မြန်မာပြည်ရဲ့ အကြီးဆုံးရေကန် အင်းတော်ကြီးအိုင်မှာ ရေနည်းပါးလာ

(Unicode)⤵⤵⤵
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်က အာဆီယံ အမွေအနှစ်စာရင်းဝင် UNESCO အသိအမှတ်ပြု အင်းတော်ကြီး အိုင်မှာ ရေလျော့နည်းလာပြီး ဒါဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရကတော့ ရေအိုင်ကြီးဝန်းကျင်ကို ထိန်းသိမ်းဆောင်ရွက်ရေးမှာ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တယ် လို့  ပြောပါတယ်။

အရှေ့တောင်အာရှမှာ တတိယအကြီးဆုံး ကုန်းတွင်းရေတိမ်ဒေသအဖြစ် သတ်မှတ်ခံထားရတဲ့ ကချင်ပြည်နယ်က အင်းတော်ကြီးကန် ရေလျော့နည်းလာနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါဟာ ဒေသတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊  ရွှေတရားမဝင် တူးဖော်မှုတွေရဲ့ နောက်ဆက်တွဲ ပြဿနာ တွေကြောင့်ဖြစ်တယ်လို့ ကချင်ပြည်နယ် လွှတ်တော်၊ မိုးညှင်းမဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ် ဦးတင်အေးက ပြောပါတယ်။

သစ်တော၊  သတ္တုတူးဖော်ရေးတို့နဲ့ ပတ်သက်ပြီး ကြပ်မတ်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ကိုလည်း တိုက်တွန်းထား တယ်လို့ ဦးတင်အေးက ပြောပါတယ်။

တန်ဖိုးးထားရမယ့် အင်းတော်ကြီးအိုင်ကို ဂရုတစိုက် ထိန်းသိမ်းဖို့ အစိုးရက စီစဉ်ဆောင်ရွက်သင့်တယ်လို့ ဒေသခံ တစ်ဦးဖြစ်တဲ့ ဦးသောင်းညွှန့်က ပြောပါတယ်။

ပြည်နယ် သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက အစိုးရအနေနဲ့လည်း တရားမဝင် ရွှေတူးဖော်မှုတွေကို ပိတ်ပင်တားမြစ်နေပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှု အားနည်းတဲ့အတွက် တားမြစ်ဖို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့လည်း ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။

အင်းတော်ကြီးအိုင် ရေခန်းခြောက်မှုဟာ ၂၀၁၀ ပြည့်နှစ်လောက်က စတင်ဖြစ်လာခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ရေခန်းခြောက်မှု အဆိုးဆုံးကြုံတွေ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

အလျား ၁၄ မိုင် အနံ ခုနှစ်မိုင်ခန့်ရှိတဲ့ အင်းတော်ကြီးကန်ဟာ အာဆီယံ အမွေအနှစ်စာရင်းဝင် ဒေသဖြစ်တဲ့အပြင် အင်းတော်ကြီးဘေးမဲ့တောကိုလည်း ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ ဇီဝအဝန်းနယ် မြေအဖြစ် ၂၀၁၇ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။

အင်းတော်ကြီးကန်ကို နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလကနေ မတ်လအတွင်း ဆောင်းခိုငှက် ကောင်ရေ ၂၀၀၀၀ ကျော်လောက် လာရောက်ခိုလှုံ ကျက်စားလေ့ရှိတယ်လို့ အင်းတော်ကြီးဒေသမှာ သစ်တော ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေသူတွေ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။ လာရောက်တဲ့ ငှက်တွေဟာ မျိုးစိတ် ၄၅ မျိုးရှိပြီး အဲဒီထဲမှာ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် ၁၀ မျိုးကျော်လည်း ပါဝင်ကြောင်း သိရပါတယ်။

အခုနောက်ပိုင်းမှာတော့ လာရောက်တဲ့ ဆောင်းခိုငှက် အရေအတွက် နည်းသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အင်းတော်ကြီးဒေသကို ဒီဇင်ဘာလကနေ ဧပြီလအတွင်း ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိပြီး တစ်ရက်ကို လာရောက်သူ တစ်ရာကနေ သုံးရာအထိ ရှိနေပါတယ်။

ရေအရင်းအမြစ် ထိခိုက်စေတဲ့ အကြောင်းအရာတွေထဲမှာ သစ်တောပြုန်းတီးမှုလည်း ပါဝင်ပါတယ်။

ဒီကနေ့ မေလ ၃၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာတော့ ကချင်ပြည်နယ်အတွင်း မြို့နယ် လေးခုမှာ ဒီနှစ် မိုးရာသီအတွင်း သစ်ပင် ခြောက်သိန်းကျော် စိုက်ပျိုးသွားမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီမြို့တွေကတော့ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်းနဲ့ အင်းတော်ကြီးအိုင်တည်ရှိရာ မိုးညှင်းမြို့တွေဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် အင်းလေးကန်မှာလည်း ရေလျော့နည်းလာတဲ့ ပြသနာနဲ့ အကြီးအကျယ် ရင်ဆိုင်နေရလို့  နည်းလမ်းအသစ်နဲ့ နည်းဗျူဟာအသစ်နဲ့ ရေရှည် ဖြေရှင်းဖို့ ကြိုးပမ်းနေပါတယ်။ အင်းလေးကန် ရေဝေရေလဲ ဧရိယာ တောင်ကတုံးတွေမှာ မေ ၁၈ ရက်နေ့က သစ်စေ့မြေလုံး သောင်းနဲ့ချီ  ဆူးထိုးစိုက်ပျိုးခဲ့တယ်လို့ ရှမ်းပြည်နယ် သစ်တော ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဲလိဇဘက်ဂျန်မာ / RFA Burmese
------------------------------------------------

(Zawgyi)⤵⤵⤵
ျမန္မာျပည္ရဲ႕ အႀကီးဆုံးေရကန္ အင္းေတာ္ႀကီးအိုင္မွာ ေရနည္းပါးလာ

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္က အာဆီယံ အေမြအႏွစ္စာရင္းဝင္ UNESCO အသိအမွတ္ျပဳ အင္းေတာ္ႀကီး အိုင္မွာ ေရေလ်ာ့နည္းလာၿပီး ဒါဟာ သဘာဝပတ္ဝန္းက်င္ ပ်က္စီးတာေၾကာင့္ျဖစ္တယ္လို႔ ေျပာပါတယ္။

အစိုးရကေတာ့ ေရအိုင္ႀကီးဝန္းက်င္ကို ထိန္းသိမ္းေဆာင္႐ြက္ေရးမွာ ေဒသခံေတြရဲ႕ ပူးေပါင္းပါဝင္မႈ လိုအပ္တယ္ လို႔  ေျပာပါတယ္။

အေရွ႕ေတာင္အာရွမွာ တတိယအႀကီးဆုံး ကုန္းတြင္းေရတိမ္ေဒသအျဖစ္ သတ္မွတ္ခံထားရတဲ့ ကခ်င္ျပည္နယ္က အင္းေတာ္ႀကီးကန္ ေရေလ်ာ့နည္းလာေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ဒါဟာ ေဒသတြင္း သဘာဝပတ္ဝန္းက်င္ ပ်က္စီးမႈ၊  ေ႐ႊတရားမဝင္ တူးေဖာ္မႈေတြရဲ႕ ေနာက္ဆက္တြဲ ျပႆနာ ေတြေၾကာင့္ျဖစ္တယ္လို႔ ကခ်င္ျပည္နယ္ လႊတ္ေတာ္၊ မိုးညႇင္းမဲဆႏၵနယ္ အမွတ္(၁) ကိုယ္စားလွယ္ ဦးတင္ေအးက ေျပာပါတယ္။

သစ္ေတာ၊  သတၱဳတူးေဖာ္ေရးတို႔နဲ႔ ပတ္သက္ၿပီး ၾကပ္မတ္ေပးဖို႔ ျပည္နယ္အစိုးရအဖြဲ႕ကိုလည္း တိုက္တြန္းထား တယ္လို႔ ဦးတင္ေအးက ေျပာပါတယ္။

တန္ဖိုးးထားရမယ့္ အင္းေတာ္ႀကီးအိုင္ကို ဂ႐ုတစိုက္ ထိန္းသိမ္းဖို႔ အစိုးရက စီစဥ္ေဆာင္႐ြက္သင့္တယ္လို႔ ေဒသခံ တစ္ဦးျဖစ္တဲ့ ဦးေသာင္းၫႊန႔္က ေျပာပါတယ္။

ျပည္နယ္ သံယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးဒါရွီလဆိုင္းက အစိုးရအေနနဲ႔လည္း တရားမဝင္ ေ႐ႊတူးေဖာ္မႈေတြကို ပိတ္ပင္တားျမစ္ေနၿပီး သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းမႈေတြ လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။

ဒီလိုေဆာင္႐ြက္တဲ့ေနရာမွာ ေဒသခံေတြရဲ႕ ပူးေပါင္းပါဝင္မႈ အားနည္းတဲ့အတြက္ တားျမစ္ဖို႔ အခက္အခဲေတြနဲ႔ ႀကဳံေနရတယ္လို႔လည္း ဝန္ႀကီး ဦးဒါရွီလဆိုင္းက ေျပာပါတယ္။

အင္းေတာ္ႀကီးအိုင္ ေရခန္းေျခာက္မႈဟာ ၂၀၁၀ ျပည့္ႏွစ္ေလာက္က စတင္ျဖစ္လာခဲ့တာျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ေရခန္းေျခာက္မႈ အဆိုးဆုံးႀကဳံေတြ႕ရတာလို႔ ေဒသခံေတြက ေျပာပါတယ္။

