည်မှုအပြည့်နဲ့ အားလုံးအဆင်ပြေနေတဲ့ ပုံမျိုး ကျွန်တော်တို့ စုံတွဲကို တွေ့ရမှာပါ။ ကျွန်တော်တို့ နှစ်ယောက် ကမ္ဘာတဝက်လောက်ကို အတူတူ ခရီးထွက်ခဲ့ကြပါတယ်။

အဲဒီလို ခရီးထွက်နေတဲ့အချိန်မျိုးတွေမှာဆို ကျွန်တော် သူ့ကို ကြောက်စရာမလိုပါဘူး။ တခြားလူတွေရှေ့မှာ သူကျွန်တော့်ကို နာကျင်အောင် မလုပ်လို့ပါ။ အရေးကြီးဆုံးအချက်က သူနဲ့ နှစ်ယောက်တည်း ထိပ်တိုက်မတွေ့အောင် ရှောင်နိုင်ဖို့ လိုပါတယ်။

ဒါပေမယ့် တကယ်တမ်း သိပ်မကြာသေးခင်ကမှ သဘောပေါက်လိုက်တာက ကျွန်တော့်ဇနီးဟောင်းက ကျွန်တော့်ကို ၁ဝနှစ်လောက် မုဒိမ်းကျင့်ခဲ့တယ်ဆိုတာပါ။

အီရာက ကျွန်တော့်ရဲ့ အချစ်ဦးပါ။ အသက်၂၀ ဝန်းကျင်မှာ ကျွန်တော်တို့ စတွေ့ခဲ့ကြပါတယ်။ ကျွန်တော်တို့ တွဲကြဖို့လည်း သူကပဲ စခဲ့တာပါ။

ရည်းစားရပြီ ဆိုတာနဲ့ အိမ်ကနေ ဆင်းရမယ်လို့ ကျွန်တော့် မိဘတွေက ပြောထားပါတယ်။ မိသားစုနဲ့ လက်ရှိနေနေတဲ့အိမ်ကို စွန့်လွှတ်ပြီး ကိုယ့်တာဝန်ကိုယ်ယူတော့ ဆိုတဲ့သဘောပါ။

ဒါက ကြောက်စရာတော့ကောင်းပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာခွဲနေဖို့ ပိုက်ဆံ လုံလုံလုံလောက် စုမိတဲ့ အချိန်ကျမှ ချစ်သူထားနိုင်ခဲ့တာပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်နည်း

ကျွန်တော့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် အတော်လေး နည်းခဲ့တဲ့ထဲမှာ အဆိုးဆုံးက အမေ ကျွန်တော့်ကို စိတ်တိုင်းမကျတာနဲ့ ကျွန်တော် ရုပ်ဆိုးလို့ ဆိုပြီး အမေက အတော်လေး ရှက်ခဲ့တာလည်း ပါပါတယ်။

ကျွန်တော်ရဲ့ ပထမဆုံး လိင်အတွေ့အကြုံက အီရာနဲ့ပါ။ အဲဒီတုန်းကတော့ ကျွန်တော် ကိုယ်တိုင်လည်း စမ်းကြည့်ချင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒါက ပုံမှန်တော့ မဟုတ်ခဲ့ပါဘူး။ အရမ်းကြမ်းတမ်းပြီး အတော်လေး နာကျင်ခဲ့ရပါတယ်။ အချိန် ၅ နာရီလောက်ကုန်ခဲ့ပါတယ်။ ကျွန်တော်လည်း တစ်ကိုယ်လုံး နာပြီး ကျန်ခဲ့ပါတယ်။

အီရာက လိင်ခံစားမှုကို အရူးအမူး စွဲလမ်းနေတဲ့သူပါ။ ဒါ့ကြောင့် သူ့အလိုမကျမချင်း ဖြည့်ဆည်းပေးရပါတယ်။ သူ့ကို ပုံမှန် အချိန် တစ်နာရီ နှစ်နာရီလောက် ပေးရပါတယ်။

ဒါက ကျွန်တော့်အတွက်ကတော့ နှစ်လိုပျော်ရွှင်စရာ မဖြစ်ပါဘူး။ အတွေ့အကြုံလည်း မရှိခဲ့တဲ့သူ ဆိုတော့ ဒါက ဒီလိုပဲ နေမှာ ဆိုပြီး လက်ခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း သူ့ကို ငြင်းထုတ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဘယ်လိုငြင်းငြင်း မရခဲ့ပါဘူး။ အဲဒီကစလို့ အတင်းအဓမ္မ မုဒိမ်းကျင့်ခံရတဲ့ အခြေအနေ ရောက်လာခဲ့ပါတယ်။

ချောင်ပိတ်မိသွား

အလုပ်နဲ့ပတ်သက်တဲ့ နိုင်ငံခြားခရီးရှည်ကြီးတစ်ခု ကျွန်တော် ထွက်ခဲ့ရပါတယ်။ အဲဒီမှာ အီရာ့ကို ဆုံးရှုံးရမှာကြောက်လို့ ကျွန်တော်နဲ့ လိုက်ခဲ့ဖို့ ခေါ်ခဲ့ပါတယ်။ လက်ထပ်ခွင့်တောင် အရင်တောင်းခဲ့ပါသေးတယ်။ မလိုက်နိုင်ဘူးလို့ သူက ငြင်းခဲ့ပေမဲ့ နောက်တော့ ကျွန်တော်နဲ့ အတူလိုက်ခဲ့ပါတယ်။ အဲဒီမှာ ပြဿနာ စခဲ့တာပါ။

ကျွန်တော်က အလုပ်တွေပိပြီး အနားယူချင်နေချိန်မှာ တောင်းဆိုတဲ့အခါ တစ်ခါ၊နှစ်ခါ လိုက်လျောနိုင်ပေမဲ့ နောက်ပိုင်း အရမ်းပင်ပန်းလို့ နားပါရစေလို့ ပြောရပါတယ်။

အဲဒီတော့ ကျွန်တော့်ကို သူရိုက်ပါတယ်။ ကျွန်တော် ဘာမှ ပြန်မလုပ်နိုင်ပါဘူး။ သွေးထွက်တဲ့အထိ ကျွန်တော့်ကို ကုတ်ဖဲ့ပါတယ်။ လက်သီးနဲ့ ထိုးတာလည်း ခံရပါတယ်။ ဒဏ်ရာမြင်ရမယ့် မျက်နှာပေါ်မှာတော့ ဘယ်တော့မှ မလုပ်ပါဘူး။ လူမမြင်နိုင်မယ့် ရင်ဘတ်၊ ကျောကုန်းနဲ့ လက်တွေကိုပဲ လုပ်တာပါ။

ဒါတွေကို ဘယ်လိုမှ မခံနိုင်ပေမဲ့ မိန်းကလေးကို ရိုက်တာ မှားယွင်းရက်စက်တာပဲလို့ ယူဆထားတဲ့အတွက် ကျွန်‌တော်သူ့ကို ဘာမှ ပြန်မလုပ်ခဲ့ပါဘူး။ ကျွန်တော့်မိဘတွေက ဒီလိုပဲ သင်ထားခဲ့တာလေ။

ဒါနဲ့ ကျွန်တော့်စိတ်ထဲမှာ သိမ်ငယ်လာပြီး ထွက်ပေါက်မရှိ ဖြစ်ခဲ့ပါတယ်။ သူကတော့ သူဖြစ်ချင်တာ ဖြစ်အောင် လုပ်ပြီး အမြဲ အပေါ်စီးကပဲ နေပါတယ်။

တစ်ခါမှာတော့ ဟိုတယ်မှာ အခန်းခွဲ ငှားနေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောတာကို ဘာသာစကား မတူတဲ့ ဟိုတယ် ဧည့်ကြိုတွေက နားမလည်ကြတော့ ချောင်ပိတ်မိတဲ့ အခြေအနေကိုပဲ ဆက်ကြုံခဲ့ရပါတယ်။

ဒီလိုနဲ့ပဲ အလုပ်ပြီးရင် ဟိုတယ်ကို ပြန်ရမှာ ကြောက်လာပါတယ်။ ဒါနဲ့ ကုန်တိုက်ကြီးတွေထဲမှာ ဆိုင်ပိတ်ချိန်အထိ လျှောက်ပတ်နေခဲ့ပါတယ်။ ကုန်တိုက်တွေ ပိတ်ရင် မြို့ထဲမှာ ပတ်နေခဲ့ပါတယ်။ အဲဒီအချိန်က ဆောင်းဦးပေါက်ရာသီ ဆိုတော့ အေးစက်စိုရွှဲနေပါတယ်။ အနွေးထည်လည်း ယူမသွားခဲ့မိပါဘူး။

နောက်ဆုံး ဆီးလမ်းကြောင်း ပိုးဝင်ပြီး ဆီးကျိတ်ရောင် အဖျားဝင်လာပါတယ်။ ဒီလို ဖြစ်နေတာတောင် သူလိုချင်တာ ရဖို့ အီရာက ကျွန်တော့်ကို အလျှော့မပေးခဲ့ပါဘူး။

သီတင်းပတ်ကုန်ရက်တွေက အဆိုးဆုံးပါပဲ။ ယူကရိန်းကို ပြန်ရမယ့်ရက်ကိုပဲ ကျွန်တော် တွက်နေမိပါတော့တယ်။ ယူကရိန်း ပြန်ရောက်ရင် ကျွန်တော်တို့နှစ်ယောက် အပြတ်ပဲလို့ ထင်ခဲ့မိပါတယ်။ ဒါပေမဲ့ ကျွန်တော် ထင်သလို ဖြစ်မလာခဲ့ပါဘူး။

"ဖြတ်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့"

ယူကရိန်း ပြန်ရောက်တော့ ကျွန်တော် မိဘတွေအိမ်မှာ ပြန်သွားနေခဲ့ပါတယ်။ အီရာနဲ့ အတူတူ နေဖို့ နေနေသာသာ အဆက်အသွယ်တောင် မလုပ်တော့ပဲ ထားလိုက်တော့ မလို့ပါ။ ဒါပေမဲ့ အဲဒီလို အဆက်ဖြတ်ဖို့ ကြိုးစားရင်းနဲ့ပဲ နှစ်တွေ ကြာသွားခဲ့ပါတယ်။

သူနဲ့ရန်ဖြစ်တဲ့အခါမျိုးမှာ ကျွန်တော် ဖုန်းကိုပိတ်၊ သူ့နဲ့ အဆက်အသွယ် အကုန်လုံး ဘလော့ခ် လုပ်ပြီး ရှောင်ပုန်းနေခဲ့ပါတယ်။ ဒါပေမယ့် သူက ကျွန်တော်ဆီ မရောက်ရောက်အောင်လာ၊ တံခါးအပြင်ဘက်ကနေ လာထိုင်စောင့်နေတတ်ပါတယ်။ နောက်ဆို ဒါမျိုးမဖြစ်စေရပါဘူးလို့လည်း ကတိတွေ ပေးတတ်ပါတယ်။

အဲ့လိုနဲ့ပဲ ကျွန်တော်လည်း သူနဲ့ ပြန်ပေါင်းထုပ်မိ သွားပြန်ပါတယ်။ တစ်ယာက်တည်း အထီးကျန်နေရမှာကို ကြောက်တာလည်း ပါပါတယ်။

အစပိုင်းမှာ သူနဲ့ လမ်းခွဲဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ကျွန်တော်လက်လျှော့ခဲ့ပါတယ်။ သူက လက်ထပ်ဖို့ အတင်းအကြပ် ပြောလို့ လက်ထပ်ခဲ့ကြပါတယ်။ ကျွန်တော့်ဘက်ကတော့ လက်ထပ်ချင်စိတ် မရှိတော့ပါဘူး။

အီရာက ကျွန်တော့်ကို လူတိုင်းနဲ့ သဝန်တိုပါတယ်။ ကျွန်တော့်သူငယ်ချင်း၊ ကျွန်တော့်မိသားစု ဘယ်သူနဲ့ မဆိုပါ။ ကျွန်တော် ဘယ်သွားသွား သူ့ဆီဖုန်းဆက်ရပါတယ်။ အဲဒီ့ အစည်းအဝေးတွေ ဘာကြောင့်တက်ရတာလဲ၊ သူငယ်ချင်းတွေနဲ့ ဘာ့ကြောင့် တွေ့ရတာလဲ ဆိုတာ သူ့ကို ပြောပြရပါတယ်။ ကျွန်တော့်ကို သူ့မျက်စိအောက်မှာပဲ နေစေချင်တာပါ။

သူလည်း ကျွန်တော် မပါဘဲနဲ့ ဘယ်မှ မသွားပါဘူး။ ကျွန်တော်က သူ့ရဲ့ အချိန်ပြည့် ပျော်တော်ဆက်သဘောမျိုး ဖြစ်နေတာပေါ့ဗျာ။

ပြီးတော့ အီရာက အလုပ် ထွက်မလုပ်ဘူး။ ကျွန်တော်ပဲ ပိုက်ဆံရှာ၊ ချက်ပြုတ်၊ အိမ်သန့်ရှင်းရေး လုပ်တယ်။ ရေချိုးခန်း ၂ ခုပါတဲ့ တိုက်ခန်းကျယ်ကြီးမှာ ကျွန်တော်တို့ ငှားနေကြတယ်။ ရေချိုးခန်းအကြီးကို ကျွန်တော် သုံးခွင့်မရှိပါဘူး။ ဧည့်သည်တွေ သုံးဖို့ ထားတဲ့ ရေချိုးခန်းအသေးကိုပဲ သုံးရပါ တယ်။ မနက်တိုင်း သူက ၉ နာရီ၊ ၁ဝ နာရီလောက်မှ အိပ်ရာထလေ့ ရှိတော့ သူ့ကို အနှောင့်အယှက် မဖြစ်အောင် သူနိုးတဲ့အထိ မထဘဲ စောင့်နေရပါတယ်။

နောက် အခန်းခွဲအိပ်ကြဖို့ သူကပဲ ဆုံးဖြတ်တယ်။ ကျွန်တော့်အခန်းတံခါးမှာ သော့မရှိတော့ တစ်ယောက်တည်း အေးအေးနေရတယ် ဆိုတာ မရှိခဲ့ပါဘူး။

ကျွန်တော် အမှားတစ်ခုခု လုပ်မိလိုက်ရင် အော်ဟစ်ဆဲဆိုပြီး ရိုက်ပါတယ်။ အဲ့လိုမျိုးက တစ်ရက်တစ်ခါ ဒါမှမဟုတ် နှစ်ရက်တစ်ခါလောက် ဖြစ်လေ့ရှိပါတယ်။

ဘာပြဿနာပဲ ဖြစ်ဖြစ် ကျွန်တော့်ကိုပဲ အပြစ်ပုံချတတ်ပါတယ်။ သူလိုချင်တာက ဘယ်လို ယောက်ျားမျိုး၊ အဲ့ဒီလူက ဘာတွေ ဘယ်လို လုပ်ပေးမှာ ဆိုတဲ့ စကားတွေလည်း အမြဲ ကြားရတတ်ပါတယ်။ ကျွန်တော့်မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး။ သူစိတ်ဆိုးရင် နောက်ဆက်တွဲ ပေါက်ကွဲမှုတွေ ဆက်ဖြစ်လာတတ်တာ ဆိုတော့ သူစိတ်မဆိုးအောင် သူတောင်းဆိုတာတွေကိုပဲ သူ့အကြိုက် လိုက်လုပ်ပေးခဲ့ရပါတယ်။

