မွတ်ဆလင်ဘာသာရေးအဖွဲ့နဲ့ ဆက်နွယ်တယ်လို့ ယူဆရသူ မြန်မာနိုင်ငံသား ၂၂ ဦး အိန္ဒိယအာဏာပိုင်တွေ ဖမ်းဆီး


(Unicode)⤵⤵⤵
မွတ်ဆလင် ဘာသာရေးအဖွဲ့Tablighi Jammat နဲ့ ဆက်နွယ်နေတယ်လို့ ယူဆရတဲ့ မြန်မာနိုင်ငံသား ၂၂ ယောက်ကို အိန္ဒိယနိုင်ငံ GAYA လေဆိပ်မှာ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက ဗုဒ္ဓဟူးနေ့က ထိန်းသိမ်းလိုက်ပါတယ်။ သူတို့အားလုံး ရန်ကုန်မြို့ကို ထွက်ခွာမယ့် မြန်မာ အမျိုးသား လေကြောင်းလိုင်းနဲ့ လိုက်ပါမယ့် သူတွေလို့ The Times of India သတင်းစာက ပြောပါတယ်။

မြို့တော် နယူးဒေလီက ရဲတပ်ဖွဲ့က သူတို့ ခရီးစဉ်ကို ဆိုင်းငံ့ထားဖို့ ညွှန်ကြားချက် ထွက်လာအပြီးမှာ အခုလို ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့လည်း GAYA က တာဝန်ရှိသူသူတစ်ဦးကပြောပါတယ်။ ဘာသာရေးအဖွဲ့အစည်း၊ ဒါမှမဟုတ် တခြား အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှု ရှိမရှိကိုတော့ မသိရှိကြောင်းနဲ့ ဒီ အမှုကို ဒေလီမြို့ ရဲတပ်ဖွဲ့က ဆက်လက် ကိုင်တွယ်မယ်လို့လည်း ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ Tablighi အဖွဲ့နဲ့ ဆက်နွယ်မှု ရှိ-မရှိကို ခရိုင်အဆင့် တာဝန်ရှိသူတွေက အတည်ပြု ပြောကြားတာ မရှိပေမဲ့ လေဆိပ်က သတင်းတွေကတော့ အဲဒီ ဘာသာရေးအဖွဲ့နဲ့ ဆက်နွယ်တာက သူတို့ကို ဖမ်းဆီးရတဲ့ အကြောင်းရင်း ဖြစ်တယ်လို့လည်း The Times of India သတင်းစာက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က GAYA ကနေ ရန်ကုန်ကို ထွက်ခွာမယ့် အထူးလေယာဉ် ၂ နာရီလောက် နှောင့်နှေးခဲ့ပြီတဲ့နောက် ကျန် ခရီးသည် ၈၂ ဦးနဲ့ ထွက်ခွာနိုင်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------
(Zawgyi)⤵⤵⤵
မြတ္ဆလင္ဘာသာေရးအဖြဲ႕နဲ႔ ဆက္ႏြယ္တယ္လို႔ ယူဆရသူ ျမန္မာႏိုင္ငံသား ၂၂ ဦး အိႏၵိယအာဏာပိုင္ေတြ ဖမ္းဆီး

မြတ္ဆလင္ ဘာသာေရးအဖြဲ႕Tablighi Jammat နဲ႔ ဆက္ႏြယ္ေနတယ္လို႔ ယူဆရတဲ့ ျမန္မာႏိုင္ငံသား ၂၂ ေယာက္ကို အိႏၵိယႏိုင္ငံ GAYA ေလဆိပ္မွာ လူဝင္မႈ ႀကီးၾကပ္ေရး အရာရွိေတြက ဗုဒၶဟူးေန႔က ထိန္းသိမ္းလိုက္ပါတယ္။ သူတို႔အားလုံး ရန္ကုန္ၿမိဳ႕ကို ထြက္ခြာမယ့္ ျမန္မာ အမ်ိဳးသား ေလေၾကာင္းလိုင္းနဲ႔ လိုက္ပါမယ့္ သူေတြလို႔ The Times of India သတင္းစာက ေျပာပါတယ္။

ၿမိဳ႕ေတာ္ နယူးေဒလီက ရဲတပ္ဖြဲ႕က သူတို႔ ခရီးစဥ္ကို ဆိုင္းငံ့ထားဖို႔ ၫႊန္ၾကားခ်က္ ထြက္လာအၿပီးမွာ အခုလို ဖမ္းဆီးလိုက္တာ ျဖစ္တယ္လို႔လည္း GAYA က တာဝန္ရွိသူသူတစ္ဦးကေျပာပါတယ္။ ဘာသာေရးအဖြဲ႕အစည္း၊ ဒါမွမဟုတ္ တျခား အဖြဲ႕အစည္းေတြနဲ႔ ဆက္ႏြယ္မႈ ရွိမရွိကိုေတာ့ မသိရွိေၾကာင္းနဲ႔ ဒီ အမႈကို ေဒလီၿမိဳ႕ ရဲတပ္ဖြဲ႕က ဆက္လက္ ကိုင္တြယ္မယ္လို႔လည္း ေျပာပါတယ္။

ဖမ္းဆီးခံရသူေတြဟာ Tablighi အဖြဲ႕နဲ႔ ဆက္ႏြယ္မႈ ရွိ-မရွိကို ခ႐ိုင္အဆင့္ တာဝန္ရွိသူေတြက အတည္ျပဳ ေျပာၾကားတာ မရွိေပမဲ့ ေလဆိပ္က သတင္းေတြကေတာ့ အဲဒီ ဘာသာေရးအဖြဲ႕နဲ႔ ဆက္ႏြယ္တာက သူတို႔ကို ဖမ္းဆီးရတဲ့ အေၾကာင္းရင္း ျဖစ္တယ္လို႔လည္း The Times of India သတင္းစာက ေျပာပါတယ္။

ဗုဒၶဟူးေန႔က GAYA ကေန ရန္ကုန္ကို ထြက္ခြာမယ့္ အထူးေလယာဥ္ ၂ နာရီေလာက္ ေႏွာင့္ေႏွးခဲ့ၿပီတဲ့ေနာက္ က်န္ ခရီးသည္ ၈၂ ဦးနဲ႔ ထြက္ခြာႏိုင္ခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-muslim-22-arrest-in-india-gaya-/5440027.html
မွတ်ဆလင်ဘာသာရေးအဖွဲ့နဲ့ ဆက်နွယ်တယ်လို့ ယူဆရသူ မြန်မာနိုင်ငံသား ၂၂ ဦး အိန္ဒိယအာဏာပိုင်တွေ ဖမ်းဆီး မွတ်ဆလင်ဘာသာရေးအဖွဲ့နဲ့ ဆက်နွယ်တယ်လို့ ယူဆရသူ မြန်မာနိုင်ငံသား ၂၂ ဦး အိန္ဒိယအာဏာပိုင်တွေ ဖမ်းဆီး Reviewed by THITHTOOLWIN on 07:54 Rating: 5
Powered by Blogger.