(Unicode)⤵⤵⤵
အိန္ဒိယနိုင်ငံ Bihar ပြည်နယ် Gaya လေဆိပ်မှာ မြန်မာနိုင်ငံသား ၂၂ ယောက်ကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက ဒီလ ၂၇ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့ TheTimes of India သတင်းမှာ မနေ့က ဖော်ပြပါတယ်။
မြန်မာအမျိုးသားလေကြောင်း Myanmar National Airways အထူးလေယာဉ်နဲ့ ရန်ကုန်ကို ထွက်ခွာဖို့ ဒီလူတွေက လက်မှတ်ကြိုတင်ဝယ်ထားကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သူတို့ကိုဖမ်းဆီးရတဲ့အကြောင်းကတော့ Tablighi Jamaat ဆိုတဲ့ မွတ်စလင်ဘာသာရေးအုပ်စုတခုနဲ့ ဆက်နွယ်နေတာကြောင့်လို့ ဆိုပါတယ်။ ဒီဘာသာရေးအဖွဲ့ဟာ အိန္ဒိယအခြေစိုက် မွတ်စလင်အဖွဲ့တခုဖြစ်ပါတယ်။ မတ်လဆန်းပိုင်းတုန်းက မြို့တော်နယူးဒေလီမှာ နှစ်ပတ်လည်အခမ်းအနားကျင်းပဖို့ အဖွဲ့ဝင်တွေစုဝေးခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး အိန္ဒိယနိုင်ငံတဝှမ်း ကူးစက်ပြန့်ပွားခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
အဲဒီဘာသာရေးအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ နိုင်ငံခြားသား ၅၄ဝ ကျော်ကိုလည်း အိန္ဒိယရဲတပ်ဖွဲ့က အရေးယူဖို့ အမှုဖွင့်ထားတယ်လို့ The New Indian Express သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။ မေလ၂၇ရက်နေ့တုန်းက နယူးဒေလီ ရဲတပ်ဖွဲ့ဝင်တဦးက ဆိုင်းငံ့ထားဖို့ သတိပေးတဲ့အတွက် မြန်မာနိုင်ငံသား၂၂ ယောက်ကို ထိန်းသိမ်းလိုက်တာလို့ Gaya ရဲတာဝန်ရှိသူက ပြောပါတယ်။
ဒီလူတွေကြောင့် အထူးလေယာဉ် ထွက်ခွာဖို့ ၂ နာရီလောက်နှောင့်နှေးသွားပြီး နဂိုက လူ ၁၀၄ ယောက်လိုက်ပါမယ့် လေယာဉ်ဟာ ခရီးသည် ၈၂ ယောက်နဲ့ အိန္ဒိယလေဆိပ်က ထွက်ခွာခဲ့ပါတယ်။
RFA Burmese
-----------------------------------------
(Zawgyi)⤵⤵⤵
မြတ္စလင္ဘာသာေရးအဖြဲ႕တခုနဲ႔ ဆက္ႏြယ္ၿပီး ျမန္မာ၂၂ဦး အိႏၵိယမွာ ဖမ္းဆီးခံရ
အိႏၵိယႏိုင္ငံ Bihar ျပည္နယ္ Gaya ေလဆိပ္မွာ ျမန္မာႏိုင္ငံသား ၂၂ ေယာက္ကို လူဝင္မႈႀကီးၾကပ္ေရး အာဏာပိုင္ေတြက ဒီလ ၂၇ ရက္မွာ ဖမ္းဆီးလိုက္တယ္လို႔ TheTimes of India သတင္းမွာ မေန႔က ေဖာ္ျပပါတယ္။
ျမန္မာအမ်ိဳးသားေလေၾကာင္း Myanmar National Airways အထူးေလယာဥ္နဲ႔ ရန္ကုန္ကို ထြက္ခြာဖို႔ ဒီလူေတြက လက္မွတ္ႀကိဳတင္ဝယ္ထားၾကတယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။
သူတို႔ကိုဖမ္းဆီးရတဲ့အေၾကာင္းကေတာ့ Tablighi Jamaat ဆိုတဲ့ မြတ္စလင္ဘာသာေရးအုပ္စုတခုနဲ႔ ဆက္ႏြယ္ေနတာေၾကာင့္လို႔ ဆိုပါတယ္။ ဒီဘာသာေရးအဖြဲ႕ဟာ အိႏၵိယအေျခစိုက္ မြတ္စလင္အဖြဲ႕တခုျဖစ္ပါတယ္။ မတ္လဆန္းပိုင္းတုန္းက ၿမိဳ႕ေတာ္နယူးေဒလီမွာ ႏွစ္ပတ္လည္အခမ္းအနားက်င္းပဖို႔ အဖြဲ႕ဝင္ေတြစုေဝးခဲ့ၾကၿပီး ကို႐ိုနာဗိုင္းရပ္စ္ပိုး အိႏၵိယႏိုင္ငံတဝွမ္း ကူးစက္ျပန႔္ပြားခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ အဖြဲ႕လည္းျဖစ္ပါတယ္။
အဲဒီဘာသာေရးအခမ္းအနားကိုတက္ေရာက္ခဲ့တဲ့ ႏိုင္ငံျခားသား ၅၄ဝ ေက်ာ္ကိုလည္း အိႏၵိယရဲတပ္ဖြဲ႕က အေရးယူဖို႔ အမႈဖြင့္ထားတယ္လို႔ The New Indian Express သတင္းမွာ မေန႔ကေဖာ္ျပထားပါတယ္။ ေမလ၂၇ရက္ေန႔တုန္းက နယူးေဒလီ ရဲတပ္ဖြဲ႕ဝင္တဦးက ဆိုင္းငံ့ထားဖို႔ သတိေပးတဲ့အတြက္ ျမန္မာႏိုင္ငံသား၂၂ ေယာက္ကို ထိန္းသိမ္းလိုက္တာလို႔ Gaya ရဲတာဝန္ရွိသူက ေျပာပါတယ္။
ဒီလူေတြေၾကာင့္ အထူးေလယာဥ္ ထြက္ခြာဖို႔ ၂ နာရီေလာက္္ေႏွာင့္ေႏွးသြားၿပီး နဂိုက လူ ၁၀၄ ေယာက္လိုက္ပါမယ့္ ေလယာဥ္ဟာ ခရီးသည္ ၈၂ ေယာက္နဲ႔ အိႏၵိယေလဆိပ္က ထြက္ခြာခဲ့ပါတယ္။
RFA Burmese
https://www.facebook.com/rfaburmese/
မွတ်စလင်ဘာသာရေးအဖွဲ့တခုနဲ့ ဆက်နွယ်ပြီး မြန်မာ၂၂ဦး အိန္ဒိယမှာ ဖမ်းဆီးခံရ
Reviewed by THITHTOOLWIN
on
08:05
Rating: