ေျမာက္ဦးၿမိဳ႕နယ္ လကၠာ႐ြာမွာ ေနအိမ္ႏွစ္ရာနီးပါး မီးရႈိ႕ဖ်က္ဆီးခံရ


(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ေျမာက္ဘက္ ၇ မိုင္ေလာက္အကြာက လကၠာေက်း႐ြာမွာ ေမလ ၁၆ ရက္ စေနေန႔ ေန႔လည္ ၂ နာရီေက်ာ္က ေနအိမ္အလုံး ၁၉၀ ေက်ာ္ မီးရႈိ႕ခံရတဲ့ ျဖစ္ရပ္ဟာ "AA အဖြဲ႕ရဲ႕လုပ္ရပ္" ျဖစ္တယ္လို႔ မေန႔က တနဂၤေႏြည ၈ နာရီမွာ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္လိုက္ပါတယ္။

တပ္မေတာ္က ေျမာက္ဦးၿမိဳ႕နယ္ လုံၿခဳံေရးအတြက္ ေဆာင္႐ြက္ေနတဲ့အခ်ိန္ လကၠာ႐ြာနားအေရာက္မွာ AA အဖြဲ႕က ႐ြာထဲကေန ပစ္ခတ္တိုက္ခိုက္လို႔ တပ္မေတာ္ဘက္က ျပန္တိုက္တဲ့အခါ AA အဖြဲ႕ဝင္ေတြက ႐ြာကိုမီးရႈိ႕ၿပီး ထြက္ေျပးသြားတဲ့အတြက္ ေနအိမ္အလုံး ၂၀ ေလာက္ မီးေလာင္ပ်က္စီးသြားခဲ့တယ္လို႔ တပ္မေတာ္ရဲ႕သတင္းမွာ ေရးသားထားပါတယ္။

ဒီစြပ္စြဲခ်က္နဲ႔ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္ (AA) ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခကို RFA က ဆက္သြယ္ ေမးျမန္းရာမွာ ဒါဟာ စစ္တပ္အေနနဲ႔ သူတို႔ရဲ႕ "စစ္ရာဇဝတ္မႈကို ဖုံးကြယ္ဖို႔" ႀကိဳးစားတဲ့အေနနဲ႔ ေျပာတာျဖစ္သလို သတင္းဌာနေတြက ေဒသခံေတြကိုေမးၾကည့္ရင္ ပိုသိရလိမ့္မယ္လို႔ ေျပာပါတယ္။

ေဒသခံတေယာက္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ စေနေန႔ ေန႔လည္ ၂ နာရီေက်ာ္က ႐ြာထဲကို တပ္မေတာ္စစ္ေၾကာင္း ဝင္သြားၿပီးတဲ့ေနာက္ မီးေလာင္တာေတြ လွမ္းေတြ႕ရၿပီး ၄ နာရီေက်ာ္ေလာက္မွာ ျပန္ထြက္သြားတာ ေတြ႕ရတယ္လို႔ RFA ကိုေျပာပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးရဲ႕ ထုတ္ျပန္ခ်က္မွာ ေနအိမ္အလုံး ၂၀ ေလာက္ မီးေလာင္ပ်က္စီးသြားတယ္လို႔ ေဖာ္ျပထားေပမယ့္၊ ေဒသခံရဲ႕အဆိုအရ အလယ္တန္းစာသင္ေက်ာင္း တစ္ေက်ာင္းနဲ႔ ေနအိမ္ ၁၉၄ လုံး မီးေလာင္သြားတာလို႔ ေျပာတဲ့အတြက္ မီးေလာင္ပ်က္စီးတဲ့ ေနအိမ္အေရအတြက္ ဆယ္ဆေလာက္ ကြာေနတာ ေတြ႕ရပါတယ္။ လကၠာ႐ြာမွာ အိမ္ေျခ ၃၀၂ လုံး ရွိတဲ့အတြက္ ၁၀၈ လုံး က်န္ေနတယ္လို႔ အဲဒီေဒသခံက ေျပာပါတယ္။

“မိုးရာသီမွာ လယ္ထြန္ရင္သုံးဖို႔ စုထားတဲ့ ဓာတ္ဆီပုံးေတြ အားလုံးကိုေဖာက္ၿပီး မီးရႈိ႕သြားပါတယ္။ ျပည္သူ႔ ပစၥည္းဥစၥာေတြကို ဘယ္ေလာက္ မတရားအႏိုင္က်င့္ ႏွိပ္စက္ေနလဲဆိုတာ ၾကည့္ၾကပါဗ်ာ။ ဒီေလာက္ ပူျပင္းေနတဲ့အခ်ိန္မွာ ႐ြာထဲကိုဝင္ၿပီး မီးရႈိ႕ေနပါတယ္၊ တအိမ္မွက်န္မွာ မဟုတ္ေတာ့ပါဘူး။ တပ္မ (၄၄) ခလရ (၈) လက္ေအာက္ခံတပ္ဖြဲ႕က ႐ြာထဲကိုဝင္ၿပီး မတရားမီးရႈိ႕ေနတာပါ”

အခုလို စစ္တပ္ကလုပ္‌ေဆာင္ေနတာကို ခံရတဲ့ ျပည္သူေတြအတြက္ အစိုးရအေနနဲ႔ ကာကြယ္တားဆီး မေပးႏိုင္ဘူးဆိုရင္ တရားမွ်တမႈ ရေရးအတြက္ AA အဖြဲ႕အေနနဲ႔ ႏိုင္ငံတကာနဲ႔လက္တြဲၿပီး ေဆာင္႐ြက္သြားရမွာ ျဖစ္တယ္လို႔ ခိုင္သုခက ေျပာပါတယ္။

အခုဆိုရင္ လကၠာ႐ြာက ျပည္သူေတြဟာ စစ္ေၾကာင္းေတြနဲ႔ေဝးတဲ့ ေနရာေတြမွာ သြားေရာက္ေရွာင္ တိမ္းေနၾကတယ္လို႔ ေစာေစာက ေဒသခံက ေျပာပါတယ္။

အဲဒီလကၠာ႐ြာက လူငယ္ ၂၇ ဦးကို မႏွစ္က ဧၿပီလ ၁၀ ရက္ေန႔မွာ တပ္မေတာ္ကဖမ္းသြားၿပီး AA နဲ႔ ပတ္သက္တဲ့အေၾကာင္း အတင္းအၾကပ္ ဝန္ခံခိုင္းတယ္လို႔ အဖမ္းခံရတဲ့လူငယ္ေတြက မႏွစ္က ဇြန္လအတြင္း တရား႐ုံးထုတ္ခ်ိန္မွာ ေျပာထားပါတယ္။ စစ္ေၾကာေရးကာလမွာ သုံးေယာက္ ဆုံးသြားတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ က်န္တဲ့သူေတြကို စစ္ေတြေထာင္မွာ ထည့္ထားၿပီး အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒနဲ႔ တရားစြဲထားလို၊အမႈရင္ဆိုင္ေနရေပမယ့္ လတ္တေလာမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ တရား႐ုံးမထုတ္တာ တစ္လေက်ာ္ေလာက္ ရွိၿပီလို႔ သိရပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ေမာင္ေတာၿမိဳ႕နယ္ တစ္ခုတည္းကိုပဲ ၿပီးခဲ့တဲ့သီတင္းပတ္က အင္တာနက္ ျပန္ဖြင့္ေပးလိုက္ၿပီး၊ ေျမာက္ဦးၿမိဳ႕နယ္ အပါအဝင္ ရခိုင္ျပည္နယ္နဲ႔ခ်င္းျပည္နယ္က စစ္ပူေနတဲ့ၿမိဳ႕နယ္ေတြမွာ အင္တာနက္ အသုံးျပဳလို႔ မရေအာင္ အစိုးရက ဆက္ၿပီး ျဖတ္ေတာက္ထားပါတယ္။

