(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ ဒလက္ေခ်ာင္းအုပ္စု အလယ္ကြၽန္းေက်း႐ြာက အသက္ ၁၈ ႏွစ္အ႐ြယ္ ငေပ်ာ့(ေခၚ)ကိုမ်ိဳးလႈိင္ဟာ ေမလ ၁၇ ရက္ေန႔က ေလွနဲ႔ငါးရွာဖို႔ထြက္သြားၿပီးေနာက္ ဖမ္းဆီးခံရတာလို႔ ေက်း႐ြာသားေတြက RFA ကိုေျပာပါတယ္။
သူအိမ္ျပန္ေရာက္မလာလို႔ ေနာက္တစ္ေန႔ ေမလ ၁၈ ရက္ေန႔မွာ ေဆြမ်ိဳးေတြနဲ႔ ေက်း႐ြာသား ၁၅ ဦးက ရွာဖို႔သြားၾကရာမွာ အဲဒီအထဲက လူ ၁၄ ဦးပါထပ္မံဖမ္းဆီးခံရတာလို႔ အလယ္ကြၽန္းေက်း႐ြာက ကိုအလကၤာက ေျပာပါတယ္။
“ေန႔လယ္ ၁ နာရီမွာ ငါးရွာသြားရင္းနဲ႔သူကျပန္မလာေတာ့ဘူး။ ညနက္တဲ့အထိျပန္မလာေတာ့ဘူး။ အဲဒါနဲ႔မိုးလင္းတဲ့အခါ ႐ြာသားေတြကလိုက္ၿပီးေတာ့ရွာၾကတယ္။ အဲဒီလို႐ြာသားေတြပါလိုက္ရွာရင္းနဲ႔ပဲ ႐ြာသားေတြပါ ဆက္ၿပီးေတာ့ အဖမ္းခံလိုက္ရတယ္။ ကုန္းကရွာတဲ့လူေတြနဲ႔ ေရကရွာတဲ့လူ ႏွစ္ဖြဲ႕စလုံး အဖမ္းခံလိုက္ရတာ။ သူတို႔နဲ႔ပတ္သက္လို႔ ဘာသတင္းမွမရေသးဘူး။ မိသားစုေတြနဲ႔လည္းတစ္ေယာက္မွ အဆက္အသြယ္မရေသးဘူး”
ငေပ်ာ့(ေခၚ)ကိုမ်ိဳးလႈိင္ကို ေရလမ္းကေနေလွနဲ႔သြားရွာတဲ့ လူ ၉ ဦးထဲက ၈ ဦးဖမ္းဆီးခံရတာျဖစ္ၿပီး က်န္တစ္ဦးကေတာ့ ထြက္ေျပးလြတ္ေျမာက္လာပါတယ္။ ကုန္းလမ္းကေန သြားရွာတဲ့ လူ ၆ဦး ကေတာ့ ႐ြာရဲ႕အေရွ႕ဘက္ တစ္မိုင္ေလာက္အကြာက ေတာင္ေပါက္အနီးမွာ ဖမ္းဆီးခံရတာလို႔ေက်း႐ြာသားေတြက ေျပာပါတယ္။
ထြက္ေျပးလြတ္ေျမာက္လာတဲ့ အမည္မေဖာ္လိုတဲ့ အဲဒီေဒသခံက ကင္းပုန္းဝပ္ေနတဲ့ တပ္မေတာ္သားႏွစ္ဦးက သူတို႔ေလွမွာပါတဲ့သူေတြကို ဖမ္းဆီးေခၚေဆာင္သြားတာလို႔ေျပာပါတယ္။
“သြားရွာၾကတဲ့အခ်ိန္မွာ ငေပ်ာ့ကိုမေတြ႕ပါဘူး။ ေခ်ာင္းထဲမွာ သူ႔ေလွကိုသာေတြ႕ပါတယ္။ အဲဒီေလွနဲ႔ မလွမ္းမကမ္းမွာ ခ်ဳံထဲကေနထြက္လာတဲ့ စစ္သားႏွစ္ေယာက္ကို ကြၽန္ေတာ္တို႔ေတြ႕ပါတယ္။ ေတြ႕တဲ့အခါမွာ ကြၽန္ေတာ္တို႔ေလွ ဘယ္ကလဲလို႔ သူတို႔ကေမးပါတယ္။ သူတို႔ကအဲလိုေမးေတာ့ ကြၽန္ေတာ္တို႔ကလည္း ႐ြာသူ႐ြာသားေတြပါလို႔ ေျဖပါတယ္။ ဘာရွာတာလဲလို႔ သူတို႔ကေမးတဲ့အခါမွာ ကြၽန္ေတာ္တို႔က