ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကပ္ေဘးဦးေဆာင္မႈကို မတူညီတဲ့ တုံ႔ျပန္ခ်က္မ်ားရွိေန

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ၂ဝ၂ဝ ေမ ၁၄ ရက္ေန႔က ေတြ႕ရစဥ္ / Photo: Aung San Suu Kyi - FB
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေရးကာလမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လုပ္ေဆာင္ခ်က္ေတြေၾကာင့္ လူထုေထာက္ခံမႈ ျမင့္တက္ေနသလို ေဝဖန္ေထာက္ျပမႈေတြလည္း ရွိေနပါတယ္။

အြန္လိုင္းလူမႈကြန္ရက္ကို လူသိရွင္ၾကား အသုံးျပဳမႈ မရွိခဲ့တဲ့ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ကပ္ေရာဂါကာလမွာေတာ့ လူထုအသံကို တိုက္႐ိုက္ၾကားသိႏိုင္ၿပီး လူအမ်ားအျပားကို တိုက္႐ိုက္ဆက္သြယ္ႏိုင္တဲ့ Facebook ကို အသုံးျပဳလာပါတယ္။

ဗိုင္းရပ္စ္ပိုးကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ လက္ေဆးျပတာ၊ လူတိုင္းႏွာေခါင္းစည္း တပ္ဆင္လာေအာင္ စည္း႐ုံးတဲ့ အေနနဲ႔ ကိုယ္တိုင္အဝတ္ႏွာေခါင္းစည္း ခ်ဳပ္ျပတာမ်ိဳးေတြ လုပ္ခဲ့တာေၾကာင့္ သူရဲ႕ကပ္ေရာဂါကို ကိုင္တြယ္ ေျဖရွင္းပုံဟာ တျခားႏိုင္ငံက ေခါင္းေဆာင္ေတြနဲ႔ မတူဘဲ တမူထူးျခားတယ္ဆိုတဲ့ ေထာက္ခံတဲ့ အျမင္ေတြ ရွိေနပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏွာေခါင္းစည္းခ်ဳပ္ၿပိဳင္ပြဲမွာ သံတမန္မိသားစုတခ်ိဳ႕ေတာင္ ပါဝင္ခဲ့ပါတယ္။

တဖက္မွာလည္း ၿပီးခဲ့တဲ့ ဧၿပီ ၁ ရက္ေန႔ကစၿပီး အတိုင္ပင္ခံဟာ ေရာဂါထိန္းခ်ဳပ္ေရး ေဆာင္႐ြက္ေနတဲ့ က်န္းမာ ေရး ဝန္ထမ္းေတြ၊ ေစတနာရွင္ေတြ၊ အစိုးရအဖြဲ႕တာဝန္ရွိသူေတြ၊ ေရာဂါခံစားေနရသူေတြ၊ ေရာဂါေၾကာင့္ ထိခိုက္ရတဲ့ လုပ္ငန္းနယ္ပယ္အသီးသီးက ပုဂၢိဳလ္ေတြကို တူရာတူရာ အဖြဲ႕အစည္းအလိုက္ အြန္လိုင္းကေန  ေဆြးေႏြးမႈေတြ ျပဳလုပ္ေနပါတယ္။

ဒီေဆြးေႏြးပြဲေတြကို လူထုသိရွိႏိုင္ေအာင္ လူမႈကြန္ယက္ကေန တိုက္႐ိုက္ထုတ္လႊင့္သလို ႏိုင္ငံပိုင္ မီဒီယာေတြ ကေနလည္း ျပသခဲ့ပါတယ္။

အခု ေမလ တတိယအပတ္ မတိုင္ခင္မွာ ေခါင္းစဥ္အမ်ိဳးမ်ိဳးနဲ႔ ေဒသအသီးသီး၊ က႑အသီးသီးက ပုဂၢိဳလ္ေတြနဲ႔ ေဆြးေႏြးပြဲေပါင္း ၂၀ နီးပါး ျပဳလုပ္ခဲ့ၿပီးပါၿပီ။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လူထုနဲ႔ တိုက္႐ိုက္ထိေတြ႕ေဆာင္႐ြက္မႈေတြေၾကာင့္ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးဟာ အမ်ားႀကီး ထိေရာက္ခဲ့တယ္လို႔ Yangon Covid-19 Volunteer Team အဖြဲ႕ေခါင္းေဆာင္ စာေရးဆရာ ထင္လင္းဦးက ေျပာပါတယ္။

