အင္းစိန္မွာ ထပ္ေတြ႕လာရတဲ့ အုပ္စုလိုက္ကူးစက္မႈဘယ္ကစသလဲ

အင္းစိန္မွာ အုပ္စုလိုက္ကူးစက္မႈေတြရွိေပမယ့္ ျပန႔္က်ဲေနတာမ်ိဳးမဟုတ္လို႔ ႀကိဳတင္ထိန္းခ်ဳပ္ထားႏိုင္တယ္လို႔ လႊတ္ေတာ္အမတ္က ေျပာပါတယ္။
(Zawgyi)⤵⤵⤵
ရန္ကုန္ၿမိဳ႕၊ အင္းစိန္ၿမိဳ႕နယ္အတြင္း ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္ခံရသူဟာ ေမလ ၈ ရက္ မနက္ပိုင္းအထိ စုစုေပါင္း ၄၂ ဦးရွိေနၿပီး ျပန႔္က်ဲကူးစက္တာမဟုတ္ဘဲ တစ္ေနရာတည္းမွာ အစုလိုက္ကူးစက္မႈျဖစ္တယ္လို႔ အင္းစိန္အမတ္ ဦးေဝၿဖိဳးဟန္က ဘီဘီစီကို ေျပာပါတယ္။

ေမလ ၁ ရက္က ေတြ႕ရွိခဲ့တဲ့ လူနာနံပါတ္ ၁၅၁ နဲ႔ တစ္ေဆာင္တည္းအတူေန သူေတြကို သီးသန႔္ခြဲထားၿပီးေဆးစစ္ခဲ့တဲ့ေနာက္ လူနာနံပါတ္ ၁၅၂၊ ၁၅၃၊ ၁၅၄၊ ၁၅၇ တို႔ကို ထပ္မံေတြ႕ခဲ့ရတယ္လို႔ ဦးေဝၿဖိဳးဟန္ကေျပာပါတယ္။

သူတို႔ဟာ ခဝဲၿခံ ၂ လမ္းက အေဆာင္တစ္ခုမွာ အတူေနသူ ငါးဦးျဖစ္ၿပီး ဒီငါးဦးထဲက ေလးဦးဟာ ကြယ္ကေဘာေဆး႐ုံက သူနာျပဳဆရာမမ်ား ျဖစ္ၾကပါတယ္။

မေန႔က ညက ထပ္ေတြ႕ခဲ့ရတဲ့ ပိုးေတြ႕လူနာ မိသားစုဝင္ ၁၂ ဦးရွိတဲ့ေနအိမ္ကို သူနာျပဳဆရာမေလးေတြအဝင္အထြက္ရွိတဲ့အတြက္ သူတို႔ကို သီးသန႔္ခြဲထားေစာင့္ၾကည့္ၿပီး ေဆးစစ္ၾကည့္တဲ့အခါ အဲဒီမိသားစုဝင္ေတြထဲကေန လူနာနံပါတ္ ၁၆၂မွာ ကိုဗစ္-၁၉ ကူးစက္ခံရတာကို ေမ ၇ ရက္မနက္မွာ စတင္ေတြ႕ရွိခဲ့တယ္လို႔ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။

"လူနာနံပါတ္ ၁၅၂၊ ၁၅၃၊ ၁၅၄ တို႔ေတြ႕တည္းက သူတို႔နဲ႔ ထိေတြ႕သူေတြကို စုံစမ္းၿပီး ကြာရန္တင္းပို႔ၿပီး Swab(ဓာတ္ခြဲစမ္းသပ္ရန္နမူနာ) ယူထားၿပီး သားပါ။ မေန႔က မနက္မွာ လူနာနံပါတ္ ၁၆၂ ကိုစေတြ႕ပါတယ္။ မေန႔ညကေတာ့ ၁၆၂ ရဲ႕ မိသားစုဝင္ ၁၂ ေယာက္အတြဲလိုက္မွာ ေပါ့စစ္တစ္ျဖစ္ တယ္လို႔ေတြ႕ရတာေပါ့" လို႔ သူက ရွင္းျပပါတယ္။