ေကာင္ေလးတစ္ေယာက္ေပ်ာက္လို႔ရွာတယ္လို႔ ျပန္ေျဖပါတယ္။ ကြၽန္ေတာ္တို႔ကို ေလွေပၚကေန ကမ္းကိုတက္ခိုင္းပါတယ္။ တက္ခိုင္းၿပီးတဲ့ေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔ တန္းစီၿပီးတဲ့အခ်ိန္မွာ ကြၽန္ေတာ္က ခ်ဳံအကြယ္ကေနၿပီး ေနာက္တစ္ေနရာကို အသာေလးတိမ္းေရွာင္ၿပီးထြက္ေျပးလာခဲ့တာပါ”
ငေပ်ာ့(ေခၚ)ကိုမ်ိဳးလႈိင္ရဲ႕ေလွကို တပ္မေတာ္သားေတြရွိေနတဲ့ ေနရာမွာေတြ႕ရတဲ့အတြက္ သူ႔ကိုလည္း တပ္မေတာ္ကပဲ ဖမ္းဆီးထားတယ္ဆိုတာျငင္းမရဘူးလို႔ ေက်း႐ြာသားေတြကေျပာပါတယ္။ အလယ္ကြၽန္းေက်း႐ြာက ထပ္မံဖမ္းဆီးခံရသူေတြဟာ အသက္ ၃၁ ႏွစ္ကေန ၅၆ ႏွစ္ၾကားအ႐ြယ္ အမ်ိဳးသားေတြလို႔ဆိုပါတယ္။
အလားတူ ေမလ ၁၈ ရက္ေန႔က ဒလက္အေနာက္႐ြာ ရွမ္းကုန္းက ေက်ာင္းဆရာ ဦးေအာင္ထြန္းခင္အပါဝင္ ခ်င္းတိုင္းရင္းသား ၅ ဦးဟာ ဇရပ္ကြင္းလိပ္ကုန္းကို သီဟိုေစ့ဝယ္ဖို႔သြားရင္း ထပ္မံအဖမ္းခံထားရၿပီး သူတို႔ကိုလည္း တပ္မေတာ္က ဘယ္မွာထိန္းသိမ္းထားတယ္ဆိုတာကို မသိရဘူးလို႔လည္း ေဒသခံေတြကေျပာပါတယ္။
ဒလက္ေခ်ာင္းအုပ္စုမွာ သီတင္းသုံးေနတဲ့ ဦးဇင္းတစ္ပါးျဖစ္တဲ့ ဦးပညာနႏၵက တပ္မေတာ္က ဖမ္းဆီးထားသူေတြဟာ သာမန္အရပ္သားေတြျဖစ္တဲ့အတြက္ ျပန္လႊတ္ေပးေစခ်င္တယ္လို႔ မိန႔္ပါတယ္။
“အထက္ကလူႀကီးေတြကို သိေစခ်င္တာက ဒီေက်း႐ြာသားေတြဟာ ဘာအျပစ္မွမရွိပါဘူး။ ေတာသူေတာင္သားေလးေတြ သူ႔ဟာနဲ႔သူ ႐ိုး႐ိုးသားသားလုပ္ကိုင္စားေသာက္ေနတဲ့သူေတြပါ။ စစ္ေဆးမႈ၊ ညႇဥ္းပန္းႏွိပ္စက္မႈေတြမလုပ္ဖို႔ မိသားစုေတြ စိတ္ပူေနၾကတယ္။ အတတ္ႏိုင္ဆုံးအေနနဲ႔ ျပန္လည္ၿပီးေတာ့ သူတို႔ကို ႐ြာကိုျပန္လႊတ္ေပးေစခ်င္ပါတယ္”
အမ္းၿမိဳ႕နယ္ ဒလက္ေခ်ာင္းေဒသဟာ ၿပီးခဲ့တဲ့လေတြက တပ္မေတာ္နဲ႔ ေအေအအဖြဲ႕တို႔ တိုက္ပြဲေတြ ျပင္းထန္ခဲ့တဲ့ေဒသတစ္ခုပါ။ ဒီေဒသမွာ တပ္မေတာ္က ေဒသခံအရပ္သားေတြအေပၚ အသြားအလာေတြကန႔္သတ္ထားတာေၾကာင့္ စားဝတ္ေနေရးအခက္အခဲေတြနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရတယ္လို႔လည္း ဦးဇင္း ဦးပညာနႏၵကမိန႔္ပါတယ္။
တပ္မေတာ္က ေဒသခံ ၁၉ ဦးကိုဖမ္းဆီးထားတယ္ဆိုတဲ့ ေျပာဆိုခ်က္နဲ႔ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကို RFA က ဆက္သြယ္ေမးျမန္းဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ေပမယ့္ ဒီသတင္းေရးသားေနခ်ိန္အထိ ဆက္သြယ္ေမးျမန္းလို႔ မရေသးပါဘူး။
ရခိုင္ျပည္နယ္မွာ အခုရက္ပိုင္းေတြအတြင္း တိုက္ပြဲျဖစ္ပြားတာ မၾကားရေပမယ့္ တပ္မေတာ္ဘက္က ေဒသခံေတြကို ေအေအနဲ႔ပတ္သက္လို႔ သံသယနဲ႔ ဖမ္းဆီးမႈေတြရွိေနတဲ့သတင္းေတြကို ၾကားသိေနရပါတယ္။ RFA က ရရွိထားတဲ့ အခ်က္အလက္ေတြအရ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ အခုႏွစ္ဇန္နဝါရီလကေန ေမလ ၁၂ ရက္ေန႔အထိ အရပ္သားထိခိုက္ေသဆုံးမႈက ၁၄၈ ဦးရွိေနၿပီး ဒဏ္ရာရသူက ၃၄၇ ဦးအထိရွိေနပါတယ္။
RFA Burmese
------------------------------------
(Unicode)⤵⤵⤵
အမ်းမြို့နယ်က ဒေသခံ ၁၉ ဦး ဖမ်းဆီးခံထားရ
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းအုပ်စု အလယ်ကျွန်းကျေးရွာက အသက် ၁၈ နှစ်အရွယ် ငပျော့(ခေါ်)ကိုမျိုးလှိုင်ဟာ မေလ ၁၇ ရက်နေ့က လှေနဲ့ငါးရှာဖို့ထွက်သွားပြီးနောက် ဖမ်းဆီးခံရတာလို့ ကျေးရွာသားတွေက RFA ကိုပြောပါတယ်။
သူအိမ်ပြန်ရောက်မလာလို့ နောက်တစ်နေ့ မေလ ၁၈ ရက်နေ့မှာ ဆွေမျိုးတွေနဲ့ ကျေးရွာသား ၁၅ ဦးက ရှာဖို့သွားကြရာမှာ အဲဒီအထဲက လူ ၁၄ ဦးပါထပ်မံဖမ်းဆီးခံရတာလို့ အလယ်ကျွန်းကျေးရွာက ကိုအလင်္ကာက ပြောပါတယ်။
“နေ့လယ် ၁ နာရီမှာ ငါးရှာသွားရင်းနဲ့သူကပြန်မလာတော့ဘူး။ ညနက်တဲ့အထိပြန်မလာတော့ဘူး။ အဲဒါနဲ့မိုးလင်းတဲ့အခါ ရွာသားတွေကလိုက်ပြီးတော့ရှာကြတယ်။ အဲဒီလိုရွာသားတွေပါလိုက်ရှာရင်းနဲ့ပဲ ရွာသားတွေပါ ဆက်ပြီးတော့ အဖမ်းခံလိုက်ရတယ်။ ကုန်းကရှာတဲ့လူတွေနဲ့ ရေကရှာတဲ့လူ နှစ်ဖွဲ့စလုံး အဖမ်းခံလိုက်ရတာ။ သူတို့နဲ့ပတ်သက်လို့ ဘာသတင်းမှမရသေးဘူး။ မိသားစုတွေနဲ့လည်းတစ်ယောက်မှ အဆက်အသွယ်မရသေးဘူး”