“ထိေရာက္မႈကေတာ့ အမ်ားႀကီးရွိတယ္။ လက္ေဆးတာကအစ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ လက္ေဆး ျပတယ္။ ႐ိုက္ကူးၿပီး ထုတ္လႊင့္တယ္။ အဲေတာ့ လူေတြက စနစ္တက် လက္ေဆးတယ္။ Mask ေတြ တပ္တယ္။ ဒါေတြက သူရဲ႕ စြမ္းေဆာင္မႈအပိုင္းက အမ်ားႀကီး ျပည္သူလူထုကို စိတ္ဓါတ္အင္အားေပးတယ္။ ေခါင္းေဆာင္ ရဲ႕ ျပည္သူလူထုနဲ႔ ထိေတြ႕ဆက္ဆံမႈနဲ႔ ျပည္သူလူထုကို အသိပညာေပးမႈဟာ ဒီကိုဗစ္ကာလမွာ အမ်ားႀကီး အက်ိဳးရွိတယ္လို႔ ေျပာခ်င္ပါတယ္”

ဒီလိုသေဘာက်ႏွစ္ၿခိဳက္မႈေတြရွိေပမယ့္ တဖက္မွာလည္း လူထုနဲ႔ တိုက္႐ိုက္ထိေတြ႕ေျပာဆိုတာကို အတိုင္ပင္ခံ ပုဂၢိဳလ္ကိုယ္တိုင္ ေဆာင္႐ြက္တာဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD အတြက္ မဲဆြယ္စည္း႐ုံးတဲ့ အသြင္ သ႑န္ေဆာင္ေနတယ္လို႔ ေဝဖန္သူတခ်ိဳ႕လည္း ရွိပါတယ္။

ဒါဟာ  ေ႐ြးေကာက္ပြဲ မတိုင္ခင္ အႀကိဳကာလမွာ တျခားယွဥ္ၿပိဳင္ဖက္ပါတီေတြအတြက္ မမွ်တတဲ့ အခင္းအက်င္း ကို ဖန္တီးရာ ေရာက္တယ္လို႔ တခ်ိဳ႕က ေဝဖန္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္အတြက္ သမၼတက လူလုံးထြက္ၿပီး ေျပာဆိုတာမ်ိဳးမရွိဘဲ အတိုင္ပင္ခံ ကသာ ေျပာဆိုေနတဲ့အေပၚ ေဝဖန္ၾကသလို ဒီလိုေဆြးေႏြးပြဲစကားဝိုင္းေတြကို ပညာရွင္ေတြကသာ ဦးေဆာင္ ေဆြးေႏြးသင့္တယ္ဆိုတဲ့ ေထာက္ျပမႈေတြလည္း ရွိပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အမ်ားျပည္သူ ထိေတြ႕ႏိုင္မယ့္ လမ္းေၾကာင္းေတြကို နည္းလမ္းမ်ိဳးစုံနဲ႔ ဖြင့္ေပးထား တာဟာ က်န္တဲ့ပါတီေတြအတြက္ အခက္အခဲျဖစ္ေစတယ္လို႔ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ USDP ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္က ေျပာပါတယ္။

“WHO က ေၾကညာတဲ့ေန႔ေရာက္မွ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္က ကြင္းမဆင္းေတာ့ဘူး။ သို႔ေသာ္လည္းပဲ သူက Facebook အေကာင့္ဖြင့္တယ္။ ၿပီးရင္ quarantine ဝင္ေနတဲ့ပုဂၢိဳလ္ေတြ၊ လုပ္အားေပးအဖြဲ႕ေတြနဲ႔ ႏိုင္ငံပိုင္မီဒီယာကေနၿပီး ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ႀကီး ေတာက္ေလွ်ာက္ သူ အားေပးစကားေတြ ေျပာတယ္။ ေျပာရမယ္ဆိုရင္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္က NLD ပါတီရဲ႕ ဥကၠ႒ျဖစ္တယ္။ အစိုးရျဖစ္ ျခင္းရဲ႕ အားသာခ်က္အေပၚ အသုံးျပဳတာ ကြၽန္ေတာ္တို႔ မေဝဖန္လိုေသာ္လည္းပဲ ေျပာရရင္ လက္ရွိအာဏာရ ပါတီနဲ႔ က်န္တဲ့ အတိုက္အခံပါတီေတြ လုံးဝကို ယွဥ္လို႔မရတဲ့ အေနအထား။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျပည္သူေတြ ထိေတြ႕ႏိုင္မယ့္ လမ္းေၾကာင္းကို နည္းလမ္းမ်ိဳးစုံနဲ႔ ဖြင့္ေပးထားတာကိုက က်န္တဲ့ပါတီေတြက အခက္အခဲ အမ်ားႀကီးရွိပါတယ္”

RFA ရဲ႕ ေမးျမန္းမႈအေပၚ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ဥကၠ႒ သူရဦးေ႐ႊမန္းကလည္း ေဒၚေအာင္ဆန္း စုၾကည္ရဲ႕ ေဆာင္႐ြက္မႈေတြဟာ တျခားယွဥ္ၿပိဳင္ဘက္ပါတီေတြအတြက္ အခက္အခဲေတြ ျဖစ္ႏိုင္တယ္လို႔ ေျပာပါတယ္။

“Facebook သုံးတာတို႔၊ လက္ေဆးၿပီး ပညာေပးေဆာင္႐ြက္တဲ့ကိစၥေတြ ဒီကိစၥေတြဟာလည္း ေ႐ြးေကာက္ပြဲ အတြက္ အေထာက္အကူ ျဖစ္သင့္သေလာက္ေတာ့ ျဖစ္ႏိုင္တယ္လို႔ ယူဆပါတယ္။ ဒီလို သူ႔အေနနဲ႔ ေဆာင္ ႐ြက္ေနျခင္းဟာ ဒီကိစၥဟာ အေရးႀကီးကိစၥတစ္ခု ျဖစ္တယ္လို႔ ယူဆၿပီး ေဆာင္႐ြက္ေနတယ္လို႔ ထင္ပါတယ္။ အျခားယွဥ္ၿပိဳင္ဘက္ ပါတီေတြအတြက္လည္း အခက္အခဲေတြ ျဖစ္ႏိုင္တာ ေသခ်ာပါတယ္။ ျပည္သူေတြနဲ႔ ပါတီေတြကလည္း သိပ္ေတာ့ မအၾကပါဘူး။ ျပည္သူေတြ လိုလားတာက လြတ္လပ္ၿပီး တရားမွ်တတဲ့ ယွဥ္ၿပိဳင္မႈေတြ ျဖစ္ေစခ်င္တယ္လို႔ ၾကားသိေနရတာ ရွိပါတယ္”

သူရဦးေ႐ႊမန္း ကိုယ္တိုင္လည္း ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ ပါတီတြင္း မိသားစု စကားဝိုင္းေတြကို သူရဲ႕လူမႈ ကြန္ရက္ စာမ်က္ႏွာကေနတဆင့္ ဧၿပီလ တတိယအပတ္က စတင္လုပ္ေဆာင္လာတာမွာ ေမလ ၁၉ ရက္ေန႔အထိ ေဆြးေႏြးပြဲ ၁၀ ပြဲေလာက္ ရွိေနပါၿပီ။

မႀကဳံေတြ႕ဖူးတဲ့ ကပ္ေရာဂါကို ျဖတ္ေက်ာ္ေနရတဲ့ကာလမွာ ျပည္သူေတြ ရင္ဆိုင္ေနရတဲ့  အခက္အခဲေတြကို သိလိုတာေၾကာင့္ ဒီလိုေဆာင္႐ြက္ျဖစ္တာလို႔ သူရဦးေ႐ႊမန္းက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကပ္ေရာဂါထိန္းခ်ဳပ္ေရး ေဆာင္႐ြက္ခ်က္ေတြကို မဲဆြယ္စည္း႐ုံးမႈအျဖစ္ ေျပာဆို တာဟာ မသင့္ေလ်ာ္ဘူးလို႔ NLD ပါတီရဲ႕ ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉး မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။

“ေျပာရလို႔ရွိရင္ေတာ့ ကြၽန္ေတာ္တို႔ ေခါင္းေဆာင္အေပၚမွာ ဘယ္လိုမွ အျပစ္ရွာစရာမလိုတဲ့ အလုပ္ပဲဗ်။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဒီေန႔လုပ္ေနတာေတြဟာ ဘယ္ႏိုင္ငံေခါင္းေဆာင္မွ မလုပ္ႏိုင္တဲ့ အလုပ္ေတြကို လုပ္တယ္။ ျပည္သူလူထုနဲ႔ တကယ္ထိေတြ႕ၿပီး လုပ္တယ္လို႔ပဲ ကြၽန္ေတာ္ေတာ့ အဲလိုပဲ မွတ္ခ်က္ခ်ခ်င္တယ္။ ဒီကာလမွာဘယ္သူက ဘယ္ေလာက္အလုပ္လုပ္သလဲ။ သူအလုပ္လုပ္တဲ့ဟာေပၚမွာ လူထုက ဘယ္ေလာက္ထိ လိုက္ပါမႈရွိသလဲဆိုတာ ဒါသက္ေသျပေနတာပဲ။ NLD က ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္ၿပီးလုပ္ တယ္ဆိုရင္ ေနာက္ကလိုက္ပါၿပီးလုပ္ေနၾကတာပဲ။ အဲဒါကို ေဒၚေအာင္ဆန္းစုၾကည္က ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္သေယာင္ေယာက္ လိုက္ေျပာေနတာ ဒါေတြကေတာ့ မျဖစ္သင့္ဘူးထင္တယ္”

