မကွေးမြို့တွင် မေလ ၂၃ရက် တစ်ရက်ထဲ၌ လက်နက်ဖြင့် ကျူးလွန်မှု ၃ မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံး


(Unicode)⤵⤵⤵
မကွေး မေ ၂၄

             မကွေးမြို့တွင် မေလ ၂၃ရက်နေ့ တစ်ရက်ထဲ၌ လက်နက်ဖြင့်ကျူးလွန်မှု(၃)ခု ဖြစ်ပွားခဲ့ပြီး မကွေးမြို့ ၊ အောင်မေတ္တာ(ဘီ)အုပ်စု ၃လမ်းတွင် လူသေဆုံးသည်ထိ ဖြစ်ခဲ့ရသည့် ဓါးခုတ်မှုမှကျူးလွန်သူအား ရဲတပ်ဖွဲ့မှ ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

 “ မနေ့က ညနေ ၅နာရီခွဲအချိန်လောက်မှာ ဒီအမှုဖြစ်တယ်။ သေဆုံးသူ နဲ့ ဓားနဲ့ခုတ်သူရဲ့ ဇနီးနဲ့က အရင်တုန်း က သမီးရည်းစားဖြစ်ခဲ့ဖူးတယ်။ သေဆုံးသူက မူးပြီးအိမ်ဝိုင်းထဲဝင်လာပြီး မကြားဝံ့မနာသာ ပြောလို့ စိတ်မထိန်းနိုင်ဘဲ ဓားနဲ့ခုတ်တာလို့ သိရတယ် ” ဟု မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင် က လတ်တလော သိရှိရသည့် အခြေအနေအား ပြောပြသည်။

          ကိုင်းခုတ်ဓါးရှည်ဖြင့် ခုတ်ခဲ့သူမှာ ဇော်ထက်လင်း(ခ) ဇော်ထက် ဆိုသူဖြစ်ပြီး ဖိုးအေး(ခ)မျိုးဝင်းထိုက်(၂၄နှစ်)မှာ လည်ဂုတ်တွင် အရှည်(၈)လက်မ ၊ အနက်(၁)လက်မခန့် ပြတ်ရှဒဏ်ရာ ၊ ယာတံတောင်ဆစ် ပြတ် ထွက်လုနီးပါး  ၊ ဝဲဘက် လက်သူကြွယ်ပြတ်ရှ ၊ ဝဲဘက်လက်ဖဝါး တစ်လက်မခန့် ပြတ်ရှ ၊ ယာနားရွက်ပြတ်ရှ စသည့် သွေးထွက်ဒဏ်ရာများဖြင့် သေဆုံး ခဲ့သည် ဟု ရဲတပ်ဖွဲ့ မှ သိရသည်။

           မေလ ၂၃ရက်  ညနေ ၆နာရီတွင် သေဆုံးသူအား မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ရဲစာဖြင့် ပို့ဆောင်ခဲ့ရပြီး ကိုင်းခုတ်ဓါးရှည်ဖြင့်ခုတ်ခဲ့သူအား သေဆုံးသူ၏ဖခင် က အမှုဖွင့်တိုင်ကြားသဖြင့် မကွေးနယ်မြေရဲစခန်းက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 မကွေးမြိုတွင် မေလ ၂၃ရက်  တစ်ရက်တည်းထဲ ဓါး ၊ ကတ်ကြေး လက်နက်များဖြင့် ကျူးလွန်သည့် အမှုဖြစ် စဉ်(၃)ခုရှိခဲ့ပြီး လူသေဆုံးခဲ့သည့် ဓါးခုတ်မှုအား မေ ၂၃ရက်နေ့တွင် မကွေးနယ်မြေရဲစခန်း၌လည်းကောင်း ၊ သိင်္ဂါရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် လက်နက်ဖြင့်ကျူးလွန်မှုများအား မေလ ၂၃ရက် ညနေပိုင်း နှင့် ၂၄ရက် မနက်ပိုင်းတို့တွင် မကွေးမြို့မရဲစခန်း၌ လည်းကောင်း အမှုရေးဖွင့်ပြီး ရဲလုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

   ဇေယျတု(မကွေး) / Myanmaalinn
-----------------------------------------------
(Zawgyi)⤵⤵⤵
မေကြးၿမိဳ႕တြင္ ေမလ ၂၃ရက္ တစ္ရက္ထဲ၌ လက္နက္ျဖင့္ က်ဴးလြန္မႈ ၃ မႈ ျဖစ္ပြားခဲ့ၿပီး လူတစ္ဦးေသဆုံး

