အင္းစိန္ပိုးေတြ႕သူနာျပဳဆရာမ (၃) ဦးႏွင့္ ထိေတြ႕သူ (၁၂) ဦး ကူးစက္ခံရ တစ္လမ္းလုံးနီးပါး ကူးစက္ႏိုင္ေျခရွိဟု လႊတ္ေတာ္ကိုယ္စားလွယ္သုံးသပ္


(Zawgyi)⤵⤵⤵
အင္းစိန္ၿမိဳ႕နယ္က COVID-19 အတည္ျပဳ သူနာျပဳဆရာမ (၃) ဦးနဲ႔ ထိေတြ႕မႈ ရွိခဲ့သူ(၁၂) ဦး ေရာဂါပိုးကူးစက္ခံရပါတယ္။

သူတို႔ဟာ သူနာျပဳဆရာမေတြျဖစ္တဲ့ အတည္ျပဳလူနာ case (၁၅၂)၊ (၁၅၃) နဲ႔ (၁၅၄) တို႔နဲ႔ ထိေတြ႕မႈ ရွိခဲ့ၿပီး အင္းစိန္ၿမိဳ႕နယ္၊ ႀကိဳ႕ကုန္းအေနာက္ရပ္ကြက္၊ ခဝဲၿခံ (၂) လမ္းမွာ ေနထိုင္သူေတြျဖစ္တယ္လို႔ အင္းစိန္ၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသာေအာင္က ေျပာပါတယ္။

အဲဒီ ခဝဲၿခံ (၂) လမ္းမွာ ေနထိုင္သူေတြဟာ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႕မႈ ရွိထားတာေၾကာင့္ တစ္လမ္းလုံးနီးပါး ကူးစက္ႏိုင္ေျခရွိေနတယ္လို႔ ဦးသာေအာင္က သုံးသပ္ပါတယ္။

ကူးစက္ခံရတဲ့ (၁၂) ဦးဟာ အမ်ိဳးသား (၆) ဦး နဲ႔ အမ်ိဳးသမီး (၆) ျဖစ္ၿပီး မိသားစုဝင္ေတြ ျဖစ္ၾကသလို အဲဒီထဲမွာ အသက္ ၁၂ အ႐ြယ္ မိန္းကေလးတစ္ဦးလည္းပါဝင္ပါတယ္။

အတည္ျပဳလူနာေတြ ေနထိုင္တဲ့ ခဝဲၿခံ (၂) လမ္းနဲ႔ အတည္ျပဳလူနာ သူနာျပဳဆရာမေတြ အလုပ္လုပ္တဲ့ ကြယ္ကေဘာေဆး႐ုံကို Lock Down ခ်ထားတယ္လို႔သိရပါတယ္။

လက္ရွိ အင္းစိန္ၿမိဳ႕နယ္မွာ COVID-19 အတည္ျပဳလူနာ (၄၂) ဦးအထိ ေတြ႕ရွိထားၿပီး အင္းစိန္ၿမိဳ႕နယ္၊ ႀကိဳ႕ကုန္းအေရွ႕ရပ္ကြက္က အမ်ားစု ေတြ႕ရွိတာပါ။

ဒီကေန႔ ေမလ (၇) ရက္၊ ည(၈) နာရီအခ်ိန္ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာ(၁၇၆)ဦး ရွိေနပါတယ္။

သတင္း-ေဝယံထက္ဝင္း / One News Myanmar
--------------------------------------------
(Unicode)⤵⤵⤵
အင်းစိန်ပိုးတွေ့သူနာပြုဆရာမ (၃) ဦးနှင့် ထိတွေ့သူ (၁၂) ဦး ကူးစက်ခံရ
တစ်လမ်းလုံးနီးပါး ကူးစက်နိုင်ခြေရှိဟု လွှတ်တော်ကိုယ်စားလှယ်သုံးသပ်

အင်းစိန်မြို့နယ်က COVID-19 အတည်ပြု သူနာပြုဆရာမ (၃) ဦးနဲ့ ထိတွေ့မှု ရှိခဲ့သူ(၁၂) ဦး ရောဂါပိုးကူးစက်ခံရပါတယ်။

သူတို့ဟာ သူနာပြုဆရာမတွေဖြစ်တဲ့ အတည်ပြုလူနာ case (၁၅၂)၊ (၁၅၃) နဲ့ (၁၅၄) တို့နဲ့ ထိတွေ့မှု ရှိခဲ့ပြီး အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ခဝဲခြံ (၂) လမ်းမှာ နေထိုင်သူတွေဖြစ်တယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က ပြောပါတယ်။

အဲဒီ ခဝဲခြံ (၂) လမ်းမှာ နေထိုင်သူတွေဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှု ရှိထားတာကြောင့် တစ်လမ်းလုံးနီးပါး ကူးစက်နိုင်ခြေရှိနေတယ်လို့ ဦးသာအောင်က သုံးသပ်ပါတယ်။

ကူးစက်ခံရတဲ့ (၁၂) ဦးဟာ အမျိုးသား (၆) ဦး နဲ့ အမျိုးသမီး (၆) ဖြစ်ပြီး မိသားစုဝင်တွေ ဖြစ်ကြသလို အဲဒီထဲမှာ အသက် ၁၂ အရွယ် မိန်းကလေးတစ်ဦးလည်းပါဝင်ပါတယ်။

အတည်ပြုလူနာတွေ နေထိုင်တဲ့ ခဝဲခြံ (၂) လမ်းနဲ့ အတည်ပြုလူနာ သူနာပြုဆရာမတွေ အလုပ်လုပ်တဲ့ ကွယ်ကဘောဆေးရုံကို Lock Down ချထားတယ်လို့သိရပါတယ်။

လက်ရှိ အင်းစိန်မြို့နယ်မှာ COVID-19 အတည်ပြုလူနာ (၄၂) ဦးအထိ တွေ့ရှိထားပြီး အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်က အများစု တွေ့ရှိတာပါ။

ဒီကနေ့ မေလ (၇) ရက်၊ ည(၈) နာရီအချိန် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ(၁၇၆)ဦး ရှိနေပါတယ်။

သတင်း-ဝေယံထက်ဝင်း / One News Myanmar
https://www.facebook.com/onenewsmyan/
အင္းစိန္ပိုးေတြ႕သူနာျပဳဆရာမ (၃) ဦးႏွင့္ ထိေတြ႕သူ (၁၂) ဦး ကူးစက္ခံရ တစ္လမ္းလုံးနီးပါး ကူးစက္ႏိုင္ေျခရွိဟု လႊတ္ေတာ္ကိုယ္စားလွယ္သုံးသပ္ အင္းစိန္ပိုးေတြ႕သူနာျပဳဆရာမ (၃) ဦးႏွင့္ ထိေတြ႕သူ (၁၂) ဦး ကူးစက္ခံရ  တစ္လမ္းလုံးနီးပါး ကူးစက္ႏိုင္ေျခရွိဟု လႊတ္ေတာ္ကိုယ္စားလွယ္သုံးသပ္ Reviewed by THITHTOOLWIN on 22:13 Rating: 5
Powered by Blogger.