ငပျော့(ခေါ်)ကိုမျိုးလှိုင်ကို ရေလမ်းကနေလှေနဲ့သွားရှာတဲ့ လူ ၉ ဦးထဲက ၈ ဦးဖမ်းဆီးခံရတာဖြစ်ပြီး ကျန်တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်လာပါတယ်။ ကုန်းလမ်းကနေ သွားရှာတဲ့ လူ ၆ဦး ကတော့ ရွာရဲ့အရှေ့ဘက် တစ်မိုင်လောက်အကွာက တောင်ပေါက်အနီးမှာ ဖမ်းဆီးခံရတာလို့ကျေးရွာသားတွေက ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်လာတဲ့ အမည်မဖော်လိုတဲ့ အဲဒီဒေသခံက ကင်းပုန်းဝပ်နေတဲ့ တပ်မတော်သားနှစ်ဦးက သူတို့လှေမှာပါတဲ့သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ပြောပါတယ်။
“သွားရှာကြတဲ့အချိန်မှာ ငပျော့ကိုမတွေ့ပါဘူး။ ချောင်းထဲမှာ သူ့လှေကိုသာတွေ့ပါတယ်။ အဲဒီလှေနဲ့ မလှမ်းမကမ်းမှာ ချုံထဲကနေထွက်လာတဲ့ စစ်သားနှစ်ယောက်ကို ကျွန်တော်တို့တွေ့ပါတယ်။ တွေ့တဲ့အခါမှာ ကျွန်တော်တို့လှေ ဘယ်ကလဲလို့ သူတို့ကမေးပါတယ်။ သူတို့ကအဲလိုမေးတော့ ကျွန်တော်တို့ကလည်း ရွာသူရွာသားတွေပါလို့ ဖြေပါတယ်။ ဘာရှာတာလဲလို့ သူတို့ကမေးတဲ့အခါမှာ ကျွန်တော်တို့က ကောင်လေးတစ်ယောက်ပျောက်လို့ရှာတယ်လို့ ပြန်ဖြေပါတယ်။ ကျွန်တော်တို့ကို လှေပေါ်ကနေ ကမ်းကိုတက်ခိုင်းပါတယ်။ တက်ခိုင်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ တန်းစီပြီးတဲ့အချိန်မှာ ကျွန်တော်က ချုံအကွယ်ကနေပြီး နောက်တစ်နေရာကို အသာလေးတိမ်းရှောင်ပြီးထွက်ပြေးလာခဲ့တာပါ”
ငပျော့(ခေါ်)ကိုမျိုးလှိုင်ရဲ့လှေကို တပ်မတော်သားတွေရှိနေတဲ့ နေရာမှာတွေ့ရတဲ့အတွက် သူ့ကိုလည်း တပ်မတော်ကပဲ ဖမ်းဆီးထားတယ်ဆိုတာငြင်းမရဘူးလို့ ကျေးရွာသားတွေကပြောပါတယ်။ အလယ်ကျွန်းကျေးရွာက ထပ်မံဖမ်းဆီးခံရသူတွေဟာ အသက် ၃၁ နှစ်ကနေ ၅၆ နှစ်ကြားအရွယ် အမျိုးသားတွေလို့ဆိုပါတယ်။
အလားတူ မေလ ၁၈ ရက်နေ့က ဒလက်အနောက်ရွာ ရှမ်းကုန်းက ကျောင်းဆရာ ဦးအောင်ထွန်းခင်အပါဝင် ချင်းတိုင်းရင်းသား ၅ ဦးဟာ ဇရပ်ကွင်းလိပ်ကုန်းကို သီဟိုစေ့ဝယ်ဖို့သွားရင်း ထပ်မံအဖမ်းခံထားရပြီး သူတို့ကိုလည်း တပ်မတော်က ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကို မသိရဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။