ကျွန်တော် မှတ်မိပါသေးတယ်။ အိမ်ပေါ်ကနေ အောက်ကိုဆင်းသွားပြီး ကားထဲမှာ သွားထိုင်ငိုခဲ့မိတာကိုပါ။ အဲ့ဒီအချိန်မှာ သူဖြတ်လျှောက်သွားပြီး ကျွန်တော့်ကို သတိထားမိသွားတယ်။ ကျွန်တော် အိမ်ထဲ ပြန်ဝင်လာတော့ ကျွန်တော့်ကို သနားတယ်လို့ ပြောခဲ့ပေမဲ့ သူလုပ်နေတာတွေကိုတော့ မရပ်ခဲ့ပါဘူး။

နောက်နေ့မှာ ဒုံရင်းအတိုင်း ပြန်ဖြစ်တာပါပဲ။ ကျွန်တော် ဘာလုပ်လုပ်၊ ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား ခံစားရပါစေ၊ အခြေအနေက ဘာမှ ပြောင်းမသွားခဲ့ပါဘူး။

ကျွန်တော်လည်း ခြောက်ပြစ်ကင်း သဲလဲစင် လူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒီအခြေအနေတွေအားလုံးကို ရှောင်လွှဲဖို့ စနေ၊ တနင်္ဂနွေနဲ့ အားလပ်ရက်တွေမှာ တစ်ရက်ကို ၁ဝ နာရီ၊ ၁၂ နာရီ၊ ၁၄ နာရီ ကျွန်တော် အလုပ်လုပ်ခဲ့ပါတယ်။ အားလပ်ချိန်မှာ တချို့က အရက်သောက်တယ်။ ကျွန်တော်ကတော့ အလုပ်လုပ်တာပေါ့။

အနိုင်ကျင့်သူတွေနဲ့ ဘာလို့ ဆက်နေတာလဲ

•အိမ်တွင်းအကြမ်းဖက်တဲ့ မိသားစုကနေ ကြီးပြင်းလာပြီး မိဘရဲ့ အကျင့်စရိုက်အတိုင်း ပြန်လုပ်တတ်သူတွေ

• အထီးကျန်မှုကို ကြောက်ရွံ့ခြင်းနဲ့ ပုံသေမှတ်ယူမှုများ : "အိမ်နီးချင်းတွေက ဘာပြောကြမလဲ" "ကလေးတိုင်း မိဘအစုံအလင်နဲ့ ကြီးပြင်းသင့်တယ်"

• ပထမအဆင့်က အနိုင်ကျင့်ခံနေရတာကို သိဖို့ ခက်ခဲတာ။ ဒါကြောင့် အနိုင်ကျင့်ခံရတာကို အသားကျလာပြီး အခြေအနေကို သုံးသပ်ဖို့နဲ့ ဖြေရှင်း လုပ်ဆောင်နိုင်စွမ်း ပျောက်ဆုံးလာတာ

• ကိုယ့်ကို အနိုင်ကျင့်စော်ကားတဲ့သူဆီက ငွေကြေးမှီခိုနေရလို့ ဒါမှမဟုတ် ဘာမှလုပ်နိုင်တဲ့ အနေအထားမရှိလို့ ( ဥပမာ ကိုယ်ဝန်ရှိနေတာ၊ ကလေးတွေက ငယ်နေသေးတာ) စတာတွေကြောင့် ဘယ်မှ သွားစရာမရှိ ဖြစ်နေရသူ

• အာဏာပိုင်တွေကို အကူအညီတောင်းတဲ့ အခါမျိုးမှာ "ဒါတွေဟာ မိသားစုပြဿနာတွေပါ" လို့ ပြန်ပြောတတ်ကြလို့ လက်လျှော့သွားကြလေ့ ရှိပါတယ်။

ဒီအချက်တွေနဲ့အတူ တခြားအကြောင်းရင်းတွေကို လာစတာဒါ ယူကရိန်း အမျိုးသား အရေးပေါ် ဖုန်းလိုင်းဌာနရဲ့ အကြီးအကဲ အာလီယိုနာ ကရိုင်ဗျုလစ်ခ်နဲ့ လိင်အကြမ်းဖက်မှု ကာကွယ်ရေးနဲ့ တိုက်ဖျက်ရေး ဆိုင်ရာ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ အကြံပေး အိုလီနာ ကိုချီမီရိုဗာစ်ကာ တို့က ကောက်နုတ် ပြောပြခဲ့ကြတာပါ။

ဖွင့်ပြောမိတဲ့နောက်

ဒီလိုအခြေအနေမျိုးထဲ ရောက်နေရင် ကိုယ် ဘာဖြစ်နေသလဲဆိုတာ သတိထားမိမှာ မဟုတ်ဘူး။ ထွက်ပေါက် ရှာမတွေ့သလို တခြားသူတွေဆီကလည်း ဘာမှ ကြားမှာ မဟုတ်ပါဘူး။ ရုန်းထွက်နိုင်မယ့် အခွင့်အရေး ရှိတယ်ဆိုတာကိုတောင် တွေးမိမှာ မဟုတ်ပါဘူး။ လုံးဝ မျှော်လင့်ချက်မဲ့သူတစ်ယောက်လို ဖြစ်လာတတ်ပါတယ်။

ကျင့်သားရလာတဲ့အတွက် မလုပ်ချင်တာတွေကိုလည်း လုပ်ဖြစ်လာခဲ့ပါတယ်။ လူတိုင်းကို တစ်ခုခု လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ အမြဲတမ်း တွေးမိပြီး ကိုယ့်ကိုယ်ကိုယ်မပိုင်ဘူးလို့ ခံစားခဲ့ရပါတယ်။ ကိုယ့်ကို အဘွား၊ မိဘတွေက ပိုင်တယ်။ ကိုယ်နဲ့ ပတ်သက်နေသူတွေအတွက် အနစ်နာခံ ပေးဆပ်ရမယ်လို့ စိတ်ထဲမှာ မှတ်ယူထားခဲ့ပါတယ်။

ဒါ့ကြောင့် ကိုယ့်အတွက်ကိုယ် မတွေးဘဲ ပေးဆပ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဒါတွေက ပုံမှန်ပဲလို့ ထင်ခဲ့တာပါ။ ဆိုတော့ အခြေအနေက ပိုပို ဆိုးလာခဲ့တာပေါ့။

အစပိုင်းမှာဆိုရင် အဲဒါကို မနှစ်မြို့တာလောက်ပါပဲ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အိမ်ထောင်သက် နောက်ဆုံး ၃ နှစ်၊ ၄ နှစ် လောက်မှာ လိင်ကိစ္စက ကြောက်ရွံ့ထိတ်လန့်စရာ ဖြစ်လာခဲ့တယ်။

အဲဒီလို ကြောက်ရွံ့ ထိတ်လန့်တဲ့အခါမျိုးမှာ အီရာကို တွန်းထုတ်ပြီး အိမ်နဲ့ဝေးရာ၊ အနည်းဆုံးတော့ အခန်းထဲကနေ ထွက်ပြေးတာတွေ လုပ်ခဲ့ပါတယ်။

ကျွန်တော်တို့ အဆင်မပြေတဲ့ လိင်ဆက်ဆံမှုဟာ ကျွန်တော့်ကြောင့်လို့ အီရာက ထင်ပါတယ်။ ဒီတော့ နှစ်တိုင်းနီးပါး လိင်မှုကိစ္စ ကျွမ်းကျင်သူတယောက်ဆီ ကျွန်တော့်ကို ခေါ်သွားပြပါတယ်။

အဲဒီ့အချိန်မှာ ကျွန်တော် တစ်ခုခု မကြိုက်တဲ့အကြောင်း ပြောမိတဲ့အခါတိုင်း၊ ကျွန်တော့်ဆန္ဒမပါဘူး ပြောတဲ့အခါတိုင်း ကျွန်တော်ကပဲ မှားနေတဲ့သူ အဖြစ် အပြောခံခဲ့ရပါတယ်။ ဒီတော့ ကျွန်တော် မုဒိမ်းကျင့်ခံနေရတာ၊ အနိုင်ကျင့် စော်ကားခံနေရတာတွေကို ဘာမှမပြောတော့ဘဲ ရေငုံနှုတ်ပိတ် နေခဲ့ပါတော့တယ်။

အဲဒီ့ဆရာတွေနဲ့ သွားပြခဲ့တာတွေက အီရာ့အတွက်ကတော့ အထောက်အထား ဖြစ်သွားခဲ့ပါတယ်။ အနိုင်ကျင့် စော်ကားခံရတဲ့အကြောင်းကို လင်မယား မကွာရှင်းခင်အချိန်လေးမှာ ကျွန်တော် ထုတ်ပြောခဲ့တာပါ။ အဲဒီ့လို ထုတ်ပြောပြီးနောက်ပိုင်းမှာတော့ မရပ်နိုင်တော့ပါဘူး။

ထွက်ပေါက် ဘယ်လိုရှာတွေ့ခဲ့လဲ

ဆောင်းဦးပေါက်မှာပေါ့။ ကျွန်တော် ချောင်းဆိုးရင်ကျပ်ဖြစ်ပြီး ကိုယ်အပူချိန် ၃၉ - ၄ဝ ဒီဂရီနဲ့ အဖျားတက် အိပ်ရာထဲ လဲနေတာ နှစ်ပတ်လောက်တောင် ကြာပါတယ်။ အဲဒီလို ဖြစ်နေတဲ့အချိန်တလျှောက်လုံး ကျွန်တော့်ကို ဘယ်သူမှ လာမကြည့်ကြပါဘူး။ အဲဒီမှာ ကျွန်တော့်ကိုယ် ကျွန်တော် သဘောပေါက်လိုက်တာက ငါ့ဘဝက ဘာမှ တန်ဖိုးမရှိဘူး။ အခုချိန် ငါသေသွားရင်တောင် ဘယ်သူမှ သိကြမှာ မဟုတ်ဘူး ဆိုတာပါ။

အဲဒီအချိန်ဟာ ကြောက်တာရော၊ ရွံရှာတာရော၊ ကိုယ့်ကိုကိုယ် အရမ်းသနားမိတာရော ရောထွေး ခံစားမိတဲ့အချိန်ပေါ့။ တစ်ယောက်ယောက်ကို ပြောပြချင်ပေမယ့် ဘယ်သူ့ကို ဘယ်လို ပြောပြရမှန်း မသိခဲ့ပါဘူး။