ဒါေၾကာင့္ ေဒသတြင္း ျဖစ္ပ်က္ေနတာေတြကို ျပည္သူေတြက တင္ျပခ်င္ေပမယ့္ အခ်ိန္မီ မတင္ျပႏိုင္သလို သတင္းရဖို႔လည္း ခက္ခဲေနတယ္လို႔ ေျပာဆိုၾကပါတယ္။ အဲဒီေဒသမွာ အင္တာနက္ ျပန္ဖြင့္ေပးဖို႔အတြက္ ျပည္တြင္းျပည္ပ လူ႔အခြင့္အေရးအဖြဲ႕ေတြက အစိုးရကို တိုက္တြန္းေနၾကတာလည္း ၾကားသိေနရပါတယ္။

RFA Burmese
------------------------------

(Unicode)⤵⤵⤵
မြောက်ဦးမြို့နယ် လက္ကာရွာမှာ နေအိမ်နှစ်ရာနီးပါး မီးရှို့ဖျက်ဆီးခံရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့မြောက်ဘက် ၇ မိုင်လောက်အကွာက လက္ကာကျေးရွာမှာ မေလ ၁၆ ရက် စနေနေ့ နေ့လည် ၂ နာရီကျော်က နေအိမ်အလုံး ၁၉၀ ကျော် မီးရှို့ခံရတဲ့ ဖြစ်ရပ်ဟာ "AA အဖွဲ့ရဲ့လုပ်ရပ်" ဖြစ်တယ်လို့ မနေ့က တနင်္ဂနွေည ၈ နာရီမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်က မြောက်ဦးမြို့နယ် လုံခြုံရေးအတွက် ဆောင်ရွက်နေတဲ့အချိန် လက္ကာရွာနားအရောက်မှာ AA အဖွဲ့က ရွာထဲကနေ ပစ်ခတ်တိုက်ခိုက်လို့ တပ်မတော်ဘက်က ပြန်တိုက်တဲ့အခါ AA အဖွဲ့ဝင်တွေက ရွာကိုမီးရှို့ပြီး ထွက်ပြေးသွားတဲ့အတွက် နေအိမ်အလုံး ၂၀ လောက် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ တပ်မတော်ရဲ့သတင်းမှာ ရေးသားထားပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို RFA က ဆက်သွယ် မေးမြန်းရာမှာ ဒါဟာ စစ်တပ်အနေနဲ့ သူတို့ရဲ့ "စစ်ရာဇဝတ်မှုကို ဖုံးကွယ်ဖို့" ကြိုးစားတဲ့အနေနဲ့ ပြောတာဖြစ်သလို သတင်းဌာနတွေက ဒေသခံတွေကိုမေးကြည့်ရင် ပိုသိရလိမ့်မယ်လို့ ပြောပါတယ်။

ဒေသခံတယောက်ကို ဆက်သွယ်မေးမြန်းရာမှာတော့ စနေနေ့ နေ့လည် ၂ နာရီကျော်က ရွာထဲကို တပ်မတော်စစ်ကြောင်း ဝင်သွားပြီးတဲ့နောက် မီးလောင်တာတွေ လှမ်းတွေ့ရပြီး ၄ နာရီကျော်လောက်မှာ ပြန်ထွက်သွားတာ တွေ့ရတယ်လို့ RFA ကိုပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်မှာ နေအိမ်အလုံး ၂၀ လောက် မီးလောင်ပျက်စီးသွားတယ်လို့ ဖော်ပြထားပေမယ့်၊ ဒေသခံရဲ့အဆိုအရ အလယ်တန်းစာသင်ကျောင်း တစ်ကျောင်းနဲ့ နေအိမ် ၁၉၄ လုံး မီးလောင်သွားတာလို့ ပြောတဲ့အတွက် မီးလောင်ပျက်စီးတဲ့ နေအိမ်အရေအတွက် ဆယ်ဆလောက် ကွာနေတာ တွေ့ရပါတယ်။ လက္ကာရွာမှာ အိမ်ခြေ ၃၀၂ လုံး ရှိတဲ့အတွက် ၁၀၈ လုံး ကျန်နေတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