လူထုနဲ႔ မကင္းကြာေအာင္ အစိုးရနဲ႔ NLD က တမင္ဖန္တီးယူတာ မဟုတ္သလို တကယ္တမ္း ဒီအေျခအေနကို အေကာင္းဆုံး မထိန္းခ်ဳပ္ႏိုင္ခဲ့ရင္ NLD ဟာ လာမယ့္ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္မႈေတြကို ရင္ဆိုင္ရမွာျဖစ္တယ္လို႔ မွတ္ခ်က္ေပးသူေတြလည္း ရွိပါတယ္။

ဒီအေျခအေနဆိုးအေပၚ အတိုင္ပင္ခံပုဂၢိဳလ္က အေကာင္းဆုံး အသုံးခ်သြားႏိုင္တာလို႔ NLD ပါတီကို ေထာက္ခံသူ ေတြက ေျပာပါတယ္။

သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္ကလည္း အစိုးရဘက္က လူထုေထာက္ခံမႈရေအာင္ ေဆာင္႐ြက္ခဲ့တာပဲလို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေအာင္သိန္း (မိတၳီလာ) က ေျပာပါတယ္။

“လူထုက မူလကတည္းက ဘယ္ေလာက္အထိ လက္ခံထားသလဲ ဆိုတဲ့အပိုင္းမွာပဲ အေျခခံမယ္လို႔ ယူဆတယ္ေလ။ သမၼတႀကီး ဦးသိန္းစိန္ လက္ထက္တုန္းကလည္း သမၼတႀကီး ဦးသိန္းစိန္က မဲဆြယ္ပြဲ မတိုင္ခင္မွာ ခရီးေတြသြားတယ္၊ မိန႔္ခြန္းေတြ ေျပာတယ္၊ လႉဒါန္းမႈေတြ လုပ္တယ္၊ မိတၳီလာမွာလာၿပီး ဘုရားေတာင္တည္ၿပီးေတာ့ ႏွစ္ႀကိမ္ေလာက္ကို ျပန္လာတယ္၊ ဒါက ႏိုင္ငံေတာ္အႀကီးအကဲ တစ္ေယာက္ အေနနဲ႔လုပ္တာ၊ ပါတီအႀကီးအကဲ အေနနဲ႔ မဟုတ္ဘူး။ သို႔ေသာ္လည္း ပါတီစည္း႐ုံးေရးအတြက္ကို အေထာက္အကူ ျပဳသြားတယ္ဆိုရင္ေတာ့ သူရဲ႕ ကံတရားေပါ့ေလေနာ္”

ေ႐ြးေကာက္ပြဲဝင္မယ့္ ပါတီတိုင္းက တန္းတူအခြင့္အေရး ရွိသင့္တယ္လို႔ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည္ေရးအဖြဲ႕ တစ္ခုျဖစ္တဲ့ ေ႐ြးေကာက္ပြဲ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႕ PACE ရဲ႕ အမႈေဆာင္ ဒါ႐ိုက္တာ စိုင္းရဲေက်ာ္စြာျမင့္က ေျပာပါတယ္။

“ေ႐ြးေကာက္ပြဲ အႀကိဳကာလမွာ ပါတီတိုင္းကေနၿပီးေတာ့ တန္းတူအခြင့္အေရးရဖို႔ အတြက္က အေရးႀကီး တယ္။ အစိုးရျဖစ္ေနတဲ့ ပါတီနဲ႔ အစိုးရမဟုတ္တဲ့ပါတီ အဲႏွစ္ခုၾကားမွာ တန္းတူညီမွ် ျဖစ္ဖို႔လိုတယ္။ ေနာက္ တစ္ခုကက်ေတာ့ ရန္ပုံေငြႂကြယ္ဝတဲ့ ပါတီနဲ႔ ရန္ပုံေငြမရွိတဲ့ ပါတီ၊ အဲဒီႏွစ္ခုၾကားမွာလည္း တူညီဖို႔လိုတယ္။ အစိုးရျဖစ္ေနတဲ့ ပါတီက်ေတာ့လည္း သူ႔မွာ အစိုးရပိုင္ သတင္းမီဒီယာရွိတယ္။ အစိုးရပိုင္သတင္းစာေတြကို အနိမ့္ဆုံးအဆင့္ေတာ့ သုံးခ်င္တယ္ဆို သုံးခြင့္ရွိေနတယ္။ ကိုဗစ္နဲ႔ ပတ္သက္လို႔ ဘာလုပ္တယ္၊ ညာလုပ္ တယ္ဆိုရင္ ဒီအစိုးရအေၾကာင္းကို ေပၚေနမယ္။ က်န္တဲ့သူေတြက်ေတာ့ အဲဒီအခြင့္အေရး မရဘူး”

ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD အစိုးရဟာ ကပ္ေရာဂါျဖစ္ပြားခ်ိန္မွာ လွ်ပ္စစ္မီတာခ ေကာက္ခံမႈ ေတြကို အတိုင္းအတာတစ္ခုအထိ ကင္းလြတ္ခြင့္ေပးေနၿပီး အေျခခံလူတန္းစားေတြကို စားေသာက္ကုန္ေတြ ေထာက္ပံ့ေပးခဲ့သလို လက္ရွိမွာလည္း ေငြေၾကးေထာက္ပံ့ေပးဖို႔ စီစဥ္ေနပါတယ္။

ကပ္ေဘးမႀကဳံေတ့ြခင္ကာလမွာ ျမန္မာႏိုင္ငံဟာ ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ႏိုင္ငံတကာအလယ္မွာ ပုံရိပ္က်ဆင္းၿပီး ေဒၚေအာင္ဆန္းစုၾကည္အေပၚ ျပည္ပေထာက္ခံမႈ ေလ်ာ့က် ေနေပမယ့္ ဒီကပ္ေဘးကာလအတြင္း ကိုင္တြယ္စီမံပုံနဲ႔  လူထုအေပၚ ေထာက္ပံ့မႈေတြေၾကာင့္ အတိုင္ပင္ခံပုဂၢိဳလ္ အေပၚ ျပည္တြင္းေထာက္ခံမႈေတြကေတာ့ အတိုင္းအတာ တစ္ခုအထိ ျမင့္တက္ေနပါတယ္။

ေဝမာထြန္း / RFA Burmese
------------------------------------------
(Unicode)⤵⤵⤵
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကပ်ဘေးဦးဆောင်မှုကို မတူညီတဲ့ တုံ့ပြန်ချက်များရှိနေ

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကာလမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် လူထုထောက်ခံမှု မြင့်တက်နေသလို ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

အွန်လိုင်းလူမှုကွန်ရက်ကို လူသိရှင်ကြား အသုံးပြုမှု မရှိခဲ့တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကပ်ရောဂါကာလမှာတော့ လူထုအသံကို တိုက်ရိုက်ကြားသိနိုင်ပြီး လူအများအပြားကို တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ Facebook ကို အသုံးပြုလာပါတယ်။

ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်နိုင်ဖို့ လက်ဆေးပြတာ၊ လူတိုင်းနှာခေါင်းစည်း တပ်ဆင်လာအောင် စည်းရုံးတဲ့ အနေနဲ့ ကိုယ်တိုင်အဝတ်နှာခေါင်းစည်း ချုပ်ပြတာမျိုးတွေ လုပ်ခဲ့တာကြောင့် သူရဲ့ကပ်ရောဂါကို ကိုင်တွယ် ဖြေရှင်းပုံဟာ တခြားနိုင်ငံက ခေါင်းဆောင်တွေနဲ့ မတူဘဲ တမူထူးခြားတယ်ဆိုတဲ့ ထောက်ခံတဲ့ အမြင်တွေ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှာခေါင်းစည်းချုပ်ပြိုင်ပွဲမှာ သံတမန်မိသားစုတချို့တောင် ပါဝင်ခဲ့ပါတယ်။

တဖက်မှာလည်း ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကစပြီး အတိုင်ပင်ခံဟာ ရောဂါထိန်းချုပ်ရေး ဆောင်ရွက်နေတဲ့ ကျန်းမာ ရေး ဝန်ထမ်းတွေ၊ စေတနာရှင်တွေ၊ အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ ရောဂါခံစားနေရသူတွေ၊ ရောဂါကြောင့် ထိခိုက်ရတဲ့ လုပ်ငန်းနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေကို တူရာတူရာ အဖွဲ့အစည်းအလိုက် အွန်လိုင်းကနေ  ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

ဒီဆွေးနွေးပွဲတွေကို လူထုသိရှိနိုင်အောင် လူမှုကွန်ယက်ကနေ တိုက်ရိုက်ထုတ်လွှင့်သလို နိုင်ငံပိုင် မီဒီယာတွေ ကနေလည်း ပြသခဲ့ပါတယ်။