ဒလက်ချောင်းအုပ်စုမှာ သီတင်းသုံးနေတဲ့ ဦးဇင်းတစ်ပါးဖြစ်တဲ့ ဦးပညာနန္ဒက တပ်မတော်က ဖမ်းဆီးထားသူတွေဟာ သာမန်အရပ်သားတွေဖြစ်တဲ့အတွက် ပြန်လွှတ်ပေးစေချင်တယ်လို့ မိန့်ပါတယ်။
“အထက်ကလူကြီးတွေကို သိစေချင်တာက ဒီကျေးရွာသားတွေဟာ ဘာအပြစ်မှမရှိပါဘူး။ တောသူတောင်သားလေးတွေ သူ့ဟာနဲ့သူ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့သူတွေပါ။ စစ်ဆေးမှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေမလုပ်ဖို့ မိသားစုတွေ စိတ်ပူနေကြတယ်။ အတတ်နိုင်ဆုံးအနေနဲ့ ပြန်လည်ပြီးတော့ သူတို့ကို ရွာကိုပြန်လွှတ်ပေးစေချင်ပါတယ်”
အမ်းမြို့နယ် ဒလက်ချောင်းဒေသဟာ ပြီးခဲ့တဲ့လတွေက တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ဒေသတစ်ခုပါ။ ဒီဒေသမှာ တပ်မတော်က ဒေသခံအရပ်သားတွေအပေါ် အသွားအလာတွေကန့်သတ်ထားတာကြောင့် စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း ဦးဇင်း ဦးပညာနန္ဒကမိန့်ပါတယ်။
တပ်မတော်က ဒေသခံ ၁၉ ဦးကိုဖမ်းဆီးထားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ဒီသတင်းရေးသားနေချိန်အထိ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းတွေအတွင်း တိုက်ပွဲဖြစ်ပွားတာ မကြားရပေမယ့် တပ်မတော်ဘက်က ဒေသခံတွေကို အေအေနဲ့ပတ်သက်လို့ သံသယနဲ့ ဖမ်းဆီးမှုတွေရှိနေတဲ့သတင်းတွေကို ကြားသိနေရပါတယ်။ RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အခုနှစ်ဇန်နဝါရီလကနေ မေလ ၁၂ ရက်နေ့အထိ အရပ်သားထိခိုက်သေဆုံးမှုက ၁၄၈ ဦးရှိနေပြီး ဒဏ်ရာရသူက ၃၄၇ ဦးအထိရှိနေပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/19-ann-villiagers-were-detained-05202020104356.html

အမ္းၿမိဳ႕နယ္က ေဒသခံ ၁၉ ဦး ဖမ္းဆီးခံထားရ
Reviewed by THITHTOOLWIN
on
21:53
Rating: