ဗကသဟာ လူထုနဲ႔အတူရပ္တည္ေနေၾကာင္း အဖြဲ႔တည္ေထာင္ျခင္း ၈၄ ျပည့္မွာေျပာ

ဗကသမ်ားအဖြဲ႔ခ်ဳပ္တည္ေထာင္တဲ့ ၈၄ႏွစ္ျပည့္ ထုတ္ျပန္ခ်က္ (All Burma Federation of Student Unions - cec)

(Zawgyi/Unicode)

ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ (ဗကသ) စတင္တည္ေထာင္ခဲ့တာ ေမလ ၈ ရက္ေန႔မွာ ၈၄ ႏွစ္ျပည့္ သြားၿပီျဖစ္ပါတယ္။ ဒီေန႔ကာလမွာ ဗကသ ေက်ာင္းသားေတြအေနနဲ႔ ဘယ္လိုလုပ္ေဆာင္ခ်က္ေတြ ရွိေနပါသလဲ၊ ၈၄ ႏွစ္ျပည့္ အထိမ္းအမွတ္ လူထုကို ဘာေတြမ်ား ပန္ၾကားထားပါသလဲဆိုတာ မ ဆုမြန္ ေျပာျပမွာပါ။

ဗမာႏိုင္ငံလံုးဆုိင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ပ္ (ဗကသ)အေနနဲ႔ ဒီမိုကေရစီနဲ႔လူ႔အခြင့္အေရးအျပည့္အဝမရႏုိင္ေသးပဲ စစ္အာဏာရွင္ လႊမ္းမိုးမႈေတြနဲ႔ ရင္ဆိုင္ေနရဆဲျမန္မာျပည္ ဒီမိုကေရစီ စနစ္ေျပာင္းလဲေရးဗကသရဲ႕မူဝါဒေတြအတုိင္း လူထုေရွ႕က ဆက္လက္ ရပ္တည္သြားမွာျဖစ္သလို COVID-19 ကမာၻ႔ကပ္ေရာဂါ နဲ႔ရင္ဆိုင္ေနရတဲ့ ျမန္မာျပည္သူေတြအေရးလည္း ေက်ာင္းသားေတြက ကူညီေဆာင္ရြက္ ေပးေနၾကတယ္လို႔ဗကသမ်ားအဖြဲ႔ခ်ဳပ္တည္ေထာင္တဲ့ ၈၄ႏွစ္ျပည့္ ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။

အဓိကကေတာ့ ျပည္သူလူထုနဲ႔ပူးေပါင္းျပီး သဘာဝေဘးအႏၱရာယ္ ကပ္ေဘးေရာဂါကာကြယ္ေရးေတြမွာ လူထုနဲ႔ ပူးေပါင္းေဆာင္ရြက္ေန တယ္လို႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္ ဗမာႏိုင္ငံလံုးဆုိင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ (ဗကသ)ရဲ႕ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ ဒုဥကၠ႒ ကုိေဝယံၿဖိဳးမုိးက ဗီြအိုေအကို ေျပာပါတယ္။

“ကိုဗစ္ကာလမွာက်ေနာ္တို႔ အဓိကေတာ့ ေက်ာင္းသားသမဂၢအဖြဲ႔ဝင္ေတြက ကိုဗစ္ကာကြယ္ေရး ျပည္သူလူထုနဲ႔ပူးေပါင္းၿပီး လက္ေဆးတဲ့ Hand Gel sanitizer ေတြေဝတာ လက္အိပ္ေတြ ႏွာေခါင္းစြပ္ေတြ ေဝတာေတြ လုပ္ပါတယ္။သက္ဆုိင္ရာေဒသေတြအလိုက္ သမဂၢေက်ာင္းသားေတြ က လူထုနဲ႔အတူ လိုက္ၿပီး ကူညီေဆာင္ရြက္ေပးတာရွိပါတယ္။တဘက္ကေန COVID-19 ကာကြယ္ႏုိင္ေရးအတြက္ကိုေပါ့။ နယ္ဘက္ေတြမွာလည္း ၿမိဳ႕အဝင္ဂိတ္ေတြမွာ ကူညီေပးတာ ေဆာင္ရြက္ေပးတာ အဲ့လိုမ်ိဳးေတြ ရွိပါတယ္။”