မေကြး ေမ ၂၄

             မေကြးၿမိဳ႕တြင္ ေမလ ၂၃ရက္ေန႔ တစ္ရက္ထဲ၌ လက္နက္ျဖင့္က်ဴးလြန္မႈ(၃)ခု ျဖစ္ပြားခဲ့ၿပီး မေကြးၿမိဳ႕ ၊ ေအာင္ေမတၱာ(ဘီ)အုပ္စု ၃လမ္းတြင္ လူေသဆုံးသည္ထိ ျဖစ္ခဲ့ရသည့္ ဓါးခုတ္မႈမွက်ဴးလြန္သူအား ရဲတပ္ဖြဲ႕မွ ဖမ္းဆီး စစ္ေဆးေနေၾကာင္း သိရသည္။

 “ မေန႔က ညေန ၅နာရီခြဲအခ်ိန္ေလာက္မွာ ဒီအမႈျဖစ္တယ္။ ေသဆုံးသူ နဲ႔ ဓားနဲ႔ခုတ္သူရဲ႕ ဇနီးနဲ႔က အရင္တုန္း က သမီးရည္းစားျဖစ္ခဲ့ဖူးတယ္။ ေသဆုံးသူက မူးၿပီးအိမ္ဝိုင္းထဲဝင္လာၿပီး မၾကားဝံ့မနာသာ ေျပာလို႔ စိတ္မထိန္းႏိုင္ဘဲ ဓားနဲ႔ခုတ္တာလို႔ သိရတယ္ ” ဟု မေကြးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးျမင့္လြင္ က လတ္တေလာ သိရွိရသည့္ အေျခအေနအား ေျပာျပသည္။

          ကိုင္းခုတ္ဓါးရွည္ျဖင့္ ခုတ္ခဲ့သူမွာ ေဇာ္ထက္လင္း(ခ) ေဇာ္ထက္ ဆိုသူျဖစ္ၿပီး ဖိုးေအး(ခ)မ်ိဳးဝင္းထိုက္(၂၄ႏွစ္)မွာ လည္ဂုတ္တြင္ အရွည္(၈)လက္မ ၊ အနက္(၁)လက္မခန႔္ ျပတ္ရွဒဏ္ရာ ၊ ယာတံေတာင္ဆစ္ ျပတ္ ထြက္လုနီးပါး  ၊ ဝဲဘက္ လက္သူႂကြယ္ျပတ္ရွ ၊ ဝဲဘက္လက္ဖဝါး တစ္လက္မခန႔္ ျပတ္ရွ ၊ ယာနား႐ြက္ျပတ္ရွ စသည့္ ေသြးထြက္ဒဏ္ရာမ်ားျဖင့္ ေသဆုံး ခဲ့သည္ ဟု ရဲတပ္ဖြဲ႕ မွ သိရသည္။

           ေမလ ၂၃ရက္  ညေန ၆နာရီတြင္ ေသဆုံးသူအား မေကြးတိုင္းျပည္သူ႔ေဆး႐ုံႀကီးသို႔ ရဲစာျဖင့္ ပို႔ေဆာင္ခဲ့ရၿပီး
ကိုင္းခုတ္ဓါးရွည္ျဖင့္ခုတ္ခဲ့သူအား ေသဆုံးသူ၏ဖခင္ က အမႈဖြင့္တိုင္ၾကားသျဖင့္ မေကြးနယ္ေျမရဲစခန္းက ဖမ္းဆီးစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

 မေကြးၿမိဳတြင္ ေမလ ၂၃ရက္  တစ္ရက္တည္းထဲ ဓါး ၊ ကတ္ေၾကး လက္နက္မ်ားျဖင့္ က်ဴးလြန္သည့္ အမႈျဖစ္ စဥ္(၃)ခုရွိခဲ့ၿပီး လူေသဆုံးခဲ့သည့္ ဓါးခုတ္မႈအား ေမ ၂၃ရက္ေန႔တြင္ မေကြးနယ္ေျမရဲစခန္း၌လည္းေကာင္း ၊ သိဂၤါရပ္ကြက္တြင္ ျဖစ္ပြားခဲ့သည့္ လက္နက္ျဖင့္က်ဴးလြန္မႈမ်ားအား ေမလ ၂၃ရက္ ညေနပိုင္း ႏွင့္ ၂၄ရက္ မနက္ပိုင္းတို႔တြင္ မေကြးၿမိဳ႕မရဲစခန္း၌ လည္းေကာင္း အမႈေရးဖြင့္ၿပီး ရဲလုပ္ငန္းစဥ္မ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

   ေဇယ်တု(မေကြး) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မကွေးမြို့တွင် မေလ ၂၃ရက် တစ်ရက်ထဲ၌ လက်နက်ဖြင့် ကျူးလွန်မှု ၃ မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံး မကွေးမြို့တွင် မေလ ၂၃ရက် တစ်ရက်ထဲ၌ လက်နက်ဖြင့် ကျူးလွန်မှု ၃ မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.