အခု မေလ တတိယအပတ် မတိုင်ခင်မှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ဒေသအသီးသီး၊ ကဏ္ဍအသီးသီးက ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပွဲပေါင်း ၂၀ နီးပါး ပြုလုပ်ခဲ့ပြီးပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုနဲ့ တိုက်ရိုက်ထိတွေ့ဆောင်ရွက်မှုတွေကြောင့် ကပ်ရောဂါ ထိန်းချုပ်ရေးဟာ အများကြီး ထိရောက်ခဲ့တယ်လို့ Yangon Covid-19 Volunteer Team အဖွဲ့ခေါင်းဆောင် စာရေးဆရာ ထင်လင်းဦးက ပြောပါတယ်။

“ထိရောက်မှုကတော့ အများကြီးရှိတယ်။ လက်ဆေးတာကအစ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ဆေး ပြတယ်။ ရိုက်ကူးပြီး ထုတ်လွှင့်တယ်။ အဲတော့ လူတွေက စနစ်တကျ လက်ဆေးတယ်။ Mask တွေ တပ်တယ်။ ဒါတွေက သူရဲ့ စွမ်းဆောင်မှုအပိုင်းက အများကြီး ပြည်သူလူထုကို စိတ်ဓါတ်အင်အားပေးတယ်။ ခေါင်းဆောင် ရဲ့ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံမှုနဲ့ ပြည်သူလူထုကို အသိပညာပေးမှုဟာ ဒီကိုဗစ်ကာလမှာ အများကြီး အကျိုးရှိတယ်လို့ ပြောချင်ပါတယ်”

ဒီလိုသဘောကျနှစ်ခြိုက်မှုတွေရှိပေမယ့် တဖက်မှာလည်း လူထုနဲ့ တိုက်ရိုက်ထိတွေ့ပြောဆိုတာကို အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဆောင်ရွက်တာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက် မဲဆွယ်စည်းရုံးတဲ့ အသွင် သဏ္ဍန်ဆောင်နေတယ်လို့ ဝေဖန်သူတချို့လည်း ရှိပါတယ်။

ဒါဟာ  ရွေးကောက်ပွဲ မတိုင်ခင် အကြိုကာလမှာ တခြားယှဉ်ပြိုင်ဖက်ပါတီတွေအတွက် မမျှတတဲ့ အခင်းအကျင်း ကို ဖန်တီးရာ ရောက်တယ်လို့ တချို့က ဝေဖန်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်အတွက် သမ္မတက လူလုံးထွက်ပြီး ပြောဆိုတာမျိုးမရှိဘဲ အတိုင်ပင်ခံ ကသာ ပြောဆိုနေတဲ့အပေါ် ဝေဖန်ကြသလို ဒီလိုဆွေးနွေးပွဲစကားဝိုင်းတွေကို ပညာရှင်တွေကသာ ဦးဆောင် ဆွေးနွေးသင့်တယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အများပြည်သူ ထိတွေ့နိုင်မယ့် လမ်းကြောင်းတွေကို နည်းလမ်းမျိုးစုံနဲ့ ဖွင့်ပေးထား တာဟာ ကျန်တဲ့ပါတီတွေအတွက် အခက်အခဲဖြစ်စေတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

“WHO က ကြေညာတဲ့နေ့ရောက်မှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ကွင်းမဆင်းတော့ဘူး။ သို့သော်လည်းပဲ သူက Facebook အကောင့်ဖွင့်တယ်။ ပြီးရင် quarantine ဝင်နေတဲ့ပုဂ္ဂိုလ်တွေ၊ လုပ်အားပေးအဖွဲ့တွေနဲ့ နိုင်ငံပိုင်မီဒီယာကနေပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကြီး တောက်လျှောက် သူ အားပေးစကားတွေ ပြောတယ်။ ပြောရမယ်ဆိုရင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က NLD ပါတီရဲ့ ဥက္ကဋ္ဌဖြစ်တယ်။ အစိုးရဖြစ် ခြင်းရဲ့ အားသာချက်အပေါ် အသုံးပြုတာ ကျွန်တော်တို့ မဝေဖန်လိုသော်လည်းပဲ ပြောရရင် လက်ရှိအာဏာရ ပါတီနဲ့ ကျန်တဲ့ အတိုက်အခံပါတီတွေ လုံးဝကို ယှဉ်လို့မရတဲ့ အနေအထား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေ ထိတွေ့နိုင်မယ့် လမ်းကြောင်းကို နည်းလမ်းမျိုးစုံနဲ့ ဖွင့်ပေးထားတာကိုက ကျန်တဲ့ပါတီတွေက အခက်အခဲ အများကြီးရှိပါတယ်”

RFA ရဲ့ မေးမြန်းမှုအပေါ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဆောင်ရွက်မှုတွေဟာ တခြားယှဉ်ပြိုင်ဘက်ပါတီတွေအတွက် အခက်အခဲတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“Facebook သုံးတာတို့၊ လက်ဆေးပြီး ပညာပေးဆောင်ရွက်တဲ့ကိစ္စတွေ ဒီကိစ္စတွေဟာလည်း ရွေးကောက်ပွဲ အတွက် အထောက်အကူ ဖြစ်သင့်သလောက်တော့ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ ဒီလို သူ့အနေနဲ့ ဆောင် ရွက်နေခြင်းဟာ ဒီကိစ္စဟာ အရေးကြီးကိစ္စတစ်ခု ဖြစ်တယ်လို့ ယူဆပြီး ဆောင်ရွက်နေတယ်လို့ ထင်ပါတယ်။ အခြားယှဉ်ပြိုင်ဘက် ပါတီတွေအတွက်လည်း အခက်အခဲတွေ ဖြစ်နိုင်တာ သေချာပါတယ်။ ပြည်သူတွေနဲ့ ပါတီတွေကလည်း သိပ်တော့ မအကြပါဘူး။ ပြည်သူတွေ လိုလားတာက လွတ်လပ်ပြီး တရားမျှတတဲ့ ယှဉ်ပြိုင်မှုတွေ ဖြစ်စေချင်တယ်လို့ ကြားသိနေရတာ ရှိပါတယ်”

သူရဦးရွှေမန်း ကိုယ်တိုင်လည်း ကပ်ရောဂါနဲ့ ပတ်သက်လို့ ပါတီတွင်း မိသားစု စကားဝိုင်းတွေကို သူရဲ့လူမှု ကွန်ရက် စာမျက်နှာကနေတဆင့် ဧပြီလ တတိယအပတ်က စတင်လုပ်ဆောင်လာတာမှာ မေလ ၁၉ ရက်နေ့အထိ ဆွေးနွေးပွဲ ၁၀ ပွဲလောက် ရှိနေပါပြီ။

မကြုံတွေ့ဖူးတဲ့ ကပ်ရောဂါကို ဖြတ်ကျော်နေရတဲ့ကာလမှာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့  အခက်အခဲတွေကို သိလိုတာကြောင့် ဒီလိုဆောင်ရွက်ဖြစ်တာလို့ သူရဦးရွှေမန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကပ်ရောဂါထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေကို မဲဆွယ်စည်းရုံးမှုအဖြစ် ပြောဆို တာဟာ မသင့်လျော်ဘူးလို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

“ပြောရလို့ရှိရင်တော့ ကျွန်တော်တို့ ခေါင်းဆောင်အပေါ်မှာ ဘယ်လိုမှ အပြစ်ရှာစရာမလိုတဲ့ အလုပ်ပဲဗျ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့လုပ်နေတာတွေဟာ ဘယ်နိုင်ငံခေါင်းဆောင်မှ မလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်တယ်။ ပြည်သူလူထုနဲ့ တကယ်ထိတွေ့ပြီး လုပ်တယ်လို့ပဲ ကျွန်တော်တော့ အဲလိုပဲ မှတ်ချက်ချချင်တယ်။ ဒီကာလမှာဘယ်သူက ဘယ်လောက်အလုပ်လုပ်သလဲ။ သူအလုပ်လုပ်တဲ့ဟာပေါ်မှာ လူထုက ဘယ်လောက်ထိ လိုက်ပါမှုရှိသလဲဆိုတာ ဒါသက်သေပြနေတာပဲ။ NLD က ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီးလုပ် တယ်ဆိုရင် နောက်ကလိုက်ပါပြီးလုပ်နေကြတာပဲ။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအတွက် မဲဆွယ်သယောင်ယောက် လိုက်ပြောနေတာ ဒါတွေကတော့ မဖြစ်သင့်ဘူးထင်တယ်”

လူထုနဲ့ မကင်းကွာအောင် အစိုးရနဲ့ NLD က တမင်ဖန်တီးယူတာ မဟုတ်သလို တကယ်တမ်း ဒီအခြေအနေကို အကောင်းဆုံး မထိန်းချုပ်နိုင်ခဲ့ရင် NLD ဟာ လာမယ့်ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ မှတ်ချက်ပေးသူတွေလည်း ရှိပါတယ်။

ဒီအခြေအနေဆိုးအပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်က အကောင်းဆုံး အသုံးချသွားနိုင်တာလို့ NLD ပါတီကို ထောက်ခံသူ တွေက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း အစိုးရဘက်က လူထုထောက်ခံမှုရအောင် ဆောင်ရွက်ခဲ့တာပဲလို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း (မိတ္ထီလာ) က ပြောပါတယ်။

“လူထုက မူလကတည်းက ဘယ်လောက်အထိ လက်ခံထားသလဲ ဆိုတဲ့အပိုင်းမှာပဲ အခြေခံမယ်လို့ ယူဆတယ်လေ။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းကလည်း သမ္မတကြီး ဦးသိန်းစိန်က မဲဆွယ်ပွဲ မတိုင်ခင်မှာ ခရီးတွေသွားတယ်၊ မိန့်ခွန်းတွေ ပြောတယ်၊ လှူဒါန်းမှုတွေ လုပ်တယ်၊ မိတ္ထီလာမှာလာပြီး ဘုရားတောင်တည်ပြီးတော့ နှစ်ကြိမ်လောက်ကို ပြန်လာတယ်၊ ဒါက နိုင်ငံတော်အကြီးအကဲ တစ်ယောက် အနေနဲ့လုပ်တာ၊ ပါတီအကြီးအကဲ အနေနဲ့ မဟုတ်ဘူး။ သို့သော်လည်း ပါတီစည်းရုံးရေးအတွက်ကို အထောက်အကူ ပြုသွားတယ်ဆိုရင်တော့ သူရဲ့ ကံတရားပေါ့လေနော်”

ရွေးကောက်ပွဲဝင်မယ့် ပါတီတိုင်းက တန်းတူအခွင့်အရေး ရှိသင့်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

“ရွေးကောက်ပွဲ အကြိုကာလမှာ ပါတီတိုင်းကနေပြီးတော့ တန်းတူအခွင့်အရေးရဖို့ အတွက်က အရေးကြီး တယ်။ အစိုးရဖြစ်နေတဲ့ ပါတီနဲ့ အစိုးရမဟုတ်တဲ့ပါတီ အဲနှစ်ခုကြားမှာ တန်းတူညီမျှ ဖြစ်ဖို့လိုတယ်။ နောက် တစ်ခုကကျတော့ ရန်ပုံငွေကြွယ်ဝတဲ့ ပါတီနဲ့ ရန်ပုံငွေမရှိတဲ့ ပါတီ၊ အဲဒီနှစ်ခုကြားမှာလည်း တူညီဖို့လိုတယ်။ အစိုးရဖြစ်နေတဲ့ ပါတီကျတော့လည်း သူ့မှာ အစိုးရပိုင် သတင်းမီဒီယာရှိတယ်။ အစိုးရပိုင်သတင်းစာတွေကို အနိမ့်ဆုံးအဆင့်တော့ သုံးချင်တယ်ဆို သုံးခွင့်ရှိနေတယ်။ ကိုဗစ်နဲ့ ပတ်သက်လို့ ဘာလုပ်တယ်၊ ညာလုပ် တယ်ဆိုရင် ဒီအစိုးရအကြောင်းကို ပေါ်နေမယ်။ ကျန်တဲ့သူတွေကျတော့ အဲဒီအခွင့်အရေး မရဘူး”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရဟာ ကပ်ရောဂါဖြစ်ပွားချိန်မှာ လျှပ်စစ်မီတာခ ကောက်ခံမှု တွေကို အတိုင်းအတာတစ်ခုအထိ ကင်းလွတ်ခွင့်ပေးနေပြီး အခြေခံလူတန်းစားတွေကို စားသောက်ကုန်တွေ ထောက်ပံ့ပေးခဲ့သလို လက်ရှိမှာလည်း ငွေကြေးထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။

ကပ်ဘေးမကြုံတေ့ွခင်ကာလမှာ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာအလယ်မှာ ပုံရိပ်ကျဆင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်ပထောက်ခံမှု လျော့ကျ နေပေမယ့် ဒီကပ်ဘေးကာလအတွင်း ကိုင်တွယ်စီမံပုံနဲ့  လူထုအပေါ် ထောက်ပံ့မှုတွေကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ် အပေါ် ပြည်တွင်းထောက်ခံမှုတွေကတော့ အတိုင်းအတာ တစ်ခုအထိ မြင့်တက်နေပါတယ်။

ဝေမာထွန်း / RFA Burmese
https://www.rfa.org/burmese/news/dassk-discuss-corona-05192020061513.html
ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကပ္ေဘးဦးေဆာင္မႈကို မတူညီတဲ့ တုံ႔ျပန္ခ်က္မ်ားရွိေန ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကပ္ေဘးဦးေဆာင္မႈကို မတူညီတဲ့ တုံ႔ျပန္ခ်က္မ်ားရွိေန Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.