လက္ရွိ တိုင္းျပည္မွာ လူထုအစိုးရအုပ္ခ်ဳပ္ေနခ်ိန္ျဖစ္ေပမဲ့ လူထုက အခုအခ်ိန္အထိ ဒီမိုကေရစီနဲ႔လူ႔အခြင့္အေရး အျပည့္အဝမရေသးတဲ့ အေျခအေနျဖစ္ေနတာေၾကာင့္ စစ္အာဏာရွင္ လႊမ္းမိုးမႈေတြခံေနရတဲ့ အဓိကအေျခခံျဖစ္ေနတဲ့ ၂၀၀၈ အေျခခံဥပေဒဖ်က္သိမ္းေရး ျမန္မာျပည္ ၿငိမ္းခ်မ္းေရး ေက်ာင္းသား၊ အလုပ္သမားထု အခြင့္အေရးအျပည့္အဝရရွိေရး အလုပ္သမား ေက်ာင္းသားသမဂၢေတြကို မတရားဖိႏွိပ္ အေရးယူ တရားစြဲေနတဲ့လုပ္ရပ္ေတြ ရပ္တန္႔ေစေရးတို႔အတြက္လည္း ဗကသမ်ားအဖြဲ႔ခ်ဳပ္က ေတာင္းဆိုပါတယ္။

“ NLD အစိုးရကစစ္အုပ္စုနဲ႔ေပါင္းေနတဲ့အေျခအေနေတြကို က်ေနာ္တို႔ေတြ႔ရတယ္ လက္ရွိ က်ေနာ္တို႔ ျမန္မာျပည္ရဲ႕အေျခအေနက စစ္အာဏာရွင္စနစ္ရဲ႕ လက္ေအာက္မွာပဲ ရွိေနေသးတယ္။ က်ေနာ္တုိ႔ လူမ်ိဳးေပါင္းစံု ျပည္သူလူထုတရပ္လံုးက ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးအျပည့္အဝ မရရွိေသးဘူး။ က်ေနာ္တို႔မွာက ျပည္တြင္းစစ္မီးကလည္း လက္ရွိအေျခအေနအထိ မၿပီးေသးဘူး။ ျပည္တြင္းစစ္ကို တဘက္သတ္ ထုိးစစ္ဆင္တိုက္ခိုက္ေနတာကလည္း လက္ရွိ စစ္တပ္သာလွ်င္ျဖစ္တယ္။ ဒီလိုအေျခအေနမွာ ဥပေဒအရ အခုိင္အမာ အကာအကြယ္ျပဳထားတဲ့ ၂၀၀၈ အေျခခံဥပေဒဖ်က္သိမ္းေရးကို က်ေနာ္တို႔အေနနဲ႔ အင္တုိက္အားတုိက္ကို လုပ္ေဆာင္ၾကရလိမ့္မယ္။ လက္ရွိျမန္မာျပည္မွာျဖစ္ေနတဲ့ လူမႈစီးပြားျပသနာေတြ ေျမသိမ္းယာသိမ္းျပသနာေတြ လူထုရဲ႕ ေန႔စဥ္လူမႈဘဝစီးပြားေရးက်ပ္တည္းေနရတာေတြရဲ႕ အဓိက တရားခံျဖစ္တဲ့ စစ္အာဏာရွင္စနစ္ က်ေနာ္တို႔ျမန္မာျပည္သူေတြ ရင္ဆိုင္ေနရတဲ့ ဒုကၡသုကၡေပါင္းစံုရဲ႕ျပသနာအရင္းျမစ္ျဖစ္တဲ့ ၂၀၀၈ အေျခခံဥပေဒဖ်က္သိမ္းေရးကို လူထုအားနဲ႔ဖ်က္သိမ္းမွာသာ ရႏုိင္မွာလို႔ လူထုကို တိုက္တြန္းလိုပါတယ္။”
COVID ကာကြယ္ရန္ စိုက္ပ်ိဳးေရးသိပၸံ - ပ်ဥ္းမနားေက်ာင္းသားမ်ားသမဂၢမွ လႈပ္ရွား