အလ်ား ၁၄ မိုင္ အနံ ခုႏွစ္မိုင္ခန႔္ရွိတဲ့ အင္းေတာ္ႀကီးကန္ဟာ အာဆီယံ အေမြအႏွစ္စာရင္းဝင္ ေဒသျဖစ္တဲ့အျပင္ အင္းေတာ္ႀကီးေဘးမဲ့ေတာကိုလည္း ကုလသမဂၢ ပညာေရးသိပၸံႏွင့္ ယဥ္ေက်းမႈအဖြဲ႕ UNESCO ရဲ႕ ဇီဝအဝန္းနယ္ ေျမအျဖစ္ ၂၀၁၇ ခုႏွစ္မွာ သတ္မွတ္ခဲ့ပါတယ္။

အင္းေတာ္ႀကီးကန္ကို ႏွစ္စဥ္ႏွစ္တိုင္း ႏိုဝင္ဘာလကေန မတ္လအတြင္း ေဆာင္းခိုငွက္ ေကာင္ေရ ၂၀၀၀၀ ေက်ာ္ေလာက္ လာေရာက္ခိုလႈံ က်က္စားေလ့ရွိတယ္လို႔ အင္းေတာ္ႀကီးေဒသမွာ သစ္ေတာ ထိန္းသိမ္းေရးလုပ္ငန္း ေဆာင္႐ြက္ေနသူေတြ ေကာက္ယူထားတဲ့ စာရင္းေတြအရ သိရပါတယ္။ လာေရာက္တဲ့ ငွက္ေတြဟာ မ်ိဳးစိတ္ ၄၅ မ်ိဳးရွိၿပီး အဲဒီထဲမွာ ကမာၻ႔ရွားပါးငွက္မ်ိဳးစိတ္ ၁၀ မ်ိဳးေက်ာ္လည္း ပါဝင္ေၾကာင္း သိရပါတယ္။

အခုေနာက္ပိုင္းမွာေတာ့ လာေရာက္တဲ့ ေဆာင္းခိုငွက္ အေရအတြက္ နည္းသြားတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

အင္းေတာ္ႀကီးေဒသကို ဒီဇင္ဘာလကေန ဧၿပီလအတြင္း ခရီးသြားေတြ လာေရာက္လည္ပတ္ေလ့ရွိၿပီး တစ္ရက္ကို လာေရာက္သူ တစ္ရာကေန သုံးရာအထိ ရွိေနပါတယ္။

ေရအရင္းအျမစ္ ထိခိုက္ေစတဲ့ အေၾကာင္းအရာေတြထဲမွာ သစ္ေတာျပဳန္းတီးမႈလည္း ပါဝင္ပါတယ္။

ဒီကေန႔ ေမလ ၃၁ ရက္ေန႔ထုတ္ ေၾကးမုံသတင္းစာမွာေတာ့ ကခ်င္ျပည္နယ္အတြင္း ၿမိဳ႕နယ္ ေလးခုမွာ ဒီႏွစ္ မိုးရာသီအတြင္း သစ္ပင္ ေျခာက္သိန္းေက်ာ္ စိုက္ပ်ိဳးသြားမယ္လို႔ ေဖာ္ျပထားပါတယ္။ အဲဒီၿမိဳ႕ေတြကေတာ့ ျမစ္ႀကီးနား၊ ဝိုင္းေမာ္၊ မိုးေကာင္းနဲ႔ အင္းေတာ္ႀကီးအိုင္တည္ရွိရာ မိုးညႇင္းၿမိဳ႕ေတြျဖစ္တယ္လို႔ သိရပါတယ္။

ရွမ္းျပည္နယ္ အင္းေလးကန္မွာလည္း ေရေလ်ာ့နည္းလာတဲ့ ျပသနာနဲ႔ အႀကီးအက်ယ္ ရင္ဆိုင္ေနရလို႔  နည္းလမ္းအသစ္နဲ႔ နည္းဗ်ဴဟာအသစ္နဲ႔ ေရရွည္ ေျဖရွင္းဖို႔ ႀကိဳးပမ္းေနပါတယ္။ အင္းေလးကန္ ေရေဝေရလဲ ဧရိယာ ေတာင္ကတုံးေတြမွာ ေမ ၁၈ ရက္ေန႔က သစ္ေစ့ေျမလုံး ေသာင္းနဲ႔ခ်ီ  ဆူးထိုးစိုက္ပ်ိဳးခဲ့တယ္လို႔ ရွမ္းျပည္နယ္ သစ္ေတာ ဦးစီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

အဲလိဇဘက္ဂ်န္မာ / RFA Burmese
https://www.rfa.org/burmese/program_2/environmental-damage-inndawgyi-lake-dry-05312020040556.html
မြန်မာပြည်ရဲ့ အကြီးဆုံးရေကန် အင်းတော်ကြီးအိုင်မှာ ရေနည်းပါးလာ မြန်မာပြည်ရဲ့ အကြီးဆုံးရေကန် အင်းတော်ကြီးအိုင်မှာ ရေနည်းပါးလာ Reviewed by THITHTOOLWIN on 19:26 Rating: 5
Powered by Blogger.