“မိုးရာသီမှာ လယ်ထွန်ရင်သုံးဖို့ စုထားတဲ့ ဓာတ်ဆီပုံးတွေ အားလုံးကိုဖောက်ပြီး မီးရှို့သွားပါတယ်။ ပြည်သူ့ ပစ္စည်းဥစ္စာတွေကို ဘယ်လောက် မတရားအနိုင်ကျင့် နှိပ်စက်နေလဲဆိုတာ ကြည့်ကြပါဗျာ။ ဒီလောက် ပူပြင်းနေတဲ့အချိန်မှာ ရွာထဲကိုဝင်ပြီး မီးရှို့နေပါတယ်၊ တအိမ်မှကျန်မှာ မဟုတ်တော့ပါဘူး။ တပ်မ (၄၄) ခလရ (၈) လက်အောက်ခံတပ်ဖွဲ့က ရွာထဲကိုဝင်ပြီး မတရားမီးရှို့နေတာပါ”

အခုလို စစ်တပ်ကလုပ်‌ဆောင်နေတာကို ခံရတဲ့ ပြည်သူတွေအတွက် အစိုးရအနေနဲ့ ကာကွယ်တားဆီး မပေးနိုင်ဘူးဆိုရင် တရားမျှတမှု ရရေးအတွက် AA အဖွဲ့အနေနဲ့ နိုင်ငံတကာနဲ့လက်တွဲပြီး ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။

အခုဆိုရင် လက္ကာရွာက ပြည်သူတွေဟာ စစ်ကြောင်းတွေနဲ့ဝေးတဲ့ နေရာတွေမှာ သွားရောက်ရှောင် တိမ်းနေကြတယ်လို့ စောစောက ဒေသခံက ပြောပါတယ်။

အဲဒီလက္ကာရွာက လူငယ် ၂၇ ဦးကို မနှစ်က ဧပြီလ ၁၀ ရက်နေ့မှာ တပ်မတော်ကဖမ်းသွားပြီး AA နဲ့ ပတ်သက်တဲ့အကြောင်း အတင်းအကြပ် ဝန်ခံခိုင်းတယ်လို့ အဖမ်းခံရတဲ့လူငယ်တွေက မနှစ်က ဇွန်လအတွင်း တရားရုံးထုတ်ချိန်မှာ ပြောထားပါတယ်။ စစ်ကြောရေးကာလမှာ သုံးယောက် ဆုံးသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကျန်တဲ့သူတွေကို စစ်တွေထောင်မှာ ထည့်ထားပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲထားလို၊အမှုရင်ဆိုင်နေရပေမယ့် လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တရားရုံးမထုတ်တာ တစ်လကျော်လောက် ရှိပြီလို့ သိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မောင်တောမြို့နယ် တစ်ခုတည်းကိုပဲ ပြီးခဲ့တဲ့သီတင်းပတ်က အင်တာနက် ပြန်ဖွင့်ပေးလိုက်ပြီး၊ မြောက်ဦးမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်က စစ်ပူနေတဲ့မြို့နယ်တွေမှာ အင်တာနက် အသုံးပြုလို့ မရအောင် အစိုးရက ဆက်ပြီး ဖြတ်တောက်ထားပါတယ်။

ဒါကြောင့် ဒေသတွင်း ဖြစ်ပျက်နေတာတွေကို ပြည်သူတွေက တင်ပြချင်ပေမယ့် အချိန်မီ မတင်ပြနိုင်သလို သတင်းရဖို့လည်း ခက်ခဲနေတယ်လို့ ပြောဆိုကြပါတယ်။ အဲဒီဒေသမှာ အင်တာနက် ပြန်ဖွင့်ပေးဖို့အတွက် ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေက အစိုးရကို တိုက်တွန်းနေကြတာလည်း ကြားသိနေရပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/letka-village-set-fire-05172020200840.html
ေျမာက္ဦးၿမိဳ႕နယ္ လကၠာ႐ြာမွာ ေနအိမ္ႏွစ္ရာနီးပါး မီးရႈိ႕ဖ်က္ဆီးခံရ ေျမာက္ဦးၿမိဳ႕နယ္ လကၠာ႐ြာမွာ ေနအိမ္ႏွစ္ရာနီးပါး မီးရႈိ႕ဖ်က္ဆီးခံရ Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.