အျမဲတမ္းလူထုဘက္က ရပ္တည္ေဆာင္ရြက္ခဲ့တဲ့ ဗကသရဲ႕မူအတုိင္း ျပည္သူေတြဘက္က အျမဲရပ္တည္လႈပ္ရွားေနၾကတာျဖစ္လို႔ ျပည္သူေတြၾကား အျမင္လြဲမွားမႈေတြရွိေနရင္လည္း ေျပေပ်ာက္ေစခ်င္ပါတယ္လို႔ ပညာေရးျပဳျပင္ေျပာင္းလဲေရး ဦးေဆာင္လႈပ္ရွားသူတဦးျဖစ္တဲ့ ဗကသမ်ားအဖြဲ႔ခ်ဳပ္ ဗမာႏိုင္ငံလံုးဆုိင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ (ဗကသ)ဗဟိုေကာ္မတီဝင္ေဟာင္း ကိုမင္းေသြးသစ္ကလည္း ဗကသ (၈၄)ႏွစ္ျပည့္မွာ ေျပာဆိုပါတယ္။

“ ျပည္သူကိုေျပာခ်င္တာကေတာ့ ဗကသမ်ားအဖြဲ႔ခ်ဳပ္နဲ႔ပတ္သက္ၿပီးေတာ့ လက္ရွိအေျခအေနမွာ ေက်ာင္းသားနဲ႔ျပည္သူၾကားမွာ အျမင္လြဲမွားစရာေတြ ရွိေနတာမို႔ က်ေနာ္တို႔ေျပာခ်င္တာက ဗကသဆိုတာ တေလ်ာက္လံုးက ျပည္သူ႔ဘက္က ရပ္တည္ေပးခဲ့တဲ့အဖြဲ႔ခ်ဳပ္ျဖစ္တယ္ ဗကသဆိုတာ မူကိုပဲ လိုက္နာတယ္ လမ္းစဥ္ကိုပဲေလ်ာက္ၾကတယ္။ ဗကသဆိုတာသည္ လူထုကိုပဲရပ္တည္ခဲ့တယ္ဆိုတာ သမိုင္းေၾကာင္းနဲ႔ခ်ီ သက္ေသရွိတဲ့အတြက္ လူထုအေနနဲ႔ အယူအဆမတူ ကြဲျပားမႈေတြအေပၚမွာ က်ေနာ္တို႔ ေက်ာင္းသားသမဂၢေတြကို အျမင္လြဲမွားမႈ မျဖစ္ေစခ်င္ဘူး။ ဗကသဟာ ေခတ္အဆက္ဆက္ေက်ာင္းသားေတြ ေလွ်ာက္ၾကမယ့္လမ္းအတုိင္း က်ေနာ္တို႔ ဆက္ေလွ်ာက္ၾကမွာျဖစ္တယ္။ ဒါေၾကာင့္ ျပည္သူလူထုအေနနဲ႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္နဲ႔ သမဂၢေက်ာင္းသားေတြကို ယံုၾကည္မႈအျပည့္ရွိၾကပါ ျပည္သူဘက္က တေလ်ာက္လံုး ရပ္တည္ခဲ့တယ္ ေနာင္လည္းအျမဲရပ္တည္သြားမွာပါလို႔ေျပာခ်င္ပါတယ္။ သမဂၢေက်ာင္းသားေတြကိုလည္း က်ေနာ္တို႔ အရင္ ေနာင္ေတာ္ၾကီးေတြ ေက်ာင္းသားသမဂၢေတြ ဘယ္လိုခံယူ ရပ္တည္က်င့္သံုးခဲ့တယ္ ဆိုတာ ေလ့လာသိရွိရသလိုပဲ သူတို႔လို ႏုိင္ငံေရးကိုယ္က်င့္သိကၡာရွိေအာင္ ၾကိဳးစားၾကပါ သူတို႔ လမ္းစဥ္အတိုင္း ေရွးရႈ႕ရပ္တည္ၿပီး ေနထိုင္က်င့္ၾကံေျပာဆိုၾကဖို႔လိုတယ္လို႔ အၾကံေပးခ်င္ပါတယ္။”

လြန္ခဲ့တဲ့၁၉၃၆ ခုႏွစ္ ေမလ ၈ ရက္ေန႔ကစလို႔ ဗမာႏိုင္ငံလံုးဆုိင္ရာ ေက်ာင္းသားမ်ား ညီလာခံကေန ျဖစ္တည္လာခဲ့တဲ့ ဗမာႏိုင္ငံလံုးဆုိင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ စတင္ ဖြဲ႔စည္း တည္ေထာင္ခဲ့တာ ၂၀၂၀ ေမလ ၈ ရက္ေန႔ဆို ဗကသသက္တမ္း(၈၄)ႏွစ္ ျပည့္ေျမာက္ခဲ့ၿပီျဖစ္ၿပီး ဗကသရဲ႕ အေျခခံမႈ(၅)ရပ္ကို ဆက္ကိုင္ဆြဲၿပီးေတာ့ ဗကသမ်ိဳးဆက္ေက်ာင္းသားေတြ ဆက္ၿပီး ရပ္တည္ထမ္းေဆာင္သြားၾကမွာျဖစ္တယ္လုိ႔ ထုတ္ျပန္ခ်က္ထဲမွာ ကတိျပဳေျပာဆိုထားပါတယ္။

................

ဗကသဟာ လူထုနဲ့အတူရပ်တည်နေကြောင်း အဖွဲ့တည်ထောင်ခြင်း ၈၄ ပြည့်မှာပြော

(Unicode)

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) စတင်တည်ထောင်ခဲ့တာ မေလ ၈ ရက်နေ့မှာ ၈၄ နှစ်ပြည့် သွားပြီဖြစ်ပါတယ်။ ဒီနေ့ကာလမှာ ဗကသ ကျောင်းသားတွေအနေနဲ့ ဘယ်လိုလုပ်ဆောင်ချက်တွေ ရှိနေပါသလဲ၊ ၈၄ နှစ်ပြည့် အထိမ်းအမှတ် လူထုကို ဘာတွေများ ပန်ကြားထားပါသလဲဆိုတာ မ ဆုမွန် ပြောပြမှာပါ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချပ် (ဗကသ)အနေနဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအပြည့်အဝမရနိုင်သေးပဲ စစ်အာဏာရှင် လွှမ်းမိုးမှုတွေနဲ့ ရင်ဆိုင်နေရဆဲမြန်မာပြည် ဒီမိုကရေစီ စနစ်ပြောင်းလဲရေးဗကသရဲ့မူဝါဒတွေအတိုင်း လူထုရှေ့က ဆက်လက် ရပ်တည်သွားမှာဖြစ်သလို COVID-19 ကမ္ဘာ့ကပ်ရောဂါ နဲ့ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအရေးလည်း ကျောင်းသားတွေက ကူညီဆောင်ရွက် ပေးနေကြတယ်လို့ဗကသများအဖွဲ့ချုပ်တည်ထောင်တဲ့ ၈၄နှစ်ပြည့် ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

အဓိကကတော့ ပြည်သူလူထုနဲ့ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ် ကပ်ဘေးရောဂါကာကွယ်ရေးတွေမှာ လူထုနဲ့ ပူးပေါင်းဆောင်ရွက်နေ တယ်လို့ ဗကသများအဖွဲ့ချုပ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးက ဗွီအိုအေကို ပြောပါတယ်။

“ကိုဗစ်ကာလမှာကျနော်တို့ အဓိကတော့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ကိုဗစ်ကာကွယ်ရေး ပြည်သူလူထုနဲ့ပူးပေါင်းပြီး လက်ဆေးတဲ့ Hand Gel sanitizer တွေဝေတာ လက်အိပ်တွေ နှာခေါင်းစွပ်တွေ ဝေတာတွေ လုပ်ပါတယ်။သက်ဆိုင်ရာဒေသတွေအလိုက် သမဂ္ဂကျောင်းသားတွေ က လူထုနဲ့အတူ လိုက်ပြီး ကူညီဆောင်ရွက်ပေးတာရှိပါတယ်။တဘက်ကနေ COVID-19 ကာကွယ်နိုင်ရေးအတွက်ကိုပေါ့။ နယ်ဘက်တွေမှာလည်း မြို့အဝင်ဂိတ်တွေမှာ ကူညီပေးတာ ဆောင်ရွက်ပေးတာ အဲ့လိုမျိုးတွေ ရှိပါတယ်။”

လက်ရှိ တိုင်းပြည်မှာ လူထုအစိုးရအုပ်ချုပ်နေချိန်ဖြစ်ပေမဲ့ လူထုက အခုအချိန်အထိ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး အပြည့်အဝမရသေးတဲ့ အခြေအနေဖြစ်နေတာကြောင့် စစ်အာဏာရှင် လွှမ်းမိုးမှုတွေခံနေရတဲ့ အဓိကအခြေခံဖြစ်နေတဲ့ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး မြန်မာပြည် ငြိမ်းချမ်းရေး ကျောင်းသား၊ အလုပ်သမားထု အခွင့်အရေးအပြည့်အဝရရှိရေး အလုပ်သမား ကျောင်းသားသမဂ္ဂတွေကို မတရားဖိနှိပ် အရေးယူ တရားစွဲနေတဲ့လုပ်ရပ်တွေ ရပ်တန့်စေရေးတို့အတွက်လည်း ဗကသများအဖွဲ့ချုပ်က တောင်းဆိုပါတယ်။

“ NLD အစိုးရကစစ်အုပ်စုနဲ့ပေါင်းနေတဲ့အခြေအနေတွေကို ကျနော်တို့တွေ့ရတယ် လက်ရှိ ကျနော်တို့ မြန်မာပြည်ရဲ့အခြေအနေက စစ်အာဏာရှင်စနစ်ရဲ့ လက်အောက်မှာပဲ ရှိနေသေးတယ်။ ကျနော်တို့ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြည့်အဝ မရရှိသေးဘူး။ ကျနော်တို့မှာက ပြည်တွင်းစစ်မီးကလည်း လက်ရှိအခြေအနေအထိ မပြီးသေးဘူး။ ပြည်တွင်းစစ်ကို တဘက်သတ် ထိုးစစ်ဆင်တိုက်ခိုက်နေတာကလည်း လက်ရှိ စစ်တပ်သာလျှင်ဖြစ်တယ်။ ဒီလိုအခြေအနေမှာ ဥပဒေအရ အခိုင်အမာ အကာအကွယ်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးကို ကျနော်တို့အနေနဲ့ အင်တိုက်အားတိုက်ကို လုပ်ဆောင်ကြရလိမ့်မယ်။ လက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့ လူမှုစီးပွားပြသနာတွေ မြေသိမ်းယာသိမ်းပြသနာတွေ လူထုရဲ့ နေ့စဉ်လူမှုဘဝစီးပွားရေးကျပ်တည်းနေရတာတွေရဲ့ အဓိက တရားခံဖြစ်တဲ့ စစ်အာဏာရှင်စနစ် ကျနော်တို့မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခသုက္ခပေါင်းစုံရဲ့ပြသနာအရင်းမြစ်ဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးကို လူထုအားနဲ့ဖျက်သိမ်းမှာသာ ရနိုင်မှာလို့ လူထုကို တိုက်တွန်းလိုပါတယ်။”

အမြဲတမ်းလူထုဘက်က ရပ်တည်ဆောင်ရွက်ခဲ့တဲ့ ဗကသရဲ့မူအတိုင်း ပြည်သူတွေဘက်က အမြဲရပ်တည်လှုပ်ရှားနေကြတာဖြစ်လို့ ပြည်သူတွေကြား အမြင်လွဲမှားမှုတွေရှိနေရင်လည်း ပြေပျောက်စေချင်ပါတယ်လို့ ပညာရေးပြုပြင်ပြောင်းလဲရေး ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ ဗကသများအဖွဲ့ချုပ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ဗဟိုကော်မတီဝင်ဟောင်း ကိုမင်းသွေးသစ်ကလည်း ဗကသ (၈၄)နှစ်ပြည့်မှာ ပြောဆိုပါတယ်။

“ ပြည်သူကိုပြောချင်တာကတော့ ဗကသများအဖွဲ့ချုပ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအခြေအနေမှာ ကျောင်းသားနဲ့ပြည်သူကြားမှာ အမြင်လွဲမှားစရာတွေ ရှိနေတာမို့ ကျနော်တို့ပြောချင်တာက ဗကသဆိုတာ တလျောက်လုံးက ပြည်သူ့ဘက်က ရပ်တည်ပေးခဲ့တဲ့အဖွဲ့ချုပ်ဖြစ်တယ် ဗကသဆိုတာ မူကိုပဲ လိုက်နာတယ် လမ်းစဉ်ကိုပဲလျောက်ကြတယ်။ ဗကသဆိုတာသည် လူထုကိုပဲရပ်တည်ခဲ့တယ်ဆိုတာ သမိုင်းကြောင်းနဲ့ချီ သက်သေရှိတဲ့အတွက် လူထုအနေနဲ့ အယူအဆမတူ ကွဲပြားမှုတွေအပေါ်မှာ ကျနော်တို့ ကျောင်းသားသမဂ္ဂတွေကို အမြင်လွဲမှားမှု မဖြစ်စေချင်ဘူး။ ဗကသဟာ ခေတ်အဆက်ဆက်ကျောင်းသားတွေ လျှောက်ကြမယ့်လမ်းအတိုင်း ကျနော်တို့ ဆက်လျှောက်ကြမှာဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ဗကသများအဖွဲ့ချုပ်နဲ့ သမဂ္ဂကျောင်းသားတွေကို ယုံကြည်မှုအပြည့်ရှိကြပါ ပြည်သူဘက်က တလျောက်လုံး ရပ်တည်ခဲ့တယ် နောင်လည်းအမြဲရပ်တည်သွားမှာပါလို့ပြောချင်ပါတယ်။ သမဂ္ဂကျောင်းသားတွေကိုလည်း ကျနော်တို့ အရင် နောင်တော်ကြီးတွေ ကျောင်းသားသမဂ္ဂတွေ ဘယ်လိုခံယူ ရပ်တည်ကျင့်သုံးခဲ့တယ် ဆိုတာ လေ့လာသိရှိရသလိုပဲ သူတို့လို နိုင်ငံရေးကိုယ်ကျင့်သိက္ခာရှိအောင် ကြိုးစားကြပါ သူတို့ လမ်းစဉ်အတိုင်း ရှေးရှု့ရပ်တည်ပြီး နေထိုင်ကျင့်ကြံပြောဆိုကြဖို့လိုတယ်လို့ အကြံပေးချင်ပါတယ်။”

လွန်ခဲ့တဲ့၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့ကစလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကနေ ဖြစ်တည်လာခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် စတင် ဖွဲ့စည်း တည်ထောင်ခဲ့တာ ၂၀၂၀ မေလ ၈ ရက်နေ့ဆို ဗကသသက်တမ်း(၈၄)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ဗကသရဲ့ အခြေခံမှု(၅)ရပ်ကို ဆက်ကိုင်ဆွဲပြီးတော့ ဗကသမျိုးဆက်ကျောင်းသားတွေ ဆက်ပြီး ရပ်တည်ထမ်းဆောင်သွားကြမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ကတိပြုပြောဆိုထားပါတယ်။

မဆုမြန္/VOA (Burmese)
https://burmese.voanews.com/a/all-burma-federattion-of-student-unions-84-years/5412185.html
ဗကသဟာ လူထုနဲ႔အတူရပ္တည္ေနေၾကာင္း အဖြဲ႔တည္ေထာင္ျခင္း ၈၄ ျပည့္မွာေျပာ ဗကသဟာ လူထုနဲ႔အတူရပ္တည္ေနေၾကာင္း အဖြဲ႔တည္ေထာင္ျခင္း ၈၄ ျပည့္မွာေျပာ Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.