တစ်ခါမှာတော့ တစ်ယောက်တည်း နေချင်လို့ ကျွန်တော့်မိဘတွေအိမ်ကို သူတို့မရှိတဲ့အချိန် ရွေးပြီး သွားခဲ့ပါတယ်။

အဲဒီမှာ အင်တာနက် ကြည့်နေတုန်း ကြော်ငြာဆိုက်ကနေ ပေါ်လာတဲ့ ချက်တင် တချို့ထဲ ဝင်မိပါတယ်။ အဲဒီမှာ ချက်တင် ပြောတဲ့အခါ ဘယ်သူဘယ်ဝါဆိုတာ နာမည်ထုတ်ပြောစရာ မလိုလို့ ကိုယ့်ကိုလည်း ဘယ်သူမှ မသိနိုင်ပါဘူး။

ကျွန်တော့်မှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ အကြောင်းကို အဲဒီမှာပထမဆုံး ဖွင့်ပြောဖြစ်ခဲ့တာပါ။ ကျွန်တော် အနိုင်ကျင့် စော်ကားခံနေရတယ်လို့ အရင်က သဘောမပေါက်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီ့အချိန်ကစပြီးနောက်ပိုင်း "No" ဆိုတဲ့ ငြင်းပယ်တဲ့ စကားလုံးကို ပိုပို သုံးဖြစ်လာခဲ့ပါတယ်။

ပထမတော့ အသေးအဖွဲကိစ္စလေးတွေမှာပါ။ ငြိမ်ခံနေတာထက် "No" လို့ပြောပြီး ငြင်းပယ်လိုက်ဖို့က ကျွန်တော့်အတွက် အရေးကြီးပါတယ်။ ဒီလိုပြောဖို့ ခွန်အားတွေ လိုအပ်လာရင် ကျွန်တော် ဖျားခဲ့တုန်းက အချိန်ကို ပြန်စဉ်းစားလိုက်ပါတယ်။

တဖြည်းဖြည်းနဲ့ မိသားစု စိတ်ကုထုံး ဆရာဝန် တယောက်ကို ရှာတွေ့ခဲ့ပြီး အဲဒီဆရာဝန်က ကျွန်တော့်ကို ကူညီခဲ့ပါတယ်။ ကုထုံး လုပ်နေတဲ့အချိန်မှာ အီရာရော ကျွန်တော်ပါ စကားပြော ဆွေးနွေးလို့ ရပေမဲ့ ကျွန်တော် အနိုင်ကျင့်စော်ကား ခံရတဲ့အကြောင်း ပြောပြနေတဲ့ အချိန်မှာတော့ သူ့ကို ကြားဖြတ် ဝင်ပြောခွင့်မပြုခဲ့ပါဘူး။

အီရာ အကြီးအကျယ် ဒေါသထွက်ပြီး ကျွန်တော့်ကို အော်ဟစ် ကြိမ်းမောင်းပါတော့တယ်။ ကျွန်တော်ပြောနေတာတွေ တစ်ခုမှ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီနောက် သိပ်မကြာခင်မှာပဲ ကွာရှင်းကြဖို့ သူ့ဘက်က စပြောလာပါတယ်။ သူတကယ် ကွာချင်တာလို့တော့ ကျွန်တော် မထင်ပါဘူး။ကျွန်တော့်ကို နှုတ်ပိတ်ဖို့ ကြိုးစားတာလို့ပဲ မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုအခွင့်အရေးမျိုး နောက်မရနိုင်ဘူးဆိုတာ သိနေတော့ ကွာရှင်းဖို့ ကျွန်တော် သဘောတူလိုက်ပါတယ်။

ကွာရှင်းဖို့ ရုံးကို သွားတော့ လူတွေ တန်းစီနေလို့ နောက်ရုံးတစ်ခုကို ထပ်သွားရပါတယ်။ အဲဒီ့အချိန်မှာ ကိုယ့်ဘာသာတွေးပြီး ပြောနေမိတာက ဒီအခွင့်အရေးကို ရတုန်း ယူရမယ်ဆိုတာပါပဲ။ အဲဒီနောက် ကျွန်တော်တို့ ကွာရှင်းဖြစ်ခဲ့ပါတယ်။

တစ်လအကြာမှာတော့ ကွာရှင်းစာချုပ်တွေ သွားယူခဲ့ပါတယ်။ အဲဒီနေ့ဟာ ကျွန်တော့်ဘဝရဲ့ အပျော်ဆုံးနေ့ ဖြစ်ခဲ့ပါတယ်။ ကွာရှင်းပြီး နောက်တစ်နေ့မှာ "နင်ငါ့ကို မုဒိမ်းကျင့်နေခဲ့တာ" လို့ သူ့ကို အော်ပြောပစ်လိုက်တယ်။

သူက "ဘာ၊ ငါနင့်ကို မုဒိမ်းကျင့်ခဲ့တာ၊ ဟုတ်လား" ၊ "အဲ့ဒါ ဘာဖြစ်လဲ" လို့ ပြန်ပြောပါတယ်။ ကျွန်တော် ဘာပြန်ပြောရမှန်း မသိခဲ့သလို အခုထိလည်း မသိသေးပါဘူး။ တနည်းအားဖြင့် သူလုပ်ခဲ့တာကို ဝန်ခံခဲ့တာပါပဲ။ ဒါပေမဲ့ သူက ဟာသလုပ်ပြီး ပြောသွားခဲ့တာပါ။

ကျွန်တော် မိဘအိမ်မှာ ပြန်နေပြီး အလုပ်လည်း ထွက်လိုက်ပါတယ်။ သီတင်းပတ် အတော်ကြာ အိမ်တွင်းအောင်းနေခဲ့ပါတယ်။ သူတစ်နေရာရာကနေ ကျွန်တော့်ကို စောင့်ကြည့်နေမှာကို ကြောက်နေမိလို့ပါ။

တစ်နေ့တော့ အိမ်ကို သူရောက်လာပြီး တံခါးခေါက်၊ ကန်ကျောက်ပြီး အော်ဟစ်ပါတယ်။ ဒါကိုတွေ့တော့ အမေက အရမ်းကြောက်တယ်လို့ ပြောပါတယ်။ ကျွန်တော်က အမေ ဒါမျိုး ထင်မထားဘူး မဟုတ်လား လို့ ပြောပြီး ကိုယ့်ဘာသာ ပြုံးနေမိတယ်။

ဇာတ်သိမ်းသွားမှာကို သိဖို့လို

ကိုယ်ကြုံခဲ့ရတာတွေကို အထောက်အထားတွေ သိမ်းမထားခဲ့သလို ဘယ်သူ့ကိုမှလည်း ထုတ်မပြောခဲ့ပါဘူး။ ကျွန်တော့် မိဘတွေကို ရင်ဖွင့်နိုင်ပေမဲ့ သူတို့ နှုတ်မလုံဘူး ဆိုတာကို ကျွန်တော် ကလေးကတည်းက သိထားခဲ့တာပါ။ ကျွန်တော့်အကြောင်းတွေကို သူငယ်ချင်းတွေကို ဘယ်လို ပြောပြရမလဲဆိုတာလည်း မသိခဲ့ပါဘူး။

အကူအညီပေးနိုင်မယ့် အဖွဲ့တွေကို လိုက်ရှာခဲ့ပေမဲ့ ယူကရိန်းမှာက အမျိုးသမီးတွေကို အကူအညီပေးတဲ့ အဖွဲ့တွေပဲ ရှိပါတယ်။ အဆုံးမတော့ အမျိုးသားတွေအတွက် အွန်လိုင်းပေါ်ကနေ အကူအညီပေးနေတဲ့ ဆန်ဖရန်စ္စကိုက အုပ်စုတစုကို တွေ့မိလိုက်ပါတယ်။

ယူကရိန်းက စိတ်ကုထုံး ဆရာဝန်တစ်ယောက်ကို ပထမဆုံး သွားတွေ့ခဲ့တုန်းက အဲဒီဆရာဝန်က "ဒီလို ဘယ်ဖြစ်နိုင်မလဲ။ သူက မိန်းကလေး၊ ခင်ဗျားက ယောက်ျားလေးလေ" ဆိုပြီး ကျွန်တော့်ကို လှောင်ပြောင်ခဲ့ပါတယ်။

ဒီတော့ ဆရာဝန် ၆ ယောက်လောက် ပြောင်းခဲ့ရပါတယ်။ ကိုယ့်ကို ကူညီပေးမယ့်သူ တွေ့ရဖို့ ၈ လလောက် အချိန်ယူခဲ့ရပါတယ်။

အမျိုးသားတွေ အကူအညီ ဘယ်လိုရနိုင်မလဲ

အမျိုးသားတွေအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးတဲ့ အဖွဲ့တွေကို ယူကရိန်းက ဖခင်များကလပ်မှာ ဖွဲ့ခဲ့ပေမဲ့ တာရှည်မခံဘဲ ပျက်သွားခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူ မက်စ်လီဗင်က ပြောပြပါတယ်။ သူ့အပြောအရ အမျိုးသားတွေက စိတ်ပညာရှင်နဲ့ သွားတွေ့ဖို့ သိပ်စိတ်မပါကြသေးဘူးလို့ သိရပါတယ်။

အရေးပေါ် ဖုန်းဆက် အကူအညီ တောင်းနိုင်တဲ့ လာစတာဒါ အရေးပေါ်ဖုန်းလိုင်း ၂၄ နာရီ စဖွင့်တဲ့ အချိန်မှာ အမျိုးသားတွေ အကူအညီတောင်းဖို့ စ ဖုန်းဆက်ခေါ်လာကြတယ်လို့ လာစတာဒါ ယူကရိန်းအဖွဲ့က အာလီယိုနာ ကရိုင်ဗျုလစ်ခ် က ပြောပြပါတယ်။ ပုံမှန် အလုပ်ချိန်မျိုးမှာ အမျိုးသားတွေက ဖုန်းမခေါ်နိုင်ကြပါဘူး။

ဒါပေမယ့် အခုချိန်တောင်မှ အမျိုးသားတွေက အစပိုင်းမှာ သူတို့နာမည်ကို သိသွားမှာ စိုးရိမ်နေကြပါတယ်။ သူတို့ရပိုင်ခွင့်တွေကို တရားရုံး ဒါမှမဟုတ် ဥပဒေ အဖွဲ့တွေလို လူထုအခြေပြု အဖွဲ့အစည်းတွေမှာ တင်ပြတောင်းဆိုဖို့ အဆင်သင့် မဖြစ်ကြသေးပါဘူး။

အနိုင်ကျင့်စော်ကားခံရတဲ့ အမျိုးသားတွေ စိတ်ဒဏ်ရာကနေ ပြန်သက်သာဖို့က အချိန်အတော်ယူနိုင်တယ်လို့ စိတ်ကုထုံးပညာရှင်လည်းဖြစ် လိင်မှုဗေဒပညာရှင်လည်းဖြစ်တဲ့ ယူလီယာ ကလီမန်ကို က ရှင်းပြပါတယ်။

ဒါ့ထက်ဆိုးတာက လူ့အသိုင်းအဝိုင်းမှာ ပြောလေ့ရှိတဲ့ "ယောက်ျားလေးဆိုတာ မငိုရဘူး" တို့ "ယောက်ျားတွေက ခန္ဓာကိုယ် ပိုကြံ့ခိုင်ကြတယ်" ဆိုတဲ့စကားတွေက အသုံးမဝင်ပါဘူး။

လိင်ပိုင်း၊ စိတ်ပိုင်း ဒါမှမဟုတ် ကိုယ်ထိလက်ရောက် အနိုင်ကျင့် စော်ကားခံခဲ့ရသူကို လူ့အသိုင်းအဝိုင်းက ပုံမှန်လူတစ်ယောက်လို့ မြင်ချင်မှ မြင်မှာပါ။ ပုံစံမျိုးစုံနဲ့ အနိုင်ကျင့် စော်ကားခံခဲ့ရပြီး အကြီးအကျယ် စိတ်ဒဏ်ရာရနေသူတွေဟာ ယောက်ျား၊ မိန်းမ၊ အသက်အရွယ် ကြီးတာ ငယ်တာနဲ့မဆိုင်ဘဲ ပုံမှန်အခြေအနေ ပြန်ဖြစ်လာဖို့ အချိန်အများကြီး လိုတယ်လို့ မစ်စ် ကလီမန်ကိုက ပြောပါတယ်။

သူ့ကို တရားစွဲဖို့ ကျွန်တော် စဉ်းစားခဲ့ဖူးပါတယ်။ တရားရုံးက တစ်ခုခုတော့ ဆုံးဖြတ်ပေးမှာပေါ့လို့ ရှေ့နေတွေကလည်း ပြောပါတယ်။ ဒါပေမယ့် ဒီလို လုပ်ဖို့ အခု မလိုတော့ပါဘူး။ ဟိုးကတည်းက ကျွန်တော်လိုချင်တာက သူလုပ်ခဲ့တာကို သူဝန်ခံပြီး တောင်းပန်ဖို့ပါ။

အခုထိ ကျွန်တော် အလုပ်ပြန်မလုပ်သေးပါဘူး။ မနက်တိုင်း အိပ်ရာက ထဖို့ ကျွန်တော့်အတွက် အရမ်းပင်ပန်းပါတယ်။ ကျွန်တော် ဘာအတွက် အသက်ရှင်နေရတာလဲ။ တစ်နှစ်လုံး ဘာတွေလုပ်နေလဲဆိုတာတောင် မသိတော့ပါဘူး။

ကျွန်တော်သိတာက ကျွန်တော် နောက်ထပ် ဘယ်တော့မှ ကြင်ယာ ရှာတော့မှာ မဟုတ်သလို သားသမီးတွေလည်း ရတော့မှာ မဟုတ်ဘူး ဆိုတာပါ။ ကျွန်တော့်ကိုယ်ကျွန်တော် လက်လျှော့ထားလိုက်ပါပြီ။

ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ဆဲချင်ပါတယ်။ ကျွန်တော် အကြာကြီး ရေငုံနှုတ်ပိတ် နေခဲ့မိတဲ့အတွက် အခုလောက်ထိ ဖြစ်လာခဲ့ရတာပါ။ အခုချိန်မှာ ကျွန်တော့်လို အလားတူ အခြေအနေမျိုး ကြုံနေရတဲ့ အမျိုးသားတစ်ယောက် ရှိကောင်း ရှိမှာဖြစ်ပြီး ကျွန်တော့်ရဲ့ဇာတ်လမ်းကို ဖတ်မိပါလိမ့်မယ်။

အဲဒီလူ နားလည်ဖို့ အရေးကြီးပါတယ်။ ဒီဇာတ်လမ်းမျိုးက ပြီးသွားမှာ မဟုတ်သလို ဘာမှပြန်ပြင်လို့လည်း ရမှာ မဟုတ်ပါဘူး။ ဘယ်တော့မှ ပျောက်ကွယ်မသွားမယ့် ဇာတ်ရှုပ်ကြီးဖြစ်ပြီး ဘဝသေသွားနိုင်ပါတယ်။ ဒါကို နားလည်မယ်ဆိုရင် အနည်းဆုံး အခွင့်အလမ်း တစ်ခုတော့ ရှိပါလိမ့်မယ်။

BBC Burmese
https://www.bbc.com/burmese/world-52754673
"မိန္းမက ကြၽန္ေတာ့္ကို ၁၀ ႏွစ္ မုဒိမ္းက်င့္ခဲ့တယ္" "မိန္းမက ကြၽန္ေတာ့္ကို ၁၀ ႏွစ္ မုဒိမ္းက်င့္ခဲ့တယ္" Reviewed by THITHTOOLWIN on 06:07 Rating: 5
Powered by Blogger.