မိုင်းဆတ်-တာချီလိတ်လမ်း၊ လွယ်ဆမ်ဆုံတောင်အဆင်း၌ လမ်းလုပ်သားယာဉ်တိမ်းမှောက်(၁၀)ဦးသေဆုံး ကိုးဦးဒဏ်ရာရ


(Unicode)⤵⤵⤵
မိုင်းဆတ်    မေ   ၂၆

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ်လမ်း လွယ်ဆုံတောင်အဆင်း၊ ပါခါး ကျေးရွာအနီးတွင်  ယနေ့နံနက်(၈)နာရီ(၄၅)မိနစ်ခန့်က လမ်းလုပ်သားများစီးနှင်းလိုက်ပါလာသည့် ယာဉ်တိမ်း မှောက်မှုကြောင့် လမ်းလုပ်သား(၁၀)ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ လမ်းလုပ်သား ဇေယျာဦး မောင်နှင်သည့် ယာဉ်အမှတ်-၉ဌ/- - - - တစ်လုံးထိုးအပြာရောင် မြေသယ်ယာဉ်သည် မိုင်းဆတ်-တာချီလိတ်လမ်း လွယ်ဆမ်ဆုံတောင်အဆင်း မိုင်တိုင်အမှတ်(၃၀.၅)ကီလိုမီတာနှင့် (၃၁.ဝ)ကီလိုမီတာကြား ပါခါးကျေးရွာအနီး အရောက်တွင် ကားဂီယာချို့ယွင်းပြီး လမ်း၏ယာဘက်ပေ(၂၀၀)ခန့် အနက်ရှိချောက်ထဲသို့ ထိုးကျသွားသွားသဖြင့် ယာဉ်ပေါ်ပါ လမ်းလုပ်သား ကျား(၉)ဦးနှင့် မ(၁၀)ဦးအနက် ကျား(၃)ဦး နှင့် မ(၆)ဦးတို့သည် နေရာတွင်ပွဲချင်းပြီးသေဆုံး၍ ဒဏ်ရာရရှိသူ ကျား(၆)ဦးနှင့် မ(၄)ဦးတို့အား မိုင်းဆတ်မြို့ ပြည်သူ့ ဆေးရုံသို့ပို့ဆောင်စဉ် မ(၁)ဦးထပ်မံသေဆုံးသွားခဲ့သည်။

 အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် မိုင်းဆတ်မြို့နယ်၊ နောင်ဖာကျေးရွာမှ မောင်ဇော်လင်းဦး(၁၄)နှစ်၊ မောင် ငတူး(၁၄)နှစ်၊ မဇင်မျိုးထွန်း(၂၆)နှစ်၊ မငယ်(ခ)မခင်ဖြိုးဝေ(၂၉)နှစ်၊ မငယ်ကြီး(၄၃)နှစ်၊ မဘုတ်ကြီး(၄၃)နှစ်၊  ကာန ကျေးရွာမှ မလေးလေးမြင့်(၄၃)နှစ်၊ မစန်းထွေး(၃၁)နှစ်၊ သာစည်မြို့နယ်မှ မမွန်မွန်အေး(၂၆)နှစ်နှင့် မြစ်ကြီးနားမြို့မှ မောင်မျိုးကျော်လွင်(၃၈)နှစ်တို့(၁၀)ဦးသေဆုံးခဲ့သည်။

မိုင်းဆတ်မြို့နယ်၊ နောင်ဖာကျေးရွာမှ မသူဇာ(၁၅)နှစ် ယာခြေဖမိုး စုတ်ပြဲ၊ တင်ပဆုံနာကျင်၊ မောင်ဝင်းမင်း အောင်(၁၉)နှစ် ခါးရိုးကျိုး၊ မောင်ဖိုးသောကြာ(၁၈)နှစ် နဖူးပေါက်ပြဲ၊ မောင်စောဖိုးခွား(၁၇)နှစ် ယာလက်ပွန်းပဲ့ဒဏ်ရာ၊ ကာနကျေးရွာမှ မနန်းဝင်းအေး(၂၆)နှစ် ခါးရိုးကျိုး၊ မသဲစု(၁၅)နှစ် လက်နှစ်ဖက်ကျိုး၊ ယာခြေကျိုး၊ မောင်ဟိန်းထက် ဆွေ(၂၃)နှစ် ဆီးခုံရိုးကျိုး၊ မောင်ဖိုးသား(၁၉)နှစ် ခါးဆစ်လွှဲနှင် သာစည်မြို့နယ်မှ ယာဉ်မောင်း ဇေယျာဦး(၂၆)နှစ် ဝဲလက်ဖျံရိုး ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသဆောင်ရွက်ပေးလျက်ရှိသည်။

 ယာဉ်မဆင်မခြင်မောင်းနှင်းသူ ဇေယျာဦး(၂၆)နှစ် (ဘ)ဦးမောင်ဝေ၊ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာနေသူ အား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

IPRD-Mong Hsat
-------------------------------------------
(Zawgyi)⤵⤵⤵

မိုင်းဆတ်    မေ   ၂၆






IPRD-Mong Hsat
မိုင်းဆတ်-တာချီလိတ်လမ်း၊ လွယ်ဆမ်ဆုံတောင်အဆင်း၌ လမ်းလုပ်သားယာဉ်တိမ်းမှောက်(၁၀)ဦးသေဆုံး ကိုးဦးဒဏ်ရာရ မိုင်းဆတ်-တာချီလိတ်လမ်း၊ လွယ်ဆမ်ဆုံတောင်အဆင်း၌ လမ်းလုပ်သားယာဉ်တိမ်းမှောက်(၁၀)ဦးသေဆုံး ကိုးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.