လူနာနံပါတ္ ၁၆၂နဲ႔ သူ႔မိသားစုဝင္ အပါအဝင္ ၁၃ ဦးကူးစက္ခံရမႈမွာထိေတြ႕မႈရွိသူေတြကို လူနာနံပါတ္ ၁၅၁၊ ၁၅၂၊ ၁၅၃ နဲ႔ ၁၅၄ တို႔ျဖစ္တယ္လို႔ေဖာ္ျပထားပါ တယ္။

ဒါ့အျပင္ လူနာနံပါတ္ ၁၅၇ ကေတာ့ လူနာနံပါတ္ ၁၅၁ တစ္ဦးတည္းနဲ႔ထိေတြ႕မႈရွိထားတယ္လို႔ေဖာ္ျပထားပါတယ္။

သူနာျပဳဆရာမေလးဦးပါအဝင္ လူနာနံပါတ္ ၁၅၁ တို႔ေနထိုင္တဲ့ေနအိမ္နဲ႔ အခုပိုးေတြ႕လူနာ ၁၃ ဦးေနထိုင္တဲ့ေနအိမ္တို႔ဟာ အင္းစိန္ၿမိဳ႕နယ္၊ ခဝဲၿခံ ၂ လမ္း က ျဖစ္ပါတယ္။

ဒါေၾကာင့္ ခဝဲၿခံ ၂ လမ္းတစ္လမ္းထဲမွာတင္ ကိုဗစ္-၁၉ အတည္ျပဳလူနာ စုစုေပါင္း ၁၈ ဦးထိရွိလာၿပီျဖစ္ပါတယ္။ အဲဒီလမ္းကိုလည္း ယခုအခါ အသြားအလာကန႔္သတ္တားျမစ္ထားပါတယ္။
ခဝဲၿခံ ၂ လမ္းကို အသြားအလာကန႔္သတ္ထားပါတယ္။
အင္းစိန္မွာ အရင္က ၈ မိုင္ဘာသာေရးပြဲကိုတက္ေရာက္ခဲ့တဲ့သူတစ္ဦးကေန ဆက္စပ္ၿပီး လူ ဆယ့္ငါးဦးထက္မနည္း အုပ္စုလိုက္ကူးစက္ခံထားရမႈ ရွိထားပါတယ္။

အခုထပ္ေတြ႕တဲ့ အုပ္စုလိုက္ ကူးစက္ခံရမႈမွာေတာ့ လူနာနံပါတ္ ၁၅၁ ကေန ဆက္စပ္ကူးစက္သူေတြကို ေျခရာခံေစာင့္ၾကည့္စစ္ေဆးတာကေန ေတြ႕ရွိလာတာျဖစ္ပါတယ္။

ဒါေပမဲ့ လူနာနံပါတ္ ၁၅၁ ဟာ အတည္ျပဳလူနာနဲ႔ထိေတြ႕မႈမရွိသလို ျပည္ပခရီးသြားရာဇဝင္လည္းမရွိထားဘူးလို႔ အစိုးရက ထုတ္ျပန္ထားပါတယ္။

"'ဒါကေတာ့ ကြၽန္ေတာ္တို႔ ေနာက္ေၾကာင္းျပန္လိုက္ရမယ့္သေဘာပဲ။ ၁၅၁ က ဘယ္ကကူးလဲမသိဘူးဆိုရင္ နာ့စ္မေလးေတြဆီက ကူးသလားေပါ့။ နာ့စ္မေလးေတြကေရာ ဘယ္ကကူးသလဲ။ ဒီမိသားစုဆီက ကူးသလားေပါ့။ အစမွာေတာ့ ၁၅၁ က စခဲ့ေပမယ့္ ၁၅၁ ကအစေပ်ာက္ေနေတာ့ ဘယ္ကစလဲ ျပန္စဥ္းစားရမွာေပါ့" လို႔ ဦးေဝၿဖိဳးဟန္ကေျပာပါတယ္။

လူနာနံပါတ္ ၁၅၁ နဲ႔ပတ္သက္ၿပီး က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ေျပာခြင့္ရသူ ေဒါက္တာသန္းႏိုင္စိုးကေတာ့ ဒီလူနာဟာ ထိေတြ႕နဲ႔ ျပည္ပခရီး သြားရာဇဝင္မရွိထားေပမယ့္ သူရဲ႕အခန္းေဖာ္က သူနာျပဳျဖစ္လို႔ ထိေတြ႕မႈရွိသူေတြကို စုံစမ္းထားတယ္လို႔ ဘီဘီစီကို ကနဦးတုန္းက ေျပာၾကားထားပါတယ္။

သတင္းေတြအရ အခု လူနာ ၁၃ ဦးေတြ႕ရတဲ့ေနအိမ္မွာ ဘာသာေရးအရ ဝတ္ျပဳဆုေတာင္းမႈတခ်ိဳ႕ျပဳလုပ္ထားတာရွိတယ္ဆိုတာ ဟုတ္မဟုတ္ ေမးျမန္းတဲ့အေပၚမွာေတာ့ ဦးေဝၿဖိဳးဟန္က ဒါကိုေတာ့ ေသခ်ာမသိတဲ့အတြက္ တပ္အပ္မေျပာႏိုင္ေၾကာင္း ေျပာပါတယ္။

အင္းစိန္မွာ ကိုဗစ္ပိုးေတြ႕လူနာ တိုးလာတာမွန္ေပမယ့္ ျပန႔္က်ဲၿပီး ေတြ႕ရတာမဟုတ္ဘဲ တစ္ေနရာတည္းမွာပဲ ကူးစက္သူေတြ ေတြ႕ရတဲ့အတြက္ ႀကိဳတင္အုပ္စီးထားလို႔ရတဲ့အေနအထားလို႔ သူကေျပာပါတယ္။

"ေပါ့စစ္တစ္လူနာအေရအတြက္ကေတာ့ တိုးလိမ့္မယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ဘက္က အရမ္းႀကီး မထိန္းႏိုင္တဲ့အေနအထားမဟုတ္ပါဘူး"လို႔ ေျပာပါတယ္။

မေန႔က ညပိုင္းအသစ္ထပ္ေတြ႕တဲ့လူနာေတြထဲက သုံးဦးကို ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္ၿပီး က်န္သူေတြကိုေတာ့ေတာင္ဥကၠလာပေဆး႐ုံကို ပို႔ေဆာင္မွာျဖစ္ပါတယ္။

BBC Burmese
--------------------------------------
(Unicode)⤵⤵⤵
အင်းစိန်မှာ ထပ်တွေ့လာရတဲ့ အုပ်စုလိုက်ကူးစက်မှုဘယ်ကစသလဲ

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရသူဟာ မေလ ၈ ရက် မနက်ပိုင်းအထိ စုစုပေါင်း ၄၂ ဦးရှိနေပြီး ပြန့်ကျဲကူးစက်တာမဟုတ်ဘဲ တစ်နေရာတည်းမှာ အစုလိုက်ကူးစက်မှုဖြစ်တယ်လို့ အင်းစိန်အမတ် ဦးဝေဖြိုးဟန်က ဘီဘီစီကို ပြောပါတယ်။

မေလ ၁ ရက်က တွေ့ရှိခဲ့တဲ့ လူနာနံပါတ် ၁၅၁ နဲ့ တစ်ဆောင်တည်းအတူနေ သူတွေကို သီးသန့်ခွဲထားပြီးဆေးစစ်ခဲ့တဲ့နောက် လူနာနံပါတ် ၁၅၂၊ ၁၅၃၊ ၁၅၄၊ ၁၅၇ တို့ကို ထပ်မံတွေ့ခဲ့ရတယ်လို့ ဦးဝေဖြိုးဟန်ကပြောပါတယ်။

သူတို့ဟာ ခဝဲခြံ ၂ လမ်းက အဆောင်တစ်ခုမှာ အတူနေသူ ငါးဦးဖြစ်ပြီး ဒီငါးဦးထဲက လေးဦးဟာ ကွယ်ကဘောဆေးရုံက သူနာပြုဆရာမများ ဖြစ်ကြပါတယ်။

မနေ့က ညက ထပ်တွေ့ခဲ့ရတဲ့ ပိုးတွေ့လူနာ မိသားစုဝင် ၁၂ ဦးရှိတဲ့နေအိမ်ကို သူနာပြုဆရာမလေးတွေအဝင်အထွက်ရှိတဲ့အတွက် သူတို့ကို သီးသန့်ခွဲထားစောင့်ကြည့်ပြီး ဆေးစစ်ကြည့်တဲ့အခါ အဲဒီမိသားစုဝင်တွေထဲကနေ လူနာနံပါတ် ၁၆၂မှာ ကိုဗစ်-၁၉ ကူးစက်ခံရတာကို မေ ၇ ရက်မနက်မှာ စတင်တွေ့ရှိခဲ့တယ်လို့ ဦးဝေဖြိုးဟန်က ပြောပါတယ်။

"လူနာနံပါတ် ၁၅၂၊ ၁၅၃၊ ၁၅၄ တို့တွေ့တည်းက သူတို့နဲ့ ထိတွေ့သူတွေကို စုံစမ်းပြီး ကွာရန်တင်းပို့ပြီး Swab(ဓာတ်ခွဲစမ်းသပ်ရန်နမူနာ) ယူထားပြီး သားပါ။ မနေ့က မနက်မှာ လူနာနံပါတ် ၁၆၂ ကိုစတွေ့ပါတယ်။ မနေ့ညကတော့ ၁၆၂ ရဲ့ မိသားစုဝင် ၁၂ ယောက်အတွဲလိုက်မှာ ပေါ့စစ်တစ်ဖြစ် တယ်လို့တွေ့ရတာပေါ့" လို့ သူက ရှင်းပြပါတယ်။

လူနာနံပါတ် ၁၆၂နဲ့ သူ့မိသားစုဝင် အပါအဝင် ၁၃ ဦးကူးစက်ခံရမှုမှာထိတွေ့မှုရှိသူတွေကို လူနာနံပါတ် ၁၅၁၊ ၁၅၂၊ ၁၅၃ နဲ့ ၁၅၄ တို့ဖြစ်တယ်လို့ဖော်ပြထားပါ တယ်။

ဒါ့အပြင် လူနာနံပါတ် ၁၅၇ ကတော့ လူနာနံပါတ် ၁၅၁ တစ်ဦးတည်းနဲ့ထိတွေ့မှုရှိထားတယ်လို့ဖော်ပြထားပါတယ်။

သူနာပြုဆရာမလေးဦးပါအဝင် လူနာနံပါတ် ၁၅၁ တို့နေထိုင်တဲ့နေအိမ်နဲ့ အခုပိုးတွေ့လူနာ ၁၃ ဦးနေထိုင်တဲ့နေအိမ်တို့ဟာ အင်းစိန်မြို့နယ်၊ ခဝဲခြံ ၂ လမ်း က ဖြစ်ပါတယ်။

ဒါကြောင့် ခဝဲခြံ ၂ လမ်းတစ်လမ်းထဲမှာတင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၈ ဦးထိရှိလာပြီဖြစ်ပါတယ်။ အဲဒီလမ်းကိုလည်း ယခုအခါ အသွားအလာကန့်သတ်တားမြစ်ထားပါတယ်။

အင်းစိန်မှာ အရင်က ၈ မိုင်ဘာသာရေးပွဲကိုတက်ရောက်ခဲ့တဲ့သူတစ်ဦးကနေ ဆက်စပ်ပြီး လူ ဆယ့်ငါးဦးထက်မနည်း အုပ်စုလိုက်ကူးစက်ခံထားရမှု ရှိထားပါတယ်။

အခုထပ်တွေ့တဲ့ အုပ်စုလိုက် ကူးစက်ခံရမှုမှာတော့ လူနာနံပါတ် ၁၅၁ ကနေ ဆက်စပ်ကူးစက်သူတွေကို ခြေရာခံစောင့်ကြည့်စစ်ဆေးတာကနေ တွေ့ရှိလာတာဖြစ်ပါတယ်။

ဒါပေမဲ့ လူနာနံပါတ် ၁၅၁ ဟာ အတည်ပြုလူနာနဲ့ထိတွေ့မှုမရှိသလို ပြည်ပခရီးသွားရာဇဝင်လည်းမရှိထားဘူးလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

"'ဒါကတော့ ကျွန်တော်တို့ နောက်ကြောင်းပြန်လိုက်ရမယ့်သဘောပဲ။ ၁၅၁ က ဘယ်ကကူးလဲမသိဘူးဆိုရင် နာ့စ်မလေးတွေဆီက ကူးသလားပေါ့။ နာ့စ်မလေးတွေကရော ဘယ်ကကူးသလဲ။ ဒီမိသားစုဆီက ကူးသလားပေါ့။ အစမှာတော့ ၁၅၁ က စခဲ့ပေမယ့် ၁၅၁ ကအစပျောက်နေတော့ ဘယ်ကစလဲ ပြန်စဉ်းစားရမှာပေါ့" လို့ ဦးဝေဖြိုးဟန်ကပြောပါတယ်။

လူနာနံပါတ် ၁၅၁ နဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးကတော့ ဒီလူနာဟာ ထိတွေ့နဲ့ ပြည်ပခရီး သွားရာဇဝင်မရှိထားပေမယ့် သူရဲ့အခန်းဖော်က သူနာပြုဖြစ်လို့ ထိတွေ့မှုရှိသူတွေကို စုံစမ်းထားတယ်လို့ ဘီဘီစီကို ကနဦးတုန်းက ပြောကြားထားပါတယ်။

သတင်းတွေအရ အခု လူနာ ၁၃ ဦးတွေ့ရတဲ့နေအိမ်မှာ ဘာသာရေးအရ ဝတ်ပြုဆုတောင်းမှုတချို့ပြုလုပ်ထားတာရှိတယ်ဆိုတာ ဟုတ်မဟုတ် မေးမြန်းတဲ့အပေါ်မှာတော့ ဦးဝေဖြိုးဟန်က ဒါကိုတော့ သေချာမသိတဲ့အတွက် တပ်အပ်မပြောနိုင်ကြောင်း ပြောပါတယ်။

အင်းစိန်မှာ ကိုဗစ်ပိုးတွေ့လူနာ တိုးလာတာမှန်ပေမယ့် ပြန့်ကျဲပြီး တွေ့ရတာမဟုတ်ဘဲ တစ်နေရာတည်းမှာပဲ ကူးစက်သူတွေ တွေ့ရတဲ့အတွက် ကြိုတင်အုပ်စီးထားလို့ရတဲ့အနေအထားလို့ သူကပြောပါတယ်။

"ပေါ့စစ်တစ်လူနာအရေအတွက်ကတော့ တိုးလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အရမ်းကြီး မထိန်းနိုင်တဲ့အနေအထားမဟုတ်ပါဘူး"လို့ ပြောပါတယ်။

မနေ့က ညပိုင်းအသစ်ထပ်တွေ့တဲ့လူနာတွေထဲက သုံးဦးကို ဝေဘာဂီဆေးရုံကို ပို့ဆောင်ပြီး ကျန်သူတွေကိုတော့တောင်ဥက္ကလာပဆေးရုံကို ပို့ဆောင်မှာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52585699
အင္းစိန္မွာ ထပ္ေတြ႕လာရတဲ့ အုပ္စုလိုက္ကူးစက္မႈဘယ္ကစသလဲ အင္းစိန္မွာ ထပ္ေတြ႕လာရတဲ့ အုပ္စုလိုက္ကူးစက္မႈဘယ္ကစသလဲ Reviewed by THITHTOOLWIN on 21:56 Rating: 5
Powered by Blogger.